ဆိုမာလီလိမ်/ခိုးမှုတွေနဲ့ နာမည်ဆိုးထွက်နေတဲ့ မင်နီဆိုးတားမှာ သံသယရှိသူ နောက်ထပ်၆ဦးကို တာဝန်ရှိသူတွေက စွဲချက်တင်လိုက်ပါတယ်။ ဒီတခါခိုးတဲ့ပုံစံက ၄ခုမြောက်လိမ်နည်းဖြစ်ပြီး မက်ဒီကိတ် တခုထဲမှာတင် ၉ဘီလီယံကျော်အထိ ဆုံးရှုံးနိုင်တယ်လို့ အစိုးရရှေ့နေ Joe Thompson က ဆိုပါတယ်။ ၁၈ဘီလီယံဖိုးရှိတဲ့ မက်ဒီကိတ် claim တွေကို ၂၀၁၈ကစပြီး ပြန်စစ်ဆေးနေကြောင်း၊ အဲဒီထဲက တဝက်(သို့)တဝက်အထက်က အလိမ်တွေဖြစ်နိုင်ကြောင်း၊ စစ်ဆေးမှုတွေက မက်ဒီကိတ်ထဲက လိမ်လို့ကောင်းတဲ့ ဝန်ဆောင်မှုခေါင်းစဥ် ၁၄ခုကိုပဲ စစ်တာဖြစ်ကြောင်း၊ နောက်ထပ် ၅ဦးကိုလည်း Housing Stabilization Services အစီအစဥ်ကို အလွဲသုံးမှုနဲ့ စွဲချက်တင်ထားကြောင်း၊ အဲဒီထဲက ၂ဦးက မင်နီဆိုးတာကမဟုတ်ပဲ အဆိုပါအစီအစဥ်ကနေ ငွေရလွယ်လို့ လာတာဖြစ်ကြောင်း၊ “fraud tourism” ဆိုတဲ့ လိမ်စားချင်တဲ့သူတွေ လိမ်လို့လွယ်တဲ့နေရာတွေဆီ သွားကြတာတွေက တခြားမှာလည်း ရှိပေမယ့် မင်နီဆိုးတားမှာ အများဆုံးတွေ့ရကြောင်း၊ နောက်တဦးကိုတော့ အော်တစ်ဇင်ကလေးတွေကို ဆားဗစ်ပေးတယ်ဆိုတဲ့ ကုမ္ပဏီထောင်ပြီး တကယ်မပေးတဲ့ ဆားဗစ်တွေအတွက် မက်ဒီကိတ်ကနေ ၆သန်းကျော် ပြန်ရကြောင်း၊ ဝိုင်းလိမ်ပေးတဲ့ မိဘတွေကိုပါ ပိုက်ဆံပေးကြောင်း၊ အော်တစ်ဇင်နဲ့ ဝင်ငွေနည်းကလေးထမင်းကျွေးတဲ့အစီအစဥ်ကို လိမ်ပြ မတရား ပိုပြတဲ့နောက်တဦးက ၁၄.၅သန်းလောက် ရသွားကြောင်း၊ သူတို့က တခြားပြည်နယ်တွေအထိ သွားပြီး ဝိုင်းလိမ်မယ့်သူတွေခေါ်ကာ ဝေစားမျှစား လုပ်ကြကြောင်းတို့ ပြောသွားပါတယ်။
မင်နီဆိုးတားပြည်နယ်ဟာ ဆိုမာလီအများဆုံးအခြေချတဲ့ ပြည်နယ်ဖြစ်ပေမယ့် ဆိုမာလီနဲ့ ပတ်သက်တဲ့ လိမ်/ခိုးမှုတွေက သူတို့ဒုတိယအများဆုံး အခြေချတဲ့ အိုဟိုင်းအိုးပြည်နယ် မှာလည်း ဒင်းကြမ်းပါပဲ။ မက်ဒီကိတ်နဲ့ SNAP တွေမှာ သန်းဆယ်ချီလိမ်ထားတာတွေ တွေ့ရှိထားပါတယ်။ မိသားစုထဲမှာ နာမကျန်းသူရှိရင် အိမ်မှာပဲ ကျန်းမာရေးစောင့်ရှောက်ပေးဖို့ မက်ဒီကိတ်က တနှစ်ကို $၉၁,၀၀၀ အထိပေးတာကို လိမ်ယူနေကြတာတွေ၊ တကယ်ဆေးကုခံရတာမဟုတ်ပဲ bill အတုတွေနဲ့ ငွေလိမ်ထုတ်တာတွေ၊ ဝင်ငွေနည်းဆိုသူတွေကို အစားအစာဖိုးထောက်ပံ့ပေးတဲ့ SNAP အစီအစဥ်ကနေ ထုတ်ပြီး ဆိုင်ဖွင့်ရောင်းစားသူတွေ၊ SNAP မှာမရတာတွေ ဝယ်ချင်သူတွေအတွက် SNAP ကို ငွေသားလျော့ဈေးနဲ့ ပြန်ဝယ်ပေးတာတွေ စတဲ့နည်းတွေနဲ့ ခိုးကြပါတယ်။
ဝင်ငွေနည်းဆိုသူတွေကို အစားအစာဖိုးထောက်ပံ့ပေးတဲ့ SNAP အစီအစဥ်ဟာ မိသားစုဝင်ဦးရေ၊ အိမ်ထောင်စုဝင်ငွေနဲ့ သုံးစွဲမှုပေါ်မူတည်ပြီး ပေးတာဖြစ်တဲ့အတွက် ဆိုမာလီကလူတွေလို မိန်းမများ၊ မိသားစုများတဲ့လူတွေအတွက် ငွေအိုးကြီးပါပဲ။ ပေးသမျှ ကုန်အောင်မသုံးရင် ထပ်မရ/ လျော့ရမှာ ဆိုတော့ မကုန်ကုန်အောင် ဖြုန်းကြတော့တာပါ။ ဘော်စတွန်မှာလည်း ဟေတီက လူ ၂ဦး အပေါ်မှာ ပြောခဲ့တဲ့နည်းတွေနဲ့ ဆိုင်ဖွင့်ပြီး SNAP အစီအစဥ်ကို ၇သန်းကျော်ဖိုး အမြတ်ထုတ်နေလို့ food stamp လိမ်လည်မှုနဲ့ စွဲချက်တင် ခံထားရပါပြီ။ ပြစ်မှုထင်ရှားရင် ထောင် ၅နှစ်နဲ့ ဒဏ်ငွေ ၂၅၀,၀၀၀ အထိ ကျနိုင်ပါတယ်။ သူတို့ရဲ့ ဆိုင်သေးသေးလေး ၂ခုက အနီးအနားက ဆူပါမားကက်ကြီးထက် ၁.၅-၅ဆလောက်အထိ ငွေဝင်တာ အများကြီး ပိုကြမ်းနေတယ်လို့ အစိုးရရှေ့နေက ဆိုပါတယ်။
လူဦးရေ တသန်းသာသာရှိပြီး မဲပေးဖို့မှတ်ပုံတင်ထားသူ ၉သိန်းမပြည့်တဲ့ ဂျော်ဂျာပြည်နယ် ဖူလ်တန် ကောင်တီမှာ ၂၀၂၄တုန်းက မဲပေးသူ ၄၄၆,၁၇၇ရှိပါတယ်။ ၂၀၂၀တုန်းက မဲရုံဝန်ထမ်းလက်မှတ်မပါတဲ့
ကြိုတင်မဲ ၃၁၅,၀၀၀ ခန့်ကို ထည့်ရေခဲ့တယ်လို့ ဒီလထဲ ကျင်းပတဲ့ ပြည်နယ်ရကပဘုတ်အဖွဲ့ရဲ့ ကြားနာမှုတခုမှာ တာဝန်ရှိသူတွေက ဝန်ခံသွားပါပြီ။ ဒီလောက်လိမ်တာတောင် ဘိုင်ဒန်ဘက်က ၁၁,၇၇၉မဲထဲနဲ့ ကပ်နိုင်ခဲ့တာပါ။ အခုလို အမှန်တရားပေါ်ပေါက်လာဖို့အတွက် ရကပမျှတမှန်ကန်ရေး လှုပ်ရှားသူ ဒေသခံဒေးဗစ်ခရော့စ်နဲ့ ဖူလ်တန်ကောင်တီရကပ မှတ်ပုံတင်ဘုတ် ရှေ့နေ အန်းဘရွန်ဘော့တို့က အသည်းအသန်လှုပ်ရှားခဲ့ရတာပါ။ မဲပေးသူအားလုံးရဲ့ ၃/၄နီးပါးမဲတွေက “အင်” တွေဖြစ်နေတာက မတော်တဆမှားတာမျိုး မဟုတ်တော့ပါဘူး။ Chian of custody and certification ကို အကြီးအကျယ်ဖောက်ဖျက်တာဖြစ်နေပါပြီ။ ဒါက ပြည်နယ်တခုရဲ့ ကောင်တီတခုပဲ ရှိပါသေးတယ်။ တနိုင်ငံလုံးပေါင်းတော့ မဲတောင်ဖြစ်ဖြစ်မြောက်မြောက် ထွက်မဆွယ်နိုင်တဲ့ ဘိုင်ဒန်က ဘယ်လိုမှ မဖြစ်နိုင်တဲ့ မဲ၈၁သန်းရတယ်ဆိုတာ ဖြစ်လာတာပေါ့။
အမေရိကန်ရဲ့ ပုံမှန်ရကပတွေမှာ မဲထွက်ပေးသူက မဲပေးနိုင်သူရဲ့ တဝက်၊ တခါတလေမှ အလွန်ဆုံး ၆၀% လောက်ပဲ ရှိကြပေမယ့် ၂၀၂၀မှာ ဆိုမာလီခိုးမှုနဲ့ နာမည်ကြီးတဲ့ မင်နီဆိုးတားက ၈၀%၊ အပြာပြည်နယ်တွေ ဖြစ်ကြတဲ့ ကိုလိုရာဒို၊ ဝါရှင်တန်၊ ဝစ္စကွန်ဆင်၊ အော်ရီဂွန်၊ မိန်း၊ နယူးဂျာစီ၊ နယူးဟမ်ရှိုင်းယားတို့က ၇၅-၇၆% ကျော်ပါတယ်။ အမေရိကန်က အပြာပြည်နယ်တွေမှာတောင် မြို့ကြီးတွေပဲပြာတာဖြစ်လို့ ကျန်နေရာတွေက မဲအရေအတွက်ကို နှုတ်လိုက်ရင် မြို့ကြီးတွေမှာ မဲအရေအတွက်က မဲပေးနိုင်သူရဲ့ ၁၀၀%ကျော်နေတာ မဖြစ်နိုင်တာ မဟုတ်တော့ပါဘူး။
အမေရိကန်က ပြည်ထိုင်ခိုးတွေအကြောင်း ဆက်ရရင် အာဖဂန်ကို ပြန်လည်တည်ဆောက်ဖို့ ၁၄၅ ဘီလီယံသုံးခဲ့တဲ့ ပရောဂျက်က ပလုံသွားသလို အဲဒီထဲက ၂၆ဘီလီယံက အလိမ် အလေအလွင့် အလွဲသုံးတွေကြောင့် ကုန်ခဲ့ရတာလို့ Special Inspector General for Afghanistan Reconstruction က နောက်ဆုံးထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဘိုင်ဒန်တို့ (တာလီဘန်နဲ့ တရုတ်ဖို့) ထားပစ်ခဲ့တဲ့ စစ်လက်နက်ပစ္စည်းတွေ ယာဥ်ယန္တယားတွေ အဆောက်အဦတွေက ၃၈ဘီလီယံ တန်ဖိုးရှိပါတယ်။ ဘိုင်ဒန်တို့က အဲဒီလိုဖြုန်းတီးတာတွေအပြင် တပ်ရုပ်ခဲ့တဲ့ ၂၀၂၁ထဲမှာ (FBI ရဲ့ အကြမ်းဖက် စောင့်ကြည့်စာရင်းမှာ ပါဝင်နေတဲ့ အကြမ်းဖက်လို့ သိထားပြီးသူနဲ့ သံသယရှိသူ အာဖဂန် ၁၈,၀၀၀ ကို သိသိချည့်နဲ့ ဝင်ခွင့်ပေးတယ်လို့ National Counterterrorism Center Director Joseph Kent က ဆိုပါတယ်။ ခုထိ အဲဒီထဲက အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်နေတဲ့ ၂၀၀၀ကို ခြေရာခံမိပြီး တရားမဝင်ဝင်လာတာတွေပါဆိုရင် ဒီနိုင်ငံထဲမှာ အကြမ်းဖက်တွေ ဘယ်လောက်တောင် ရောက်နေနိုင်မလဲဆိုတာ စိုးရိမ်စရာဖြစ်ကြောင်းလည်း သတိပေးသွားပါတယ်။
အမေရိကန်တွေ အာဖဂန်ကို စဝင်ခဲ့တဲ့ အကြောင်းရင်းကို ဝီကီလိခ်က ဂျူလီယန်အာဆန့်ချ်က “ရည်ရွယ်ချက်ကတော့ အမေရိကန်နဲ့ ဥရောပက ပြည်သူ့အခွန်တွေ အာဖဂန်ကို ရောက်လာဖို့နဲ့ အဲဒီကနေပြန်ပြီး နိုင်ငံတကာ လုံခြုံရေးပေါ်လစီတွေကို ချမှတ်နေကြတဲ့ လူတွေလက်ထဲ (non-profit တွေ ခရိုနီတွေကတဆင့်) တဖက်လှည့်နဲ့ ပြန်ယူဖို့ပါလို့ သုံးသပ်ပါတယ်။ ငြိမ်းချမ်းဖို့ စစ်နိုင်ဖို့ တိုက်နေကြတာမဟုတ်ပဲ မပြီးနိုင် မစီးနိုင် မျှင်းပြီး ကြာကြာစားလို့ရအောင် လုပ်ကြတာပါ။ အဲဒါကြောင့် သူတို့လက်ထက် စလိုက်တဲ့ စစ်ပွဲမှန်သမျှ သူတို့အတင်းဝင်ပါနေတဲ့ စစ်ပွဲမှန်သမျှ ယူကရိန်းစစ်အပါအဝင် မပြီးနိုင် မစီးနိုင် ဖြစ်နေတာပါ။
သမ္မတထရမ့်အစိုးရဟာ Warrior dividend အဖြစ် ၁.၄၅သန်းရှိတဲ့ လက်ရှိတာဝန်ထမ်းဆောင်နေဆဲ စစ်မှုထမ်း အဆင့်ဆင့်ကို $1776 တကြိမ်တည်းပေးငွေအနေနဲ့ ပေးမှာဖြစ်သလို လက်ရှိလစာကို ၃.၈% တိုးပေးဖို့ NDAA ကိုလည်း လက်မှတ်ထိုးမှာဖြစ်ပါတယ်။ Warrior Dividend အတွက် ၂.၆ဘီလီယံ ကုန်ကျမှာဖြစ်ပြီး အဲဒီငွေကို One Big Beautiful Bill Act (အခုတော့ the Working Families Tax Cut Act လို့ခေါ်တဲ့) ဥပဒေမှာပါတဲ့ Basic Allowance for Housing (BAH) ဘတ်ဂျက်ကို ၂.၉ဘီလီယံကို တိုးပေးတဲ့ ထဲကနေပေးတာဖြစ်ပါတယ်။ BAH ကို ၂၀၂၆မှာ ပျမ်မျှ ၄.၂% တိုးပေးသွားဦးမှာပါ။ ထရမ့်ရဲ့ စစ်ရေးဌာနမှာ ဌာနတွေကြား ပိုက်ဆံလှည့်သုံးနေရတာဖြစ်ပြီး အဲဒီလို လှည့်သုံးခဲ့လို့လည်း ၄၃ရက် ကြာခဲ့တဲ့ government shutdown အတွင်းမှာ တပ်သားတွေကို လခဆက်ပေးနေနိုင်ခဲ့တာပါ။
ကနေဒါရဲ့ MAID ဆေးထိုးသေနိုင်တဲ့ အစီအစဥ်တရားဝင်စတင်ခဲ့တဲ့ ၂၀၁၆ကနေ ဒီနှစ်အထိ လူတသိန်း နီးပါး သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၂၄တုန်းက ၁၆,၄၉၉က အရင်နှစ်ကထက် ၆.၉% တက်လာခဲ့တာ ဖြစ်ပြီး သေဆုံးသူစုစုပေါင်းရဲ့ 5% ကျော်နေပြီလို့ သိရပါတယ်။ ဆိုရှယ်လစ် ကျန်းမာရေးစနစ် ကျင့်သုံးတဲ့ ကနေဒါနိုင်ငံမှာ ကုသမှုခံယူရဖို့ လပေါင်းများစွာ စောင့်ဆိုင်းရနိုင်တာကြောင့် နာကျင်ခံခက်တဲ့ ရောဂါရှိသူများဟာ မစောင့်နိုင်/ မခံနိုင်တော့ရင် ရွေးစရာအနေနဲ့ MAID ကို ကမ်းလှမ်းကြတာတွေ ရှိလာသလို စစ်ပြန်များအပါအဝင် မစွမ်းမသန်တွေကို သေနိုင်တဲ့ရောဂါမျိုး မရှိနေရင်တောင် MAID မှာပါဝင်ဖို့ ကမ်းလှမ်းတာတွေ ရှိလာနေပြီလို့ ယူသနေးရှားကာကွယ်ရေး ညွန့်ပေါင်းအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ အဲလက်စ်ရှာဒန်ဘတ်က ဆိုပါတယ်။ ကုလားအုတ်သီအိုရီလိုပဲ အစမှာ အပြစ်ကင်းတဲ့ပုံစံနဲ့ စဝင်ပေမယ့် အသုံးကြမ်းတဲ့အစိုးရ၊ ခြစားတဲ့ဗျူရိုကရေစီယန္တယား၊ ကမ္ဘာမှာ လူဦးရေသိပ်များနေတယ်လို့ မြင်ကြတဲ့ ဇီးသီးဗန်းနဲ့ ဇိမ်ကျနေကြသူ လက်ဝဲတွေလက်ထဲမှာ နိုင်ငံရေးလက်နက်/ လူမျိုးရေးလက်နက်လည်း ဖြစ်သွားနိုင်ပါတယ်။