ဒီကနေ့ သမ္မတထရမ့်က အရင်ကြိုပြောထားတဲ့အတိုင်း ၁၉၄၉ တုန်းက ပြောင်းလဲခေါ်ဝေါ်ခဲ့တဲ့ ကာကွယ်ရေးဝန်ကြီးဌာနကို မူလနာမည်ဖြစ်တဲ့ စစ်ရေးဝန်ကြီးဌာနလို့ ပြန်ပြောင်းခဲ့ပါတယ်။ ကာကွယ်တာက ခံစစ်သဘောဖြစ်တော့ အားပျော့ပြီး အနိုင်တိုက်မယ့်ထိုးစစ်သဘောကို ဆောင်ဖို့ စစ်ရေးဝန်ကြီးဌာနလို့ ပြောင်းလိုက်တာ ဖြစ်ပါတယ်။
သေနတ်ကိုင်ဆောင်/ပိုင်ဆိုင်မှု အတင်းကျပ်ဆုံးမြို့ကြီးတခုဖြစ်တဲ့ ရှီကာဂိုမြို့မှာ ပြီးခဲ့တဲ့ လေဘာဒေး ပိတ်ရက် ၃ရက်အတွင်း သေနတ်ပစ်မှုကြောင့် လူ၉ဦး သေဆုံးပြီး လူ၅၀ ဒဏ်ရာရရှိခဲ့ပါတယ်။ သမ္မတထရမ့်က သွေးထွက်သံယိုတွေလျော့နည်းဖို့ ကူညီပေးမယ်လို့ အကြိမ်ကြိမ် ကမ်းလှမ်းခဲ့ပေမယ့် အီလီနွိုင်းဂါဗာနာ ပရစ်ဇ်ကာက ငါတို့လည်း ရာဇဝတ်မှုတွေ ဟန့်တားဖို့ ကြိုးစားနေတာမှာ အောင်မြင်နေပါတယ်၊ ဘာမှအရေးပေါ်အခြေအနေမရှိပါဘူး၊ မြို့ကြီးတွေမှာ ရာဇဝတ်မှုတွေကတော့ များမှာပဲလေ၊ အဲဒါကို ထရမ့်က အကြပ်အတည်းလုပ်ပစ်ချင်နေတာလို့ တုန့်ပြန်ပါတယ်။ မြို့ကောင်စီဝင်တွေနဲ့ မြို့နေလူထုက သမ္မတရဲ့ အကူအညီကို လိုချင်ကြလို့ အသနားခံစာ တင်ကြတဲ့ ကြားက ဂါဗာနာကရော ရှီကာဂိုမြို့ဝန်ရောက ခါးခါးသီးသီး ငြင်းဆန်နေကြတာပါ။ ဒီမိုကရက်ကြီးစိုးတဲ့ မြို့ကြီးတွေက ပြည်သူတွေကို ထရမ့်အစိုးရက မင်းတို့ အဲဒီလိုနေနေစရာ မလိုဘူးလို့ ပြောထားပါတယ်။
သမ္မတထရမ့် အိမ်ဖြူတော်ကို ဒုတိယအကြိမ်ပြန်ရောက်ကတဲက အမေရိကန်ဓါးစာခံပေါင်း ၇၂ဦးကို ပြန်လည်ရရှိခဲ့ပြီး ဘိုင်ဒန်လက်ထက်မှာ ပျောက်ဆုံးခဲ့တဲ့ ကလေးပေါင်း ၃သိန်းကျော်ထဲက ၂၂,၀၀၀ ကို ရှာတွေ့ခဲ့ပြီ ဖြစ်ပါတယ်။ ဘိုင်ဒန်လက်ထက်မှာ အမေရိကန် ၂၄ဦး ဓါးစာခံအဖြစ် ဖမ်းဆီးခံရပြီး ၄ဦးသာ ပြန်ရခဲ့တာပါ။ ထရမ့်အစိုးရလက်ထက်မှာ ဓါးစာခံပြန်လွှတ်ပေးဖို့ ညှိနှိုင်းရာမှာလည်း ဘိုင်ဒန်တို့ အိုဘမတို့တုန်းကလို ငွေအစုလိုက်အပုံလိုက်ပေးရတာမျိုး၊ အလျော့ပေးဆက်ဆံရတာမျိုး မရှိတာက နိုင်ငံရေးသမားမဟုတ်ပေမယ့် ပါးနပ်တဲ့ထရမ့်ရဲ့ အရည်အချင်းကို ပြတာပါပဲ။
ခုထိ အကြီးဆုံးလဝကစစ်ဆင်ရေးတရပ်အနေနဲ့ ဂျော်ဂျာပြည်နယ်က ဟွန်ဒေးကားဘက်ထရီစက်ရုံကို ဝင်စီးခဲ့တာမှာ တရားမဝင်နေထိုင်သူ တောင်ကိုရီးယားနိုင်ငံသား အနည်းဆုံး ၄၇၅ဦး ဖမ်းဆီးမိခဲ့တဲ့ အတွက် ကိုရီးယား အစိုးရနဲ့ စကားပြောနေပြီဖြစ်ပါတယ်။
ထုတ်ဖော်တွေ့ရှိတဲ့ အီးမေးလ်တွေအရ ဘိုင်ဒန်မဆင်းခင် အော်တိုပန်လက်မှတ်နဲ့ ပြစ်ဒဏ်မှ ကင်းလွတ်/ ဆိုင်းငံ့ပေးခဲ့တဲ့ ရာဇဝတ်သား ၄၂၄၅ ဦးအကြောင်းကို ဘိုင်ဒန်က စစ်ဆေးသွားခြင်းမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။ အဲဒီလောက်များများ လွှတ်/လျော့တာဟာ သမိုင်းမှာ အများဆုံးပါပဲ။ အဲဒီအီးမေးလ်တွေကို အိုဗာဆိုက်ပရောဂျက်က ရရှိတာဖြစ်ပြီး တရားရေးဌာနက အရေးပါတဲ့ အရာရှိတဦးဖြစ်တဲ့ ဘရက်ဒ်လေ ဝိုင်းရှိန်မာက ပြစ်ဒဏ်က လွှတ်မယ့်သူ နာမည်၊ အမှု၊ စတာတွေကို အိမ်ဖြူက အသေးစိတ်စာရင်း ပြုစုမပေးတဲ့အပေါ် စိုးရိမ်ပူပန်တဲ့ အီးမေးကို ဇန်နဝါရီ ၁၈နေ့က ပို့ခဲ့တာပါ။ လွှတ်ပေးမယ့်သူတွေကလည်း အိမ်ဖြူကပြောသလို ကြမ်းတမ်းရာဇဝတ်မှုမရှိတဲ့ (အပျော်)ဆေးသုံးစွဲသူတွေမဟုတ်ပဲ လူသတ်ကောင်တွေ၊ လူဆိုးဂိုဏ်းတွေ ပါနေတာဖြစ်ပါတယ်။ ပြစ်ဒဏ်ချမှတ်ထားတာမရှိပဲ ကြိုလွှတ်တဲ့ထဲမှာ ဘိုင်ဒန့်ရဲ့ သား၊ ညီနဲ့ ခယ်မ၊ ညီမနဲ့ ယောက်ဖ၊ နောက်ညီတယောက်၊ ဖောက်ချီနဲ့ ဗိုလ်ချုပ်ကြီး မာ့ခ်မီလီ၊ ဂျေ၆ကော်မီတီဝင်တွေ ပါပါတယ်။ မဟုတ်တာလုပ်ခဲ့ကြမှန်း ကိုယ့်ဟာကိုယ် သိကြတော့လည်း ကြိုကာကြရတာပေါ့လေ။
၁၁ရက်နေ့မှာ နှုတ်နဲ့ အတည်ပြုပေးခဲ့တယ်ဆိုတဲ့ ဘိန်းဖြူမှုနဲ့ ထောင်ကျခဲ့တဲ့လူတွေရဲ့ ပြစ်ဒဏ်တွေကို ဆိုင်းငံ့ပေးခဲ့တဲ့ကိစ္စမှာ ဘိုင်ဒန့်လက်မှတ်က ၁၇ရက်နေ့အထိ မရသေးတာတွေ့ရပါတယ်။ ၁၆ညအထိ လက်မှတ်မရသေးလို့ အိမ်ဖြူဝန်ထမ်းစက္ကထရီစတက်ဖ်ဖဲလ်မန်က အော်တိုပန်သုံးနိုင်ဖို့ ဘိုင်ဒန်အတည်ပြုတယ်ဆိုတဲ့ သက်သေ လိုအပ်ကြောင်း၊ ရှေ့နေတွေဆီ အီးမေးပို့ပါတယ်။ အော်တိုပန်ကို ဖဲလ်မန်က ထိန်းချုပ်ထားတာလို့ နယူးယောက်ပို့စ်က ဆိုပါတယ်။ ဘိုင်ဒန်ရဲ့ ဒုလက်ထောက် ရိုဆာပိုက ဘိုင်ဒန်အကူ၅ဦးဆီ ည၉း၁၆မှာ အီးမေးပို့ခဲ့ပြီး ၆မိနစ်အကြာမှာ အဲဒီ ၅ဦးထဲက တီရှာဒစ်ဆင် ဆိုတဲ့သူက အိမ်ဖြူအကြံပေးရုံးဝန်ထမ်းချုပ် မိုက်ကယ်ပိုဆာဒါဆီ ဘိုင်ဒန်က ဝရမ်းတွေ ရီဗျူးမလုပ်ဘူး၊ ဘယ်လိုလုပ်ရမလဲလို့ ထပ်ဆင့်ပို့ပြီး မေးလိုက်ပါတယ်။ ည၁၀း၀၆မှာတော့ ပိုဆာဒါက ဖဲလ်မန်နဲ့ ပြောပြီးပြီ၊ ဘိုင်ဒန်က ဒီလူတွေကို လွှတ်/လျော့ဖို့ရည်ရွယ်ခဲ့တယ်ဆိုရင် ဆက်လုပ်မယ်ဆိုတဲ့ သဘောပြောပြီး ဆက်လုပ်ခဲ့ကြတာပါ။ ရည်ရွယ်တယ်ဆိုတဲ့ ဘာမှမခိုင်မာတဲ့အချက်နဲ့ ကမ္ဘာပေါ်က အကြီးဆုံးအာဏာကို အလွဲသုံးစား လုပ်သွားကြတာပါ။ တကယ်အပြစ်ကြီးတဲ့ လူဆိုးတွေ၊ ဂိုဏ်းသားတွေ အပြစ်လွှတ်/ပေါ့စေချင်ရင် လွယ်လွယ်ချောင်ချောင်နဲ့တော့ မရနိုင်ပါဘူး။ အိုဘမရော ဘိုင်ဒန်လက်ထက်မှာပါ လူဆိုးတွေ အမြောက်အများ လွှတ်ခဲ့ကြပါတယ်။
ကာလီဖိုးနီးယားမှာလည်း နျူဆမ်က အပြစ်လွှတ် ၂၃ နဲ့ ဆိုင်းငံ့ ၁၀ ပေးလိုက်ပါတယ်။ ပြစ်ဒဏ်ဆိုင်းငံ့ ၁၀ဦးထဲမှာ ၅ဦးက လူသတ်မှုကိုယ်စီအပြင် သေနတ်နဲ့ တခြားလူတွေကိုပါ ဒဏ်ရာရစေမှုတွေနဲ့ ထောင်တသက် လွတ်ရက်မရှိ ကျနေကြတာ ဖြစ်ပါတယ်။ အဲဒီလူတွေ စာနာတာဟာ ဥပဒေဘောင်ထဲ နေထိုင်တဲ့ ပြည်သူတွေကို မစာနာတာ အန္တရာယ်ဖြစ်စေနိုင်တာပါပဲ။
ထရမ့်အစိုးရဟာ ဘိုင်ဒန်လက်ထက်က အာဏာအလွဲသုံးခဲ့တာတွေကို ဖော်ထုတ်စစ်ဆေးနေတာမှာ ဘိုင်ဒန့်ပညာရေးဌာနက ခရစ်ယာန်ကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာ တွေ့ရပြီး ဌာနပေါင်းစုံ လက်တွဲကာ ဒဏ်ကြေးမျိုးစုံသန်းပေါင်းများစွာချပြီး ဘက်ပေါင်းစုံက ဒုက္ခပေးခဲ့ကြတာ တွေ့ရပါတယ်။ ခရစ်ယာန်တက္ကသိုလ်တွေတင်မက အတန်းကျောင်းတွေကိုပါ တိုက်ခိုက်ဖို့ ဘုခ်ဘန်းကိုအော်ဒီနိတ်တာ ရာထူးကို တီထွင်ပြီး ကျောင်းဘုတ်အဖွဲ့တွေမှာ မိဘတွေက ဘာသာရေးအရ ကလေးတွေ အသက်အလိုက် မဖတ်သင့်ဘူးလို့ ဆုံးဖြတ်ပြီး ဘန်းတဲ့ (ဥပမာ လိင်တူ/လိင်ပြောင်း/လိင်ကိစ္စအပါ) ကျောင်းတွေကို စစ်ဆေးရေးဝင်ပြီး ပြဿနာရှာစေတာ ဖြစ်ပါတယ်။
ဂျာမဏီမှာ လက်ဝဲခြတွေက ဘန်းချင်တဲ့လက်ယာယိမ်း Alternative for Germany (AFD)ပါတီက အနည်းဆုံး အမတ် ၇ဦးဟာ ရကပမတိုင်ခင် သေဆုံးကုန်ကြပါတယ်။ အဆိုပါအေအက်ဖ်ဒီပါတီဟာ ဒီနှစ်ဆန်းမှာ ကျင်းပတဲ့ ရကပမှာ ဒုတိယမဲအများဆုံးရတဲ့ ပါတီဖြစ်ပြီး ၂၀၂၁ကနဲ့ယှဥ်ရင် မဲ ၂ဆ ရခဲ့တာဖြစ်လို့ သိသိသာသာ လူကြိုက်များလာခဲ့တာလို့ ပြောလို့ရပါတယ်။။ ဒီလ ၁၄ရက်နေ့မှာ အနောက်ဖက်က ပြည်နယ်တခုဖြစ်တဲ့ North Rhine-Westphalia မှာ ပြုလုပ်မယ့် ဒေသန္တရရကပမှာ အောင်ပွဲဆက်ဖို့ မျှော်လင့်ထားတာ ဖြစ်ပါတယ်။ ပြဿနာက ရကပမတိုင်ခင်ရက်ပိုင်းအတွင်းမှာ အရွေးခံမယ့် အမတ်တွေ တဖြုတ်ဖြုတ် ကြွေကုန်ကြတာပါ။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က AFD ပူးတွဲ ဥက္ကဋ္ဌ အဲလစ်ဝေဒဲလ်က အသက် ၅၉,၅၉,၆၆နဲ့ ၇၁နှစ် အသီးသီးရှိကြတဲ့ အမတ်လောင်း၄ဦးဟာ မမျှော်လင့်ပဲ ရုတ်တရက် သေဆုံးကုန်ကြတယ်လို့ ကြေငြာသွားပါတယ်။ တနင်္လာနေ့မှာ အရံအမတ်လောင်း အနည်းဆုံး ၂ဦး ထပ်မံသေဆုံးခဲ့ပြီး ရက်ပိုင်းအကြာမှာ နောက်အမတ်လောင်းတဦး ထပ်သေဆုံးခဲ့တာ ဖြစ်ပါတယ်။ အတိုက်အခံ တပါတီထဲက အမတ်လောင်းတွေ အဲဒီလောက်များများ၊ အဲဒီလောက်မြန်မြန် ရုတ်တရက် သေဆုံးကုန်တာဟာ ဘယ်လိုနည်းနဲ့မှ သွေးရိုးသားရိုး မဖြစ်နိုင်ဘူးလို့ ယုံကြည်ကြပေမယ့် ရဲကတော့ ဘာမှမသင်္ကာစရာ မရှိပါဘူးလို့ ဆိုပါတယ်။ AFD ကို အက်စ်တာဘလစ်ရှ်မန့်သမားတွေက အစွန်းရောက်ပါတီလို့ ၂၀၂၁မှာ သတ်မှတ်ခဲ့ပြီး ထလရက အမတ်လောင်းတွေ ဖက်ဒရယ်ပါတီဝင်တွေကို စောင့်ကြည့်တာတွေ၊ ဖုံးခိုးနားထောင်တာတွေ၊ လှုပ်ရှားမှု နောက်ယောင်ခံတာတွေ ပြုလုပ်ကြပါတယ်။