ဒိစတိတ်အကြောင်း

ရီပါလလစ်ကန်ဆီနိတ်တာ ဂရပ်စ်လေထုတ်ပြန်တဲ့ ဒါဟမ်နောက်ဆက်တွဲ(ရီပို့)နဲ့ တူလ်စီဂက်ဘတ်ရဲ့ အမျိုးသားထောက်လှမ်းရေးရုံးရီပို့တို့ကနေ ဒိစတိတ်ခြအုံကြီးရဲ့ ပုံကြမ်းကို ပုံဖော်နိုင်ကြပါမယ်လို့ ဘလေ့ဇ်က ဂလန်ဘက်ခ်က တင်ပြထားပါတယ်။ အဲဒီဖိုင်တွေက ထောက်လှမ်းရေးအဖွဲ့အစည်းတွေ၊ မီဒီယာအခင်းအကျင်းတွေ၊ တတ်သိပညာရှင်(သင့်ခ်တန့်ခ်)တွေ၊ အန်ဂျီအိုတွေက အစိုးရနဲ့ စင်ပြိုင်လို လှုပ်ရှားနေတာကို ဖော်ညွှန်းပြနေပါတယ်။ ဒိစတိတ်ဆိုတာက အီလိဒိုနာတွေက ငွေထောက်ပံ့ ပေးထားပြီး ဗျူရိုကရက်တွေက အကာအကွယ်ပေးထားကာ အစိုးရရုံးလုပ်ပိုင်ခွင့်အာဏာနဲ့ ပုဂ္ဂလိကဩဇာ လွှမ်းမိုးမှုတွေကြား တာဝန်ယူမှု/ တာဝန်ခံမှုမရှိပဲ လွန်းထိုးလှုပ်ရှားနေသူတွေက သက်ဆိုးရှည်အောင် အသက်ဆက်ပေးနေကြတာပဲဖြစ်တယ်လို့ ဆိုပါတယ်။ အဖွဲ့အစည်းတွေ ပါပေမယ့် အဓိကက လူနဲ့ ပိုက်ဆံပါပဲ။

ဒိစတိတ်ရဲ့ ထောက်လှမ်းရေးဘက်မှာ ထိပ်ဆုံးက အိုဘမရဲ့ စီအိုင်အေဒါရိုက်တာ ဂျွန်ဘရန်နန်ဖြစ်ပြီး သူက ၂၀၁၇ ရုရှားကိုလူးရှင်းနဲ့ပတ်သက်တဲ့ ထလရအသိုင်းအဝိုင်းရဲ့ သုံးသပ်ချက်ကို ကလဖန်ထိုး ခြယ်လှ​ယ်ခဲ့သူဖြစ်ပါတယ်။ အလားတူခြယ်လှယ်ခဲ့သူနောက်တဦးက အိုဘမရဲ့ အမျိုးသားထလရ ဒါရိုက်တာဂျိမ်းစ်ကလက်ပါဖြစ်ပြီး ၂၀၂၀မှာ နောက်ထလရအရာရှိ ၅၀နဲ့ပေါင်းပြီး ဟန်းတား လက်ပ်တော့ပ်က ရုရှားက ဝါဒဖြန့်တာပါလို့ လိမ်လည်ပြီး လက်မှတ်ထိုးထုတ်ပြန်ခဲ့သူ ဖြစ်ပါတယ်။ ရုရှားကိုလူးရှင်းပလန် စတာက ဟေလာရီက ဖြူးရှင်းဂျီပီအက်စ်ဆိုတဲ့ ဗျူဟာမြောက် ထလရအဖွဲကို ငှားပြီး အလိမ်ပေါ်သွားပြီဖြစ်တဲ့ စတီးလီဒေါစီယေ (ထရမ့်ကို တရားမဝင်စောင့်ကြည့်ခဲ့တာကို ဆင်ခြေပေးတဲ့ရီပို့) ကို ရေးခိုင်းခဲ့တာဆိုပေမယ့် အိုဘမကလည်း ထဲထဲဝင်ဝင် ဝင်တွန်းခဲ့သူပါ။

ဒိစတိတ်မှာ ဩဇာကြီးခြေလှမ်းကျယ်တဲ့သူတွေထဲ ၂၀၀၈ ဟေလာရီ အိုဘမနဲ့ ပြိုင်ကတည်းက ဟေလာရီရဲ့ နိုင်ငံခြားရေးပေါ်လစီလက်ထောက်ဖြစ်ပြီး အိုဘမလက်ထက်မှာ ပေါ်လစီပလန်နင်း ဒါရိုက်တာနဲ့ ဘိုင်ဒန်အောက်မှာ အမျိုးသားလုံခြုံရေးအကြံပေး လုပ်ခဲ့သူ ဂျိတ်ခ်ဆူလီဗန်ဖြစ်ပါတယ်။ ဒါကိုကြည့်ရင် အပြင်က အစိုးရနာမည် ပြောင်းသွားလည်း လူတွေက ဒီလူ ဒီလူတွေ ဖြစ်နေတာ တွေ့ရမှာပါ။  နောက်တဦးက နိုင်ငံခြားထလရနဲ့ စောင့်ကြည့်ရေးအက်ခ် ၁၉၇၈ (ဖိုင်စာ) ကို ပြန်သုံးဖို့ အတည်ပြုခဲ့တဲ့ အက်ဖ်ဘီအိုင်ဒုဒါရီုက်တာ အန်ဒရူးမက်ခ်ကဘေဖြစ်ပါတယ်။ အက်ဖ်ဘီအိုင် ရှေ့နေဟောင်း လီဆာပေ့ချ်နဲ့ အက်ဖ်ဘီအိုင်အရာရှိ ပီတာစထြပ်တို့ ဖုံးမက်ဆေ့နဲ့ ဆွေးနွေးခဲ့ကြတဲ့ တယောက်အမြှီး တယောက်နင်းတဲ့ အင်တာနယ်အင်ရှူးဝါးရန့်စ်ပေါ်လစီမှာ အန်ဒရူးရဲ့ ပတ်သက်နေမှုက အက်ဖ်ဘီအိုင်ဟာ ရကပရာသီမှာ နိုင်ငံရေးအရ ဘယ်ဘက်ယိမ်းတယ်ဆိုတာကို ဖော်ပြနေတာပါပဲ။

နိုင်ငံရေးလောကထဲက ဒိစတိတ်ကို အသက်သွင်း/ကြိုးဆွဲနေသူတွေက ဆီနိတ်တာ အဒမ်ရှစ်ဖ်၊ လွှတ်တော်စပီကာဟောင်း နန်စီပလိုးစီ၊ စတီးလီနဲ့ ပြောဖို့ ကြိုးစားရင်း ရုရှားလော်ဘီတဦးနဲ့ ဖုံးမက်ဆေ့ပို့ခဲ့တဲ့ ဆီနိတ်ထလရကော်မီတီက မာ့ခ်ဝါနာတို့က ထိပ်ကပါပဲ။ သူတို့က ထလရရဲ့ သတင်းမှားတွေကို လက်ခံယူနေသူတွေမဟုတ်ပဲ သူတို့ကိုယ်တိုင်က အမှားဖြန့်တဲ့ထဲ ပါနေသူတွေပါ။

ဒိစတိတ်ကို ငွေအားဖြည့်ပေးနေတာတွေက တိုက်ရိုက်မဟုတ်ပဲ ပုဂ္ဂလိကဖောင်ဒေးရှင်းတွေ ချိတ်ဆက်ပြီးတော့ဖြစ်ဖြစ်၊​ အစိုးရတပိုင်းအဖွဲ့တွေကတဆင့်ဖြစ်ဖြစ်၊ ဖက်ဒရယ်အေဂျင်စီတွေက တဆင့်ဖြစ်ဖြစ် သွားကြတာပါ။ ဒါဟမ်အချပ်ပိုထဲမှာ ဆိုရော့စ်ရဲ့ ပွင့်လင်းဖောင်ဒေးရှင်းအကြောင်း ပါနေပြီး အန်ဂျီအိုတွေနဲ့ ကလင်တန်ကမ်ပိန်းရဲ့ ထရမ့်ဆန့်ကျင်ရေးဗျူဟာကြား ပူးပေါင်းဆောင်ရွက်မှု တွေကို ခြေရာခံဖို့ သူတို့ရဲ့စာရွက်စာတမ်းတွေကို နိုင်ငံခြားထလရက ကြားဖြတ်ယူကြည့်ခဲ့တာ တွေ့ရတယ်လို့ ဆိုပါတယ်။ ဆိုရော့စ်က စင်တာဖော်အမေရိကန်ပရိုဂရက်စ်အက်ရှင်ဖန်ဒ်ရဲ့ ပင်မတည်ထောင်သူဖြစ်ပြီး အဲဒီဖန်းဒ်က ထရမ့်၄၅အစိုးရလက်ထက်မှာ ရုရှားကိုလူးရှင်းကိုဖြန့်ဖို့ မော်စကိုပရောဂျက်ကို လုပ်ခဲ့တာ ဖြစ်ပါတယ်။

သယ်တိုက်ဒ်စ်ဖောင်ဒေးရှင်းနဲ့ အာရာဘဲလာအက်ဒ်ဗိုက်စာအဖွဲ့တွေက ရကပတွေကို လွှမ်းမိုးနိုင်ဖို့ နန်းပရောဖစ်တွေကနေတဆင့် အလှူရှင်နာမည်ဖော်စရာမလိုတဲ့ “ငွေမဲ”တွေကို အထူးပြုကိုင်တွယ်တဲ့ အဖွဲ့တွေပါ။ အာရာဘဲလာရဲ့ အကြီးဆုံးအလှူရှင်က ဘေလ်အန်မလင်ဒါဂိတ်စ်ဖောင်ဒေးရှင်းဖြစ်ပြီး ၂၀၂၀ တနှစ်ထဲမှာတင် ၁၂၇သန်း နဲ့ စုစုပေါင်း သန်း၅၀၀ နီးပါးလှူထားတာ ဖြစ်ပါတယ်။ မက်ခ်အာသာ ဖောင်ဒေးရှင်းနဲ့ ရော့ခ်ကဖဲလားဖောင်ဒေးရှင်းတွေကလည်း နိုင်ငံခြားဆက်ဆံရေးကောင်စီအပါအဝင် သင့်ခ်တန့်ခ်တွေ တော်တော်များများကို ပိုက်ဆံထောက်ထားကြောင်း ဒါဟန်နောက်ဆက်တွဲမှာ ဖော်ပြထားပါတယ်။

ပုဂ္ဂလိကကွန်ယက်တွေနဲ့အပြိုင် လှုပ်ရှားနေတာက အစိုးရထောက်ပံ့ထားတဲ့ ဒီမိုကရေစီ ပြန့်ပွားရေး အတွက်လို့ အယောင်ဆောင်ထားတဲ့ ယူအက်စ်အေအိုင်ဒီလို အဖွဲ့တွေပဲ ဖြစ်ပါတယ်။ ယူအက်စ်အေအိုင်ဒီက ဆိုရော့စ်နဲ့ လက်အောက်ခံအဖွဲ့တွေဆီကို နိုင်ငံခြားက ဒီမိုကရေစီရေးအတွက် ဆိုပြီး ဒေါ်လာသန်း၂၇၀ကျော် ချပေးထားခဲ့တာပါ။ အဲဒီငွေတွေအများစုက နိုင်ငံခြားအယောင်ပြပြီး အမေရိကန်ပြည်တွင်းက သူတို့ရဲ့ ဩဇာအာဏာပြန့်ပွားရေးကမ်ပိန်းတွေအတွက်ပဲ သုံးကြတာပါ။ နိုင်ငံခြားရေးဌာနက နေရှင်နယ်အန်ဒေါင်းမန့်ဖော်ဒီမိုခရေစီဆိုတဲ့ အစိုးရတပိုင်းအဖွဲ့အစည်းကို တနှစ် ၃၁၅သန်း ဘတ်ဂျက်ချပေးပြီး သူတို့ဖြစ်စေချင်တဲ့ ဇတ်ဖြစ်လာအောင် ကျောင်းပေး ညာသံပေးဖို့ အသုံးပြုကြပါတယ်။ ပြည်တွင်းလုံခြုံရေးဌာနက အမေရိကန်နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ အွန်လိုင်းဆင်ဆာလုပ်တဲ့ပရိုဂရမ်တွေနဲ့ ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေကို တာဝန်ယူ အားဖြည့်ပေးပါတယ်။

ပန်တဂွန်က ၂၀၂၀နဲ့ ၂၀၂၄ကြား ပြည်တွင်းထလရလုပ်နိုင်တဲ့ အခြေအနေရှိတဲ့ အဖွဲ့တွေ အများကြီးပါတဲ့ ပုဂ္ဂလိကကန်ထရိုက်တွေကို ၂.၄ ထရီလီယံချပေးခဲ့ပြီး ၂၀၁၉ကစလို့ သင့်ခ်တန့်ခ်တချို့ကို ၁.၄ဘီလီယံ ချပေးထားခဲ့တာပါ။ ဒေတာရီပါဘလစ်ကန်ဆိုတဲ့ အဖွဲ့က စုစည်းထားတဲ့ အများပြည်သူဝင်ကြည့်နိုင်တဲ့ မှတ်တမ်းတွေအရ အဲဒီလိုပြည်သူ့အခွန်နဲ့ ထောက်ပံ့ထားတဲ့ ငွေတွေဟာ အမေရိကန်နိုင်ငံရေးကို ပုံဖော်ဖို့ ကမ္ဘာက ဘယ်လိုမြင်လာစေဖို့ ကမ်ပိန်းတွေလုပ်နေကြတဲ့လူတွေ (ဒီမိုကရက်တွေ)ဆီကိုပဲ သွားပံ့ပိုးနေတာဖြစ်ပါတယ်။

ဒါဟမ်အန်နက်စ်နဲ့ အိုဒီအန်အိုင်ရီပို့တွေမှာ ဖော်ပြထားတာတွေအရ ဒိစတိတ်က အကောင်အထည် မရှိတဲ့ သီအိုရီသက်သက် မဟုတ်တာ သေချာနေပါတယ်။ သူတို့လုပ်ထားတဲ့စနစ်က ပွင့်လင်း မြင်သာမှုကို ဦးတည်တာမဟုတ်ပဲ ထိန်းချုပ်ဖို့ကို ဦးတည်တာဖြစ်လို့ ဒီအိုဂျီအီးက စစ်ဆေးတဲ့အခါ စနစ် တခုနဲ့တခု ချိတ်ဆက်ထားတာ မရှိပဲ အားလုံးက စနစ်မျိုးစုံနဲ့ ပွထနေတဲ့အတွက် ဘယ်ဟာက ဘယ်သွားတယ် ဘယ်မှာသုံးတယ် ဘယ်သူက တာဝန်ယူတယ်ဆိုတာ လိုက်ကြည့်ဖို့ မဖြစ်နိုင်တဲ့အထိ ဆိုးရွားနေခဲ့တာပါ။ ပြည်သူကို ကာကွယ်ရမယ့် ပြည်သူအကျိုးစီးပွား ဦးထိပ်ထားရမယ့် လူတွေ အဖွဲ့တွေက ပြည်သူကို လှည့်စား၊ ပြည်သူ့အကျိုးစီးပွားကို ချနင်းနေတာ ဝမ်းနည်းစရာပါပဲ။

ဒိစတိတ်နဲ့ ခွဲမရတာက ဆိုရော့စ်ရဲ့ ပွင့်လင်းအဖွဲ့တွေပဲ ဖြစ်ပါတယ်။ ဒီမိုကရက်အုပ်ချုပ်တဲ့ မြို့ကြီးတွေ ပြည်နယ်တွေမှာ ခိုးရင်မဖမ်း၊ မုဒိမ်း/လူသတ်လို ကြမ်းတမ်းရာဇဝတ်မှုတွေမှာတောင် ဖမ်းမိပြန်လွှတ်၊ အာမခံငွေတင်စရာမလိုအောင် လုပ်ထားတာတွေက သူ့စနက်တွေပါ။ ဒီလထဲထွက်လာတဲ့ ရီပို့တွေအရ ဟာမာ့စ်ထောက်ခံပွဲတွေ၊ တက်စ်လာကိုအကြမ်းဖက်တာတွေ၊ anti-ICE anti-Border Patrol လို ကြေးစားဆန္ဒပြ/ အကြမ်းဖက် အဖွဲ့တွေ မွေးထား ထောက်ပံ့ပေးထားတာလည်း သူ့လက်ချက်တွေပဲလို့ တွေ့ထားပါပြီ။

Capital Research Center ရဲ့ ထလရသုတေသီလည်းဖြစ် အကြမ်းဖက်မှုကာကွယ်ရေး ကျွမ်းကျင်ပညာရှင်လည်းဖြစ်တဲ့ Ryan Mauro က ပွင့်လင်းအဖွဲ့ဟာ ပြည်တွင်းအကြမ်းဖက်မှုတွေ၊ ရာဇဝတ်မှုတွေကို တိုက်ရိုက်ထောက်ပံ့ဖို့ အဖွဲ့ ၇ဖွဲ့ကို အနည်းဆုံး ၂၃.၂၇၅ သန်း ပေးထားကြောင်း၊ အကြမ်းဖက်တိုက်ခိုက်တာတွေကို ထောက်ခံတဲ့ (သို့) နိုင်ငံခြားအကြမ်းဖက်အုပ်စုတွေနဲ့ တိုက်ရိုက် ပတ်သက်နေတဲ့အဖွဲ့ ၄၁ဖွဲ့ကို အနည်းဆုံး ၅၀.၅၇သန်း၊ အကြမ်းဖက်တွေရဲ့ ပါတနာတွေ အကြမ်းဖက် လိုလားတဲ့အုပ်စုတွေလို့ သတ်မှတ်လို့ရတဲ့ နန်းပရောဖစ် ၅ခုကို  ၁၀သန်းနီးပါး ရက်ရက်ရောရော ပေးခဲ့တာပါ။

၂၃.၇၅သန်းပေးထားတဲ့ ပြည်တွင်းအကြမ်းဖက် ၇ဖွဲ့ထဲမှာ ပါနေတဲ့အဖွဲ့တွေက

  • The Sunrise Movement ဆိုတဲ့ ကလိုင်းမိတ်ခြောက်လှန့်တဲ့အုပ်စု၊ သူတို့က အန်တီဖာနဲ့ ဆက်နွယ်တဲ့ Stop Cop City campaign ကို ထောက်ခံထားပါတယ်။
  • The Movement for Black Lives – ဒါကတော့ အောက်တိုဘာ ၇မှာ ဟာမာ့စ်က အစ္စရေးကို တိုက်ခိုက်တဲ့အပေါ် အစ္စရေးကို အပြစ်တင်တဲ့ ဘီအယ်လ်အမ်နဲ့ ပတ်သက်နေကြတဲ့ ညွန့်ပေါင်းအဖွဲ့
  • The Center for Third World Organizing- အဲဒါက မော်ရိုအဆိုအရ မင်နီဆိုးတားဆူပူမှုတွေနဲ့ ဆက်စပ်နေတဲ့ Ruckus Society, BlackOut Collective, နဲ့ the Black Land Liberation Initiative စတဲ့ အစွန်းရောက် ၃ဖွဲ့ ပေါင်းထားတဲ့ ဌာနချုပ်ကြီး

IRS code တွေအရ နန်းပရောဖစ်တွေဟာ ရာဇဝတ်မှုနဲ့ ပတ်သက်လို့မရတဲ့အပြင် ထောက်ခံအားပေး တာတောင် လုပ်လို့မရဘူးလို့ မောရိုက ထောက်ပြတဲ့အခါ ဂလန်ဘက်ခ်က စာမျက်နှာ ၉၅ရှိတဲ့ ဒီရီပို့ကို သမ္မတဆီ တင်ပြမယ်လို့ ဆိုပါတယ်။ နိုင်ငံခြားရေးနဲ့ ဘဏ္ဍာရေးဌာနတို့က ဆန်ရှင်တွေ လုပ်လာနိုင်သလို ပွင့်လင်းနဲ့ လက်အောက်ခံအဖွဲ့တွေရဲ့ အခွန်ကင်းလွတ်ခွင့်ရထားတာတွေကိုပါ ပြန်ရုတ်သိမ်းဖို့ စတဲ့ အရေးယူမှုတွေ တသီကြီး စလာနိုင်တယ်လို့ ကာပီတယ်ရီဆာ့ချ်စင်တာက မှတ်ချက်ပြုထားပါတယ်။ ဒီလောက် ငွေပမာဏနဲ့ ဒီလိုကွန်ယက်ကြီးတွေက ကျယ်ကျယ်ပြန့်ပြန့် တည်ဆောက်ထားတဲ့ လှုပ်ရှားမှုတခုကို ဖော်ညွှန်းပြနေတာ ကြောက်ခမန်းလိလိပါပဲ။ ဒါပေမယ့် ငါတို့က ရင်ဆိုင် ဖြိုဖျက် အနိုင်ယူနိုင်တဲ့ အနေအထားမှာရှိတယ်လို့ မော်ရိုက ပြောသွားပါတယ်။

ထရမ့်အစိုးရက ဒိစတိတ်ရဲ့ “စွမ်းအားရှင်”အဖွဲ့ဖြစ်တဲ့ အန်တီဖာကို ပြည်တွင်းအကြမ်းဖက်အဖွဲ့လို့ သတ်မှတ်တယ်ဆိုတော့ CNN, AFP လို မီဒီညာကတော့ အန်တီဖာဆိုတာကို ဘယ်လိုအရေးယူမလဲ၊ အန်တီဖာဆိုတာ အန်တိုင်ဖက်ဆစ်လေ၊ ဖွဲ့စည်းပုံမရှိ၊ ခေါင်းဆောင်တိတိကျကျမရှိ၊ အဖွဲ့ဝင်စာရင်း မရှိတဲ့ ပွယောင်းယောင်းအသုံးအနှုန်းလို့ အရင်အက်ဖ်ဘီအိုင်ဒါရိုက်တာ ခရစ်စတိုဖာရေး ပြောခဲ့တဲ့ အတိုင်း ကြိုကာနေကြပါပြီ။ တချို့အန်တီဖာ ခေါင်းဆောင်တွေက အနှစ် ၄၀ကျော် လှုပ်ရှားလာတာဖြစ်လို့ ယူနီယံတွေ နန်းပရောဖစ်တွေမှာ ရာထူးကြီးကြီး ရနေလောက်ပါပြီ။ ထရမ့်အစိုးရကတော့ ရေဆုံးမြေဆုံး လိုက်မယ်လို့ ဆိုပါတယ်။

ဆိုရော့စ်အဖွဲ့တွေရဲ့ ဘတ်ဂျက်က အစိုးရဘတ်ဂျက်ကနေ တနည်းတဖုံ ရလာတာဆိုတော့ အခု ဘတ်ဂျက်အတည်ပြုပြီး အစိုးရယန္တယား ဆက်လည်ပတ်နိုင်ဖို့ ဒီမိုကရက်တွေ မရမက တောင်းနေတဲ့ တရားမဝင်တွေ ဆေးကုဖို့တို့၊ လိင်ပြောင်းအတွက် ဘတ်ဂျက်တို့၊ အဲဒီပိုက်ဆံတွေက နောက်ဆုံး ဘယ်ဘူတာမှာ ဆုံးမလဲလို့ စဥ်းစားရင် အဖြေက ရှင်းရှင်းလေးပါ။ အဲဒီလိုတွေ တဖက်လှည့်နဲ့ ဘုံးဘောလအောသုံးချင်လို့ ကလိုင်းမိတ်တို့ အီလီးဂဲတို့၊ ထရန်စ်တို့၊ အဘောရှင်းတို့၊ ဟုမ်းလက်စ်တို့လို ဖဲချပ်တွေနဲ့ ဘတ်ဂျက်အကြီးကြီးတွေတောင်းပြီး ဆီးသီးဗန်းမှောက်ဖို့ ဂွင်ဖန်ထားတာပါ။

ထရမ့်အစိုးရရဲ့ ပေါ်လစီတွေ အောင်မြင်လေ လူထုထောက်ခံမှု တက်လေ၊ ဒိစတိတ်က အူနုကျွဲခတ် ဖြစ်လေဆိုတာနဲ့ အခုတလော ပစ်ခတ်မှုတွေ အကြမ်းဖက်မှုတွေ မတရားစိတ်လာတာနဲ့က တိုက်ဆိုင်မှုလို့ ထင်စရာ မရှိပါဘူး။ ပြည်သူ့အကျိုး လိုလားတဲ့သမ္မတက ပြည်သူလုံခြုံအောင် အေးချမ်းအောင်၊ ဖွံ့ဖြိုးအောင် အတိုက်အခိုက်တွေကြားက ကြိုးစားနေသလောက် တဖက်ပါတီက ထရမ့်အစိုးရရဲ့ အောင်မြင်မှုတွေ၊ တိုင်းပြည်ရဲ့ သတင်းကောင်းတွေကို ဖုံးလွမ်းဖို့ အကြမ်းဖက်တာတွေနဲ့ ရုပ်ဆိုးအောင် မတည်ငြိမ်တဲ့အသွင်ဆောင်အောင် ပြည်သူ့အသက်တွေကို ချနင်းပြီး လုပ်ယူနေတာပါ။ အမှန်ကို မြင်နိုင်ကြပါစေ။

Leave a comment