ဩဂုတ် ၂၈ ရက် ၂၀၂၅

ဘုရားကျောင်းမှာ ဆုတောင်းဝတ်ပြုနေတဲ့ ကလေး၂ဦး သေဆုံးပြီး ၁၈ဦး ဒဏ်ရာရရှိခဲ့တဲ့ မင်နီယား ပူးလိစ် ကက်သလစ်ကျောင်း သေနတ်ပစ်မှုမှာ ပစ်ခတ်သူက ရောဘင်(ရောဘတ်)ဝက်စ်မန်ဆိုတဲ့ လိင်ပြောင်း ဖြစ်ပါတယ်။ ဘိုင်ဒန်လက်ထက် ဇော်မဲလုံးမမတိုင်ခင် ပြန်ဝန်လုပ်ခဲ့ပြီး လက်ရှိ အမ်အက်စ်အန်ဘီစီမှာ လုပ်နေတဲ့ ဂျန်ဆာကီက သေဆုံး/ ဒဏ်ရာရတဲ့ ကလေးတွေနဲ့ မိသားစုတွေ အတွက် ဆုတောင်းပေးကြ တာကို ဆုတောင်းတာ ဘာလုပ်ရမှာလဲ၊ ဆုတောင်းလို့ သူတို့တွေ ပြန်ရှင်မလာဘူး၊ ကျန်တဲ့သူတွေလဲ ပိုလုံခြုံမသွားဘူးလို့ X မှာရေးသွားပါတယ်။ ရှေ့လျောက် ဒီထက် လုံခြုံလာအောင်လဲလုပ်ရင် ဆုတောင်းလို့မရဘူးလို့များ သတ်မှတ်ချက်ရှိလို့လား။ လက်ဝဲတွေကတော့ ပစ်ခတ်မှုဖြစ်တိုင်း သေနတ်ကိုပဲ ရမယ်ရှာပြီး သိမ်းစေချင်ကြသလို လိင်ပြောင်းတွေ လူမည်းတွေ ကျူးလွန်တိုင်း ထရမ့်အစိုးရက ဖိနှိပ်လို့ပါဆိုပြီး မဆီရယ်တဲ့ မဆိုင်တာတွေနဲ့ ကလင်ဒါကျ အပြစ်တင်ကြပါတယ်။

ပြီးခဲ့တဲ့ အစုအပြုံပစ်ခတ်မှု ၉ခုမှာ ပစ်ခတ်သူ ၈ဦးက လိင်ပြောင်းတွေဖြစ်ပြီး ၂ဦးက ကျား/မ ဆိုတာကို စိတ်ရှိသလို ခံယူချင်တဲ့သူတွေ ဖြစ်ကြပါတယ်။ တက်စ်လာရှိုးရူမ်းတွေကို မီးရှို့ခဲ့ကြ တာလည်း လိင်ပြောင်းပါပဲ။ သမ္မတထရမ့်က မွေးရာပါလိင်ဟာ ပြောင်းမရလို့ လိင်ပြောင်းဆိုတာ ရှိကိုမရှိဘူးလို့ ဆိုပါတယ်။ လိင်ပြောင်းဖြစ်ချင်ရင် ကိုယ့်မွေးရာပါဟော်မုန်းကို ဖိနှိပ်တဲ့ဆေး၊ ဖြစ်ချင်တဲ့လိင်ရဲ့ ဟော်မုန်းထွက်တဲ့ဆေးတွေကို မသေမချင်း သောက်ရတယ်ဆိုကတဲက အတင်းကြီး လုပ်တုနေရတာ ထင်ရှားတဲ့အပြင် နောက်ဆက်တွဲအဖြစ် စိတ်ကျရောဂါနဲ့ ဆူဆိုက်တွေ ပါလာပါတယ်။ အဲဒီလို စိတ်ကျန်းမာရေး ပြဿနာရှိသူတွေကို တချိန်လုံး အမုန်းမှိုင်းတိုက်ပေးနေရင် ခုလိုပစ်ခတ်မှုတွေ ဖြစ်လာနိုင်တာ ကလင်ဒါကျဖြစ်သလို သေနတ်တွေကို ခိုးသွင်းပေးမယ့် လူဆိုးဂိုဏ်းတွေကိုပါ ဖျင်မထားတာကလည်း ဒီမိုကရက်တွေရဲ့ နောက်ကလင်ဒါကျတခုပါပဲ။ လူကောင်းတွေလက်ထဲက သေနတ်တွေ လိုက်သိမ်းတာနဲ့ ပြဿနာရှင်းသွားမယ်လို့ထင်ရင် ဒီမိုကရက်ကြီးစိုးတဲ့ မြို့/ပြည်နယ် တွေကိုသာ ကြည့်ကြပါ။

၈/၂၂နေ့က ၄၅လက်ထက်က အမျိုးသားလုံခြုံရေးအကြံပေးဟောင်း ဂျွန်ဘိုလ်တန်ရဲ့ အိမ်နဲ့ ရုံးခန်းကို ရာထူးရှိစဥ်က ထိပ်တန်းလျို့ဝှက်ဖိုင်တွေကို အစိုးရအီးမေးမဟုတ်တဲ့ ပုဂ္ဂလိကဆာဗာကနေတဆင့် သူ့ဇနီးနဲ့ သမီးဆီ ပို့ခဲ့တာ တွေ့ရှိရလို့ အက်ဖ်ဘီအိုင်က ဝင်စီးခဲ့ပါတယ်။ ဘိုလ်တန်ရေးတဲ့ စာအုပ်ထဲမှာ ထရမ့်အကြောင်း မကောင်းရေးတာတွေ ပါလို့ လက်စားချေသလိုလို၊ လျို့ဝှက်ချက်တွေ ထည့်ရေးလို့ လိုလို ပြောကြပေမယ့် ဘိုလ်တန် အဲဒီလို ပို့ခဲ့တာကို ရန်ဘက်နိုင်ငံရဲ့ ထလရကနေ သတင်းရခဲ့တယ် ဆိုတာက ဘိုလ်တန်ကို ကူ/ကယ်ရာမဲ့ ဖြစ်စေမှာပါပဲ။ ထရမ့်ကတော့ အခုလိုဝင်စီးမှာကို သူကြိုမသိခဲ့သလို သိလည်းမသိချင်ကြောင်း၊ အက်ဖ်ဘီအိုင်က သူ့အလုပ် သူလုပ်တာသာ ဖြစ်ကြောင်း ပြောသွားပါတယ်။

ဒီစီမှာ တပ်အင်အား ၂၀၀၀ကျော် ချထားပြီး မြို့တော်ရဲတွေနဲ့ ပူးပေါင်းကာ လူဆိုးတွေဖမ်း၊ လမ်းဘေး ကျူးတဲတွေ ရှင်းထုတ်ပြီးတဲ့နောက် တရက်ခြားတခါနီးပါး လူသတ်မှုဖြစ်နေတာကနေ ၁၂ရက်လုံး လုံးဝ ရပ်သွားခဲ့တဲ့အထိပါပဲ။ အဲဒီလိုဖြစ်လာဖို့ ၁ပတ် လောက်ပဲ အချိန်ယူခဲ့ရတာပါ။ ၁၃ရက်မြောက်နေ့မှာ လူသတ်မှုတခု ပြန်ဖြစ်တော့ ထရမ့်က မြို့တော်မှာ လူသတ်မှုနဲ့ ပြစ်ဒဏ်ချခံရရင် သေဒဏ်ပေးဖို့ အဆိုပြုထားပါတယ်။ ဒီစီမှာ ညဖက် မထွက်ရဲကြလို့ စားသောက်ဆိုင်တွေ၊ စီးပွားရေးလုပ်ငန်းတွေ တဖြေးဖြေး ပြုတ်ကုန်ကြတာ ကနေ ပြန်စည်ကားလာမယ့် အခြေအနေကို ပြန်ရောက်လာတော့မှာပါ။ ဒီမိုကရက်အင်အားကောင်းတဲ့ ဒီစီမှာ မြို့တော်ကို စောင့်ကြပ်နေတဲ့ တပ်တွေကို ဒေသခံတွေက အိမ်တွေကနေ ထွက်နှုတ်ဆက်ကြပြီး ကျေးဇူးတင်ကြောင်း ပြောကြတယ်လို့ သိရပါတယ်။ ထရမ့်တပ်လွှတ်မယ်ဆိုတာကို အပြင်းအထန် ကန့်ကွက်ခဲ့တဲ့ ဒီစီမြို့ဝန် မြူရီရယ်ဘောင်စာကတောင် ၈/၂၇ သတင်းစာရှင်းလင်းပွဲမှာ ထရမ့်ရဲ့ လုပ်ရပ်ကြောင့် ရာဇဝတ်မှုတွေ ကျသွားပါတယ်လို့ ဝန်ခံသွားပါတယ်။

ခုဒီစီမှာရောက်နေတဲ့ တပ်အင်အား ၂၀၀၀ကျော်စလုံးက ရီပါဘလစ်ကန်ကြီးစိုးတဲ့ ပြည်နယ်တွေက ပို့ပေးထားတာတွေပါ။ နောက်ထပ် ၁၇၀၀ ကိုလည်း ပြည်နယ် ၁၉ခုမှာ ရာဇဝတ်မှုတိုက်ဖျက်ဖို့နဲ့ အိုက်စ်ကို ကူညီပေးဖို့ စုစည်းထားပြီ ဖြစ်ပါတယ်။ ဒီစီပြီးရင် ရှီကာဂို၊ နယူးယောက်နဲ့ ဆန်ဖရန်တို့ကို ပို့မယ်လို့ လေသံပစ်ထားပါတယ်။ ဒေသခံတွေက မကြိုက်စရာမရှိပေမယ့် အုပ်ချုပ်သူဒီမိုကရက် တွေက အနာဟောက်ပက်နဲ့ဆိုတော့ အပြောနဲ့ကို စပ်နေတော့တာပါပဲ။

တိုင်းပြည်မှာ ရာဇဝတ်မှုတွေ ဒင်းကြမ်းတိုးလာတဲ့ အဓိကလက်သည်ဟာ အမွှေစိန်ဆိုရော့စ်ဖြစ်ပြီး လက်တံရှည်တဲ့သူ့ကို ဘယ်သူမှ မထိရဲတာကနေ မနေ့ကတော့ ထရမ့်က ဆိုရော့စ်တို့ သားအဖကို အကြမ်းဖက်ဆန္ဒပြပွဲတွေကို နောက်ကွယ်ကထောက်ပံ့မှုနဲ့ ရီကို (Racketeer Influenced and Corrupt Organizations Act) မရိုးသားတဲ့နည်းတွေနဲ့ ခြဩဇာလွှမ်းစေတဲ့ အဖွဲ့အစည်းများအက်ဥပဒေနဲ့ တရားစွဲသင့်ကြောင်း၊ အဲဒီအရူးတွေ ငါတို့နိုင်ငံကို ဆက်ဖျက်ခွင့် မပြုနိုင်တော့ကြောင်း၊ ဒီလောက် ဖျက်ဆီးထားတဲ့လူတွေကို လွတ်လပ်ခွင့်ပေးထားတာ မဖြစ်သင့်ကြောင်း၊ ဆိုရော့စ်နဲ့ အနောက်ဖက်ကမ်းက သူ့လူတွေအပါအဝင် သူ့ရဲ့ အရူးအဖွဲ့က တိုင်းပြည်ကို အများကြီး ဖျက်ဆီးထားကြောင်း၊ ရှေ့ကို ငါတို့စောင့်ကြည့်နေမှာဖြစ်လို့ သတိထားနေကြလို့  ပြောသွားပါတယ်။

အိမ်ချေးငွေနဲ့ ပတ်သက်တဲ့ လိမ်လည်မှုတွေ ရှိနေကြတာကို တွေ့ရှိလာတဲ့ထဲမှာ ဖက်ဒရယ်ရီဆာ့ဖ် ဂါဗာနာ တဦးဖြစ်တဲ့ လီဆာကွတ်ခ်၊ နယူးယောက်အေဂျီလတီရှာ ဂျိမ်းစ်တို့အပြင် အဒမ်ရှစ်ဖ်လည်း ပါလာပါပြီ။ တိုင်းပြည်ရဲ့ ငွေကြေးရေးရာ ပဲ့ကိုင်ရှင်တဦးဖြစ်တဲ့ ဖက်ဒရယ်ရီဆာ့ဖ်ဂါဗာနာက ငွေရေးကြေးရေးနဲ့ ပတ်သက်လာရင် ရိုးသားမှုမရှိဘူးဆိုတော့ ခက်မနေပေဘူးလား။ လီဆာကွတ်ခ်က အိုဘမအစိုးရ လက်ထက်မှာ ဘဏ္ဍာရေးဒုဝက လုပ်သွားခဲ့သူပါ။ သူတို့အားလုံးက ပင်တိုင်အိမ်ဆိုရင် လက်ငင်း ပေးရငွေ သက်သာတာရယ်၊ အတိုးနှုန်း သက်သာတာရယ်ကြောင့် ပင်တိုင်နေတာမဟုတ်တဲ့ အိမ်ကို ပင်တိုင်အိမ်ဆိုပြီး လိမ်ပြခဲ့ကြတာပါ။ ပုံမှန်ဆိုရင် ဘယ်သူမှ တကူးတက သွားမစစ်ဆေးကြတဲ့ အတွက် မပေါ်လောက်ဘူးထင်ပြီး လိမ်ခဲ့ကြပုံရပါတယ်။

ကာကွယ်ရေးဝကဌာနရဲ့ အထိခိုက်မခံနိုင်တဲ့ ဒေတာတွေကို အိုဘမ ဘဒ လက်ထက်မှာ တရုပ်ပြည်က ကုဒ်ဒါတွေကို ကန်ထရိုက်ပေးခဲ့ပါတယ်။ ကြီးကြပ်တာကို ပင်တဂွန်ကလုပ်တာဆိုပေမယ့် အမေရိကန်ကို ပခုံးချင်းယှဥ်ရုံမက ကျော်ပါတက် ချနင်းချင်နေတဲ့သူတွေရဲ့ လက်ကို ဘာဒေတာမှ မရောက်သင့်တာပါ။ တရုပ်ပြည်ရဲ့ မူဝါဒက သူ့နိုင်ငံသားအားလုံးဟာ အစိုးရ တောင်းဆိုသမျှ​ “နိုင်ငံတော်”အတွက် လုပ်ကိုလုပ်ပေးရမှာဖြစ်လို့ အဲဒီလိုကန်ထရိုက်ပေးခဲ့တာဟာ အိုဘမ-ဘဒ ခြစားမှုအတွက် ပေးဆပ်လိုက်ရတဲ့ထဲက တခုဖြစ်ပါလိမ့်မယ်။ အခုတော့ ကာဝန် ဟက်ဆက်သ်က ကာကွယ်ရေးဌာနရဲ့ ကလောက်ဝန်းကျင်မှာ တရုပ်နိုင်ငံသားတွေကို လုံးဝမသုံးတော့ဘူးလို့ ဆိုပါတယ်။ သမ္မတထရမ့်က ကာကွယ်ရေးဝကဌာနကို မူလနာမည်ဖြစ်တဲ့ စစ်ရေးဝကဌာနလို့ နာမည်ပြန်ပြောင်းဖို့ အဆိုပြုထားပါတယ်။

တားရစ်ဖ်က ဝင်ငွေက ဘီလီယံ ၃၀၀လောက်အထိ ဖြစ်လာနိုင်ပြီး လာမယ့်နှစ်တွေမှာ ဘီလီယံ ၅၀၀ ကနေ ထရီလီယံအထိတောင် ဖြစ်လာနိုင်ခြေရှိတယ်လို့ ဘဏ္ဍာရေးဝန်ကြီးက ပြောသွားပါတယ်။ အဲဒါက အကြွေးနစ်နေတဲ့ အမေရိကန်စီးပွားရေးကို သိသိသာသာ အထောက်အကူ ဖြစ်စေပါလိမ့်မယ်။ အစိုးရအသုံးစာရိတ်ထဲက အလေအလွင့်တွေ ဇီးသီးဗန်းတွေ လျော့ချပြီး ဝင်ငွေ တိုးလာတာနဲ့အမျှ ပြည်သူဆီက ကောက်ရမယ့်အခွန်တွေ လျော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ ခိုးမယ့်ဘက်က အင်အား ကောင်းမလာလို့ ဒီထက်အခြေအနေကောင်းလာရင် အိမ်ခွန်တွေ၊ ဝင်ငွေခွန်တွေကိုပါ ဖျက်သိမ်းဖို့အထိ အဆိုပြုကြသူတွေ မာဂါဘက်မှာ အများကြီးရှိပါတယ်။ ခုသမ္မတကလည်း ပြည်သူအကျိုးရှိမယ်ဆို တကယ်ဖြစ်အောင် လုပ်တတ်သူဆိုတော့ မဖြစ်လာဘူးလို့ မပြောနိုင်ပါဘူး။

ဒီမိုကရက်တွေက လုပ်သမျှ အားလုံးလိုလို အောင်မြင်နေတဲ့ ထရမ့်ကို နိုင်ငံရေးအမြတ် ရမှာစိုးလို့ တားရစ်ဖ်ကြောင့် ကုန်ဈေးနှုန်းတက်တယ်ဆိုတာမျိုး မြင်စေချင်ကြတဲ့အတိုင်း လှော်ကြပါတယ်။ ကုန်ဈေးနှုန်းက ဘိုင်ဒန်လက်ထက်မှာ မတက် တက်အောင် နည်းမျိုးစုံနဲ့ လုပ်ခဲ့ကြတဲ့အပြင် အခွန်မြင့်၊ ငွေဖောင်းပွမှု မြင့်ပြီး အလုပ်အကိုင်မဖန်တီးပေးနိုင်လို့ အဖက်ဖက်က ကြပ်တည်းတာနဲ့ ယှဥ်ရင် ထရမ့် လက်ထက်မှာ မရှိမဖြစ် အခြေခံစားကုန်နဲ့ လောင်စာဈေးကို ချပေးခဲ့ပြီး ငွေဖောင်းပွမှု ငြိမ်အောင်၊ အလုပ်အကိုင်သစ်တွေ ပေါ်ထွက်လာအောင် လုပ်ပေးခဲ့တာပါ။​ အခု ကုန်ဈေးနှုန်းတက်တယ် ဆိုတဲ့ အကြောင်းရင်းထဲမှာ ဗဟိုဘဏ်က အတိုးနှုန်း ချမပေးတာက အဓိက အကြောင်းတခုပါ။ အိမ်၊ ကား၊ စီးပွားရေး၊ ပညာရေး အစစချေးငွေတွေ ဈေးကြီး နေသ၍ ကုန်ဈေးနှုန်းက ဘယ်လို ဆွဲချချ ကျလာစရာမရှိပါဘူး။

ဒီမိုကရက်တွေက ပြည်သူ ချောင်လည်မှာ မကြိုက်ကြတဲ့ အကြောင်းရင်းက အဆင်မပြေမှုတွေ များလေ ရင်ထဲမှာ ဒေါသ အကြိတ်အခဲတွေ ကြီးလေ၊ အမုန်းမှိုင်းတိုက်လို့ ကောင်းလေမို့ပါ။ သူတို့ဘက်မှာ လူများစု အကျိုးရှိမယ့် အပြုသဘော ဆောင်တာ ဘာများရှိလို့လဲ၊ ၂၀၂၈အတွက် သူတို့ဘက်က အားထားနေတဲ့ နူဆမ်ဆိုလည်း ထရမ့်ပြောပုံ ဆိုပုံတွေကို လိုက်တုလာတာပဲ၊ ပြည်သူအပေါ်ထားတဲ့ တကယ့်စေတနာ၊ ကျားကုတ်ကျားခဲ ကြိုးစားတတ်တဲ့ စိတ်ဓါတ် အဲဒါတွေကို အတုမယူပဲ အပေါ်ယံပြောပုံဆိုပုံနဲ့ ပြည်သူ့မေတ္တာ ရမယ်ထင်တဲ့ အတွေးက တိမ်လွန်းပါတယ်။

Leave a comment