၄၃ ရက်ကြာခဲ့တဲ့ သမိုင်းဝင် အကြာရှည်ဆုံး အစိုးရယန္တယားရပ်တံ့မှုက ဒီနေ့အဆုံးသတ်သွားခဲ့ပါပြီ။ ဆီးနိတ်က ဘေလ်ကို အောက်လွှတ်တော်က အတည်ပြုပြီး သမ္မတက ညတွင်းချင်း လက်မှတ်ထိုး ခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က ဒီမိုကရက်တွေ ထပ်မံတောင်းဆိုလာတဲ့ အိုဘားမားကဲအတွက် အစိုးရအထောက်အပံ့တွေကို ၃နှစ် ထပ်တိုးပေးဖို့ကိုလည်း လိုက်လျောစရာမလိုပဲ နောက်လကျမှ မဲထပ်ခွဲဖို့ သဘောတူလိုက်ကြပါတယ်။ ဒီနေ့လက်မှတ်ထိုးလိုက်တဲ့ funding bill က ဇန်နဝါရီလကုန် အထိဖြစ်ပြီးစိုက်ပျိုးရေးဝကဌာန၊ စစ်ပြန်ရေးရာဌာနနဲ့ legislative branch တို့ကို စက်တင်ဘာ ၂၀၂၆အထိ ဘတ်ဂျက်အပြည့်အဝ ပေးသွားမှာ ဖြစ်သလို SNAP နဲ့ အမျိုသမီး၊ မွေးကင်းစနဲ့ ကလေးတွေအတွက် အစီအစဥ်တွေအတွက် တနှစ်စာ ဘတ်ဂျက်ပါဝင်ပါတယ်။
ပြီးခဲ့တဲ့လက မပေးခဲ့ရတဲ့ လစာတွေ ပြန်ပေးဖို့၊ ဆိုင်းငံ့ထားတဲ့ ဝန်ထမ်းတွေ အမြန်ဆုံး ပြန်ခေါ်ဖို့၊ SNAP ပြန်ပေးဖို့တို့ကို အမြန်ဆုံးလုပ်ပေးသွားမှာဖြစ်ပြီး လေကြောင်းနဲ့တခြားကိစ္စတွေက တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာမယ်လို့ ဆိုပါတယ်။ ကျွမ်းကျင်သူတွေ ခန့်မှန်းခဲ့ကြသလိုပဲ ဒီမိုကရက်တွေက ရီပါဘလစ်ကန်တွေကို ဘလိမ်းလုပ်နိုင်ဖို့ ဇတ်ရှိန်တင်တဲ့အနေနဲ့ ၁.၅ ထရီလီယံ ဘတ်ဂျက်ကို ခိုးဝင်တွေအတွက်အပါအဝင် ခေါင်းစဥ်မျိုးစုံနဲ့တောင်းပြီး ရကပပြီးတဲ့အထိ ဆွဲထားခဲ့တာပါ။
နယူးယောက်မြို့ဝန်ရကပ ပြီးသွားပေမယ့် အမေရိကန်က အကြီးဆုံး ကမ္ဘာကျော်မြို့ကြီးမှာ ဆိုရှယ်လစ်မူတွေ ကြွေးကြော်ပြီး အရွေးခံလာရတဲ့ မမ်ဒါနီ ဘယ်လိုနိုင်လာသလဲ၊ ဘယ်လို ဆက်စခန်းသွားမလဲဆိုတာ ကမ္ဘာကပါ အထူးစိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။ ရကပ မတိုင်ခင်က ဘာမေးမေး၊ ဘာပြောပြော မဖြေနိုင်/ချင်ရင် အပြုံးလေးနဲ့ တုန့်ပြန်ခဲ့သလောက် ရွေးကောက်ပွဲအပြီးပေးတဲ့ စပိချ်မှာတော့ ဒေါမောအပြည့်နဲ့ သူ့လိုမြို့ဝန်အဆင့်နဲ့ အလှမ်းကွာဝေးလှတဲ့ သမ္မတကြီးကိုတောင် ရန်လှမ်းထောင်လိုက်သေးတာပါ။ မြို့မှာ အရေးအကြောင်းဖြစ်လာရင် လိုအပ်လာမယ့် အကူအညီတွေအတွက် ဖက်ဒရယ်အစိုးရဆီကပဲ တောင်းရမှာဖြစ်လို့ အခုလို ရန်ထောင်တာက အမျှော်အမြင်ရှိသူတွေ ခေါင်းဆောင်လုပ်မယ့်သူတွေ လုပ်သင့်တဲ့ ကိစ္စမဟုတ်ပါဘူး။
မဲဆွယ်တုန်းက အခမဲ့ ဘတ်စ်ကား၊ အခမဲ့ ကလေးထိန်းကျောင်း၊ သက်သာတဲ့ အိမ်ငှားခ၊ ဈေးချိုတဲ့ ပြည်သူ့ဆိုင် စတာတွေနဲ့ မဲဆွယ်ခဲ့သူက အောင်ပွဲပါတီမှာ ရကပကာလတလျောက်လုံး ကူညီခဲ့ကြတဲ့ အဖွဲ့သားတွေကို ဘီယာတခွက် ၁၃ဒေါ်လာ ကောက်ခဲ့တာကလည်း ရကပကတိတဝတ်တွေနဲ့ ဝိရောဓိ ဖြစ်နေပါတယ်။ အနိုင်စပိချ်မှာ ပြည်သူဆီကအလှူငွေ ထပ်တောင်းချိန်မှာပဲ သူ့အပြုံးကို တွေ့ရပါတော့တဲ့အတွက် CNN က Van Jones ကတောင် အရင်ပြုံးချိုနေတာက တကယ့် မမ်ဒါနီ မဟုတ်ပဲ အခုလို (အော်ဟစ်ရန်ထောင်နေတာ၊ ပိုက်ဆံလှိမ့်တောင်း) နေတာကမှ အစစ်အမှန် မမ်ဒါနီလို့ မှတ်ချက်ပြုသွားတဲ့အထိပါပဲ။
မမ်ဒါနီက ရကပမဲဆွယ်ရာမှာ ကတိပြုခဲ့တဲ့ အစီအစဥ်တွေအတွက် ၉ဘီလီယံ ကုန်ကျမယ်လို့ မှန်းထားပြီး အဲဒီထဲက ၄ဘီလီယံကို မြို့က ဝင်ငွေထိပ်ဆုံး ၁% ကို ဝင်ငွေခွန် ၂% တိုးကောက်တာကနေ ရဖို့နဲ့ ကော်ပိုရိတ်ခွန်ကို နယူးဂျာစီက နှုန်းထားနဲ့အညီ လိုက်ကောက်တာက နောက်ထပ် ၅ဘီလီယံရဖို့ မျှော်လင့်ထားတာပါ။ ထိပ်ဆုံးဝင်ငွေရှိသူတွေဟာ ပိန်းဥတွေမဟုတ်တဲ့အတွက် သူတို့ကို မမ်ဒါနီ အခွန်ဒုတ်နဲ့ ဆော်မှာကို ငုတ်တုတ်ထိုင်စောင့်နေကြမှာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ အပတ်ကစပြီး ဖလော်ရီဒါက အိမ်ပွဲစားတွေ အရမ်းကို အလုပ်များနေကြပါပြီ။ သူ့အစီအစဥ်တွေအတွက် ပြည်နယ် အစိုးရဆီက ရဖို့ကိုလည်း မျှော်လင့်ထားပေမယ့် လာမယ့်နှစ်က ဂါဗာနာရကပနှစ် ဖြစ်တဲ့အတွက် Kathy Hochul က နယူးယောက်မြို့ကြီးကလွဲလို့ ကျန်နေရာတွေမှာ အားကောင်းတဲ့ အနီမဲတွေကို မျှော်ရမှာဖြစ်လို့ မမ်ဒါနီတောင်းဆိုတာတွေကို လိုက်လျော၊ ခွင့်ပြုဖို့ သိပ်မလွယ်ပါဘူး။
၁၉၆၆-၇၀ကာလတွေတုန်းက မမ်ဒါနီလိုပဲ ဘတ်စ်ကား အခမဲ့ အခမဲ့ကလေးထိန်း၊ အခမဲ့ကျန်းမာရေး စတဲ့ပေါ်လစီတွေ လုပ်ရာက အကုန်အကျ များလွန်း၊ အခွန်တိုးလွန်းလို့ အခွန်အများဆုံးဆောင်တဲ့ လူ၆သိန်းလောက် နယူးယောက်ကနေ ပြောင်းပြေးကုန်ကြတာပါ။ အဲဒီနောက်တက်တဲ့ မြို့ဝန် လက်ထက်မှာ အကြွေးတွေပိပြီး နယူးယောက်မြို့ကြီး ဒေဝါလီခံလိုက်ရတဲ့အထိပါပဲ။ အဲဒီကနေ ပြန်ထောင်လာအောင် ၁၅နှစ်ကြာ အချိန်ယူခဲ့ရတာ ၁၉၉၀အထိပါ။ အဲဒီအမှောင်ကာလတလျောက် နယူးယောက်မြို့မှာ မာဖီးယားဂိုဏ်းတွေ၊ ဇိမ်တန်းတွေ၊ ရာဇဝတ်မှုတွေ အမှိုက်တွေ ဒင်းကြမ်းပြည့်ပြီး ညစ်ပတ်နံစော် ယိုယွင်းပျက်စီးနေခဲ့တာပါ။ ဂျူလီယာနီက ပူးတွဲရှေ့နေချုပ်၊ ရှေ့နေချုပ်ကနေ မြို့ဝန်ဖြစ်လာတဲ့အထိ ရာဇဝတ်မှုတွေ၊ ခြစားမှုတွေကို နှစ်ပေါင်းများစွာ ဆက်တိုက် တိုက်ဖျက်ခဲ့လို့ တင့်တင့်တယ်တယ် ပြန်ဖြစ်လာခဲ့တာပါ။
ခုတကြိမ်မှာတော့ နယူးယောက်ကနေ ၇သိန်းခွဲလောက် ပြောင်းပြေးမယ်လို့ မှန်းကြပါတယ်။ အကုန်လုံး အပြီးပြောင်းတာ ဟုတ်ချင်မှ ဟုတ်မှာမို့ အပြင်ပန်းမှာ မသိသာတာမျိုး ဖြစ်နိုင်ပါတယ်။ ဖလော်ရီဒါလို ဝင်ငွေခွန်မရှိတဲ့ပြည်နယ်မှာ ၆လသာသာ အနေပြလိုက်ရင် နယူးယောက်မှာ ၅လသာသာနေလည်း နယူးယောက်အခွန်ကို ဆောင်စရာ မလိုတော့တဲ့အတွက် ၂အိမ်နေလို့ တိုးလာမယ့် ကုန်ကျစရိတ်နဲ့ နယူးယောက်မှာ အခွန်တက်လာမှာနဲ့ ချိန်ကြည့်ပြီး ပိုတွက်ခြေကိုက်မှာကို လုပ်ကြမှာပါပဲ။ သေချာတာက သူမျှော်လင့်တဲ့ ၄ဘီလီယံက ဖြစ်လာမှာ မဟုတ်ပါဘူး။
နော်ဝေမှာ လက်ဝဲယိမ်းအစိုးရက ဓနခွန်ကို ၁.၁%တိုးမြှင့်ကောက်ဖို့လုပ်တုန်းက ၂၀၂၂ တနှစ်ထဲမှာတင် ဘီလျံနာနဲ့ မီလျံနာ ၃၀ကျော် ထွက်ပြေးခဲ့တဲ့အတွက် တိုင်းပြည်/ပြည်သူကြွယ်ဝမှုကနေ ၅၄ဘီလီယံ လျော့သွားပြီခဲ့ပါတယ်။ တိုးမြှင့်ခွန်ကနေ ၁၄၆သန်းတိုးရဖို့ မျှော်လင့်တာကနေ အခွန်ရတာ ၅၉၄သန်း လျော့သွားတဲ့အတွက် အခွန်တပြားမှ တိုးမရတဲ့အပြင် ၄၄၈သန်းတောင် အနှုတ်ပြ သွားခဲ့တာပါ။ သင်ခန်းစာဆိုတာ ကိုယ်တိုင်ကြုံမှ ယူလို့ရတာမဟုတ်ပါဘူး။ ယူတတ်ရင် ရတာပါပဲ။
ကော်ပိုရိတ်ခွန်တိုးရင်လည်း အဲဒီဝန်ထုတ်ဝန်ပိုးက စားသုံးသူဆီ ရောက်လာမှာဖြစ်လို့ ကုန်ဈေးနှုန်းတွေ တက်ဦးမှာအပြင် တနာရီ ဒေါ်လာ ၃၀အနိမ့်ဆုံးလုပ်ခက လက်ရှိထက် ၈၀% ကျော်များနေတာဖြစ်လို့ အလုပ်တွေ လှိမ့်ပြုတ်၊ အလုပ်ပြုတ်ကြရင် အစိုးရအခွန်ရတာ နည်းသွားတဲ့ကြားထဲ အလုပ်လက်မဲ့ ထောက်ပံ့ကြေးတွေပေးရမှာဆိုတော့ သူမျှော်တဲ့ ၅ဘီလီယံကလည်း အိပ်မက်ဘဝက တက်လာဖို့ မလွယ်ပါဘူး။ ချေးငွေနဲ့ပေးမယ်ဆိုရင်လည်း အလုပ်မလုပ်ဖူးတဲ့သူတယောက်ကို အဲဒီလောက်ကြီး ချေးပေးဖို့က သူတို့အတွက် တခြားအကျိုးအမြတ်တွေ ပြန်ဖန်တီးပေးရမှာတွေ ဖြစ်လာနိုင်ပါတယ်။
တခြားက ရလမ်းမရှိရင် လူလတ်တန်းစားနဲ့ သာမာန်အခွန်ထမ်းတွေဆီကပဲ အခွန်အမည်မျိုးစုံနဲ့ ညှစ်ယူပါလိမ့်မယ်။ ဘတ်စ်ကားအခမဲ့ဖြစ်သွားရင် ပြင်ဖို့ပိုက်ဆံတောင် ရှိတော့မှာမဟုတ်လို့ သွားရေးလာရေးကအစ ပိုခက်ခဲ ပိုဈေးကြီးသွားနိုင်ပါတယ်။ အိမ်ခန်းငှားခတွေ ကန့်သတ်ရင်လည်း အလားတူပါပဲ။ ပြည်သူအတွက်သာ အခမဲ့တွေ အလုပ်မဖြစ်ပေမယ့် အစိုးရကန်ထရိုက် ရချင်သူများရဲ့ ပူဇော်ပသမှုများကိုတော့ မျိုးမျိုးမြက်မြက်လေး စားရနိုင်တယ်ဆိုတာ ဆိုရှယ်လစ်စနစ်မှာ အာဏာရှိသူတွေ ချမ်းသာကြတာကြည့်ရင် သိနိုင်ပါတယ်။
မမ်ဒါနီကျုံးဝါးထားတဲ့ထဲမှာ အိမ်(ခန်း)ငှားစားတဲ့ အိမ်ပိုင်ရှင်တွေကို အိမ်လခမတက်ဖို့ တင်းကြပ်ထားမယ်ဆိုပေမယ့် ပျက်တာရှိလို့ မပြင်ပေးရင် အစိုးရကပြင်ပြီး ဘေလ်ပို့မှာရယ်၊ နောက်တဆင့် အစိုးရက အပိုင်သိမ်းလိုက်မှာရယ် ပါနေတော့ အဲဒီလို တကယ်ဖြစ်လာခဲ့ရင် သက်ရောက်မှုက ကြီးမားပါလိမ့်မယ်။ အစိုးရက ဘယ်လိုကြွေးကြော်ချက်နဲ့မဆို သိမ်းယူလိုက်တဲ့ အိမ်/လုပ်ငန်းမှန်သမျှ ဘာတိုးတက်မှုမှ မရှိလာပဲ အဆုံးအရှုံး အပျက်အစီး အလေအလွင့်တွေမှာ လမ်းဆုံးတာ မြန်မာပြည်ကလာတဲ့ လူလတ်ပိုင်းနဲ့အထက်တွေ မမေ့လောက်ကြသေးပါဘူး။
ပြောင်းပြေးတဲ့အကြောင်းကိုပြောရင် ပြောင်းဝင်လာမှာကိုလည်း ချန်ထားလို့ မရပါဘူး။ လက်ဝဲစွန်းတွေက ရဲမုန်းကြသလောက် ရာဇဝတ်သားတွေ၊ တိုင်းပြည်ရန်သူတွေ၊ အကြမ်းဖက်တွေ၊ အချောင်သမားတွေကို သိပ်ချစ်ကြတာဆိုတော့ လူဆိုးသူခိုးတွေ တပြုံကြီး လှိမ့်ဝင်လာကြမှာပါ။ မမ်ဒါဦးစားပေးနံပါတ်၁အစီအစဥ်က အခမဲ့ နေ့ကလေးထိန်းဌာနတွေ ဖွင့်ဖို့ဆိုတော့ ဘယ်လိုလူမျိုးတွေ ကလေးမွေးအားအကောင်းဆုံးလဲ ဆိုတာနဲ့ ချိန်ကြည့်လိုက်ရင် မှန်းလို့ရမယ်ထင်ပါတယ်။
Bronx ဘက်မှာ ဆိုင်ခန်းတွေ စားသောက်ဆိုင်တွေရှေ့အပါအဝင် ပလက်ဖောင်းနဲ့အပြည့် ကားလမ်းပေါ်မှာပါ ဝတ်ပြုနေကြသူတွေကို စတင်တွေ့ရှိနေပြီး သူတို့ဝတ်ပြုနေစဥ် ဖြတ်သွားခွင့် မပြုဘူးလို့ သိရပါတယ်။ အဲဒါတွေက လန်ဒန်မှာ မဆန်းတော့သလို ရဲမဝင်ရနယ်မြေတို့ ရှရီးယားလော ကျင့်သုံးတဲ့ နယ်မြေဆိုတာတွေက ဥပဒေနဲ့မဟုတ်ပေမယ့် လက်ခံထားရတဲ့ အခြေအနေ ဖြစ်နေပါပြီ။ ကုလားအုပ်ပုံပြင်ထဲကလို ခေါင်းလေးနဲနဲဝင်လို့ရတာနဲ့ သူတို့လူတွေ ပြည့်သွားတတ်တာ မီရှီဂန်နဲ့ မင်နီဆိုးတားပြည်နယ်တွေမှာ အသိသာဆုံးပါပဲ။
အနောက်နိုင်ငံတွေကို လာသမျှ အဲဒီဘာသာဝင်တွေက ကုလားအုပ်ပုံပြင် ထဲကလို ကျူးကျော်အုပ်စီးဖို့ အကြံနဲ့လာကြတာ မဟုတ်ပေမယ့် အဓိကပြဿနာပေးနေတဲ့ မွတ်ဘရာသာဟွတ်က အနောက်နိုင်ငံတွေကို အောက်ပါအချက် ၃ချက်နဲ့ သိမ်းယူလွှမ်းမိုးဖို့ လုပ်နေကြောင်း လက်ဘနွန်ဖွား ကနေဒါက ပါမောက္ခ Dr. Gad Saad က ချာလီကာ့ခ်နဲ့ ဗျူးတုန်းက သတိပေးထားပါတယ်။ ၁) ကလေးမွေးနှုန်းနဲ့ လွှမ်းမိုးစေမယ်၊ (အနောက်တိုင်းအမျိုးသမီးတွေကြား မွေးဖွားနှုန်း ၁.၂ပဲ ရှိတဲ့အချိန်မှာ သူတို့က ၅လောက်ရှိရင် အရေးပါတဲ့ နေရာတွေမှာ သူတို့လူများစု ဖြစ်လာဖို့က သိပ်မဝေးတော့ပါဘူး)။ ၂) ကမ္ဘာကို ဟစ်ဂျရာ (လူဝင်မှူ/ immigration) နဲ့ လွှမ်းမိုးစေမယ်။ (ဥရောပမှာရော မြောက်အမေရိက မှာပါ အဲဒီနည်းကို အောင်မြင်စွာ ကျင့်သုံးနေပါတယ်။ အဲဒီလို ကျင့်သုံးလို့ ရနိုင်အောင်လည်း မူခိုင်ခိုင်မရှိပဲ ယောယိမ်းလိုက်လုပ်တတ်တဲ့ လစ်ဘရယ်/လက်ဝဲပါတီ တွေကို အပီကိုင်ထားပြီး ဘယ်လိုဦးနှောက်/ လော့ဂျစ်နဲ့မှ စဥ်းစားလို့မရတဲ့ နယ်စပ်ဖွင့်ပေါ်လစီတွေကို ကျင့်သုံးစေရပါတယ်။ ၃) အနောက်တိုင်းက လူတွေကို သူတို့ရဲ့ လွတ်လပ်ခွင့်တွေ၊ လူ့အခွင့်အရေးတွေနဲ့ ပြန်ကိုင်ပေါက်ပြီး သူတို့လိုတာကို ရအောင်သူသွားဖို့ ဖြစ်ပါတယ်။ ဒါလည်းပဲ သုံးနေကာ ကြာပါပြီ။
မမ်ဒါနီကို အများဆုံး မဲပေးခဲ့ကြတဲ့ အစုတွေထဲမှာ အမျိုးသမီးတွေက အများဆုံးဖြစ်ပြီး အမျိုးသမီး တွေထဲမှာ ၂၉နှစ်အောက်က အများဆုံး၊ ၄နှစ်ဘွဲ့တခုနဲ့အထက်တွေက အများဆုံး၊ နယူးယောက်မှာ ၅နှစ် ပြည့်အောင် မနေဖူးသေးတဲ့ သူတွေက အများဆုံးဖြစ်တာ တွေ့ရကြောင်း၊ အမျိုးသားတွေ၊ ၂နှစ်ဘွဲ့ရတွေ၊ အထက်တန်းကျောင်းပြီး/မပြီးတွေ၊ နယူးယောက်မှာ ၁၀နှစ်အထက် နေလာသူတွေ၊ နယူးယောက်မှာမွေးသူတွေကြားမှာတော့ မမ်ဒါနီကို ထောက်ခံမှုက သိသိသာသာ လျော့လာကြောင်း၊ တက်ဒ်ခရုဇ်က သုံးသပ်သွားပါတယ်။ နယူးယောက်လို မြို့ကြီးက ကားလဲမလို ငွေသားပေးတဲ့ အလုပ်လည်း တခြားမြို့ကြီးတွေနဲ့ယှဥ်ရင် ရှာလို့ပိုလွယ်တာကြောင့် တခြားမြို့ကို ရောက်ပြီးမှ ပြန်ပြောင်းလာသူတွေထက် စကတဲက အဲဒီကို ဦးတည်ပြီးလာကြတာ ထုံးစံလိုဖြစ်နေတော့ ၅နှစ်အောက်နေလာသူတွေထဲမှာ နိုင်ငံသား မဟုတ်သူတွေ ဘယ်နှစ်ယောက်ပါဝင်နေမလဲဆိုတာ စဥ်းစားစရာပါပဲ။
အမျိုးသမီးတွေကို ဖိနှိပ်တဲ့ဘာသာကလူကို အမျိုးသမီးတွေ ဘာလို့မဲဝိုင်းပေးခဲ့ကြသလဲဆိုတာ မေးခွန်း ထုတ်ချင်စရာပါပဲ။ သဲသဲလှုပ် ထောက်ခံကြတဲ့ထဲမှာ ပညာတတ်အမျိုးသမီးတွေက အဆိုးဆုံးပါ။ ဖြစ်နိုင်တာတခုက တက္ကသိုလ်တွေမှာ လက်တွေ့မကျတဲ့ လက်ဝဲအာဂျင်ဒါတွေကို မေဂျာယူ၊ ဦးနှောက်ဆေးခံလာတော့ လူက အသိပညာတွေနဲ့ ဖွံ့ဖြိုးရင့်ကျက်လာရမယ့်အစား အမုန်းတွေ၊ မကျေနပ်မှုတွေက ကြွေးတွေနဲ့အတူ ကြီးထွားလာတာပါ။ အဲဒီလိုနဲ့ ကျောင်းပြီးလာတော့ ရလာတဲ့ ဘွဲ့နဲ့ အလုပ်က ရှာမရတော့ ထုံးစံအတိုင်း အလုပ်ရဖို့ ပိုလွယ်လေမလားလို့ ဘွဲ့လွန်ဆက်တက်၊ ကြွေးပိုပိ၊ အမုန်းတွေ ဒေါသတွေ ပိုများ၊ အလုပ်ရပြန်တော့လည်း တော်ရုံအလုပ်အများစုရဲ့ ဝင်ငွေက အိမ်ပိုင်ဖို့ အလှမ်းဝေးလွန်းနေပြန်ပါတယ်။ အမျိုးသားတွေမှာလည်း အလားတူပြဿနာမျိုး ကြုံနေရတဲ့အပြင် ကျားသဘာဝ/ဖြစ်တည်မှု ကိုပါ တိုက်ခိုက်လာနေတဲ့အတွက် မကျေနပ်မှုတွေက ပြင်းထန်နေပါတယ်။
ဘွဲ့ရအလုပ်မရှိ/လစာနည်းလူငယ်တွေ အခုလိုဖြစ်နေရတဲ့အကြောင်းရင်းက ဒီမိုကရက်မူတွေ၊ ဝါဒဖြန့် အမုန်းမှိုင်းတွေကြောင့်ဆိုပေမယ့် လှည့်တိုက်တော့ သူဌေးတွေဖြစ်တဲ့ ထရမ့်နဲ့ အီလွန်ကိုမုန်းဖို့ ဇောင်းပေးကြတဲ့အတွက် မမ်ဒါနီကို ကြိုက်လို့ဆိုတာထက် ထရမ့်နဲ့ အီလွန်ကိုမုန်းလို့ မဲပေးခဲ့ကြသူတွေလည်း မနည်းလောက်ဘူးဆိုတာ အင်တာဗျူးတွေကြည့်ရင် တွေ့မှာပါ။ မမ်ဒါနီတို့လို ဆိုရှယ်လစ်အမည်ခံသူတွေ ဒီမိုကရက်တွေဟာ သူဌေးမုန်းဖို့ အကြီးအကျယ် လော်သူများ ဖြစ်ပေမယ့် ဆိုရော့စ်တို့ ဘေလ်ဂိတ်စ်တို့လို တရုတ်တို့ အကြမ်းဖက်တို့နဲ့ အလွမ်းသင့်ပြီး ကမ္ဘာ့လူဦးရေလျော့ချဖို့ အားသန်နေသူများကိုတော့ စိတ်နဲ့တောင် မပြစ်မှားကြတာ သတိထားရင် တွေ့ပါလိမ့်မယ်။
ပြီးခဲ့တဲ့ ရကပကာလမှာ ဒီမိုကရက်တွေက affordability တွင်တွင်သုံးကြပါတယ်။ တကယ်တော့ ကုန်ဈေးနှုန်းက အမြဲတရိပ်ရိပ်တက်နေတာ အဆန်းမဟုတ်တဲ့ ကိစ္စပါ။ ဒီမိုကရက်တွေတက်တိုင်း ဆီဈေးနဲ့ အခြေခံစားကုန်ဈေးတွေ ဆောင့်တက်ကုန်ပေမယ့် ထရမ့်တက်လာတိုင်း ဆီဈေးနဲ့ အခြေခံစားကုန်ဈေးတွေကျဖို့ ချက်ချင်းကိုင်တွယ်ပါတယ်။ ဆီဈေးနဲ့ အခြေခံစားကုန်ဈေး ကျတယ် ဆိုတာကမှ အဆန်းဆိုတာ အမေရိကန်မှာ အနေကြာတဲ့လူတွေ ပြန်စဥ်းစားကြည့်ကြရင် သိမှာပါ။ တားရစ်ဖ်ကြောင့် တက်တာတွေလည်း ရှိပါတယ်။ အရင်က ဈေးတက်တာမျိုးမရှိခဲ့ပဲ အခုမှ တားရစ်ဖ်ကြောင့် တက်သွာတာလို့ ပြောရင် မပြည့်စုံပါဘူး။ ဘိုင်ဒန်လက်ထက်က ထစ်ကနဲရှိ ကြက်တုပ်ကွေးအကြောင်းပြပြီး ရောဂါမရှိတဲ့ ကြက်ခြံတွေပါသတ်၊ မီးတွေလောင်၊ ပေါက်ကွဲမှုတွေ ဖြစ် စတာတွေကြောင့် နွားတွေ ထောင်ချီသေရ၊ နွားနို့တွေ ဖျက်ဆီးခံရနဲ့ အခြေခံစားကုန်ဈေးတွေ ဆောင့်တက်/ရှားပါးကုန်တာ မေ့နေမှာစိုးလို့ ပြန်အစဖော်ပေးတာပါ။
ကုန်ဈေးနှုန်း တက်တာချင်း တူခဲ့ရင်တောင် ကွာတာက ဒီမိုကရက်တွေက လူတွေမတတ်နိုင်တဲ့အပေါ် အမြတ်ထုတ်ပြီး လူတန်းစားမုန်းတီးမှုဖြစ်အောင် ရန်တိုက်ပေးသလို အစိုးရက ဝင်စီမံမှ ပြည်သူ သက်သာမယ်ဆိုတဲ့ မှိုင်းကို တွင်တွင်သုံးပြီး ဝါဒဖြန့်ပါတယ်။ (အဲဒီလိုလုပ်ဖို့ တမင် မတတ်နိုင်အောင် လုပ်ထားတယ်လို့ မြင်ရင်လည်း မမှားပါဘူး။) အဲဒါကြောင့်လည်း ဆိုရှယ်လစ်ဝါဒက ဒီမိုကရက်တွေကြား ခေတ်စားလာတာပါ။ သာတူညီမျှကောင်းစားရေးကို ယုံကြည်လို့ မဟုတ်ဘူးဆိုတာ သူတို့ရဲ့ ဓနအင်အားကိုကြည့်ရင် သိနိုင်ပါတယ်။ မမ်ဒါနီလည်း လက်ရှိပိုင်ဆိုင်မှုကို ကြည့်ထားပြီး သူ့ရာတူးသက်တမ်းကုန်တဲ့အချိန်ကျ တခါပြန်ကြည့်ကြပေါ့။
မမ်ဒါနီနိုင်လာတော့ သူ့ကို ထောက်ခံပေးခဲ့တဲ့ ဒီမိုကရက်တစ်ဆိုရှယ်လစ်အော့ဖ်အမေရိက (DSA) က တောင်းဆိုချက်တွေ လုပ်လာပါတယ်။ DSA ရဲ့ စစ်ဆန့်ကျင်ရေးအုပ်စုက ပြုလုပ်တဲ့ တောင်းဆိုချက် တွေဟာ ဒီမိုကရက်တစ်လည်းမဟုတ်၊ ဆိုရှယ်လစ်နဲ့လည်း မဆိုင်တဲ့ အစ္စရေးမုန်းတဲ့အာဂျင်ဒါတွေပါ။ အဲဒီထဲက တချို့က မမ်ဒါနီဖွင့်မယ့် ပြည်သူ့ဆိုင်တွေမှာ အစ္စရေးကပစ္စည်းတွေ တင်မရောင်းဖို့၊ IDF အတွက် ရန်ပုံငွေရှာပေးတဲ့ အဖွဲ့အစည်းတွေကို အခွန်ကင်းလွတ်ခွင့်ရတဲ့ non-profit အဆင့်ကနေ ဖြုတ်ချဖို့၊ NYPD ကို အစ္စရေးတပ်တွေနဲ့ လေ့ကျင့်ပေးနေတာ ရပ်တံ့ဖို့၊ အစ္စရေးဝကခ နေတန်ယာဟူနဲ့ IDF စစ်သားတွေ နယူးယောက်ကိုရောက်လာရင် သူတို့ရဲ့ “war crime” တွေအတွက် ဖမ်းဆီးဖို့၊ လက်ရှိမြို့ဝန် အဲရစ်အဒမ်စ်ဖွဲ့စည်းပေးခဲ့တဲ့ NYC-Israel စီးပွားရေးကောင်စီကို ဖျက်သိမ်းဖို့ စတာတွေ ပါဝင်ပါတယ်။
အမေရိကန်ရဲ့ မဟာမိတ် အစ္စရေးကိုမုန်းတဲ့ မွတ်အကြမ်းဖက်တွေ ဖြစ်ချင်တာနဲ့ ဆိုရှယ်လစ်/ ကွန်မြူနစ်တွေ ဖြစ်ချင်တာ ဘာလို့လာတူနေရတာလဲ၊ ဘာလို့ သူတို့တွေ မဟာမိတ်တွေ ဖြစ်နေကြတာလဲဆိုတော့ ပြည်သူကို ထိန်းချုပ်ဖို့ လွယ်လို့ပါ။ ဆိုရှယ်လစ်ဆိုရင် တိုင်းပြည်မွဲလေ လူတွေကို အသိပညာမွဲအောင် လုပ်လို့ရလေ၊ အာဏာစက်ရှည်အောင် ထိန်းချုပ်ရ လွယ်လေပါပဲ။ နှစ်ပေါင်းထောင်နဲ့ချီတဲ့ သမိုင်းမှာ ဆိုရှယ်လစ်/ ကွန်မြူနစ်စနစ် အောင်မြင်တယ်ဆိုတာလည်း မရှိသလို ဟိုဘာသာနဲ့ အုပ်ချုပ်တဲ့တိုင်းပြည်တွေမှာလည်း လွတ်လပ်မှု ငြိမ်းချမ်းမှု မရှိကြလို့သာ လွတ်လပ်ဖွံ့ဖြိုးတဲ့ အနောက်နိုင်ငံတွေကို အများအပြား ပြောင်းပြေးနေကြတာပါ။ ငရဲပန်းကို ရွှေပန်းထင်ပြီး ပန်ချင်ရင် ဒုက္ခများကြမှာဖြစ်လို့ သတိထားနိုင်အောင် ရေးပေးလိုက်တာပါ။