ထရမ့်အစိုးရက နိုင်ငံတွင်းမှာ တရားမဝင်နေထိုင်သူတွေ နှစ်မကုန်ခင် ကိုယ့်ဖာသာကိုယ် ပြန်မယ်ဆိုရင် သူတို့ကို စာရင်းပေးပါ၊ ထောက်ပံ့ငွေ ၃၀၀၀ အပြင် အခမဲ့ လေယာဥ် စီစဥ်ပေးမယ်၊ သူတို့ဖမ်းမိလို့ ပြန်ပို့ခံရရင်တော့ နောက်ဆက်တွဲ ပြဿနာတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ပြည်တွင်းလုံခြုံရေးဝကဌာနက ကြေငြာသွားပါတယ်။ အကျုံးဝင်တဲ့လူတွေထဲမှာ ရာဇဝတ်ပြစ်မှု ကင်းရှင်းသူဖြစ်ရမှာဖြစ်ပြီး အခုလို ပြန်မယ်ဆိုရင် နောက်တခါ တရားဝင်ပြန်လာဖို့ ဖြစ်နိုင်မယ်၊ သူတို့ဖမ်းမိလို့ ပြန်ပို့ရရင်တော့ နောက်တခါ ပြန်လာဖို့ မဖြစ်နိုင်တော့ပါဘူးလို့ ဆိုပါတယ်။ အရင်က $၁၀၀၀ ပေးတုန်းက ၁သန်းကျော် ပြန်ကြတာကနေ ၃ဆတိုးပေးတာ ဖြစ်ပါတယ်။ အရင်က ကိုယ့်ဖာသာကိုယ် ပြန်မယ်လို့ အကြောင်းကြားပြီးရင် ပြင်ဆင်ချိန်ပေးပေမယ့် ခုတကြိမ်မှာ အဲဒီလို ပြောထားတာ မတွေ့တဲ့အတွက် နှစ်မကုန်ခင် ပြန်ရဖို့ များပါတယ်။ စိတ်ဝင်စားကြသူများ CBP Home App ကနေ သွားရောက် လျောက်ထားနိုင်ကြပါတယ်။
ဒီကနေ့ သမ္မတထရမ့်ရဲ့ ကြေငြာချက်မှာ အမေရိကန်ရေတပ်က ယနေ့ခေတ် ထိပ်တိုက်ပဋိပက္ခတွေကို ကောင်းကောင်းတိုက်ခိုက်နိုင်မယ့် တန် ၃သောင်း-၄သောင်းအထိ ရှိမယ့် တိုက်ရေယာဥ်ပုံစံသစ် ၂စီးကို ဒီဇိုင်းထုတ်ပြီး တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။ ဒီ ၂စီးဟာ အမေရိကန်မှာ ဆောက်သမျှထဲမှာ အကြီးဆုံးတွေ ဖြစ်လာမှာဖြစ်ပြီး နေဗီရဲ့ အရင်ပလန်ဖြစ်တဲ့ ဖျက်သင်္ဘော DDG ထုတ်လုပ်မယ့် အစီအစဥ်ကို အစားထိုးမှာ ဖြစ်ပါတယ်။ ပထမတစီးဖြစ်တဲ့ USS Defiant ကို ၂၀၃၀အစောပိုင်းနှစ် တွေမှာ ပြီးစီးဖို့ ရည်မှန်းထားပါတယ်။ အခုထုတ်လုပ်မယ့် Trump class စစ်သင်္ဘောတွေမှာ အရင် Iowa class လိုပဲ သေနတ်တွေ အမြှောက်တွေပါဝင်မယ့်အပြင် ဟိုက်ပါဆိုးနစ်လက်နက်တွေ၊ ယမ်းအားသုံးမဟုတ်ပဲ အားကောင်းတဲ့ လျှပ်စစ်စီးကြောင်းကို သုံးပြီး ဝေးဝေး မြင့်မြင့် ပစ်လွှတ်နိုင်မယ့် electronic rail gun တွေနဲ့ လေဆာသုံး ပါဝါမြင့်လက်နက်တွေ တပ်ဆင်ထားမှာဖြစ်ပါတယ်။ အဲဒီ ၂စီး ထုတ်ပြီး နောက်ပိုင်းမှာ အစီး ၂၀ကျော်အထိ ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်။ အခုလို ထုတ်လုပ်မယ့်အတွက် အမေရိကန်ပေါင်း ထောင်နဲ့ချီပြီးလည်း အလုပ်အကိုင်တွေ ရကြဦးမှာပါ။
သမ္မတထရမ့်က ဂရင်းလန်ကျွန်းဟာ အမေရိကန်လုံခြုံရေးအတွက် အင်မတန်အရေးပါတာဖြစ်လို့ ရယူဖို့ နိုင်ငံခြားဝန် မာကိုရူဘီယိုကို အထူးသံတမန်အနေနဲ့ ခန့်အပ်သွားမယ်လို့ ဆိုပါတယ်။ အမေရိကန်ဟာ သံယံဇာတ ကြွယ်ဝပြီးသားဖြစ်လို့ ဂရင်းလန်ကျွန်းကို ရယူချင်တာဟာ သံယံဇာတတွေကြောင့်မဟုတ်ပဲ လုံခြုံရေးကြောင့်သာဖြစ်ကြောင်း၊ ကျွန်းတဝိုက်ကိုကြည့်ရင် တရုတ်နဲ့ ရုရှားသင်္ဘောတွေ ခြေချင်းလိမ်နေတာ တွေ့ရမှာဖြစ်ကြောင်းလည်း ပြောသွားပါတယ်။
ဂျော်ဂျာပြည်နယ် ဖူလ်တန်ကောင်တီမှာ ထည့်မရေသင့်တဲ့မဲ ၃သိန်းကျော်ကို ထည့်ရေခဲ့တာ ပေါ်သွားပြီးတဲ့နောက် အဲဒီတုန်းက မဲမသမာမှုကို တရားစွဲဆိုခဲ့တဲ့ နယူးယောက်မြို့ဝန်ဟောင်း ရှေ့နေ ရူဒီဂျူလီယာနီကို ပြည်နယ်တာဝန်ရှိသူတွေက အသရေဖျက်မှုနဲ့ ၁၄၈သန်း ပေးလျော်ဖို့ ပြစ်ဒဏ်ချခဲ့တဲ့ အမှုကို ပြောင်းပြန်လှန်ဖို့နဲ့ ပိုက်ဆံပြန်ပေးဖို့ တောင်းဆိုသံတွေ ညံလာပါတယ်။ မဲမသမာမှုတွေ ဖြစ်ခဲ့တဲ့ နေရာအများစုက ဒီမိုကရက်တွေ လွှမ်းမိုးထားတဲ့ မြို့ကြီးတွေလည်းဖြစ်၊ ဆိုရော့စ်ရဲ့ ရာဇဝတ်မှု အားပေးသူ ဒီအေတွေ မင်းမူကြတဲ့ နေရာတွေလည်းဖြစ်တော့ ဂျူလီယာနီရော အလားတူ မဲမသမာမှုကို စိန်ခေါ်ခဲ့ကြတဲ့သူတွေဟာ ဒေဝါလီခံရတာတွေအပါအဝင် ကြွေးပတ်လည်ဝိုင်းပြီး ဘဝပျက်လုနီးပါး မတရားမှုဒဏ် ခံခဲ့ကြရတာပါ။
ပျောက်ဆုံးနေတဲ့ ကလေးငယ်ပေါင်း ၁၂၉,၀၀၀ ကို ထရမ့်လက်ထက်မှာ ကိုရေခဲတို့အဖွဲ့က ပြန်တွေ့အောင် ရှာနိုင်ခဲ့ပြီလို့ ICE အကြီးအကဲ Tom Homan က ဆိုပါတယ်။ လိင်ကုန်ကူးတွေထံက ပြန်ကယ်လို့ရတဲ့ တချို့ကလေးတွေဟာ ၁နှစ်အရွယ်ပဲ ရှိသေးတယ်လို့ သိရပါတယ်။ ဝမ်းထဲက သန္ဓေသားကိုတောင် အရက်စက်ဆုံးနည်းတွေနဲ့ သတ်ဖို့ စေ့ဆော်နိုင်ကြတဲ့ သူတွေဆီက လူသားချင်း စာနာထောက်ထားမှုတို့ ကလေးမို့ ကြင်နာသနားတာတို့ မျှော်လင့်နေကြတယ်ဆိုရင် တခုခုတော့ အကြီးအကျယ် လွဲနေပြီဆိုတာ သဘောပေါက်ကြဖို့ လိုပါတယ်။
ပင်လယ်ပြင်ကနေ အမေရိကန်ကို ဝင်နေတဲ့ မူးယစ်ဆေးတွေကို ဖိဖိစီးစီး နှိမ်နှင်းနေတဲ့အတွက် အရင်ကထက် ၉၆.၂% ကျသွားပြီလို့ သမ္မတထရမ့်က ဆိုပါတယ်။ မူးယစ်ဆေးသယ်ဆောင်လာတဲ့ မြန်နှုန်းမြင့်စက်လှေတွေကို ပစ်ခတ်ဖျက်ဆီးလိုက်တိုင်း ဒီမိုကရက်တွေက ငါးဖမ်းလှေတွေပါ၊ မလုပ်သင့်ပါဘူးလို့ အကြီးအကျယ် ဆန္ဒပြ ကန့်ကွက်ကြပါတယ်။ ကုန်းလမ်းကလာတဲ့ မူးယစ်ဆေးတွေအပေါ်မှာလည်း အခုလို ဖိဖိစီးစီး နှိမ်နှင်းတာမျိုး လုပ်ဆောင်သွားဖို့ရှိတယ်လို့ သမ္မတက ပြောသွားပါတယ်။
ကာလီဖိုးနီးယားက Madera ကောင်တီမှာ နှစ်ကြာရှည်အလုပ်လုပ်ခဲ့တဲ့ လူမှုဖူလုံရေးဝန်ထမ်း လတီရှာ မာရစ္စကယ်လ်ဟာ သူအလုပ်လုပ်နေတဲ့ SNAP လိုမျိုး ကာလီဖိုးနီးယားဗားရှင်းဖြစ်တဲ့ CalFresh အစီအစဥ်ကနေ ၄နှစ်ကျော်အတွင်း ၄၀,၀၀၀ ကျော် ခိုးခဲ့လို့ ဖမ်းဆီးစွဲချက်တင် ခံနေရပါတယ်။ လတီရှာဟာ သူ့အလုပ်က database မှာ မြင်နေရတဲ့ အသက်ကြီး/ သေဆုံးသူ ၁၅ဦးရဲ့ အချက်အလက် တွေကိုယူလျောက်၊ သူ့ဖာသာသူအတည်ပြုပေးပြီး ခံစားခွင့်ထုတ်စားနေတာ ဖြစ်ပါတယ်။ အဲဒီထဲက အသက် ၉၁နှစ်ရှိ လူအိုစောင့်ရှောက်ပေးတဲ့ အိမ်ယာမှာ နေသူနာမည်နဲ့ အစိုးရအထောက်အပံ့ ယူစားနေတာကို သားဖြစ်သူက တွေ့ရှိတိုင်တန်းခဲ့ရာက လတီရှာရဲ့ ခိုးမှုကို ခြေရာခံမိတာပါ။ လုံခြုံရေးကင်မရာကနေ ရိုက်ကူးထားတဲ့ ဗီဒီယိုကို ပြလိုက်တော့မှ လတီးရှာက မငြင်းနိုင်တော့ပဲ ဝန်ခံလိုက်ရတာ ဖြစ်ပါတယ်။ ဖမ်းမိတော့တောင် သူ့ဘဲက ဂိုဏ်းစတားဆိုတော့ ကြောက်လို့ လုပ်ပေးရသလို ရွှီးသေးတာပါ။ ပြစ်ဒဏ်ကျခံရမယ်ဆိုရင် ထောင် ၁၀နှစ်နဲ့ ဒဏ်ငွေ ၂သိန်းခွဲ ပေးဆောင်ရမှာပါ။
နူဆမ်အစိုးရက ကာလီဖိုးနီးယားမှာ ဖက်ဒရယ်က ဘာလုပ်လုပ် ကန့်လန့်လိုက်တိုက်နေတော့ စစ်ဖို့ ဆေးဖို့ မလွယ်တဲ့အတွက် အခုလို တိုင်တန်းသူရှိမှ သိရတယ်ထင်ပါတယ်။ တကယ်သာစစ်လိုက်ရင် မင်နီဆိုးတား ထိုင်ငိုသွားရလောက်တဲ့ ခိုးမှုတွေ ရှိနိုင်မလားဆိုတာ နူဆမ်တို့လို ထိပ်ပိုင်းကလူတွေ ဘာစီးပွားရေးမှမလုပ်ပဲ သန်းရာချီကြွယ်ဝတဲ့ သူဌေးကြီးတွေလို နေနိုင်တာကြည့်ရင် ရိပ်မိပါလိမ့်မယ်။ CA ခရိုင် ၃ ကနေ ရီပါဘလစ်ကန် အောက်လွှတ်တော်အမတ်ဖြစ်လာတဲ့ Kevin Kiley က နူဆမ်အစိုးရဟာ ကဗကာလ အလုပ်လက်မဲ့တွေကိုပေးတဲ့ ထောက်ပံ့ကြေးကနေ အနည်းဆုံး ၃၂ ဘီလီယံကို လိမ်ညာတောင်းခံတာတွေအတွက် ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။ ကာလီဖိုးနီးယားက အမေရိကန်မှာ လူဦးရေအများဆုံး ပြည်နယ်လည်းဖြစ်၊ အပြာဆုံး၊ ခြအစားဆုံးလည်းဖြစ်တော့ တခြား ဘယ်ပြည်နယ်မှ သူ့လောက် ခိုးနိုင်မှာမဟုတ်ပါဘူး။
မင်နီဆိုးတားက ဝင်ငွေနည်းကလေးဆိုတာတွေကို ကျွေးတဲ့ အစီအစဥ်တွေ အော်တစ်ဇင် ဗန်းပြလုပ်စားတဲ့ အစီအစဥ်တွေလိုပဲ အိမ်ယာမဲ့ပြဿနာကို ဖြေရှင်းဖို့ ဘတ်ဂျက်အကြီးကြီးတွေ ရအောင်လုပ်ပြီး ကန်ထရိုက်တွေကို ချပေး၊ အရေအတွက်ပေါ်မှာ ပေးတာဖြစ်လို့ ထုံးစံအတိုင်း များလေ ကိုက်လေ၊ ခိုးလို့ ကောင်းလေ ဆိုပြီး လွယ်လွယ်ပေးတော့ အိမ်ယာမဲ့တွေ ပိုများလာ၊ အန်ဂျီအိုတွေကပါ အိမ်ယာမဲ့တွေကို စာနာသယောင်ပြပြီး ဝင်ဝိုက်တော့ အိမ်ယာမဲ့ပြဿနာက ပျောက်ဦးတော့မှာပေါ့။