စက်တင်ဘာ ၂၇ ရက် ၂၀၂၅

သမ္မတထရမ့် ယူအန်မှာ မိန့်ခွန်းသွားခြွေတုန်းက မသမာသူတွေ ကြံစည်ထားခဲ့ကြတာ စက်လှေခါးနဲ့ တယ်လီပရွမ်တာတင်မကပါဘူး၊ တယ်လီကွန်းဆိုင်ဘာအတက်ခ်ပါလုပ်ဖို့ ကြံထားခဲ့ကြတာပါ။  ဆင်းမ်ဆာဗာ ၃၀၀ကျော်၊ အသင့်သုံးနိုင်တဲ့ activate လုပ်ပြီးသား ဆင်းမ်ကဒ်ပေါင်း တသိန်းကျော်အား နယူးယောက် ယူအန်ရုံးအနီးက အတိအကျ မဖော်ပြထားတဲ့ နေရာတခုမှာ ရှာဖွေသိမ်းဆီးရမိတယ်လို့ သိရပါတယ်။ အဲဒီပမာဏက တမိနစ်ကို မက်ဆေ့ချ်ပေါင်း သန်း၃၀နှုန်းနဲ့ ကယ်ရီယာပေါင်းစုံက ဖုံးခေါ်ဆိုမှုတွေ၊ စာတိုပို့မှုတွေကို ဂျမ်းဖြစ်သွားနိုင်သလို 911 ခေါ်ဆိုမှုတွေပါ မရတော့တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ယူအန်ညီလာခံအပေါ်ကိုတော့ လုံခြုံရေးအရ တိုက်ရိုက်သက်ရောက်မှု မရှိဘူးဆိုပေမယ့် ဝင်နှောက်နိုင်တဲ့ အတိုင်းအတာက ကြီးမားနေတာ စိုးရိမ်စရာ ဖြစ်ပါတယ်။ အဲဒီဆင်းမ်ကဒ်တွေဟာ encrypted လုပ်ထားပြီး နိုင်ငံခြားကလူတွေနဲ့ ဆက်သွယ်ကာ ပူးပေါင်းလုပ်ဆောင်တဲ့ ရာဇဝတ်မှုတွေ၊ ရာဇဝတ်ဂိုဏ်းတွေနဲ့ အကြမ်းဖက်အဖွဲ့တွေက အသုံးပြုနိုင်တာဖြစ်လို့ အဲဒီဖုံးတွေရဲ့ ပတ်သက်မှုတွေကို ခြေရာခံရှာဖွေနေကြပါတယ်။

ယူအန်မှာ သမ္မတထရမ့် အရင်သက်တမ်းတုန်းက မိန့်ခွန်းသွားပြောခဲ့တုန်းက လူတွေ တုန့်ပြန်ပုံနဲ့ အခုတကြိမ် လူတွေ တုန့်ပြန်ပုံ မတူကြတာ သတိထားမိကြပါလိမ့်မယ်။ အရင်က မီဒီညာမှိုင်းကြောင့် သောက်ပေါကြီးလို ဆက်ဆံခဲ့ကြတာကနေ ခုတော့ ရန်သူ မိတ်ဆွေ အားလုံးက လေးစားသမှုနဲ့ နားရွက်မခတ်ပဲ သေချာနားထောင်ခဲ့ကြတာကို တွေ့ရမှာပါ။ ယူအန်က သုံးတတ်ရင် ကမ္ဘာကို အများကြီး ကောင်းကျိုးပြုနိုင်တာဖြစ်ပေမယ့် တရုပ်နဲ့ ကမ္ဘာ့ရွာအမှောင်အင်အားစုတွေရဲ့ ကြိုးဆွဲမှု အောက်မှာ နိုင်ငံငယ်လေးတွေအတွက် ကောင်းကျိုးမပြုသလောက် ပိုက်ဆံမတရားဖြုန်းတီးတဲ့ အဖွဲ့ကြီး ဖြစ်နေတာပါ။

ဒီနှစ် အစောပိုင်းတုန်းက ဒီမိုကရက်ဆီနိတ်တာရှူးမားက ဘတ်ဂျက်မရရင် အစိုးရ ယန္တယား ရပ်သွားလိမ့်မယ်၊ အစိုးရဝန်ထမ်းတွေ အလုပ်ပြုတ်ပြီး ဘတ်ဂျက်တွေ နဲသွားလိမ့်မယ်၊ အဲဒီလိုလုပ်လို့ မဖြစ်ဖူးဆိုပြီး  ရီပါဘလစ်ကန်တွေနဲ့အတူ မဲပေးခဲ့ပါတယ်။ အဲဒါကြောင့် ရှူးမားကို သူ့ပါတီက အကြီးအကျယ် တိုက်ခိုက်ခဲ့ကြတဲ့အတွက် ခုတကြိမ် ဘတ်ဂျက် အဆုံးအဖြတ်ပေးရမယ့်အချိန်မှာ ရှူးမားနဲ့ ဒီမိုကရက်တွေက တောင်းဆိုမှု ၂ခုရမှ ရီပါဘလစ်ကန်တွေ တင်တဲ့ဘတ်ဂျက်ကို မဲပေးမယ်လို့ အကြပ်ကိုင်ပါတယ်။ သူတို့က အိုဘမကဲအထောက်အပံ့တွေကို အကန့်အသတ်မရှိ ဆက်ပေးထားဖို့၊ တရားမဝင်နေထိုင်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုကို ပြည်သူ့အခွန်ကနေ ကျခံသုံးစွဲဖို့၊ NPR နဲ့ PBS လို ဒီမိုကရက်ဝါဒဖြန့်လက်တံတွေအတွက် ပိုက်ဆံပြန်ချပေးဖို့၊ ကဗဘိုးနပ်စ်တွေ ဆက်ပေးဖို့၊ နိုင်ငံခြားက ကလိုင်းမိတ် ဝုတ်ခ်အာဂျင်ဒါတွေကို ဘီလီယံနဲ့ချီ ထောက်ပံ့ဖို့၊ စသဖြင့် ၁.၄ထရီလီယံ ကုန်ကျမယ့်အစီအစဥ်တွေကို တောင်းဆိုတာ ဖြစ်ပါတယ်။

အရင်လကလည်း ရှူးမားတို့က ထရမ့်ခန့်ထားမယ့်လူ ၁၅၀ကျော်ကို ကြားနာအတည်ပြုပေးဖို့ တမင် နှေးအောင်လုပ်နေခဲ့ပါတယ်။ မြန်စေချင်ရင် ၂ဘီလီယံအကုန်ခံပြီး သူတို့တောင်းဆိုတာတွေ လုပ်ပေးရပါမယ်တဲ့။ အဲဒီတော့ ဒီလထဲ လွှတ်တော်ပြန်စတဲ့အချိန်မှာ ရီပါဘလစ်ကန်တွေက တယောက်ချင်း အတည်ပြုတာမျိုးမလုပ်တော့ပဲ ၄၈ဦးကို တကြိမ်တည်းပေါင်းပြီး အတည်ပြုခဲ့ရပါတယ်။ တဖက်က ဘယ်လောက်ညစ်ညစ် ဖြစ်အောင်တွန်းလုပ်ဖို့ ဆုံးဖြတ်ထားပုံပါပဲ။

ခုတကြိမ်မှာတော့ သမ္မတထရမ့်က ရှူးမားတို့တောင်းဆိုတာတွေကို ဘာမှ မလိုက်လျောတော့ပဲ ဒီမိုကရက်တွေ မဲမပေးပဲ ညစ်နေရင် ဖက်ဒရယ်ဝန်ထမ်းတွေ အများကြီး လျော့ပစ်မယ်၊ ဘတ်ဂျက်မချပေးတော့တဲ့ ပရိုဂရမ်တွေမှာ လူတွေမထားတော့ပဲ ပြည်သူကို အမှန်တကယ် အကျိုးပြုမယ့် လက်ရှိအစိုးရရဲ့ ဦးစားပေးအစီအစဥ်တွေမှာ မရှိမဖြစ် လိုအပ်တဲ့သူတွေပဲ​ ထားတော့မယ်၊ နောက်ပိုင်းကျရင်လည်း ပြုတ်ပြီးသားလူတွေ ပြန်မခန့်တော့ပဲ ရှိတဲ့လူနဲ့ပဲ ဖြစ်အောင်လုပ်သွားမယ်လို့ အိမ်ဖြူက စီစဥ်ထားပါတယ်။ အဆမတန် ဖောင်းပွနေတဲ့ ဝန်ထမ်းအင်အားကို ဒီအိုဂျီအီးဖော်ထုတ်ချက်နဲ့ အကြိမ်ကြိမ် လျော့ချနေခဲ့တာတောင် တိုင်းပြည်က အိုးနင်းခွက်နင်း ဖြစ်မသွားဘူးဆိုတော့ တိုင်းပြည်အတွက် စိတ်ပူစရာ မရှိပါဘူး။

အင်တာနက်ပေါ်မှာ ထရမ့်ဘာလုပ်လုပ် ဆန့်ကျင်ဖောင်းထုတဲ့ ပို့စ်တွေများများလာတာလည်း သွေးရိုးသားရိုး ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ တရုပ်နဲ့ ရုရှားက ဆိုရှယ်မီဒီယာပေါ်က အင်ဖလူရန်စာတွေကို ပိုက်ဆံပေးပြီး အမေရိကန်(ထရမ့်)ကို ဆန့်ကျင်တဲ့ အမုန်းစကား သတင်းအမှားတွေ ဖြန့်ဖို့ လုပ်တဲ့ထဲမှာ နိုင်ငံပေါင်းစုံက အင်ဖလူရန်စာတွေ ပါပါတယ်။ အာဖရိကတောင် မကျန်ပါဘူး။ ထရမ့်အစိုးရက ဒီမိုကရက်အတွက် တဖက်သတ်ဝါဒဖြန့်ပေးနေတဲ့ VoA လိုအစီအစဥ်တွေအတွက် ဘတ်ဂျက်ဖြတ်လိုက်တဲ့နောက်ပိုင်း အဲဒီအစီအစဥ်တွေနေရာမှာ တရုပ်နဲ့ ရုရှားရဲ့ အမေရိကန်မကောင်းကြောင်း ဝါဒဖြန့်တာတွေ ဝင်လာတာ ဖြစ်ပါတယ်။ အရင်ရော အခုပါ ဝါဒဖြန့်စနစ်နှစ်ခုစလုံးက အဆိပ်တွေပဲဖြစ်လို့ သာမာန်ပြည်သူတွေအတွက် ဘာမှ ထူးမသွားသလို အမေရိကန်တွေအတွက် ပိုက်ဆံမကုန်တော့တာ အမြတ်ပဲလို့ မြင်နိုင်ပါတယ်။

အမေရိကန်မှာ ချာလီကာ့ခ်က လွတ်လပ်စွာဖော်ထုတ်ပြောဆိုခွင့်အတွက် အသက်ပေးသွားခဲ့ရပေမယ့် တဖက်မှာ တရုပ်ပြည်ကတော့ ပါတီအာဏာမြဲဖို့အတွက် ကိုယ့်ယဥ်ကျေးမှု၊ ကိုယ့်ဓလေ့ထုံးစံ၊ ပြည်သူ့ရဲ့ လွတ်လပ်ခွင့် စတာတွေအားလုံးကို ဖျက်ဆီးသုတ်သင်ပြီး ပြည်သူကို ဦးနှောက်ဆေး အုပ်ချုပ်လာခဲ့တာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ မကြာသေးခင်က ပေါက်ထွက်လာတဲ့ ပင်မနည်းပညာ စာရွက်စာတမ်းတွေထဲမှာ တပြည်လုံးကို ဖိုင်းယားဝေါလ်အကြီးကြီးနဲ့ ကာထားတဲ့အတွက် နိုင်ငံပြင်ပက သတင်းဆိုရင် သူတို့ပေးဝင်ချင်တဲ့ သတင်းကိုပဲ သူတို့သိစေချင်တဲ့ပုံစံနဲ့ ပေးဝင်တာဖြစ်ပါတယ်။ တရုပ်ကုမ္ပဏီတွေကလည်း ဆိုင်ဘာဆာဗေးလန့်စ် စနစ်တွေနဲ့ အမြဲစောင့်ကြည့်နေတာ တရုပ်ပြည်မှာတင် မကပဲ တောင်အာရှ၊ အနောက်အာရှနဲ့ အာဖရိကအထိ ခြေလှမ်းချဲ့လာပါတယ်။

ပေါက်ကြားလာပုံက Geedge ကွန်ယက်နဲ့ Institute of Information Engineering, Chinese Academy of Sciences ရဲ့ Mesa Lab တို့ကနေ ထွက်လာတာ ဖြစ်ပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် ထိန်းချုပ်တဲ့ ကွန်ယက်စနစ်ဟာ တရုပ်ပြည်တွင်း ဒေသန္တရအဆင့်ကနေ နေရှင်နယ် အဆင့်အထိ ကွန်ချာအုပ်ထားသလိုပဲ နိုင်ငံတကာကိုပါ ကွန်ချာအုပ်တဲ့စနစ်က ရုပ်လုံးပေါ်လာပါပြီ။ 500GB ကျော် source code, work log နဲ့ ဌာနတွင်း ဆက်သွယ်မှုတွေ ဖိုင်တသိန်းလောက်နဲ့ GFW great fire wall ကြီး ဘယ်လို အလုပ်လုပ်တယ် ဆိုတာတွေ ပေါက်ထွက်လာတဲ့အတွက် အကြီးဆုံး ယိုစိမ့်မှု ဖြစ်တယ်လို့ ဆိုပါတယ်။

တရုပ်အစိုးရက ပြည်တွင်းမှာတင် သူ့ပြည်သူတွေကို ဆင်ဆာလုပ်တာ၊ စောင့်ကြည့်တာတွေ လုပ်တာ မဟုတ်တော့ပဲ အဲဒီဆင်ဆာနဲ့ စောင့်ကြည့်တာတွေကို မြန်မာ၊ ပါကစ္စတန်၊ အီသီယိုပီယား၊ ကာဇက်စတန်နိုင်ငံတွေနဲ့ A24လို့ ကုဒ်ပေးထားတဲ့ နိုင်ငံမှာပါ ခါးပတ်လမ်းမူဘောင်အတိုင်း လုပ်နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။ A-24 က ၂၀၂၄ရကပမှာ တရုပ်ကိုဗျင်းမယ့် ထရမ့်နိုင်လာတာဖြစ်လို့ အမေရိကန်လည်း ဖြစ်နိုင်တာပါပဲ။ ဖဘနဲ့ ဂူဂယ်ရယ် မီဒီညာကြီးတွေရယ်က တရုပ်ကို စိတ်နဲ့တောင် မပြစ်မှားရဲကြသူတွေဆိုတော့ မဖြစ်နိုင်ဘူးလို့ မပြောနိုင်ပါဘူး။ အမေရိကန်ကို ဆိုင်ဘာတိုက်ခိုက်မှုတွေ အကြိမ်ကြိမ်အလုပ်ခံရတာ သူတို့လက်ချက် ဖြစ်နိုင်ပါတယ်။ ပေါက်ကြားတဲ့ ဒေတာက များလွန်းတော့ သေချာသုံးသပ်ရဦးမယ် လို့ gfw.report က ဆိုပါတယ်။ စပေါက်ကြားတာ ၂၀၂၄က ဆိုပေမယ့် ခုမှ သေချာရုပ်လုံးပေါ်လာတာ ဖြစ်ပါတယ်။

အဲဒီ တရုပ်စတိုင် GFW ကို တခြားနိုင်ငံတွေကို တင်ပို့နေတဲ့ အဓိကလူက GFW ရဲ့ ဖခင်ကြီးလို့ သိကြတဲ့ Fang Ben Sheen ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ ၂၀၀၈မှာ ဖန်းက သတင်းအချက်အလက် “လုံခြုံရေး” အတွက် National Engineering Lab ကို တည်ထောင်ခဲ့ပြီး သူ့ရဲ့ team ကို Massive Effective Stream Analysis (MESA) လို့ သိကြပါတယ်။ Geedge Network Limited ကို တည်ထောင်သူဟာလည်း ဖန်းပါပဲ။ MESA နဲ့ Fang တို့ထုတ်လုပ်တဲ့ Geedge Product Suite က ဘယ်လောက်တောင် စွမ်းတယ်ဆိုတာ ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေက ဖော်ပြနေပါတယ်။

သူတို့ရဲ့ ထိပ်တန်းထုတ်ကုန်တခုဖြစ်တဲ့ the Tien Guo Security Gateway က IP, TCP တင်မကပဲ application layer အထိ စစ်နိုင်တဲ့ Deep Packet Inspection, အချိန်နဲ့ တပြေးညီ စောင့်ကြည့်နိုင်တဲ့ real-time monitoring၊ အင်တာနက်ပေါ်မှာ ဝင်ထွက်သွားလာသုံးစွဲမှုတွေကို လိုသလိုရပ်ပစ်နိုင်၊ ထိုးထဲ့နိုင် ပြုပြင်နိုင်တဲ့ traffic throttling, injection and modification စွမ်းရည်တွေ၊ သုံးစွဲသူရဲ့ ID ကို ဖော်ထုတ်နိုင်ခြင်းနဲ့ VPN တွေကို ဘလော့နိုင်ခြင်းတွေ လုပ်နိုင်ရုံတင်မကပဲ ဖုံးတွေကိုပါ ကြားဖြတ်နားထောင်နိုင်တယ်လို့ ဆိုပါတယ်။

တရုပ်ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ ၅နိုင်ငံထဲမှာ မြန်မာပြည်က Geedge က အကျယ်ပြန့်ဆုံး ကွန်ခြာ ဖြန့်ကျက်ထားနိုင်တဲ့နိုင်ငံပါ။ မြန်မာပြည်က အင်တာနက်ဆားဗစ်ပေးတဲ့ ပရိုဗိုက်ဒါတိုင်းရဲ့ ဆာဗာခန်းတွေမှာ Geedge ရဲ့ စက်တွေ အထိုင်ချထားပြီး လည်ပတ်နေပြီ ဖြစ်ပါတယ်။ Myanmar ISP Frontier က အခုလို စောင့်ကြည့်/ဆင်ဆာစနစ် ရှိတယ်ဆိုတာ ငြင်းပယ်ထားပေမယ့် ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေအရ Frontier အပါအဝင် ISP တိုင်းမှာ Geedge စက်တွေ ရှိနေပြီး ဖြစ်နေပါတယ်။ မြန်မာပြည်က VPN ဘလော့လုပ်ထားတဲ့ စာရင်းက တခြား၄နိုင်ငံနဲ့စာရင် အရှည်ဆုံးပဲလို့ ဆိုပါတယ်။ ဘလော့လို့ ရတဲ့ထဲမှာ Signal နဲ့ WhatsApp အပါအဝင် App ပေါင်း ၅၅ခု ဖြစ်ပါတယ်။

နောက်သတင်းတပုဒ်ထဲမှာလည်း မြန်မာပြည်ဗဟိုဘဏ်ဂါဗာနာ ဒေါ်သန်းသန်းဆွေက တရုပ် ဟွားဝေကွန်နက်ဆမ်းမစ်မှာ တရုပ်နဲ့ နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုစနစ်အတွက် တရုပ်နဲ့ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။ တရုပ်ပြည်မှာ အစိုးရက ငွေကြေးစနစ်ရော၊ ဘဏ်စနစ်ရော၊ ဖုံးပေါ်ကငွေသုံးစွဲမှုရော အားလုံးကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားတဲ့အတွက် သူတို့မကြိုက်တာ နဲနဲလုပ်မိရုံနဲ့ ထမင်းတောင် ဝယ်စားလို့မရ၊ ဘတ်စ်တောင် စီးလို့မရတဲ့အထိ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေလည်း အဲဒီလို တရုပ်သဘောက် ဘဝနဲ့ တပြည်လုံးထောင်ကျနေသလို မဖြစ်အောင် ကိုယ့်လတ်တလောအကျိုးထက် တိုင်းပြည်အကျိုး၊ အနာဂတ်မျိုးဆက်တွေအကျိုးကို ကြည့်ကြဖို့ အရေးတကြီး လိုအပ်နေပါပြီ။

Leave a comment