ဒီကနေ့ သမ္မတထရမ့်က နေ့လည် ၂နာရီမှာ အိမ်ဖြူတော် ဘဲဥပုံသမ္မတရုံးခန်းကနေ ကြေငြာချက် ထုတ်မယ်ဆိုတာ ညနက်တော့မှ ကြေငြာထားတဲ့အတွက် မီဒီညာက သို့လော သို့လောတွေ တွက်ဆ နေကြပါတယ်။ ပြီးခဲ့တဲ့ လေဘာဒေးပိက်ရက်တွေမှာ ထရမ့်ကို ကင်မရာတွေရှေ့ မတွေ့နေရလို့ ကြွသွားပြီဆိုတဲ့ ကောလဟလတွေ လွှင့်သူကလွှင့်၊ ထရမ့်မရှိရင် သတင်းမရှိလို့ လုပ်စားမရတဲ့အတွက် လွမ်းဖျားလွမ်းနာကျသူကကျပေါ့လေ။ ကောလဟလတွေ ပြန့်လာလို့ မြေးမလေး ခိုင်နဲ့ ဂေါက်ရိုက်က ပြန်လာတဲ့ ဗီဒီယိုအတိုလေးတောင် တင်ရတဲ့အထိပါပဲ။
ကနေ့လုပ်တဲ့ကြေငြာချက်က ကာကွယ်ရေး (စစ်ရေး)ဝန်ကြီးဌာနနဲ့ ပတ်သက်တာပါ။ ပထမသက်တမ်းတုန်းက ထရမ့်ညွှန်ကြားချက်နဲ့ ဖွဲ့စည်းခဲ့တဲ့ အာကာသတပ် (စပေ့စ်ဖို့စ်) ကို ဘိုင်ဒန်လက်ထက်က ကိုလိုရာဒိုမှာ ဌာနချုပ်ဖွင့်ခဲ့ပါတယ်။ ကိုလိုရာဒိုက စာတိုက်မဲကို ၁၀၀% အဓမ္မလုပ်ထားတဲ့ ပြည်နယ်ဖြစ်တော့ တက်လာသမျှလူတွေကလည်း ခြတွေပဲ ဖြစ်နေမှာပါ။ ခြတွေ ကြီးစိုးပြီဆိုရင် ဘယ်လောက်တိုးတက်ဆန်းကျယ်တာကြီးလုပ်လုပ် နောက်ဖေးပေါက်က ဦးပေါက်ဆီတို့ဆီကလူတွေ ဝင်ဖို့ ဂယ်ပေါက်ပေးထားမှာ သေချာတဲ့အတွက် သမ္မတထရမ့်က စပေ့စ်ဖို့စ်ရုံးချုပ်ကို အလာဘားမားပြည်နယ် Huntsville မြို့ကို ရွှေ့လိုက်ပါတယ်။ အဲဒီလို ရွှေ့လိုက်တဲ့အတွက် အလာဘားမားမှာ ဘီလီယံနဲ့ချီတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာမှာဖြစ်ပြီး လူပေါင်း ၃သောင်းလောက် အလုပ်ရကြမှာ ဖြစ်ပါတယ်။ ဒီနေ့က အဲဒီအကြောင်း ကြေငြာတာပါ။ စစ်ရေးကြေငြာချက်ဖြစ်မယ်ဆိုတာကို ဒီမနက်ကျမှ ကြေငြာတာ ဖြစ်ပါတယ်။
ထရမ့်က အရင်သမ္မတတွေနဲ့ မတူပဲလူထုနဲ့ အဆက်မပြတ် ထိတွေ့နေတာပါ။ ကက်ဘိနက်အစည်းအဝေးကိုတောင် တံခါးပိတ်လုပ်တာမဟုတ်ပဲ မီဒီယာရှေ့မှာ လုပ်တာဖြစ်ပြီး သတင်းထောက်တွေက မေးခွန်းတွေ ဝင်မေးလို့ ရကြတာ ဖြစ်ပါတယ်။ အစိုးရအဖွဲ့ကလည်း အရင်အစိုးရတွေတုန်းကလို မလုပ် မရှုပ် မပြုတ် နေတာမဟုတ်၊ ဘာမှမေးမရတာလဲမဟုတ်၊ ဘာကွန်ပြူတာ ဘာဖုံးမှ မပါပဲ ကိုယ်တာဝန်ယူထားရတဲ့ အပေါ်မှာ ဖြစ်ပေါ်တိုးတက်မှုတွေ ပြဿနာတွေကို လက်တန်းပြောပြနိုင်ရပါတယ်။ ကမ္ဘာ့သမိုင်းမှာ ဒီထက် ပွင့်လင်းမြင်သာရှိတဲ့ အစိုးရများ တွေ့ဖူးကြပါသလား။ မသိဘူး၊ မုန်းမယ်ဆိုလည်း သဘောပါ။ ကိုယ့်တန်ဖိုးနဲ့ကိုယ်ပေါ့။