သမ္မတထရမ့်က ဇယ်လင်းစကီးအနေနဲ့ စစ်ကို ရပ်ချင်ရင် ချက်ချင်းရပ်အောင် လုပ်လို့ရတယ်၊ ဆက်တိုက်မယ်ဆိုလည်း ဆက်တိုက်လို့ရတာပဲ။ ဒီစစ်ဘယ်လို စခဲ့တာကိုတော့ မမေ့ပါနဲ့။ စစ်တကယ် ရပ်ချင်ရင် လွန်ခဲ့တဲ့ ၁၂နှစ် အိုဘမလက်ထက်တုန်းက သေနတ်တချက် မဖောက်ရပဲ သိမ်းသွားခဲ့တဲ့ ခရိုင်းမီးယားကို ယူကရိန်းထံ ပြန်ပေးဖို့နဲ့ နေတိုးထဲဝင်ခွင့်ပေးဖို့ တောင်းဆိုတာတွေ မလုပ်ပါနဲ့၊ မဖြစ်နိုင်ပါဘူး။ တချို့အရာတွေက ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ ဇယ်လင်းစကီးနဲ့ မတွေ့ခင်တရက်က ထရုသ်ဆိုရှယ်မှာ ရေးသွားပါတယ်။ ဒါက မဖြစ်နိုင်တဲ့ အဲဒီ၂ချက်ကို စစ်ရပ်ဖို့ လိုအပ်တဲ့ အချက်တွေအနေနဲ့ ဇယ်လင်းစကီးက တစိုက်မတ်မတ် တောင်းဆိုနေတာကို ကြိုဟန့်တားလိုက်တဲ့ သဘောပါ။
စစ်ပြီးသွားရင် ယူကရိန်းမှာ နေတိုးတပ်ဖွဲ့တွေကို ပိစ်ကိပါအနေနဲ့ ထားရှိဖို့ ဇယ်လင်းစကီးနဲ့ ဥရောပခေါင်းဆောင်တွေရဲ့ အကြံပြုချက်ကို ရုရှားနိုင်ငံခြားရေးဌာနက ပယ်ချလိုက်ပါတယ်။ အဲဒီလို ထားမယ်ဆိုတာက ယူကရိန်းကို နေတိုးအဖွဲ့ဝင်ခွင့် ပြုလိုက်တာနဲ့ လက်တလုံးခြားလို ဖြစ်နေတာပါ။ နေတိုးကို အရှေ့ဘက် တလက်မမှ မတိုးပါဘူးဆိုတဲ့ ကလင်တန်ပေးခဲ့တဲ့ကတိကို ရှေ့အစိုးရ အဆက်ဆက်က အကြိမ်ကြိမ်ချိုးဖောက်ခဲ့ကြတာဟာ အခုလို ကျူးကျော်စစ်တွေ ဖြစ်စေတဲ့ အကြောင်းရင်းတခုဆိုတာ လက်မခံလို့ မရပါဘူး။ နေတိုးရုရှားနယ်စပ်နား ရောက်စေမယ့် ကိစ္စနားမှာပဲ ဝေ့နေသ၍ ခြတွေ စစ်နဲ့လုပ်စားသူတွေ အတွက် အကျိုးရှိပေမယ့် အပြစ်မဲ့သူအများအပြား သေကြေရတာ မဖြစ်သင့်တဲ့ကိစ္စပါ။ ဥရောပက ယူကရိန်းငြိမ်းချမ်းရေးထိန်းသိမ်းဖို့အတွက် ပါရမှာပါပဲ၊ အမေရိကန်ပြည်သူတွေက ဝင်ညှိနှိုင်းပေးတာမျိုးကလွဲလို့ တပ်တွေပို့ဖို့ သဘောတူမှာမဟုတ်သလို သမ္မတထရမ့်ကလည်း တပ်ပို့ဖို့(သို့) ထဲထဲဝင်ဝင် ဝင်ပါဖို့ လုံးဝ မပြောသွားပါဘူး။
နယ်မြေကိစ္စနဲ့ ပတ်သက်လို့ မြေပုံပြန်ဆွဲမှာလားဆိုတဲ့ သတင်းထောက်တွေရဲ့အမေးကို ဇယ်လင်းစကီက တိတိပပ မဖြေသွားခဲ့ပဲ ရုရှားက ဘီလီယံ ၃၀၀ လျော်ကြေးပေးရမယ်၊ အဲဒါကို အနောက်အုပ်စုက ထိန်းသိမ်းထားတဲ့ Russian Sovereign Assets ထဲက ပေးဖို့ အနောက်အုပ်စုကို တောင်းဆိုနေခဲ့တာလည်း ရှိနေပါသေးတယ်။ အီးယူက ဆန်ရှင်လုပ်ထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေကရတဲ့ အကျိုးအမြတ်တွေကို ယူရိုပီယန်ပိစ်ဖက်စလတီ (အီးပီအက်ဖ်) ကတဆင့် အီးယူကထုတ်တဲ့ လက်နက်တွေ၊ လေကြောင်းကာကွယ်ရေးစနစ်တွေ ဝယ်ပြီး ယူကရိန်းကို ထောက်ပံ့ခဲ့တာဆိုတော့ အီးယူက ထောက်ပံ့တာတွေက အကုန်လုံးအိတ်စိုက်တော့ မဟုတ်ပါဘူး။
အပစ်ရပ်ဖို့ဆိုတာက ဆက်တိုက်ဖို့အားယူနေတာဖြစ်နိုင်တဲ့အတွက် လုံးဝစစ်ရပ်ဖို့ကို ဦးတည်ဖို့ ထရမ့်က ဇယ်လင်းစကီးကို ပြောထားပါတယ်။ ရုရှားက ဇယ်လင်းစကီး ထရမ့်နဲ့တွေ့ဖို့ လာနေဆဲမှာ ယူကရိန်းဘက်ကို ပစ်လို့ ၁၄ဦး သေဆုံးခဲ့ပါတယ်။ နှစ်ဖက်လုံးကတော့ ဦးသလို ဆော်နေကြတာပါပဲ။ ကိုယ့်ပြည်သူအသက် ကိုယ်မနှမြောကြတော့ ကြားထဲက မနေနိုင်တဲ့ သမ္မတထရမ့်က ဝင်ညှိနှိုင်းပေးရတာပါ။
ပူတင်နဲ့ ဥရောပခေါင်းဆောင်တွေက ထရမ့် အီရန်က နျူဆိုက်တွေကို ဘီတူးတွေနဲ့ ဝင်ဗုံးကြဲအပြီးမှာ အရင်လို မလေးမစား မလုပ်ဝံ့ကြတော့တာကိုတော့ သတိထားမိကြပါလိမ့်မယ်။ ရှီကတောင် ထရမ့်(အိမ်ဖြူတော်မှာ)ရှိနေသ၍ တိုင်ဝမ်ကို ဝင်မတိုက်ပါဘူးလို့ ပြောလာပါပြီ။အိုဘမ/ဘဒခေတ်က အီရန်လဲ အီရန်မို့၊ တရုပ်လည်း တရုပ်မို့တင်မက မ/ကိုရီးယားကိုပါ ကြောက်ပြနေခဲ့တာ မှတ်မိကြဦးမှာပါ။ အဲဒီလို ကြောက်ပြလို့ အလေးစားမခံရပဲ ထိပ်ပုတ်တာပဲ ခံခဲ့ရတာနဲ့ ယှဥ်ကြည့်ကြစေချင်ပါတယ်။
ကနေ့ အိမ်ဖြူမှာ ထရမ့်နဲ့ ဇယ်လင်းစကီးတို့အဖွဲ့ သပ်သပ်တွေ့ဆုံအပြီးမှာ ဇယ်လင်းစကီးနဲ့အတူ ပြင်သစ်၊ ယူကေ၊ ဂျာမဏီ၊ အီတလီ၊ ဖင်လန်တို့က ခေါင်းဆောင်တွေရော၊ ယူရိုပီယန်ကော်မရှင် ဥက္ကဋ္ဌနဲ့ နေတိုးထွေ/ချုပ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အိမ်ဖြူက သမ္မတရုံးခန်းထဲက သမ္မတထရမ့်ရဲ့ စားပွဲရှေ့မှာ အဆိုပါ ခေါင်းဆောင် ၈ဦးထိုင်ကြပြီး အဲဒီနောက်မှာ မာကိုရူဘီယို၊ ပြန်/ဝန် ကာရိုလိုင်းလီဗစ်၊ ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်နဲ့ အခြားအစိုးရအဖွဲ့ဝင်တချို့ကိုပါ တွေ့ရပါတယ်။
ထရမ့်နဲ့ ဇယ်လင်းစကီး တွေ့ဆုံချိန်မှာ စစ်ပြီးရင် ရကပ ပြုလုပ်ပေးမလားဆိုတာကို သတင်းထောက်တွေက မေးမြန်းကြပြီး ဇယ်လင်းစကီးက အခုက စစ်ဖြစ်နေလို့ ယူကရိန်းဥပဒေအရ ရကပလုပ်လို့မရဘူးလို့ ပြောပါတယ်။ အဲဒီမှာ ထရမ့်က တယ်ဟုတ်ပါလား၊ ငါလဲ နောက် ၃နှစ်ခွဲဆိုရင် စစ်တခုခု အဖြစ်ပြလိုက်ပြီး ရကပ မလုပ်တော့ဘူးလေလို့ စလိုက်ပါတယ်။ ရှီကျင့်ပင် ရာသက်ပန်သမ္မတလုပ်မယ်ဆိုတုန်းကလည်း ရှေ့မှာတင်အဲဒီလို ထေ့ခဲ့ပါတယ်။ ဇယ်လင်းစကီးက အရင်ကနဲ့စာရင် ဆက်ဆံလို့ အဆင်ပြေလာသလို တွေ့ရပေမယ့် ငြိမ်းချမ်းရေးအတွက် နှစ်ဖက်လုံးက ထင်သလောက် အားတက်သရော ဖြစ်မနေကြပုံပါပဲ။ ထရမ့်ကတော့ နောက်တခါ ပူတင်နဲ့ ဇယ်လင်းစကီး နှစ်ယောက်တွေ့ကြ၊ အဲဒီနောက်မှ မင်းတို့ ၂ယောက်နဲ့အတူ ငါပါ ၃ပွင့်ဆိုင် တွေ့ကြမယ် လို့ ပြောထားပါတယ်။ ထရမ့်က ပြောတာဆိုတော့ ၂ဖက်စလုံးက မပယ်ရှားကြပေမယ့် ရက်နဲ့ နေရာကို မသတ်မှတ်နိုင်ကြသေးပါဘူး။
ဒီကနေ့ အိမ်ဖြူမှာ ဇယ်လင်းစကီးက အရင်ကနဲ့မတူပဲ အပေါ်ဝတ်အင်္ကျီနဲ့ သပ်သပ်ရပ်ရပ် လေးလေးစားစား ဝတ်စားလာခဲ့တာကို ထရမ့်ကရော မီဒီယာကပါ ချီးကျူးခဲ့ကြပါတယ်။ အရင်တခါက တီရှပ်လိုဟာမျိုးဝတ်လာလို့ အိမ်ဖြူတော်နဲ့ ပြည်သူ့ခေါင်းဆောင်အပေါ် လေးစားသမှုမရှိသလို ဖြစ်ခဲ့တာကို မီဒီညာက ဇယ်လင်းစကီးအပေါ် ပုဂ္ဂိုလ်ရေးထိုးနှက်မှုလိုလို မထော်မနန်းရေးခဲ့ကြတာ မှတ်မိပါသေးတယ်။ ဇယ်လင်းစကီး ဝတ်စား ဆက်ဆံပုံ ပြောင်းလဲလာပေမယ့် လက်ဝဲဒီမိုခရက် မီဒီညာစရိုက်က ပြောင်းမလာပါဘူး။ ထရမ့်နဲ့ ပူတင် တွေ့တဲ့ နေရာ၊ ပုံစံ၊ အစစ ထရမ့်ဘက်က အလျော့ပေးနေသလို ဇောက်တိဇောက်ထိုးတွေ ရေးကြပါတယ်။ သူတို့ကို သံယောင်လိုက်တဲ့ မြန်မာ ဝေလေလေများကလည်း ထရမ့်က ပူတင်ကို လေးစားလွန်းလို့ ကော်ဇောနီခင်းပြီး လေဆိပ်အထိ ကိုယ်တိုင် သွားဆင်းကြိုသလို ရေးပါတယ်။ ငြိမ်းချမ်းရေးစကားပြောဖို့ခေါ်တာ ရန်လိုတာနဲ့စရင် အဲဒီငြိမ်းချမ်းရေးက ရဦးမှာလား။
လေဆိပ်က အဲဒီက အကြီးဆုံး အမေရိကန်စစ်အဖြေစိုက်စခန်း၊ အဲဒီကို နှစ်ယောက်လုံး လေယာဥ်နဲ့ ရှေ့ဆင့်နောက်ဆင့် ရောက်လာကြတာ၊ ပုံမှန်ပရိုတိုကောအရ ဒါမျိုးလေဆိပ်မှာ တွေ့ကြတာမျိုး မရှိခဲ့ပေမယ့် ထရမ့်က လက်တွေ့ကျကျ လေဆိပ်မှာပဲ ဆုံလိုက်ကြပြီးမှ ဆွေးနွေးတဲ့ နေရာကို အတူသွားဖို့ ရွေးခဲ့ပုံပါပဲ။ တကယ်တော့ ယူကရိန်း-ရုရှားစစ်မှာ အမေရိကန်က အနေသာကြီးပါ၊ အဲဒီလောက် ဝေးဝေးကို အပင်ပန်းခံပြီး သွားတွေ့ကြရတဲ့ အကြောင်းရင်းက မျက်နှာချင်းဆိုင် တွေ့တာနဲ့ လေလှိုင်းပေါ်ကတွေ့တာ သက်ရောက်မှုချင်း ဘယ်လိုမှ မတူနိုင်တာမို့လို့ပါ။
အီလွန်ဦးစီးခဲ့တဲ့ ဒီအိုဂျီအီးက ပြည်သူ့အခွန်ငွေနဲ့ သူဌေးမဖြစ်နိုင်တဲ့ လစာယူထားတဲ့ကြားက ချမ်းသာလာတဲ့ ဖက်ဒရယ်အစိုးရဝန်ထမ်းတွေကို စစ်ဆေးရေးဝင်တော့မယ်လို့ အီလွန်က ကြေငြာလိုက်ပါတယ်။ တနှစ်ကို ၉သောင်းပဲလစာရတဲ့ ဗျူရိုကရက်တွေက ၅သန်းတန် စံအိမ်ကြီးတွေနဲ့ နေနိုင်တာမျိုး၊ အလယ်အလတ်ရာထူးလောက်ပဲ ရှိတဲ့အစိုးရအရာရှိက ဝေါစထရိက ဘဏ်ကာ တွေထက် စတော့တွေ ပိုပိုင်နေတာမျိုး၊ အခြေခံလူတန်းစားတွေ ခက်ခဲနေချိန်မှာတောင် ပိုင်ဆိုင်မှုတွေ ဆောင့်တက်သွားခဲ့တဲ့ ပြည်သူ့ဝန်ထမ်းဆိုသူများဟာ သန့်သန့်ရှင်းရှင်း ရှာဖွေထားတာမဟုတ်တဲ့ ပိုင်ဆိုင်မှုတွေကို အစစ်အဆေး ပြစ်ဒဏ်မရှိပဲ ပေါ်ပေါ်ထင်ထင် ပိုင်ဆိုင်သုံးစွဲနေကြတာဟာ ရိုးရိုးသားသား ရှာဖွေကြတဲ့ အခြားဝန်ထမ်းများနဲ့ အခွန်ထမ်းပြည်သူတွေကို ပမာမခန့် ပြုနေသလိုပါပဲ။
ထိပ်ပိုင်းမှာလည်း စစ်မယ်ဆို ကလိန်တန်၊ အိုဘမ၊ ဘိုင်ဒင်၊ နျူဆမ်ကစလို့ ဘာနီဆန်းဒါးစ်အဆုံး ပစ်မလွဲပါပဲ။ ဥပဒေသစ်မထုတ်ခင် အဲဒီဥပဒေကြောင့် တက်လာမယ့်စတော့တွေ ကြိုဝယ်၊ ကျမယ့်စတော့တွေ ကြိုရောင်းနဲ့ မဟားဒရားမြတ်လာတဲ့ ပလုံးစီလည်း စစ်သင့်တဲ့ထဲမှာ ပါပါတယ်။ ခုကတော့ ဗျူရိုကရက်တွေအလှည့်ပေါ့။ ပြီးရင်တော့ ခြသူဌေးကြီးများအလှည့်ကျဖို့ မျှော်လင့်ပါတယ်။ သင်းတို့ကို စစ်ဆေးတဲ့အထိ ဖြစ်မလာကြတာလည်း အကြောင်းရှိပါတယ်။ ကလိန်တန်တို့နဲ့ အနီးကပ် ပတ်သက်ခဲ့တဲ့ထဲမှာ သွေးရိုးသားရိုးမဟုတ်ပဲ ကြွကုန်ကြတာ ၄၇ဦးရှိသွားပြီး အဲဒီထဲက ၁၃ဦးက ကိုယ်ရံတော်တွေ ဖြစ်ကြပါတယ်။ ဒါကြောင့် သူတို့ကို စစ်ဖို့ဝေးလို့ ဝေဖန်ရဲတဲ့သူတောင် ရှားနေခဲ့တာပါ။ ကျန်တဲ့သူတွေကျတော့လည်း တယောက်ဖော်အကုန်ပေါ်မှာဆိုတော့ မအလတပ်လိုပဲ စားဖားတို့၏ ညီညွတ်ခြင်းမျိုးနဲ့ ချစ်ယောင်ဆောင်ကြရတာပေါ့။
ထရမ့်အစိုးရရဲ့ ဥပဒေအသစ်တွေအရ နိုင်ငံတွင်း တရားမဝင် ဝင်ရောက်နေထိုင်သူတွေဟာ ကိုယ့်သဘောနဲ့ကိုယ်ပြန်မယ်ဆိုရင် ထောက်ပံ့ကြေးလည်းရမယ်၊ စီစဥ်ဖို့လည်း အချိန်ရမယ်၊ ရာဇဝတ် ပြစ်မှုကင်းရင် တရားဝင်ပြန်ဝင်လာဖို့ လျောက်နိုင်မယ်ဆိုတာကြောင့် ကိုယ့်ဖာသာကိုယ် ပြန်ကြတဲ့ သူတွေ ၁.၆သန်းအထိ ရှိသွားပြီဖြစ်ပါတယ်။ ဘိုင်ဒန့်လက်ထက်မှာ ရုပ်ပျက်ဆင်းပျက် မသွင်းခဲ့ရင် အခုလောက်လုပ်စရာ လိုမယ်မထင်ပါဘူး။ ခိုးဝင်တွေ နင်းသွင်းတဲ့ အဓိကအကြောင်းရင်း တခုက ဒီမိုခရက် မဲဆန္ဒနယ်တွေ တိုးလာဖို့ အမတ်နေရာတိုးဖို့ဖြစ်သလို တဖက်မှာလည်း စာတိုက်မဲနဲ့ မိုးခဲဖို့ ဂွင်ဖန်ကြပြန်ပါတယ်။ သူတို့အာဏာမြဲဖို့အတွက် ပေးရတဲ့ မက်လုံးတွေကြောင့် ပြည်သူ့လုံခြုံရေး လည်း ထိခိုက်၊ ပြည်သူ့ဘဏ္ဍာလည်း ပြုန်းတီး၊ ကျောင်းတွေ၊ ဆေးရုံတွေလည်း ဝန်ပိ၊ ခြစားမှု တွေလည်း တိုးလာတာပါ။ ဒီမိုခရက်တွေကတော့ ပြဿနာ ရှိလာရင် ဖုံးမယ်၊ ဖုံးမရရင် နာမည်လှလှ ပေးပြီး ဖြေရှင်းဖို့ ဘတ်ဂျက် များများတောင်းမယ်၊ ဇီးသီးဗန်းမှောက်မယ်၊ ဒါကြောင့် သိလာကြတဲ့ သူတွေက မကြိုက်ကြတော့လို့ သူတို့ကို မဲပေးမယ့် လူဆိုးသူခိုးတွေ၊ ဘုမသိဘမသိတွေ ခေါ်သွင်းလာရတာပါ။ ဒီနေ့တော့ စာတိုက်မဲကို ဖျက်သိမ်းဖို့ သမ္မတအမိန့်ထုတ်မယ်လို့ ကြေငြာသွားပါပြီ။ အကောင်းဆုံးသတင်းတခုပါပဲ။