ဒီဇင်ဘာ ၁၀ ရက် ၂၀၂၅

မင်နီဆိုးတားပြည်နယ်မှာ ဝင်ငွေနည်းတွေကို ပံ့ပိုးပေးရမယ့် အစိုးရအစီအစဥ်ကနေ ဘီလီယံနဲ့ချီပြီး ခိုးကြ၊ လိမ်ကြ၊ ကိုယ့်နိုင်ငံကို ရန်သူလို သဘောထားတဲ့ အကြမ်းဖက်တွေဆီ ပို့ကြတာပေါ်ပြီးနောက် နာမည်လှတဲ့ Affordable Care Act (အိုဘားမားကဲ)ကို အသုံးချပြီး လိမ်ညာစားနေကြတဲ့ သတင်းတွေ ထွက်လာပါတယ်။ Government Accountability Office က စုံစမ်းစစ်ဆေးမှုတွေအရ အိုဘားမားကဲမှာ SS နံပါတ် ထပ်နေတာတွေ၊ သေပြီးသူတွေရဲ့ SS နံပါတ်တွေ၊ ဘယ်သူဘယ်ဝါမှန်း ပြည့်ပြည့်စုံစုံ ဖော်ပြမထားတာတွေ စတဲ့ သောင်းနဲ့ချီတဲ့ အငြင်းပွားဖွယ် အကောင့်တွေကို ထောက်ပံ့ကြေးတွေ ပေးနေပြီး တချို့အကောင့်တွေဆို တလကို ၁သောင်းအထက်တန်ဖိုးရှိတဲ့ အထောက်အပံ့တွေ ရနေကြကြောင်းနဲ့ စုံစမ်းတဲ့လူတွေက ၂၀၂၄အတွင်း SS နံပါတ်အတု၊ လုပ်ကြံနံပါတ်တွေ သုံးပြီး လျှောက်သမျှ အားလုံး coverage ရဖို့ approved ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီအထောက်အပံ့တွေဟာ မူလတုန်းက federal poverty level ရဲ့ ၁၀၀% နဲ့ ၄၀၀% ကြားကလူတွေအတွက် ကန့်သတ်ထားတာဖြစ်ပေမယ့် ဒီမိုကရက်တွေက ဝင်ငွေအမြင့် သတ်မှတ်ချက်ကို ပယ်ဖျက်ပေးခဲ့တဲ့အပြင် အထောက်အပံ့ပမာဏကိုပါ တိုးမြှင့်ခဲ့ပါတယ်။ တချို့တွေဆိုရင် အာမခံကြေးတောင် လုံးဝ ပေးစရာမလိုပဲ အကုန်ဖရီးရကြတာပါ။ လိမ်ညာယူနေတဲ့ အကောင့်တွေအများစုက federal poverty level ရဲ့ ၁၀၀-၁၅၀% ကြားမှာ ရှိပြီး အာမခံလစဥ်ကြေး တပြားမှ ပေးစရာမလိုတဲ့သူတွေ ဖြစ်နေပါတယ်။ သူတို့ပေးရမယ့် အာမခံကြေးကို Advance Premium Tax Credit (APTC) အနေနဲ့ အစိုးရက ပြည့်သူ့အခွန်ထဲက ပေးရတာပါ။ ၂၀၂၄မှာ ၁၉.၅သန်းသောသူတွေအတွက် အဲဒီခရက်ဒစ် ၁၂၄ဘီလီယံနီးပါးကို အစိုးရက ပြည်သူ့အခွန်နဲ့ အာမခံကုမ္ပဏီကြီးတွေကို ပေးရပါတယ်။

ဝေဖန်သူတွေက အာမခံကြေး မပေးရတဲ့ပလန်မျိုးဟာ (ပေးရတဲ့ချက်/ဘဏ်အကောင့် ဖော်ပြစရာ မလိုတာကြောင့် ခြေရာခံဖို့ ခက်ခဲတဲ့အတွက်) မသမာသူတွေ လုပ်စားလို့ကောင်းတဲ့ဂွင် ဖြစ်နေတယ်လို့ ဆိုပါတယ်။ ၉ပြည်နယ်မှာဆိုရင် အဆိုပါဝင်ငွေသတ်မှတ်ချက်အတွင်း အိုဘားမားကဲ လျောက်ထားသူတွေက အဲဒီဝင်ငွေရနေတဲ့ အဲဒီပြည်နယ်မှာနေထိုင်တဲ့လူဦးရေထက်ကို ကျော်လွန်နေတယ်လို့ Foundation for Government Accountability နဲ့ the Paragon Health Institute တို့ရဲ့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ACA marketplace တွေကလည်း ဘာအထောက်အထား စာရွက်စာတမ်းမှ မပြနိုင်လည်းပေး၊ စာရွက်စာတမ်း အတုနဲ့လျောက်လည်းပေး၊ နိုင်ငံသားမဟုတ်သူတွေကိုတောင် ပေးနေတယ်လို့ GAO ရဲ့ undercover investigation က တွေ့ရှိထားပါတယ်။ ACA marketplace ကို ကြီးကြပ်နေတဲ့ The Centers for Medicare and Medicaid Services က လျောက်ပြီးသား SS နံပါတ်နဲ့ ထပ်လျောက်ရင်လည်း ဘလော့မပစ်ပဲ ထပ်ပေးကြောင်း အဆိုပါအစီရင်ခံစာက ဆိုပါတယ်။ ဒီနှစ်အတွက် GAO စုံစမ်းစစ်ဆေးသူတွေက အကောင့်တု ၂၀နဲ့ ACA လျောက်ထားတာ ၁၉ခုကို ချက်ချင်း အတည်ပြုပေးပြီး ခုထိ ၁၈ခု ကျန်နေပါသးတယ်။ အဲဒီ၁၈ခုအတွက် APTC က တလ တသောင်းကျော် အာမခံကုမ္ပဏီကြီးတွေကို ပေးနေတာပါ။ အဲဒါကြောင့် ဒီမိုကရက်တွေက တိုင်းပြည်ရဲ့ အကူအညီ  အလိုအပ်ဆုံး ကလေး၊ လူအို၊ မသန်မစွမ်းတွေကို ဂရုမစိုက်နိုင်ပဲ အိုဘားမားကဲကို သက်တမ်းတိုးပေးဖို့ government shutdown နဲ့ အကြပ်ကိုင်ကြတာပါ။

အစိုးရကို စောင့်ကြည့်တဲ့အဖွဲ့တခုကလည်း ၂၀၂၄အတွင်း တနှစ်စာ အထောက်အပံ့ထက်ပိုပြီး ရထားတဲ့ SS နံပါတ်ပေါင်း ၆၆,၀၀၀ကျော် ရှိနေတာ တွေ့ခဲ့ရပြီး အဲဒီထဲက နံပါတ်တခုက တနှစ်အတွင်းမှာ ၇၁နှစ်စာ ထောက်ပံ့ကြေး ရထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ၂၀၂၃မှာ အထောက်အပံ့ရထားတဲ့ SS နံပါတ်ပေါင်း ၅၈,၀၀၀ ဟာ SS က သေဆုံးပြီးစာရင်းနဲ့ သွားတူနေတာ တွေ့ရပါတဲ့အတွက် အဲဒီမှာတင် ပြည်သူ့အခွန်ထဲက ၉၄သန်းဟာ သေပြီးသူတွေကျန်းမာရေးအာမခံထားဖို့အတွက် အာမခံကုမ္ပဏီကြီးတွေဆီ ပေးလိုက်ရသလို ဖြစ်နေတာပါ။ လူတိုင်း ကျန်းမာရေးအာမခံ ထားရမယ် ဆိုတဲ့ အိုဘားမားမန်ဒိတ်ဟာ နာမည်လှသလောက် အာမခံကုမ္ပဏီကြီးတွေကို တဖက်လှည့်နဲ့ လုပ်ကျွေးနေတယ်ဆိုတာ သဘောပေါက်ကြဖို့ပါ။ တကယ်မရသင့်သူတွေ၊ ဖရီးသမားတွေအတွက် ကုန်ကျစရိတ်တွေ ကာမိဖို့အတွက် ပိုက်ဆံပေးဝယ်ရတဲ့ ပြည်သူတွေဆီက အာမခံကြေးတွေကို တနှစ်ထက်တနှစ် အဆမတန် ဈေးတက်ယူနေကြပါပြီ။ ဆက်စပ်မြင်ဖို့ လိုပါတယ်။

မင်နီဆိုးတားရဲ့ ဝင်ငွေနည်းကလေးတွေကို အခမဲ့ကျွေးတဲ့ Feeding Our Future အစီအစဥ်ကနေ invoice အလွဲတွေနဲ့ သန်း ဆယ်ချီ ဘတ်သွားခဲ့ပြီး ပတ်သက်ပေါင်းစားနေသူ ၇၀ကျော်ကတော့ ဇိမ်ခံကားတွေ၊ အိမ်တွေ၊ ကမ်းခြေအပန်းဖြေအိမ်တွေနဲ့ ဇိမ်ကျနေကြပါတယ်။ ခိုးပုံတွေက လူဦးရေ အားလုံးမှ ၂၅၀၀ပဲရှိတဲ့ မြို့ငယ်လေးတခုမှာ ကလေးတွေအတွက် အစီအစဥ်က တရက်ကို အနပ်ပေါင်း ၆၀၀၀ ပိတ်ရက်မရှိကျွေးတယ်လို့ စာရင်းပြပါတယ်။ Empire Cuisine ဆိုတဲ့ အစာလိုက်ကျွေးတဲ့ site တွေပေါင်းထားတဲ့ နောက်ကွန်ယက်တခုက ၄၇သန်းကျော် လိမ်ထားပါတယ်။

သူတို့ကို စစ်မယ် ဆေးမယ်ဆိုရင် သူတို့ကို လူမျိုးရေးခွဲခြားတာပါ၊ သူတို့ ဘာသာကိုကြောက်တာပါနဲ့ ထွန့်ထွန့်လူး ပွဲဆူပြကြနဲ့ ပြဿနာ ရှာကြသလို တာဝန်ရှိသူတွေကလည်း ဗြောင်ငြင်းကြ၊ လိပ်ကို ကြမ်းပိုးလေးလိုမြင်အောင် ဖော့ပြောကြ၊ ရီပါဘလစ်ကန်တွေကို မုန်းဖို့ လှည့်တိုက်ပေးကြနဲ့ လူတွေမေ့သွားအောင် အာရုံလွဲသွားအောင် လုပ်ကြပါတယ်။

ဘိုင်ဒန်လက်ထက်ကလည်း ကဗခရက်ဒစ်တွေကို ဘဏ္ဍာရေးဌာနက ကျန်းမာရေးအာမခံကုမ္ပဏီ တွေကို တိုက်ရိုက်ပေးတာဖြစ်လို့  ကိုယ့် SS နံပါတ်သုံးပြီးလျောက်သွားရင်တောင် ပြည်သူက မသိနိုင်ပါဘူး။ ထရမ့်ကတော့ သူက ကျန်းမာရေးထောက်ပံ့မယ်ဆိုရင် အခုလို ဖြတ်စားလတ်စားတွေ မဖြစ်အောင် ငွေကို ပြည်သူလက်ထဲ တိုက်ရိုက်ထည့်ပြီး သူတို့ကိုယ်တိုင် အာမခံဝယ်တာမျိုး လုပ်စေမယ်လို့ ဆိုပါတယ်။

အခုလို ခိုးနေတာတွေက စနစ်ရဲ့ ချွတ်ယွင်းချက်တွေကြောင့်မဟုတ်ပဲ​ တမင်ကို ခိုးလို့ရအောင် လမ်းဖွင့်ပေးထားတဲ့ စနစ်တွေဖြစ်နေပြီး မှန်ကန်တိကျဖို့အစား မြန်ဖို့နဲ့ နိုင်ငံရေး အမြတ်ထုတ်ဖို့ကို ဦးစားပေးထားတာပါ။ ကာလီဖိုးနီးယားမှာလည်း အလုပ်လက်မဲ့ခံစားခွင့်ပေါ်မှာ လိမ်လည်မှုတွေက ဘီလီယံ ၂၀ကျော် ဆုံးရှုံးခဲ့ပါပြီ။ သေဒဏ်ကျနေတဲ့ ထောင်သားတွေရဲ့ SS ကအစ ယူသုံးပြီး လိမ်နေကြတာပါ။ ဒီလောက် ခြိမ့်ခြိမ့်သဲ ခိုးနေကြတာတောင် ဘယ်သူမှ ပြစ်ဒဏ်မကျတော့ ဆက်လုပ်ဖို့ တွန်းအားတောင် ပေးစရာလိုမယ်မထင်ပါဘူး။ ဒါဆိုရင် ဒီမိုကရက်တွေက ဆင်းရဲသူတွေကို စာနာသလို အကြောင်းပြ အသံကောင်းဟစ်ပြီး အစိုးရကအကုန်ဝင်စီမံတဲ့စနစ်၊ ဆိုရှယ်လစ်စနစ်ကို သွားဖို့ ဘာကြောင့် ဇောင်းပေးနေသလဲဆိုတာ ရိပ်မိကြမယ်ထင်ပါတယ်။

ကာလီဖိုးနီးယားက နူဆမ်အဆိုးရက ၂၀၁၉-၂၀၂၅အတွင်း 911 စနစ်ကို အဆင်မြင့်တည်နေရာပြစနစ်၊ text, video တွေပါလုပ်လို့ရတဲ့ “Next Generation 911” စနစ်အဖြစ် ပြောင်းလဲဖို့ သန်း ၄၅၀ သုံးစွဲခဲ့ပါတယ်။ ဒီနှစ်နှောင်းပိုင်းမှာတော့ ဒီဇိုင်းမကောင်းလို့ အလုပ်မဖြစ်ပါဘူးဆိုပြီး လုပ်လက်စ ပရောဂျက်ကိုဖျက်ပြီး အသစ်ပြန်စမယ်လို့ ကြေငြာပါတယ်။ HSR အမြန်ရထားလမ်းဖောက်သလို  အဆိုးရအဆင့်ဆင့်သာ ချမ်းသာသွားတယ်၊ ပြည်သူမှာတော့ ဆောင်လိုက်ရတဲ့အခွန်၊ တက်လိုက်တဲ့ အခတွေက မစားရ မသောက်ရနဲ့ ပလုံတာပါပဲ။ ၂၀၂၆-၂၇အတွက် ကာလီဖိုးနီးယားရဲ့ ဘတ်ဂျက်လိုငွေ ခန့်မှန်းခြေ ကို ၅ဘီလီယံ လျော့ပြထားတာ၊ တကယ်တမ်းက ၁၈ဘီလီယံလိုငွေပြမှာလို့ Legislative Analyst’s Office က ဝန်ခံသွားပါပြီ။ ၂၀၂၃-၂၄မှာ လိုငွေ ၂၇ဘီလီယံ၊ ၂၀၂၄-၂၅မှာ လိုငွေ ၅၅ ဘီလီယံ ဖြစ်ခဲ့တော့ ၁၈ဘီလီယံနဲ့ ရပ်ပါ့မလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။

သူတို့ခိုးတာ၊ ညံ့တာတွေ ပေါ်တဲ့အခါ သူတို့အပြစ်ကို အာရုံလွှဲဖို့ ဟိုလူကြီးကို မုန်းခိုင်းတဲ့ ဆိုက်ဝါးသုံးတဲ့နည်းက ဖန်တရာတေနေပေမယ့် ဒီမိုကရက်အတော်များများကြား အလုပ်ဖြစ်နေဆဲပါ။ ကိုယ့်အရေး၊ ကိုယ့်ပြည်နယ်အရေးထက် ဟိုလူကြီးကို မုန်းဖို့က ပိုအရေးကြီးနေတော့ ဘက်ချင်းတူရင် ဘယ်လောက်ညံ့ညံ့ ဘယ်လောက်ခိုးခိုး မျက်စိမှိတ် ထောက်ခံကြတော့တာပဲ။ အစိုးရဆိုတာ ပြည်သူရဲ့ ထိန်းကျောင်းမှုအောက်မှာ ရှိရပါတယ်။ တပါတီ/ အင်စတီကျူးရှင်းတခုထဲက နှစ်အကြာကြီး အုပ်စိုးလာပြီဆိုရင် အကျင့် ပျက်လာနိုင်တာ၊ လူထုအကျိုး၊ လူထုဆန္ဒကို အလေးထားဖို့ ပေါ့လျော့လာနိုင်တာ ထည့်ကိုစဥ်းစားရမယ့် လူ့သဘာဝပါ။  

ပြီးခဲ့တဲ့အောက်တိုဘာမှာ ဒီမိုကရက်အမျိုးသားကော်မီတီ DNC က ၁၅သန်း ငွေချေးယူခဲ့ရပြီး နောက်ထပ် သန်း ၂၀ချေးယူနိုင်ဖို့ line of credit ဖွင့်ထားရပါပြီ။ ကြားဖြတ်ရကပရောက်ဖို့ တနှစ်ကျော်လိုသေးတဲ့အချိန်မှာ အဲဒီလောက်အများကြီး ချေးယူရတာဖြစ်တဲ့အပြင် ချေးငွေအများစုက ကြွေးသစ်ဖြစ်တဲ့အတွက် ပါတီက ငွေကြေးအရ အတော့ကို အကြပ်အတည်း ဖြစ်နေပုံပါပဲ။ ၂ပါတီလုံးက ၂၀၁၀လောက်မှာ ၁၀သန်းကျော်ကြွေးထူခဲ့ကြတာကနေ အခုအချိန်မှာ RNC က ငွေသား သန်း၈၀လောက် ကိုင်ထားနိုင်ပါပြီ။ အဓိကကွာသွားတာက လက်ရှိ တာဝန်ယူနေသူတွေရဲ့ ငွေကြေးစီမံခန့်ခွဲမှုဖြစ်ပြီး ထရမ့်တို့ အီလွန်တို့ပိုက်ဆံတွေကြောင့် မဟုတ်ပါဘူး။ DNC ကို အဓိကလှူကြတာက ဘီလျံနာတွေ ဆိုပေမယ့် RNC ကို လှူသူအများစုက ဆယ်/ရာဂဏန်းလောက်လှူနိုင်တဲ့ ပြည်သူတွေပါ။

USAID မှာ Non-profit တွေကတဆင့် ပြည်သူ့ငွေတွေ အပေးပြလိုက်၊ တဖက်လှည့်နဲ့ ပြန်သွင်းပြီး ဇီးသီးဗန်းမှောက်လိုက်/ အမှောင်ကိစ္စတွေမှာ သုံးလိုက်၊ လုပ်ကြသလိုပဲ ဒီမိုကရက်တွေက ခြစားနေတဲ့ ဗျူရိုကရက် ယန္တယားကို အသုံးချပြီး ခရိုနီနဲ့ non-profit ပေါင်း စားပေါက်အကြီးကြီးတွေ ရှာနေတာ နေရာတိုင်းမှာပါ။ အခု USAID နဲ့ အစိုးရဌာနတွေက ယိုပေါက် လိမ်ပေါက်တွေကို ဖြတ်တောက် ကြပ်မတ်နေတာနဲ့ DNC ကြွေးယူနေရတာနဲ့ ဆက်စပ်နေမလားလို့ တချို့က သံသယ ရှိနေကြပါတယ်။

Leave a comment