အမေရိကန်က အိမ်ဈေးတွေ မိုးပျံနေတာကို ကိုင်တွယ်ဖို့အတွက် လာမယ့် ဆောင်းဦးရာသီထဲမှာ သမ္မတထရမ့်က National Housing Emergency ကြေငြာကောင်း ကြေငြာလိမ့်မယ်လို့ ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်က ပြောသွားပါတယ်။ အဲဒီလို ကြေငြာလိုက်ရင် အိမ်သစ် ဆောက်တာတွေနဲ့ ပတ်သက်တဲ့ တင်းကြပ်တဲ့ ဥပဒေတွေကိုလျော့ချ၊ building code တွေကို တနိုင်ငံလုံးအတွက် standardize လုပ်ပြီး အိမ်ဆောက်ရာမှာ လိုအပ်တဲ့ သစ်၊ စတီး စတာတွေကို မြန်မြန် လွယ်လွယ် ရအောင် ပြုလုပ်ပေးခြင်းဖြင့် ဈေးချိုချိုနဲ့ အိမ်များများ ဆောက်နိုင်ဖို့အပါအဝင် တခြားလိုအပ်တာတွေပါ လုပ်ဆောင်သွားနိုင်စေဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။
၉/၃နေ့က တရုပ်နိုင်ငံသား ၂၂ဦးနဲ့ အမေရိကန် ၃ဦးကို အမေရိကန်ကို ဦးတည်တဲ့ နိုင်ငံတကာ မူးယစ် မှောင်ခိုမှုနဲ့ စွဲချက်တင်လိုက်ပါတယ်။ အခုလို စွဲချက်တင်တဲ့ ပုံစံဟာ သမိုင်းမှာ ပထမဆုံးဖြစ်ပါတယ်။ အိုဟိုင်းအိုးက ဖက်ဒရယ်ဂရန်းဂျူရီဟာ ဒါဇင်နဲ့ချီတဲ့ တရားခံ/စွပ်စွဲခံတွေနဲ့ တရုပ်ကုမ္ပဏီ၄ခုကို တရုပ်ကနေ အမေရိကန်ကို ဖန်တနိုင်းလ်ပို့ပြီး အမြတ်များအောင် ရေထိုး/ရောနှောမှု၊ အခြား(မူးယစ်)ဆေးတွေနဲ့ ရောရောင်းမှု၊ ၄၀၀ဂရမ်နဲ့အထက် ဖန်တနိုင်းလ်ကို ဖြန့်ဖြူးဖို့ရည်ရွယ်ချက်နဲ့ ပူးပေါင်းကြံစည်မှု၊ နိုင်ငံတကာမှာ ငွေကြေးခဝါချမှုတွေနဲ့ တရားစွဲဆိုထားပါတယ်။
၉/၂နေ့မှာ ဗင်နီဇွဲလားက ထရန်ဒီအာရာဂွာ (တီဒီအေ)အကြမ်းဖက်ဂိုဏ်းဝင် ၁၁ဦး ပါလာတဲ့ မူးယစ်ကုန်ကူးတဲ့ လှေကို အမေရိကန်တပ်တွေက မြှုပ်ပစ်ခဲ့တဲ့အပေါ် ပူတင်က အမေရိကန်ဟာ ဒေသတွင်းလုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ စွပ်စွဲလိုက်ပေမယ့် စစ်ရေးဝန်ကြီး ဟက်ဆက်သ် ကတော့ သမ္မတထရမ့်ဟာ ဗင်နီဇွဲလားက မူးယစ်ရာဇာတွေကို ထပ်ဆော်ဖို့ အချက်တွေ စုဆောင်းနေတယ်လို့ ပြောသွားပါတယ်။
နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုကလည်း ဒါက အစပဲ ရှိသေးတယ်၊ အမေရိကန်က အရင်လို မူးယစ်ဆေးတွေ အမေရိကန်နယ်နမိတ်ထဲကို ရောက်လာမှ စအရေးယူတာမျိုးအပေါ် အားမကိုးတော့ပဲ အမေရိကန်ကို အဲဒီအဆိပ်တွေ ရောက်မလာခင် မူးယစ်ရာဇာတွေကို နှိပ်ကွပ်ပစ်မယ်လို့ ပြောသွားပါတယ်။ အရင်လို အမေရိကန်မြေပေါ်ရောက်မှ ဖမ်းဆီးတာတွေဖြစ်ရင် ဖမ်းမိတဲ့ ဆုံးရှုံးတန်ဖိုးကာမိအောင် ကျန်တဲ့ပစ္စည်းဈေးတက်ပစ်လိုက်တာပါပဲ။ သူတို့ကို ရပ်တံ့ပစ်ဖို့က အခုလို ရှင်းပစ်မှပဲရမယ်၊ သမ္မတထရမ့်က မူးယစ်အကြမ်းဖက်အဖွဲ့တွေကို စပြီး ထိုးစစ်ဆင်နေပြီလို့ ၉/၃နေ့က မက္ကဆီကိုမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ ပေါ်တူရီကိုက လေတပ်စခန်းမှာ F-35 ကိုယ်ပျောက်တိုက်လေယာဥ် ၁၀စီး ထပ်ပို့ထားပါတယ်။
ပြည်သူဘက်မှာ ဘယ်တော့မှ မရပ်တဲ့ မီဒီညာကတော့ ဒါက သူများနိုင်ငံ/သားကို စစ်ရေးအရ လုပ်ကြံရန်စတာ၊ နိုင်ငံတကာဥပဒေတွေ ချိုးဖောက်ကုန်ပါပြီလို့ အပြစ်တင် ငိုချင်းချကြပါတယ်။ မူးယစ်ဆေးကြောင့် အမေရိကန်လူငယ်တွေ တနှစ်တနှစ် တသိန်းကျော် သေနေတာက သူတို့အတွက် အရေးမပါသလိုပါပဲ။ ၉/၅မှာတော့ တရုပ်၊ အီရန်နဲ့ ဗင်နီဇွဲလားအပါအဝင် နိုင်ငံတွေမှာ ဒါဇင်နဲ့ချီတဲ့ အမေရိကန်တွေ ချုပ်နှောင်ခံနေရတာကို ဦးတည်ပြီး သမ္မတထရမ့်က အမေရိကန်နိုင်ငံသားတွေကို ဥပဒေမဲ့ ဖမ်းးဆီး ချုပ်နှောင်မှု မပြုဖို့နဲ့ အမြန်ဆုံး လွှတ်ပေးဖို့ အမိန့်ထုတ်လိုက်ပါတယ်။
ဂျော်ဂျာပြည်နယ် ဆာဗားနားမြို့နားက ဟွန်ဒေးစက်ရုံကြီးမှာ တရားမဝင်နေထိုင်သူတွေ အလုပ်လုပ် နေတာကို အိုက်စ်ကို သတင်းပေးခဲ့သူအမျိုးသမီးက သူဟာ အဲဒီမှာ တရားမဝင်တွေ အလုပ်လုပ်နေတာ တခုတည်းကြောင့် သတင်းပေးတာမဟုတ်ကြောင်း၊ အဲဒီလူတွေကို ကျွန်တွေလို တပဲခြောက်ပြား လုပ်ခနဲ့ ခိုင်းနေတာဖြစ်ပြီး တချို့ဆို လုံးဝမပေးတာတွေတောင် ရှိကြောင်း၊ တချို့က လူကုန်ကူးခံရတာ ဖြစ်ကြောင်း၊ သူတို့က အိမ်ကို ပိုက်ဆံပြန်ပို့သလို သူတို့ကို လာပို့ပေးတဲ့ သူကိုပါ ပေးနေရတဲ့အတွက် သူတို့အတွက် ဘာမှမကျန်ဘူးဖြစ်နေကြောင်း၊ သူတို့က မိသားစု ၅စုလောက်ပေါင်းပြီး တအိမ်လောက် နေရကြောင်း၊ ဘဝအရည်အသွေး ဘာတခုမှ မရှိတဲ့ ခေတ်သစ်ကျွန်စနစ်ဖြစ်ကြောင်း၊
အိုက်စ်က အလုပ်အကိုင်နဲ့ သာယာနေတဲ့ ဘဝတွေကို လိုက်ဖျက်ဆီးနေတာလို့ထင်ရင် မှားမှာဖြစ်ကြောင်း၊ အဲဒီလူတွေ ငရဲတွင်းကျနေတာ နိုင်ငံရေးသမားတွေကြောင့်ဖြစ်ကြောင်း၊ နယ်စပ်အပွင့်ကနေ လူကုန် လိင်ကုန် မူးယစ်ကုန်ကူးကြတာတွေ အဖမ်းအဆီး အဟန့်အတား မရှိခဲ့တာကနေ အခုလိုတွေ ဖြစ်လာရကြောင်း၊ အဲဒီလူတွေကို ကယ်တင်လိုက်နိုင်တာ ရေရှည်အတွက် ကောင်းမှာဖြစ်ကြောင်း ပြောသွားပါတယ်။ စာနာတယ်ဆိုတဲ့ မျက်နှာဖုံးအောက်မှာ အခုလိုဟာတွေ၊ ခုထက်ပိုဆိုးတာတွေ အများကြီးရှိနေနိုင်တာ ခါးသီးပေမယ့် လက်မခံလို့မရတဲ့ အမှန်တရားတွေပါ။
ဘိုင်ဒန်လက်ထက်မှာ ပျောက်သွားတဲ့ မိဘမပါပဲ ခိုးသွင်းလာတဲ့ကလေး ၂၃၃,၀၀၀ထဲမှာ မတ်လက စလို့ ဒီလဆန်းအထိ ၂၂,၆၃၈ဦး ပြန်တွေ့အောင် ရှာနိုင်ခဲ့ပါတယ်။ အဲဒီထဲမှာ ချေးငွေဆပ်ပေးဖို့ ထည့်လိုက်တာတွေပါပြီး အနည်းဆုံး ၂၇ဦးသေဆုံးသွားပြီလို့ သိရတဲ့အပြင် တော်တော်များများက လိင်ကျွန်အဖြစ် ဆိုးရွားလှတဲ့ အခြေအနေတွေမှာ တွေ့ခဲ့ရတယ်လို့ သိရပါတယ်။ လူ/လိင်/ကလေး ကုန်ကူးတာက မူးယစ်ဂိုဏ်းတွေနဲ့ မကင်းကြတဲ့အတွက် မူးယစ်ဆေးလွန်ပြီး သေတဲ့ကလေးတွေလည်း မနည်းဘူးဖြစ်နေတာပါ။ မိဘမပါပဲ ခိုးသွင်းလာကြတဲ့ထဲမှာ ၂ လသားအရွယ်လေးတွေတောင် ပါနေပါတယ်။ ဥပဒေလုပ်ထုံးအရဆိုရင်တော့ ခေါ်သွင်းလာတဲ့လူတွေနဲ့ ကလေးတွေကို အမှန်တကယ် တော်စပ်မှုရှိ/မရှိ အစိုးရဘက်က စီစစ်ပေးရပါတယ်။ ဒါပေမယ့် ဘိုင်ဒန်လက်ထက် ၁၀သန်းကျော် ဝင်လာတာတွေကို ဘယ်လိုမှ မစီစစ်ဖို့ မဖြစ်နိုင်တာနဲ့ သူတို့ကို မဲပေးမယ့်လူဆိုးတွေ၊ ဂိုဏ်းတွေကို ပ’စားပေးတာနဲ့ဆိုတော့ ကလေးတွေကို အမြတ်ထုတ်ဖို့ အကောင်းဆုံးဂွင် ဖြစ်နေခဲ့တာပါ။
တလောက အင်တာနက်မှာ နာမည်ကြီးသွားတဲ့ အိုက်စ်ဖမ်းပြီး အယ်လ်ဆာဗေးဒိုးကို ပြန်ပို့ထားရာက ဒီမိုကရက်အမတ်များ သိပ်ချစ်လို့ အယ်လ်ဆာဗေးဒိုးကနေ ပြန်သွားပင့်လာတဲ့ အဘရီဂို ဂါးစီးယားက သူ့နိုင်ငံလည်း မပြန်ချင်၊ တခြားပို့မယ်ဆိုတဲ့ ၂ဒါဇင်လောက် နိုင်ငံတွေကိုလည်း ကြောက်လို့ မပို့ပါနဲ့လို့ ငြင်းလာခဲ့တာ နောက်ဆုံး ယူဂန်ဒါဆိုတော့ ဒီမိုကရက်ခန့် ဖက်ဒရယ်တရားသူကြီးကလည်း ယူဂန်ဒါကို မပို့ဖို့တားပါတယ်။ အိုက်စ်ကလည်း ဆက်မထားနိုင်တော့ အာဖရိကတောင်ပိုင်းက အက်စ်ဝါတိနီဆိုနဲ့ နိုင်ငံပိစိလေးကို ပို့ဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။ အမူလွန်သွားတဲ့ အကျိုးပေါ့လေ။
ဂျာမဏီက ဒေသန္တရရကပမတိုင်ခင် တပတ်သာသာအလိုမှာ အတိုက်အခံပါတီက အမတ်လောင်း ၁၆ဦးအထိ ၂ပတ်အတွင်း ရုတ်တရက် သေဆုံးသွားပြီဖြစ်ပါတယ်။ စတိတ်ရကပကော်မရှင်နာရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ အဲဒီနံပါတ်က အရင်ရကပကမ်ပိန်းတွေတုန်းကထက် အများကြီးပိုတာ မဟုတ်ဘူးလို့ ဒီပီအေသတင်းဌာနကို ပြောသွားပါတယ်။ AFD ဝင်ဆိုရင် လက်နက်ကိုင်ခွင့်မရှိပေမယ့် မျက်စေ့ ဒေါက်ထောက်အကြည့်ခံနေရတာဆိုတော့ တခုခုဆို အစိုးရက အရင်သိရမယ်လေ။ ဂျာမဏီမှာ အတိုက်အခံပါတီကနေ ရကပဝင်မယ်ဆိုရင် အသက်အာမခံတောင် ပေးပါ့မလားမသိ။ သတင်းလွတ်လပ်ခွင့်ရှိ/မရှိ သိချင်ရင် အခုလောက် ထိတ်လန့်စရာကောင်းတဲ့သတင်းမျိုး အုန်းအုန်းထနေမလား အတင်းဖြဲရှာမှ တွေ့ရမှာလား ဆိုတာ ချင့်ချိန်ကြည့်ကြပါ။
အာဏာရှင်ဆိုတာ ရှီတို့ ပူတင်းတို့ ကင်မ်ဂျုံးအွန်တို့လို ကုလားထိုင်က မဆင်းမှ မဟုတ်ပါဘူး၊ ဒီက ဒီမိုကရက်တွေလို အဖွဲ့လိုက် ခြစားနေတာမျိုးဆို အဖွဲ့ထဲကပဲ တယောက်တလှည့် တက်နေလည်း အာဏာရှင်ပါပဲ။ လူပြောင်းပေမယ့် ခြအုံကြီးက မပြောင်းသွားပါဘူး။ ပြည်သူမှာ ရွေးစရာရှိသယောင် မျက်လှည့်ပြ ချွေးသိပ်ထားတာပါ။ တယောက်ထဲက ရာထူးအမျိုးမျိုး ပုံစံအမျိုးမျိုး ပြောင်းပြီး ထိပ်ကမဆင်းရင်လည်း အာဏာရှင်ပါပဲ။ အာဏာကို မတရားရယူထားသလား သိချင်ရင် ရကပ လုပ်တဲ့ပုံကို ကြည့်ရပါမယ်။ မဲပေးခွင့်ရှိသူစာရင်း ပြည့်စုံမှန်ကန်ရဲ့လား၊ စာတိုက်မဲသုံးသလား၊ စက်နဲ့ ရေသလား၊ မဲရေတာ အများပြည်သူကို ချပြသလား၊ ပြည်သူကြိုက်တဲ့ပါတီကို နှိပ်ကွပ်နေလား၊ ပြည်သူကြိုက်တဲ့ ပါတီက အမတ်လောင်းတွေကို သတ်ဖြတ် ထောင်ချနေလား၊ အဲဒီ မှတ်ကျောက်တွေ နဲ့သာတိုင်း၊ မှားစရာမရှိပါဘူး။