နိုဝင်ဘာ ၆ ရက် ၂၀၂၅

ဒီကနေ့ အိမ်ဖြူတော်မှာ သမ္မတထရမ့်က ဆေးဝါးထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေဖြစ်ကြတဲ့ Eli Lily နဲ့ Novo Nordisk တို့နဲ့ ညှိနှိုင်းပြီး မက်ဒီကဲနဲ့ မက်ဒီကိတ်ကနေ အဝလွန်တာကို ကုသပေးမယ့် GLP-1 ဆေးဝါးတွေကို TrumpRx.gov ကတဆင့် ပြည်သူတွေဆီကို ဈေးသက်သက်သာသာနဲ့ တိုက်ရိုက်ဖြန့်ဖြူးပေးသွားမယ်လို့ ကြေငြာလိုက်ပါတယ်။ အမေရိကန်ဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေထဲမှာ ဆေးဝါးဈေးအကြီးဆုံး နိုင်ငံဖြစ်တာကြောင့် အသက်ကြီး/မကျန်းမာတဲ့ အမေရိကန်တွေဟာ ကိုယ့်နိုင်ငံ/ အနောက်နိုင်ငံတွေက ထုတ်လုပ်တဲ့ ဆေးဝါးဖိုး မတတ်နိုင်ရင် ဈေးချိုတဲ့နိုင်ငံတွေက ထုတ်လုပ်တဲ့ ဆေးဝါးတွေကိုပဲ ရတဲ့နည်းနဲ့ ရှာကြံဝယ်ပြီး သုံးစွဲနေရတာဖြစ်ပါတယ်။ အခုလို မူရင်းဆေး ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေက ဈေးလျော့ပေးတဲ့အတွက် အမေရိကန်အများစုက မူရင်းဆေးတွေကိူ လက်လှမ်းမီ သုံးစွဲလာနိုင်ကြတော့မှာပါ။

ဆီးချိုဆေးအပါအဝင် လူသုံးများတဲ့ ဆေးတိုင်းကို သမ္မတထရမ့်က လိုက်ညှိပေးနေတာ ပထမသက်တမ်းကတဲကပါ။ မီဒီယာမကြိုက်၊ လော်ဘီမကြိုက်၊ အလှူရှင်ကြီးတွေမကြိုက်တဲ့ကိစ္စကို ပြည်သူသက်သာကျန်းမာစေလိုတဲ့ စေတနာအရင်းခံနဲ့ ကြိုးစားပမ်းစား လုပ်ပေးနေတာဖြစ်ပါတယ်။ ကိုယ့်နိုင်ငံသား မဟုတ်တဲ့သူတွေကို နိုင်ငံသားတွေထက် ဦးစားပေးဂရုစိုက်ပြမှ compassionate ဖြစ်တယ်လို့ ထင်ရင် မှားပါလိမ့်မယ်။

မက်ဒီကဲနဲ့ မက်ဒီကိတ်စီ (CMS) မံခန့်ခွဲရေးမှူး ဒေါက်တာမာမက်အော့ဇ်က ဒီမိုကရက်အုပ်ချုပ်တဲ့ ပြည်နယ် ၆ခုမှာ ဖက်ဒရယ်အခွန်ဝင်ငွေထဲက ၁.၃ ဘီလီယံကို ခိုးယူထားပြီး ခိုးဝင်တွေကို အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးဖို့ အသုံးပြုထားတာ တွေ့ရတယ်လို့ ဆိုပါတယ်။ သူ့ရုံးက အစွန်းထွက်ဖြစ်တဲ့ သန်း၃၀၀ကိုပဲ ပြန်ရအောင်လုပ်ထားလိုက်နိုင်ပါသေးတယ်။ ဖော်ပြမထားတဲ့ အဆိုပါပြည်နယ်တွေဟာ ဒီလုပ်ရပ်က ရှက်စရာကောင်းမှန်းလည်း သိကြတာပါပဲ။

ဒေါက်တာအော့ဇ်က သမ္မတထရမ့်က သူ့ကို ဒီအလုပ်တာဝန်ယူဖို့ ကမ်းလှမ်းတုန်းက တိုင်းပြည်ရဲ့ စောင့်ရှောက်ကာကွယ်ပေးမှုကို အလိုအပ်ဆုံးဖြစ်တဲ့ နိုင်ငံသား သက်ကြီးတွေ၊ ကလေးတွေ၊ မသန်စွမ်းသူတွေ အတွက် စောင့်ရှောက်မှုပိုပေးနိုင်အောင် စနစ်ထဲက ယိုပေါက်တွေ၊ အလေအလွင့်တွေ၊ အလွဲသုံးထားတာတွေကို အမြစ်ကနေရှင်းထုတ်ပစ်ဖို့ မှာကြားထားခဲ့ကြောင်း၊ ဒါကြောင့် အခုလိုတွေ့ရှိတာတွေ CMS ရဲ့လုပ်ဆောင်ချက်တွေကို ပြည်သူကိုအသိပေးတာ ဖြစ်ကြောင်း၊ အဆိုပါ ၆ပြည်နယ်က ပြည်နယ်အဆင့်မှာ ခိုးဝင်တွေကို အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ သူတို့ဖာသူတို့ ဆုံးဖြတ်ထားကြကြောင်း၊

အဲဒီလို အခမဲ့ဆေးကုခွင့်ဟာ ခိုးဝင်တွေကို မပြန်ဖို့ ဆွဲဆောင်နေတာဖြစ်လို့ ငါတို့က ငွေသား ထောင်ဂဏန်းပေးပြီး ပြန်ဖို့ဆွယ်တာတောင် မပြန်ချင်ဖြစ်နေကြကြောင်း၊ အဲဒီ ၆ ပြည်နယ်က ပြည်သူ့အခွန်ငွေကိုသုံးပြီး သူတို့သဘော သူတို့အာဂျင်ဒါနဲ့ သူတို့ ခိုးဝင်တွေကို ဆွဲဆောင်နေတာက ကိုယ့်နိုင်ငံသားကို ဦးစားပေးစောင့်ရှောက်ချင်တဲ့ ကျန်တဲ့ ၄၄ ပြည်နယ်က ရတဲ့အခွန်ငွေ နဲသွားစေတာမျိုး ဖြစ်လာမှာ စိုးရိမ်မိကြောင်း၊ အခုအစိုးရ shutdown ဖြစ်ရတဲ့ အကြောင်းရင်းကလည်း ဒီမိုကရက်ဆီနိတ်တာတွေက ခိုးဝင်တွေကို အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးဖို့ကို အဓိကဦးစားပေးထားနေတာကြောင့် မက်ဒီကိတ်က အခုလိုအလိမ်အညာတွေကို ပြည်သူအတွက် ရှင်းထုတ်ပေးနေတဲ့ one big beautiful bill ကို မကြိုက်ကြလို့ဖြစ်ကြောင်း၊

အဆိုပါ ၆ ပြည်နယ်ကို မယုံတဲ့အတွက် ငါတို့ကိုယ်တိုင် စစ်ဆေးကြည့်လိုက်တဲ့အခါမှာ ပြီးခဲ့တဲ့ လအနည်းငယ်မှာတင် ဖက်ဒရယ်အခွန်ငွေထဲက ၁.၃ဘီလီယံကို မလျော်မကန် ယူသုံးထားထာ တွေ့ခဲ့ရကြောင်း၊ ကိုယ့်နိုင်ငံက အလိုအပ်ဆုံးလူတွေကို စောင့်ရှောက်ပေးဖို့က ငါတို့တာဝန်ဖြစ်သလို တခြားနိုင်ငံတွေကလည်း သူတို့နိုင်ငံသားတွေကို စောင့်ရှောက်မှုပေးသင့်တယ်လို့ပဲ ရှင်းရှင်း ပြောချင်ကြောင်း၊ အစိုးရယန္တယားပြန်ဖွင့်ဖို့က လမ်းမှန်ကိုသွားမယ့် ခြေတလှမ်းဖြစ်ကြောင်း ပြောကြားသွားပါတယ်။

တကယ်တော့ ကိုယ့်နိုင်ငံသားမဟုတ်တဲ့သူတွေကို ကိုယ့်နိုင်ငံသားအများစုတောင် မရတဲ့ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးချင်တယ်ဆိုတာက အိုင်ဒီမလိုပဲ မဲပေးခွင့် ပြုချင်တာရယ်၊ ကိုယ့်နိုင်ငံထဲကို မစီစစ်ပဲ ခိုး/ဆိုး/လူသတ်/မုဒိမ်း/အကြမ်းဖက်တွေအပါအဝင် လူသန်းပေါင်း မြောက်များစွာ လှိမ့်သွင်းချင်တာ၊ ဥထားချင်တာရယ်နဲ့ ဆက်စပ်နေတာပါပဲ။ ကမ္ဘာ့နိုင်ငံအများစုက ပုံမှန် အသိဉာဏ်ရှိသူတွေ ဘယ်လိုမှ လက်မခံနိုင်တဲ့ကိစ္စတွေကို ဘာလို့များ ဒီမိုကရက်တွေ အရမ်း အားစိုက်နေတာလဲဆိုတော့ သူတို့အာဏာရဖို့ အာဏာမြဲဖို့နဲ့ ဆက်စပ်နေလို့ပါ။ အဲဒါကြောင့် အဲဒီအချက် ၃ချက်လုံးနဲ့ ပြည့်စုံတဲ့ အပြာရင့် မြို့ကြီးတွေ၊ ပြည်နယ်တွေမှာ ဘယ်လောက် ရယ်စရာကောင်းပြီး အလုပ်မဖြစ်တဲ့ မူတွေပဲချပြပြ၊ ဘယ်လိုအသုံးမကျတဲ့ သူပဲအရွေးဝင်ခံခံ ဒီမိုကရက်သာဖြစ်လို့ကတော့ အမြဲတမ်းနိုင်နေတာပဲ တွေ့ရမှာပါ။ တဖက်ကတော့ မုသာဝါဒ ကမ်ပိန်းနဲ့ ဘေးတီးပေးရတာပေါ့လေ။

ဟိုဟာဖရီး၊ ဒီဟာအခမဲ့ကမ်ပိန်းက အူတူတူမဲတွေ ချူလို့ကောင်းပေမယ့် ဆွယ်နေတဲ့သူတွေကိုယ်တိုင် ဖြစ်မလာနိုင်ဘူးဆိုတာ သိပြီးသားပါ။ ဖြစ်မလာတော့မှ ဟိုလူ့ကြောင့် ဟိုပါတီကြောင့် ဆိုပြီး ထုံးစံအတိုင်း ဘလိမ်းဂိမ်း လုပ်ကြမှာပေါ့။ နယူးယောက်မှာ ရဲမုန်းသူ တက်လာမယ့်အတွက် ရဲတွေအလုပ်က ထွက်ဖို့ တာစူနေကြပြီဆိုတော့ ရာဇဝတ်မှုတွေ တက်လာတော့မှာပေါ့။ ရာဇဝတ်မှုရော အခွန်ရောတက်ပြီး ကြပ်တည်းလာမယ့်အရေးကြောင့် အခွန်အများဆုံးဆောင်တဲ့ တတ်နိုင်သူတွေ ပြေးကြတဲ့အခါ ကျန်ခဲ့တဲ့ အခွန်ထမ်းနိုင်ငံသားတွေအပေါ် ဝန်ထုပ်ဝန်ပိုးပိလာပါလိမ့်မယ်။ အဲဒီကျတော့လည်း ရေနွေးအိုးထဲက ဖားတွေလိုပဲ ရေပူစမ်းရောက်နေသလိုလို ပျော်ပျော်ကြီး ခံကြရုံပေါ့။

Leave a comment