Jan 6

မနေ့ကထွက်လာတဲ့ သတင်းတွေအရ အက်ဖ်ဘီအိုင်က ဂျေ-၆မှာ ထရမ့် ထောက်ခံတဲ့လူအုပ်ထဲကို အရပ်ဝတ်အေးဂျင့် ၂၇၄ဦး ထည့်ထားခဲ့ပြီး အဲဒီလူတွေကပဲ ဆန္ဒပြသူတွေကို လွှတ်တော်ထဲ ဝင်ဖို့ “ကျောင်း” သွားခဲ့ကြတာပါ။ ပလိုးစီရဲ့ ကာပီတယ်ပူးလိစ်အပေါက်စောင့်တွေကလည်း အဲဒီလူတွေ ဝင်လာလို့ လွယ်အောင် အပေါက်မှာ မစောင့်ပဲ ရှောင်ပေးခဲ့ကြပါတယ်။ ဆန္ဒပြသူတွေထဲက မသိတဲ့လူတချို့က အလံရှူးတွေဝင်ပြတဲ့နောက် ဝင်လို့ရတယ် အမှတ်နဲ့ လိုက်ဝင်လာ ကြပေမယ့် ဘာဆူပူမှုတခုမှ မလုပ်ခဲ့ကြတဲ့အတွက် မဆူ့ဆူအောင် ဘာအန္တရာယ်မှပြုမနေတဲ့ လေတပ်ထွက် အက်ရှ်လေဘက်ဘစ်ကို အနီးကပ် ပစ်ခတ်လုပ်ကြံခဲ့ပါတယ်။ ဒါလည်း ဆူပူမလာခဲ့ပါဘူး။ ဒါပေမယ့် မီဒီညာမှာတော့ ထရမ့်က ဆူပူစေတယ်ဆိုပြီး ဝါဒဖြန့်မှိုင်းတိုက်ခဲ့လို့ TDS သမားများအားလုံးက အတုံးလိုက် အတစ်လိုက် ယုံပစ်လိုက်ကြတာပါပဲ။ ထရမ့်က တက်ရောက်လာမယ့် လူဦးရေနဲ့ လျော်ညီတဲ့ လုံခြုံရေးအင်အားတောင်းပေမယ့် ပလိုးစီက မသိချင်ယောင် ဆောင်နေခဲ့သလိုပဲ အက်ရှ်လေကို လုပ်ကြံခဲ့တဲ့ ရဲကိုလည်း ပလိုးစီက အရေးယူအပြစ်ပေးတာမရှိခဲ့ပါဘူး။ သူတို့ရည်ရွယ်ချက်က ဆူပူမှုနဲ့ ပြစ်ဒဏ်ချခံရရင် ထရမ့်ဘယ်တော့မှ သမ္မတထပ်မဖြစ်တော့အောင်ပါ။ ဒိစတိတ်က အာဏာလုဖို့ ညစ်ပတ်ပုံကို ပြောချင်တာပါ။





Leave a comment