၂၀၂၁ကစလို့ အမေရိကန်က အပြာပြည်နယ်တွေမှာ နိုင်ငံသားမဟုတ်တဲ့ တရားမဝင်နေထိုင်သူတွေ၊ အထောက်အထား မရှိသူ ၂.၅သန်းကနေ ၃သန်းအထိ ယာဥ်မောင်းလိုင်စင် ထုတ်ပေးထားပြီး ဖြစ်ပါတယ်။ ကားကြီးမောင်း လိုင်စင်ကို ထုတ်ပေးထားတဲ့ထဲမှာလည်း တရားမဝင်နေထိုင်သူ ၁သိန်း – ၁သိန်းခွဲလောက်ရှိပါတယ်။
မကြာသေးခင်ကမှ ဖလော်ရီဒါမှာ ဖြစ်ခဲ့တဲ့ လူ၃ဦးသေဆုံးခဲ့တဲ့ ယာဥ်တိုက်မှုမှာ မောင်းတဲ့ တရားမဝင် နေထိုင်သူအိန္ဒိယသားဟာ Florida turnpike လို လမ်းမကြီးမှာ တရားမဝင် ဂငယ်ကွေ့ကွေ့ခဲ့ရာက ဖြစ်သွားတာပါ။ သူဝင်တိုက်ခဲ့တဲ့သူတွေကို ကားပေါ်က ဆင်းကြည့်ခဲ့တာ၊ ၉၁၁ ခေါ်ပေးတာတွေ မရှိခဲ့ပဲ ယာဥ်တိုက်မှုပြီးနောက်တရက်မှာ အဲဒီလူက သူတို့လိုလူတွေကို ဖျင်မထားတဲ့ ကာလီဖိုးနီးယားကို ပြန်ပြေးသွားလို့ ဖလော်ရီဒါရဲတွေက ကာလီဖိုးနီးယားအထိ သွားဖမ်းခဲ့ရပါတယ်။။ မီဒီညာက အဲဒီလူ အင်္ဂလိပ်စကားတတ်ကြောင်း ဖာပေမယ့် စစ်ဆေးကြည့်တဲ့အခါမှာ အင်္ဂလိပ်စာ ကျတဲ့အပြင် ယာဥ်လမ်းညွှန်ဆိုင်းဘုတ်တွေထဲက တခုကိုပဲ သိတာဖြစ်ကြောင်း တွေ့ရှိရပါတယ်။
အဲဒီလိုလူတွေ ဘယ်လိုလုပ်ပြီး လိုင်စင်ရလာတာလဲဆိုတော့ ခြခေါင်းဆောင်တဲ့ပြည်နယ်/မြို့မှာ ခြတွေ အနည်းနဲ့အများရှိကြတော့ အားလုံးကျတဲ့ ဒေါ်လှတန်ခိုးနဲ့ပဲ ဖြစ်ပါတယ်။ စာမေးပွဲဖြေမယ်ဆိုရင် အင်္ဂလိပ်လို မတတ်တဲ့သူတွေဟာ အသံနဲ့မေးတဲ့ဗားရှင်းကို ရွေးချယ်ကြပြီး အဲဒါကို ခိုးနားထောင်ပြီး အဖြေမှန်ကို အချိန်နဲ့တပြေးညီ ရွေးချယ်ပြောပြပေးမယ့် နားကြပ်နဲ့ မိုက်ခရိုဖုံးကို သူတို့ဆဲလ်ဖုံးမှာ လျို့ဝှက် တပ်ဆင်ထားပါတယ်။ အဲဒါတွေကို မမြင်ချင်ယောင်ဆောင်ပေးဖို့ အစောင့်တွေကို လာဘ်ထိုးရတာမျိုးလည်း ရှိပါတယ်။ တချို့နေရာတွေမှာတော့ မှန်/မှားရွေးချယ်ဖို့အတွက် ခဲတံမှာ ဒေါ့နဲ့ဒက်ရှ်လေးတွေ ထွင်းထားတာလေးတွေ ပေးကြတာပါ။ အဆိုပါ တရားမဝင်နည်းမျိုးတွေနဲ့ လိုင်စင်ရဖို့ ၅၀၀ လောက်ပဲ ပေးရတဲ့ပြည်နယ်တွေရှိသလို နယူးယောက်မှာ ၁၅၀၀-၂၅၀၀အထိ ပေးရတယ်လို့လည်း သိရပါတယ်။
ဒီမိုကရက်လက်ဝဲတွေရဲ့ အဓိကပေါ်လစီတွေက နယ်စပ်ဖွင့်မယ်၊ သူတို့သွင်းချင်တဲ့သူ၊ မူးယစ်ဆေး၊ လူ/လိင်/လက်နက်မှောင်ခို၊ အကြမ်းဖက်၊ ရာဇဝတ်ကောင်တွေ သွင်းမယ်၊ ကလိုင်းမိတ်ချိန့်နဲ့ အကြောက်တရားသွင်းမယ်၊ ဗိုက်ထဲက ကလေးသတ်မယ်၊ လိင်တူ/ပြောင်းစတဲ့ ပေါင်ကြားကိစ္စကို တိုင်းပြည်ရဲ့ အကြီးဆုံးအစ်ရှူးလို့ မြင်လာအောင် တွန်းမယ်၊ ဟိုဘာသာအားပေးပြီး အိမ်ရှင်နိုင်ငံရဲ့ အားအကြီးဆုံးဘာသာတွေကို နှိပ်ကွပ်မယ်၊ လွတ်လပ်ခွင့်တွေ တဖြည်းဖြည်း လျော့လာအောင် လုပ်မယ်၊ ဗျူရိုကရက်ခြအဆောက်အဦ ကြီးလာအောင်လုပ်ပြီး ပြည်သူကို ဖိထားမယ်၊ ကျား-မ၊ ဆင်းရဲ-ချမ်းသာ၊ ဖြူ-မည်း၊ ပြာ-နီ အပြန်အလှန် ခါးတူးမုန်းတီးနေအောင် မှိုင်းတိုက်မယ်၊ ကမ္ဘာကြီး ကြပ်တည်းအောင်၊ မကျန်းမာအောင်၊ မငြိမ်းချမ်းအောင် လုပ်မယ်။ အဖြစ်မှန်တွေ ပြည်သူမသိအောင် မီဒီညာနဲ့ ထိန်းမယ်။ ပြည်သူကြပ်တည်းဆင်းရဲပြီး အကြောက်တရားဝင်လာမယ်၊ အချင်းချင်း မုန်းနေကြမယ်ဆိုရင် အုပ်ချုပ်ရ လွယ်သွားပါပြီ။ ဖက်ဆစ် နာဇီတွေ ကွန်မြူနစ်တွေ အပါအဝင် အာဏာကို မတရားရယူပြီး ပြည်သူကို ဖိနှိပ်တဲ့ ဘယ်အစိုးရမဆို ပြည်သူအများစု ကြပ်တည်းအောင် လုပ်ပြီး အမုန်းမှိုင်း အကြောက်မှိုင်းတွေ တိုက်ရင်း မီဒီယာကို ထိန်းချုပ်ကြပါတယ်။
ကလိုင်းမိတ်အာဂျင်ဒါကို တွန်းလာတဲ့အကြောင်းရင်းတွေထဲမှာ အဓိကက အကြောက်တရား သွင်းတာပါ၊ ကြောက်တာလဲ အကုန်လုံးက ကြောက်ဖို့ မလိုပါဘူး၊ မီဒီညာတွေ၊ အကယ်ဒမီးယားတွေ ညာသံပေး ကြောက်ပြကြမယ်၊ ဆင်းရဲတဲ့နိုင်ငံတွေအပေါ် နိုင်ငံခြားအကူအညီဆိုတာတွေကို သူတို့လိုချင်တဲ့ စည်းမျဥ်းတွေနဲ့ တွဲချည်ထားမယ်၊ သူတို့ကို အမြဲလာဘ်ထိုးတဲ့ ပေါက်ဖော်ကြီး အားရဝမ်းသာအောင် လုပ်မယ်။ အဲဒီကလိုင်းမိတ်ကိစ္စက ကြွက်သေတခု အရင်းပြုဆိုတာလိုပဲ ချဲ့ရင်ချဲ့သလောက်၊ ဖန်တီးတတ်ရင် တတ်သလောက် လုပ်စားခွင်တွေ မဆုံးနိုင်အောင်ပါပဲ။
မန်ဆာချူးဆက်ပြည်နယ်မှာ ပြည်နယ်သူ ပြည်နယ်သားတွေ ဘယ်နှစ်မိုင် ယာဥ်မောင်းပြီး ခရီးသွားကြသလဲဆိုတာကို ခြေရာခံဖို့ အစိုးရ အဖွဲ့အစည်းတရပ်ကို ဖွဲ့စည်းလိုကြောင်း လွှတ်တော်က အဆိုပြုထားပါပြီ။ ထုံးစံအတိုင်း စစချင်းတော့ တယောက် တနှစ်ဘယ်လောက်ပဲ မောင်းရမယ်ဆိုတဲ့ သတ်မှတ်ချက်မျိုး မချထားသေးပေမယ့် သူတို့ရဲ့ ရည်ရွယ်ချက်က တနှစ်ကို မောင်းတဲ့မိုင် ဘယ်လောက်လျော့ချရမယ်ဆိုတာကို ဦးတည်ပြီး နည်းလမ်း ရှာကြဖို့ ညွှန်ကြားချက်တွေ ပေးထားပါပြီ။ မန်ဆာချူးဆက်က ကိုလိုရာဒိုနဲ့ မင်နီဆိုးတား လမ်းစဥ် လိုက်တာပါ။ အော်ရီဂွန်မှာ မောင်းသလောက်မိုင်ပေါ်မှာ အခွန်ကောက်သလို နယူးယောက်နဲ့ နယူးဂျာစီမှာ မြို့ထဲမောင်းဖို့ အချိန်ကန့်သတ်တာ၊ ကားကြပ်ခကောက်တာ၊ ကာလီဖိုးနီးယားနဲ့ ဝါရှင်တန်မှာ လမ်းအသုံးပြုခနဲ့ ကားကြပ်ခတွေ ကောက်တာအပါအဝင် ဆီပေါတဲ့တိုင်းပြည်မှာ ဆီဈေးကြီးအောင်၊ ဆီကားသစ် မရောင်းစေချင်တာ၊ ကားတမျိုးထဲတင် လုပ်စားလို့ မကုန်နိုင်အောင်ပါပဲ။ နဖားကြိုးက ရှေ့ကို ပိုတင်းလာဖို့ပဲရှိပါတယ်။ သဘောမပေါက်တဲ့သူတွေလည်း မပေါက်ကြသေးပါဘူး။
ဟိုဘာသာကြီးကလူတွေကို ခေါ်သွင်း ပ’စားပေးထားတာလည်း ကလိုင်းမိတ်ချိန့်လို ပလန်နဲ့ပါပဲ။ အနောက်တိုင်း ယဥ်ကျေးမှုရဲ့ မဏ္ဍိုင်တခုဖြစ်တဲ့ ခရစ်ယာန်ဘာသာကို ချိုးနှိမ်တိုက်ခိုက်ဖို့ပါသလို အကြမ်းဖက်မှုတွေ များလာရင် လူတွေရဲ့ လွတ်လပ်ခွင့်ကို ကန့်သတ်မယ့် ဥပဒေတွေ ပြဌာန်းတာကို လူတွေက အလွယ်တကူ လက်ခံလာကြစေဖို့လည်း ပါပါတယ်။ အဲဒါတွေနောက်ကွယ်မှာ ယူအန်လို တရုပ်အောက်ဆွဲ အဖွဲ့အစည်းတွေပါနေတာက အဲဒီအာဂျင်ဒါတွေနောက်မှာ တရုပ်ရှိနေတာကို ပြတာပါပဲ။ ထိပ်ပိုင်းဒီမိုကရက်နဲ့ အလှူရှင်သူဌေးကြီးများက ကိုယ်ရံတော် အစောင့်အကြပ်တွေနဲ့အပြင် ကိုယ့်ဖက်က ပင်းမယ့်သူကို တိုက်ခိုက်ကြမှာမဟုတ်တော့ ခံရနိုင်တာက ပြည်သူနဲ့ ပြည်သူ့ဘက်က ရပ်သူတွေပဲ ဖြစ်လာမှာပါ။ ဒီမိုကရက်ခေတ်မှာ လူနည်းစုတွေကို စာနာလို့ များများသွင်းတာ မဟုတ်ပါဘူး၊ တကယ်စာနာရင် စစ်တွေဖြစ်ဖို့ အားပေးမယ့်အစား ကမ္ဘာဖျက်အာဂျင်ဒါတွေ တွန်းထည့်မယ့်အစား နိုင်ငံငယ်လေးတွေ တကယ်တိုးတက်အောင် ကူညီရမှာပါ။
ယူကေမှာ မတ်လလောက်ထဲက ပျိုးနေတဲ့ ရီမိုင်ဂရေးရှင်းဆန္ဒပြပွဲတွေဟာ ဒီလထဲမှာ ခြိမ့်ခြိမ့်သဲ ဖြစ်နေသလို ဩစတေးလျနိုင်ငံ တဝှမ်းမှာလည်း မာ့ချ်ဖော်ဩစတေးလျဆန္ဒပြပွဲတွေကို လူ၅သိန်းလောက် တက်ရောက်ကြပါတယ်။ ယူကေမှာ တပတ်အတွင်း အင်္ဂလန် အလံပေါင်း တသန်းလောက် လွှင့်တင်ခဲ့ကြတဲ့အထိပါပဲ။ ရဲတွေက ခွေးတွေနဲ့ ဆန္ဒပြသူတွေ နောက်ကလိုက်လို့ ဆန္ဒပြသူတွေ ထွက်ပြေးကြရပါတယ်။ ဘီဘီစီက ပြည်သူဘက်က အမြင်တွေကို မတင်ပြလို့ စိတ်ပျက်ကြောင်းတွေလည်း ကြားရပါတယ်။ ဩစတေးလျမှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေထဲကို တန်ပြန်ဆန္ဒပြသူဆိုတဲ့ ဖျက်မြင်းတွေက ဝင်နှောက်ယှက်လို့ ရဲက ငရုပ်ကောင်းရည် တွေနဲ့ ဖြန်းပက်ခဲ့တာတွေ ဖြစ်ခဲ့ပါတယ်။ ဂျပန်မှာလည်း မကျေနပ်မှုတွေ မြင့်တက်နေပြီး ဆန္ဒပြတာတွေ ကျယ်ပြန့်လာနေပါပြီ။ ဘာတွေကိုဆန္ဒပြကြတာလဲ ဆိုတော့ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးကို မချစ်၊ ကိုယ့်ယဥ်ကျေးမှုကို တန်ဖိုးမထား၊ ကိုယ့်နိုင်ငံအတွက် ဘာကောင်းကျိုးမှ မပြုတဲ့သူတွေကို ရှယ်ပလန်နဲ့ပင့်၊ အိမ်ဦးခန်းတင်ကျွေးထားပြီး ဒေသခံတွေကို နှိပ်ကွပ်နေတာတွေကို မခံနိုင်ကြတော့လို့ပါ။
ဥရောပရော ဩစတေးလျရောမှာ တူတာက ရဲတွေဟာ ဌာနေဆန္ဒပြသူတွေ ခံနေရသူတွေအပေါ် ဖိထောင်းသလောက် တဖက်လူများကို ဖျင်မကြတာပါပဲ။ အဲဒီလိုဖြစ်အောင်လည်း တမင် လုပ်ထားကြတာပါ။ ပါကစ္စတန်ကလာတဲ့ မီယာညီအကိုတွေ မိန်းကလေးငယ် အယောက်၃၀နဲ့ အသက် ၇နှစ်အရွယ် ယောက်ျားလေး ၂ဦးကို ဆေးကျွေးပြီး မတော်မတရား ပြုကျင့်၊ လက်ဆင့်ကမ်းငှားစားတဲ့ သတင်းတွေ၊ ထွက်ပြေးရင် ခြေချောင်းဖြတ်တာ၊ နှိပ်စက်တာတွေ၊ ယူကေမှာ တကယ်ဖြစ်နေတာပါ။ ၂၀၂၃အတွင်း ဖြစ်ခဲ့တဲ့ မုဒိမ်းမှုတွေက ယူကေမှာ ၆၈,၁၀၉, ဂျာမဏီမှာ ၃၉,၀၂၉, ပြင်သစ်မှာ ၄၂,၄၀၀၊ လွန်ခဲ့တဲ့ အနှစ် ၂၀ကထက် ၆-၈ဆ တက်လာတာပါ။ ဒါလူသတ်၊ ဓါးပြတိုက်၊ လုယက်တာတွေ မပါသေးပါဘူး။ မီဒီညာက မတင်လို့ မသိကြတာပါ။ ဘယ်လောက်ဆိုးရွားတဲ့ ကျူးလွန်မှုပဲဖြစ်ဖြစ် ကျူးလွန်သူတွေက အဲဒီလူတွေဆိုရင် အလွန်ဆုံးကျ ထောင် ၆နှစ်လောက်ထက် မပိုပါဘူး။ ဒေသခံ မိန်းကလေးတွေက ခုခံရင် ခုခံတဲ့သူက ထောင်ထဲ အရင်ရောက်ပါတယ်။ သူတို့ဇာတိနိုင်ငံတွေမှာ လိုပါပဲ။ ဒါမျိုးသတင်းကို X မှာပဲတွေ့နိုင်ပါတယ်။ အဲဒီလူတွေ မကပ်အောင်လို့ ဒေသခံတွေက ခွေးတွေ၊ ဝက်တွေ မွေးပြီး လမ်းထွက်ရင် ဆွဲသွားတဲ့အထိ လုပ်နေကြရပါတယ်။
အဲဒီလို ခေါ်သွင်းတဲ့လူတွေ အားလုံးလိုလိုမှာ တူညီတာက သူတို့ကိုးကွယ်ရာဘာသာသာလျှင် အဓိကပါပဲ၊ နိုင်ငံ၊ ဘာသာစကား၊ အလံ၊ ဒေသန္တရ ယဥ်ကျေးမှု အမွေအနှစ် စတာတွေ ဘာဆိုဘာမှ အရေးမပါပါဘူး။ တဦး တချို့ အဲဒီလိုမဟုတ်တာက ချွင်းချက်ဖြစ်လို့ ထည့်တွက်လို့ မရနိုင်ပါဘူး။ အဲဒီလူတွေက အာဂျင်ဒါအတိုင်း စုနေကြမယ်၊ စုနေတဲ့နေရာကနေ ကိုယ်စားပြုခွင့်နဲ့ လွှတ်တော်ထဲ၊ အုပ်ချုပ်ရေးထဲ ရောက်လာမယ်၊ အဲဒီကနေ အဆင့်ဆင့်တက်လာပြီး ရှယီးယားလော ဖြစ်မယ်ဆိုတာ လျို့ဝှက်တဲ့ကိစ္စ မဟုတ်ပါဘူး၊ ကြည့်ရင် မြင်ပါတယ်။ အနောက်တိုင်းနဲ့ ရင်ဘောင်တန်းတိုးတက်တဲ့ အီရန်ကနေ ခေါင်းမြီးခြုံတွေဖြစ်လာဖို့ ဘာမှမကြာလိုက်ပါဘူး။ ယဥ်ကျေးမှုဆူဆိုက် ဖြစ်လာပြီးရင် နိုင်ငံကျဆုံးခန်းက မကြာခင် ဖြစ်လာမှာပါ။ အရှေ့အလယ်ပိုင်းနဲ့ အနီးတဝိုက် အရှေ့တောင်အာရှက နိုင်ငံတချို့တောင် မူလယဥ်ကျေးမှုတွေ ပျောက်ပြီး ဝါးမြိုခံထားရတာကို မမေ့ကြပါနဲ့။
မြန်မာပြည်မှာလည်း ဒေါ်စုမဟုတ်တဲ့ အစိုးရလက်ထက်တွေမှာ သူတို့တွေ တွင်ကျယ်လာတာ ကလင်ဒါကျလို ဖြစ်နေပါပြီ။ အခုမြန်မာပြည်အကြောင်း သတင်းဆို ခေါင်းစဥ်ပဲ မြန်မာပြည်တွင်းစစ်၊ အတွင်းက သူတို့တွေ အကြောင်းချည့်ပါပဲ။ ဒေါ်စုအကြောင်းရော တွေ့မိကြသေးလား။ ကမ္ဘာ့မြေပုံမှာ မြန်မာအမျိုးသမီးပုံနေရာမှာ ဘကုန်းမပုံဖြစ်နေတာ ကြာခဲ့ပါပြီ။ ဗြဲချင်သပဆိုလည်း ဆက်ဗြဲကြပါ။ ဗြဲတာနဲ့အတူ ဝါးမြိုတာက တပါတည်းပါလာမှာကိုတော့ မမေ့ကြပါနဲ့။ ရေးနိုင်ခွင့် ရှိနေသေးသလို ဖတ်တဲ့သူလည်း ရှိနေသေးလို့ ဖဘပညာပြနေတဲ့ကြားက အမုန်းခံပြောနေတာပါ။