စက်တင်ဘာ ၉ ရက် ၂၀၂၅

ဘိုင်ဒန်လက်ထက် ကာကွယ်ရေးဌာနဟာ တရုပ်စစ်ဘက်နဲ့ ဆက်နွယ်နေတဲ့ တရုပ်တက္ကသိုလ်တွေ၊ အင်စတီကျုတွေနဲ့ ပေါင်းပြီး သုတေသနပရောဂျက် ၇၀၀ကျော် လုပ်နေခဲ့တာဖြစ်ပြီး အဲဒီ တရုပ်အဖွဲ့အစည်းတွေထဲက တချို့ဟာ အမည်မည်းစာရင်း သွင်းထားခံရတာ ဖြစ်ပါတယ်။ အဆိုပါ သုတေသနတွေအတွက် ပန်တဂွန်က ၂.၅ဘီလီယံကုန်ကျခံရတာပါ။ အဲဒီအကြောင်းတွေကို အောက်လွှတ်တော် ရွေးချယ်ကော်မီတီက ရီပါဘလစ်ကန်တွေက စာမျက်နှာ ၈၀ပါ ရီပို့ထဲမှာ ထုတ်ပြန်ထားပါတယ်။ ၂၀၂၃ ဇွန်လကနေ ၂၀၂၅ ဇွန်လအတွင်း ပြုစုခဲ့တဲ့ သုတေသနစာတမ်း ၁၄၀၀ခန့် ထဲမှာ စန်းစန်းတင့်ဖြစ်တဲ့ အေအိုင်တို့၊ ဟိုက်ပါဆိုးနစ်တို့ ကွမ်တမ်နဲ့ အာရုံခံတာတို့၊ ဆီမီးကွန်ဒပ်တာတို့ အဆင့်မြင့်ကန်အားစနစ်တို့ စတာတွေပါဝင်တဲ့ စစ်ရေးမှာ အသုံးပြုမယ့် သုတေသနတွေ ဖြစ်ပါတယ်။ ပြည်သူ့အခွန်တွေနဲ့ တိုင်းပြည်အတွက်ထက် ရန်လိုတဲ့ပြိုင်ဖက်ကို အကျိုးရှိစေမှာမျိုးက တိုင်းပြည်ကို မချစ်တဲ့ ခြအစိုးရတွေပဲ လုပ်ကြမှာပါ။

ယူကရိန်းအမျိုးသမီးငယ်လေး Iryna Zarutska မြောက်ကာရိုလိုင်းနားပြည်နယ် ရှားလော့မြို့က ရထားပေါ်မှာ လည်လှီးခံရတဲ့သတင်းက အင်တာနက်ပေါ်မှာ အုတ်အော်သောင်းနင်း ဖြစ်နေပေမယ့် လစ်ဗြဲမီဒီယာများက လူဖြူက လူမည်းကို သတ်တာမဟုတ်တဲ့အတွက် နှုတ်ဆိတ်နေကြပြီး အနည်းငယ် ဖော်ပြကြသူများကလည်း သတ်သူက လူမည်းမဟုတ်သလိုလို အသတ်ခံရသူက လူဖြူမဟုတ်သလိုလို သတင်းမှားတွေ တင်ကြပါတယ်။ ဗီဒီယိုထဲမှာ သတ်သူ လူမည်းက အီရီးနာနောက်က တန်းမှာ အရင်ထဲက ထိုင်နေတာဖြစ်ပြီး သူမဝင်ထိုင်ပြီးတော့မှ အိတ်ထဲက ဓါးကိုထုတ်ကာ ထပြီး နောက်ကနေ လည်လှီးသွားတာဖြစ်ပါတယ်။ လှီးပြီးတော့ သွေးစက်လက်ဓါးကိုကိုင်ကာ ဒီလူဖြူမ(အသက်)ကို ငါရပြီလို့ ရထားထဲကမထွက်ခင် ဟစ်ကြွေးခဲ့ပါတယ်။

အခုလို လုပ်လိုက်နိုင်လို့ လူရှင်းတဲ့တွဲလို့ထင်ရင် မှားပါမယ်။ အီရီးနာ ဝင်ထိုင်တဲ့ ထိုင်ခုံနောက်က ၃တန်းလုံးရော နောက်တခြမ်း မှာရော တွဲရှေ့ပိုင်းမှာရော လွတ်တဲ့ အတန်း မရှိပါဘူး။ ရှေ့ကလူတွေက မမြင်ဘူးပဲထား၊ သူမဘေးနဲ့ နောက်က သူမနဲ့ သတ်သူက ထားလို့ ကျန်တဲ့ လူမည်း၅ဦးက သေချာမြင်ပါတယ်။ သူတို့လည်း လန့်သွားပုံရပေမယ့် ဟိုလူထွက်သွားပြီးတာတောင် လာမေးဖော် ကူဖော်မရကြတာ အံ့ဩစရာပါပဲ။ အလှီးခံရတဲ့ အီရီးနာလည်း မယုံနိုင်တဲ့ မျက်နှာနဲ့ သတ်သူကို အလန့်တကြား မော့ကြည့်ပြီးနောက် သူမလည်ပင်းကို စမ်းကြည့်ရာက သွေးတွေတွေ့သွားတဲ့အခါ သူမ ဘာဖြစ်သွားတယ်ဆိုတာကို သဘောပေါက်သွားပြီး မျက်နှာကို လက်နဲ့အုပ်လို့ ယူကျုံးမရ ပုံစံဖြစ်သွားကာ စက္ကန့်ပိုင်း အတွင်းမှာပဲ လဲကျသွားခဲ့ပါတယ်။ လဲကျပြီးနောက်မှ အမျိုးသားတဦး လာကြည့်ပြီးကူညီဖို့ ကြိုးစားတာကို တွေ့မြင်ရတာပါ။

ဖြစ်စဥ်ကို ၂ပိုင်းခွဲကြည့်ရင် သတ်တဲ့သူ ဒီကားလို့စ်ဘရောင်းက ဘာရန်ညှိုးရန်စမှလည်းမရှိ၊ သူ့ဖာသာသူထိုင်နေတဲ့ မိန်းကလေးကို ဘယ်လောက်မှ မစဥ်းစားပဲ ချက်ချင်းလို ဓါးထုတ် သတ်လိုက်တာပါ။ တခုပဲရှိတာက သူ့နားဝန်းကျင်မှာ အီရီးနာတဦးတည်း လူဖြူမဖြစ်ပြီး ပတ်ဝန်းကျင်ကို ဂရုမထားပဲ သူ့ကို ကျောပေးထိုင်နေတာ ဖြစ်ပါတယ်။ ခေါင်းစွပ်ဟွတ်ဒီ ဝတ်ကြတဲ့သူတွေက မိုးရွာ/စနိုးကျတာမျိုး မဟုတ်ရင် ပုံမှန်အားဖြင့် ခေါင်းစွပ်ကို စွပ်လေ့ မရှိကြပါဘူး။ ရထားတွဲတို့ ဘူတာတို့အပါအဝင် လမ်းတွေမှာမှာ အဲလိုစွပ်ထားတယ့်လူတွေ့ရင် သတိထားပြီး ဝေးဝေးရှောင်သင့်ပါတယ်။ သူမက အဲဒီလိုလူရှေ့မှာ စိတ်ချလက်ချ သွားထိုင်ခဲ့တာပါ။ သူမကိုယ်တိုင်က ဘီအယ်လ်အမ် ထောက်ခံသူမို့လို့လည်း ပါပါလိမ့်မယ်။

သတ်တဲ့သူသမိုင်းက အရင် ၁၄ကြိမ် အဖမ်းခံရပြီးသားကို ဆိုရော့စ်ထောက်ပံ့ထားတဲ့ ဒီမိုကရက် ဝုခ်ဂျပ်ချ်တွေ အေဂျီတွေက အကြိမ်ကြိမ်ပြန်လွှတ်ထားတာပါ။ သူဟာ လူဆိုးပါ လူ့အသိုင်းအဝိုင်းအတွက် အန္တရာယ်ပါဆိုတာကို အကြိမ်ကြိမ်သက်သေပြပြီးလည်း ဒီမိုကရက်တွေရဲ့ အဓိကရည်ရွယ်ချက်က ပြည်သူလုံခြုံဖို့ မဟုတ်လေတော့ ပြည်သူတွေကြား ဒီတိုင်းလွှတ်ထားကြတာပါပဲ။ သူဘာလို့ သတ်ရတာလဲဆိုတဲ့အပိုင်းမှာ ဓါးက အဆင်သင့် ယူလာတာရော၊ ဘာအကြောင်းမှ မရှိပဲ မခုခံမယ့် လူဖြူမိန်းမငယ်လေးကို ချက်ချင်းလို ထမင်းစားရေသောက် ထသတ်ခဲ့တာရော၊ တချက်တည်း သေတာရော အကုန်ခြုံကြည့်ရင် လူမျိုးရေး အမုန်းမှိုင်းတိုက်နေကြတာရဲ့ အကျိုးဆက် ဖြစ်နိုင်သလို လက်မဲတွေက မတည်ငြိမ်အောင်၊ အကြောက်တရားလွှမ်းအောင် တမင်ဖန်တီးနေတာလည်း ဖြစ်နိုင်ပါတယ်။

နောက်တပိုင်းကတော့ ဘေးလူတွေက ဘာလို့မကူကြတာလဲဆိုတာပါ။ ဘေးကလူတွေကလည်း ပြုတဲ့သူရော သူတို့ရောက လူမည်း၊ ခံရသူက လူဖြူဆိုတော့ လူဖြူမုန်းတဲ့ မှိုင်းဝင်နေသလား၊ ဖြစ်တာမြန်ဆန်လွန်းလို့ ရှော့ခ်ရသွားသလားလို့ စဥ်းစားနိုင်ပါတယ်။

၂၀၂၃ မေလတုန်းက နယူးယောက် ဆပ်ဝေးရထားတွဲထဲ ဝင်လာပြီး ခရီးသည်တွေကို အန္တရာယ်ပြုတဲ့ အခြေအနေမဲ့ ဂျော်ဒန်နီလီဆိုသူကို မရင်းတပ်သားဟောင်း ဒန်နီယယ်ပန်နီက ချုပ်လှဲထားရင်းနဲ့ နီလီသေဆုံးသွားခဲ့ပါတယ်။ ဒန်နီယယ်က ချုပ်တာကို စနစ်တကျသင်ကြားလာသူဖြစ်တော့ သူချုပ်လို့သေတာမဟုတ်ပေမယ့် နောက် လူမည်းတဦးနဲ့ လတီနိုတဦးက ရုန်းကန်နေတဲ့ နီလီကို ဝင်ထိန်းချုပ်ရင်း လူမည်းရဲ့ ဒူးက နီလီခေါင်းကို ဖိမိပြီး နီလီသေဆုံးခဲ့ပါတယ်။ ဒီမိုကရက်နဲ့ မီဒီညာက ဂျော့ဖလွိုက်တုန်းကလို လူဖြူသတ်လို့ လူမည်းသေတယ် ဆိုပြီး အကြီးအကျယ် ညာသံပေး ဖွခဲ့ကြသလို ဒန်နီယယ်ကို လူသေမှုနဲ့ စွဲချက်တင်လို့ တနှစ်ခွဲကျော် အမှုရင်ဆိုင်ခဲ့ရပါတယ်။ ရကပမှာ ထရမ့်နိုင်ပြီး ဒီဇင်ဘာကျမှ သူ့ကို အပြစ်မရှိဘူးဆိုပြီး လွှတ်ပေးလိုက်တာပါ။ မလွှတ်လဲ ထရမ့်တက်ရင် ပါဒန်ပေးမှာပါပဲ။

အဲဒီလိုအပြစ်ရှိတဲ့သူတွေကိုလွှတ်ပေး၊ အပြစ်မရှိပဲ ဝင်ကူညီတဲ့ လူပီသသူတွေကို အလုပ်ပျက် အကိုင်ပျက် ဘဝပျက်အောင် ပြဿနာပေးကြတာတွေပဲ မြင်နေကြားနေရတဲ့သူတွေက လူပီသဖို့ ကြိုးစားချင်စိတ် ရှိကြပါဦးမလားဆိုတာလည်း စဥ်းစားသင့်တာပါပဲ။ အကောင်းကနေ အဆိုးကို ပြောင်းဖို့ အချိန်ဘာမှ မကြာပေမယ့် ဆိုးသွားပြီဆိုရင် ပြန်ကောင်းလာဖို့ အချိန်တွေ သတ္တိတွေ လူ့အသိုင်းအဝိုင်းရဲ့ ပါဝင်မှုတွေ လိုလာပါပြီ။

တကယ်တော့ အဲဒီလူသတ်မှုဖြစ်ခဲ့တာက ဩဂုတ် ၂၂တုန်းကတဲကပါ။ မီဒီညာက သူတို့အာဘော်ဖြစ်တဲ့ လူမည်းကို လူဖြူသတ်တယ်ဆိုတဲ့ လိုင်းနဲ့မငြိလို့ မတင်ကြပဲ X မှာတင်ရင်းနဲ့မှ တဖြည်းဖြည်း သိလာကြတာပါ။ ဒီမိုကရက်တွေ ယူကရိန်းကို ကူချင်တာ ယူကရိန်းတွေကို ချစ်လို့မဟုတ်သလို လူမည်းတွေ လူဆိုးတွေကို ပ’စားပေးတာကလည်း သူတို့ကို သိပ်ချစ်လို့ထက် မဲလိုချင်တာရယ်၊ မတည်ငြိမ်မှ အာဏာပိုယူလို့ကောင်းတာရယ်၊ နိုင်ငံရေးကစားလို့ရအောင်ရယ်ပါ။ အီလီးဂဲတွေကို ချစ်ပြတာလည်း ထိုနည်းတူပါပဲ၊ မဲရယ်၊ မူးယစ်/လိင်/လူ/ကလေးမှောင်ခိုတာတွေကြောင့်ပါ။ ဒါကြောင့် ခေတ်သစ်ကျွန်တွေနဲ့ ခိုင်းနေတဲ့ ကော်ပိုရေးရှင်းကြီးတွေ ကလေးစားအီလိကြီးတွေက ဒီမိုကရက်ဒိုနာတွေ ဖြစ်နေကြတာပါ။

Leave a comment