ဇန်နဝါရီ ၂၆ ရက် ၂၀၂၆

မင်နီဆိုးတားမှာ ရေခဲတွေကို လိုက်လံနှောက်ယှက်တိုက်ခိုက်ကြတဲ့ အဖွဲ့တွေကို ဘယ်သူတွေက စုစည်းပေး၊ ငွေထောက်ပံ့ပေးနေတာလဲလို့ FBI က လိုက်နေတာမှာ ပေါ်လာတဲ့အဖွဲ့က Skye Whispers လို့ခေါ်တဲ့ Signal က အုပ်စုဖြစ်ပြီး စုစည်းသူခေါင်းဆောင်က ဒု-ဂါဗာနာ ဖြစ်နေတာကို တွေ့ရပါတယ်။ သူတို့အဖွဲ့လို့ ပေါ်သွားတဲ့နောက် အဖွဲ့ဝင်တွေက ဘယ်ကိုပြေးရမလဲ တိုင်ပင်နေကြပါတယ်။ အဲဒါကြောင့်ထင်ပါရဲ့ ဆင်ဖမ်းမယ် ကျားဖမ်းမယ်အော်နေတဲ့ ဂါဗနာတမ်ပွန်တင်မ်ရော မင်နီယားပုလိစ်မြို့ဝန်ပါ သမ္မတထရမ့် ဖုံးဆက်တာကို ဒီည တွမ်ဟိုမန်လွှတ်လိုက်မယ်ဆိုတာကို လက်ခံပါ့မယ် ဖြစ်သွားတော့တာပါပဲ။

ဒီအန်တီအိုက်စ်အဓိကရုဏ်းတွေက ဆိုမာလီလိမ်လည်မှုတွေ ပေါ်သွားပြီးမှ ပြင်းထန်လာခဲ့တာ သတိထားမိကြမှာပါ။ အခုလက်ဝဲတွေ အာဇာနည်လို ပုံဖော်နေတဲ့ အဲလက်စ်ပရက်တီကို ဟိုးတုန်းက လူရိုသေ ရှင်ရိုသေ သူနာပြုပုံနဲ့ ဖွကြဖြန့်ကြပေမယ့် တကယ်တမ်းမှာ အလုပ်ထွက်ထားတာ လအတန်ကြာ ပြီဖြစ်ပြီး ထရန်စ်တွေလိုဝတ်ကာ ပုံမှန်မဟုတ်တဲ့အမူအကျင့်မျိုး ရှိနေကြောင်း၊ သူက တချို့အုပ်စုတွေမှာ သွားပေါင်းနေတာနဲ့ ငါတို့က သူ့ကို ဆန္ဒပြချင်ပြ၊ ဒါပေမယ့် ထိပ်တိုက်တွေ့တာမျိုး၊ မဟုတ်မဟတ် ကြံစည်တာမျိုးလို မိုက်မိုက်မဲမဲတွေ မလုပ်ဖို့ လွန်ခဲ့တဲ့ ၂ပတ်က သတိပေးထားကြောင်း၊ ပြောသွားပါတယ်။ ရဲတွေရှိတဲ့နေရာကို ကျည်မတော်တဆထွက်တာမှာ နာမည်ရတဲ့ သေနတ်ကို မောင်းတင်ယူသွားပြီး ကျည်ထွက်မှတော့ အခုလိုဖြစ်ပြီပေါ့။ စိတ်ကျန်းမာရေးမကောင်းတဲ့သူတွေကို အမြတ်ထုတ်အသေခံစေတာ ဒီမိုကရက်လက်သုံးလို့ ပြောရမလိုပါပဲ။

မင်နီဆိုးတားက ရေခဲဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို ကြိုးကိုင်နေတဲ့ထဲမှာ ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးက ပါဝင်ပတ်သက်နေတာ တွေ့ရှိလာသလိုပဲ ဆန္ဒပြဆူပူလှုံ့ဆော်သူတဦးရဲ့ ကားထဲမှာ FBI က ခိုးသွားတဲ့ လက်နက်တွေ အပြင် ICE တွေနဲ့ သူတို့ရဲ့ ဇနီးတွေ၊ ကလေးတွေရဲ့ ကိုယ်ရေးအချက်အလက်ဖိုင်တွေ ကိုပါ တွေ့ရှိခဲ့ပါတယ်။ ဒါက သူတို့ထဲမှာ ဗျူရိုကရက်ထဲက အတွင်းလူပါနေပြီး အပြစ်မဲ့ပြည်သူ မဟုတ်တာထင်ရှားစေပါတယ်။

ရီနေးဂွတ်ဆိုလည်း လူသနားအောင် ဟိုးအရင်က ငယ်ငယ်ချောချောပုံလေးနဲ့ ကြော်ငြာကြပေမယ့် ဆန္ဒပြတဲ့ အချိန်မှာ အဲဒီလိုမဟုတ်တော့တဲ့အပြင် အသေအချာ လေ့ကျင့်ပေးထားတဲ့ လှုံ့ဆော်သူ ဖြစ်ပါတယ်။ နောက်တခုသွားတူနေတာက ဒီနှစ်ယောက်ရော ထရမ့်ကို လုပ်ကြံဖို့ ကြိုးစားသူရော ချာလီကာ့ခ်ကို လုပ်ကြံသူရောက ပုံမှန်ကျား/မတွေမဟုတ်ပဲ လူမှုရေးပြဿနာလည်း ရှိနေကြတဲ့ ထရန်စ်/လိင်တူချစ်သူတွေ ဖြစ်နေကြတာပါ။ အဲဒါတွေကို မီဒီညာက ဖုံးထားကြပြီး မျက်ရည်ချူဖို့ အတွက် ဖိုးသခွားလေးတွေ အပြစ်ကင်းသူလေးတွေလို ထင်အောင် လှည့်ဖြားကြပါတယ်။

ဆိုမာလီလိမ်လည်မှုကို အာရုံလွှဲဖို့နဲ့ သူတို့ကို အမာခံမဲပေးမယ့် ခိုးဝင်တွေကို ပြန်နှင်ထုတ်မခံရဖို့ မီဒီညာက အသည်းအသန် ကြိုးစားနေတာ တော်တော်လည်း ထိရောက်ပါတယ်။ တနိုင်ငံလုံးမှာ ဒီကိစ္စတခုတည်း အကြီးအကျယ်ဖြစ်နေသလိုပါပဲ။ ဒီမိုကရက်/ ဒီမိုကရက်တွေ မွေးထား/ ဖင် မထားတဲ့ ခိုးဝင်တွေ ရာဇဝတ်ကောင်တွေလက်ချက်နဲ့ စော်ကားခံ/ အသတ်ခံခဲ့ရတဲ့ တကယ့် ငယ်ငယ်ချောချော လေကန်ရိုင်လေတို့ အက်ရှ်လေဘက်ဘစ်တို့၊ ဂျိုက်စ်လင်းနန်ဂရီတို့ အီယာနာဇာရုစကာတို့ကျတော့ မီဒီညာက ဝမ်းနည်းပုံမရသလို ချာလီတုန်းကဆို ပျော်ရွှင်ပြကြသေးတာပါ။

ရေခဲအကြီးအကဲ တွမ်ဟိုမန်ဆိုတာက အမေရိကန်သမိုင်းမှာ နိုင်ငံသားမဟုတ်သူ ၃.၁သန်းကို နှင်ထုတ်/ပြန်ပို့ခဲ့တဲ့ Deporter in chief လို့ ခေါ်ကြတဲ့ လေဗြဲတွေရဲ့ အချစ်တော် အိုဘမ လက်ထက်မှာလည်း ရေခဲဒုအကြီးအကဲ ဖြစ်ခဲ့ပြီး အိုဘမရဲ့ အစိုးရအရာရှိတွေကိုပေးတဲ့ အမြင့်ဆုံးဆုတံဆိပ် ရထားသူဖြစ်ပါတယ်။ ကလင်တန်ဆို ၁၂.၃သန်းတောင် ပြန်ပို့ခဲ့တာပါ။ ထရမ့်ထက်ထက်ကျမှ အဲဒီလောက် ပုံကြီးချဲ့ တိုက်ခိုက်နေကြတာ ရိုးသားတယ်လို့ ဆိုနိုင်ပါ့မလား။

လေဗြဲများက 1st Amendment အရ ICE တွေကို ဗီဒီယိုရိုက်ခွင့်ရှိတယ်၊ 2nd Amendment အရ လက်နက်ကိုင်ခွင့်ရှိတယ်လို့ စောဒကတက်ပြကြပါတယ်။ ဒါပေမယ့် ရဲက တာဝန်အရ တရားမဝင် တွေကို ဖမ်းဆီးနေတဲ့အချိန်မှာ အဲဒီ ၂ခုလုံးလုပ်လို့မရပါဘူး။ လုပ်ရင် ဝတ္တရားနှောက်ယှက်မှုပါ။ ဆန္ဒပြသူတွေ အန္တရာယ်ကင်းစေချင်ရင် ဒီအချက်တွေကို ရှင်းပြထားဖို့ လှုံ့ဆော်သူတွေမှာ တာဝန်ရှိပါတယ်။ ဒီမိုကရက်တွေကျတော့ မီဒီယာအတွက် ပြင်ဆင်ထားတာ မဟုတ်တဲ့အချိန်မှာ ဗီဒီယိုရိုက်တာ ဓါတ်ပုံရိုက်တာ သတင်းထောက်တွေ ပြည်သူတွေက မေးမြန်းတာတွေကို လုံးဝ ခွင့်မပြုကြသလို လက်နက်ကိုင်ဆောင်ခွင့်ကို ဖျက်သိမ်းချင်နေတာလည်း သူတို့ပါပဲ။

အီရီဇိုးနား ရှေ့နေချုပ် ခရစ်စ်မေးစ်ကဆို ရေခဲတွေကို ပြည်သူတွေက ကိုယ့်ကိုယ်ကို ကာကွယ်တဲ့ဥပဒေနဲ့ ပစ်ခတ်လို့ ရတယ်လို့ အကြံပြုထားပါတယ်။ သူတို့နောက်လိုက်တွေ ဆိုတာလည်း cult တွေရဲ့ နောက်လိုက်တွေလိုပဲ။ အဲဒါကိုယုံလို့ ပစ်ရင် ပြန်ပစ်ခံရပြီး အသက်ဆုံးဦးမယ်၊ မသေတောင် အပြစ်ကြီးကြီးနဲ့ အရေးယူခံရဦးမယ်။ ပြောတဲ့/ခိုင်းတဲ့သူတွေကတော့ နိုင်ငံရေး အမြတ်ထုတ်လို့ ကောင်းတာပေါ့လေ။

အခုလို ဆူပူအောင်လုပ်နေတာက ဒီမိုကရက်သင်ရိုးအတိုင်းပါပဲ၊ အဆန်းမဟုတ်ပါဘူး။ ထရမ့်သက်တမ်း နှစ်ကြိမ်လုံးမှာ ထစ်ကနဲရှိ နိုင်ငံရေးအမြတ်ထုတ်မယ်၊ သူတို့အတွက် အကျိုးရှိမယ်ဆို သေးတဲ့အမှု ကြီးအောင်၊ ကြီးတဲ့အမှု ရှင်းမရအောင် မီးလောင်ရာ လေပင့်မယ်၊ ဆူပူမယ်၊ ဖျက်ဆီးမယ်၊ ပြည်သူကို အကြောက်တရားသွင်းမယ်၊ အဓိကက ထရမ့်လက်ထက်မှာ တိုင်းပြည်က အိုးနင်းခွက်နင်းနဲ့ ပြည်သူကမုန်း၊ နိုင်ငံတကာက မလေးစားဆိုတဲ့ ပုံစံမျိုး ပေါ်စေချင်တာပါ။ အဲဒီအတွက်လည်း မီဒီညာနဲ့ ဆိုရှယ်မီဒီယာပေါ်က လေတပ်သားတွေက အကြီးအကျယ် မောင်းကြပါတယ်။

လက်ဝဲသမားတွေက ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် တချိန်လုံး ဒေါသထွက် ဆဲဆိုနေတာကို တွေ့ရမှာဖြစ်သလို အဲဒီလို ဖြစ်အောင်လည်း အမြင်ဆိုးတဲ့ပုံတွေကိုပဲ ထပ်ခါထပ်ခါ ရွေးဖြန့်ကြပါတယ်။ အဲဒီတော့ လူ့စိတ်သဘာဝ အရ အဆိုးတွေချည့်မြင်တာများလာရင် အဆိုးတွေပဲတွေး​၊ အဆိုးတွေပဲပြောပြီး ဒေါသတွေနဲ့ နပမ်းလုံးတော့တာပါပဲ။ အဲဒီသံသရာထဲက ထွက်လာဖို့ မလွယ်ကြတော့ပါဘူး။ လေဗြဲမဟုတ်သူတွေက သူတို့လိုမဖြစ်ဘူးဆိုတာ အဲဒီလို မှိုင်းတိုက်တဲ့ မီဒီယာတွေ မကြည့်လို့ မဖတ်လို့ (သို့) နှစ်ဖက်လုံးကို ယှဥ်ကြည့်ပြီး make sense ဖြစ်တာကို ယူကြလို့ပါ။

ပြည်သူ့အကျိုးအတွက်ပဲ သုံးရမယ့် ပြည်သူ့ဘဏ္ဍာကို ဘီလီယံနဲ့ချီပြီး လိမ်နေကြတာ ပေါ်သွားတော့ ရိုးသားတဲ့အစိုးရဆိုရင် အမြန်ဆုံး ယိုပေါက်တွေပိတ်ဖို့၊ ရသင့်တဲ့ ပြည်သူတွေ ရစေဖို့၊ မရသင့်တဲ့သူတွေ ထုတ်ပစ်ဖို့၊ လိမ်လည်သူတွေ ဖမ်းဆီးအပြစ်ပေးဖို့ လုပ်ရမှာပဲလေ။ အဲဒီလို လုပ်ရမယ့်အစား သူတို့ပါဝင်ပတ်သက်နေတာ ဖုံးချင်လို့ အခုလို အူတူတူအတတတွေကို မြှောက်ပေးပြီး အသေခံခိုင်းတာ make sense ဖြစ်ရဲ့လား။

တကမ္ဘာလုံးမှာ ရဲအလုပ်ရဲလုပ်နေချိန်မှာ ဝတ္တရားနှောက်ယှက်ရင် အပြစ်ကြီးတယ်ဆိုတာ သိပါလျက်နဲ့ ဘောင်ကျော်ပြီး ကိုယ်ထိလက်ရောက် နှောက်ယှက်ဖို့၊ မိသားစုကိုပါ ရန်ပြုဖို့ စီစဥ်/ခိုင်းစေတာ make sense ဖြစ်လား။

နိုင်ငံသားမဟုတ်သူတွေကို တရားမဝင်မဲပေးစေနိုင်ဖို့ မတရားနည်းတွေနဲ့ ဖန်တီးထားတာရော make sense ဖြစ်လား။

သူများတိုင်းပြည်ကိုထိမှ အချုပ်အခြာအာဏာလို့ ဖျင်လှန်အော်တဲ့သူတွေက ကိုယ့်တိုင်းပြည် နယ်စပ်ဖွင့်ပြီး မုဒိမ်းကောင် ရာဇဝတ်ကောင်၊ အကြမ်းဖက်၊ လူ/လိင်/မူးယစ်ကုန်ကူး၊ အလိမ်အညာတွေ သန်းဆယ်ချီသွင်းတာ make sense ဖြစ်လား။

သူများတိုင်းပြည်ဆိုလို့ အမေရီကန်ကို ရာဇဝတ်ကောင်တွေပို့၊ မူးယစ်ဆေးတွေ ခိုးပို့နေတဲ့ တရုတ်ရုပ်သေး မဒူရိုကို ဖမ်းတော့မှ အချုပ်အချာအာဏာလို့ အော်နေသူတွေ ဘုရှ် အီရတ်ကိုဝင်၊ ဆက်ဒမ်ဟူစိမ်ကိုဖမ်း၊ အိုဘမတို့ လစ်ဗျားကို​ဝင် ကဒါးဖီးသေတဲ့အထိ ဖြစ်တုန်းက အသံမထွက်ကြဘူးနော်။ အဲဒီနိုင်ငံတွေက အမေရိကန်ကို အန္တရာယ်ဘယ်လောက်ပေးနိုင်မှာမို့လို့လဲ။ ဒါလဲ make sense ဖြစ်တာပဲလား။

ဝူးမန်းရိုက်လို့ အော်နေသူတွေက မိန်းမတွေကို ယောက်ျားတွေ အသုံးချဖို့ ဖန်ဆင်းထားတဲ့ တိရိစ္ဆာန်တမျိုးလို့ သဘောထားပြီး ထောင်ကျရင်တောင် အပျိုဆို နတ်ပြည်ရောက်မှာစိုးလို့ မုဒိမ်းအရင်ကျင့်တဲ့ အီရန်က မိန်းမတွေ လွတ်လပ်ချင်တာကျတော့ သဘောမကျကြပြန်ဘူး။ ပြည်တွင်းမှာလည်း အမျိုးသမီးတွေ အားကစား၊ အိမ်သာ ရေချိုးခန်းကအစ လွတ်လွတ်လပ်လပ် မသုံးရတာ ကျေနပ်ကြပြန်တယ်။ ဒါရော make sense ဖြစ်တာပဲလား။

အဲဒါတွေ အားလုံးက တဖွဲ့တည်းကလုပ်တာဆိုတော့ အဲဒါတွေ make sense ဖြစ်တယ်ထင်နေရင် ဆက်ပြောစရာ မလိုတော့ပါဘူး။ စိတ်ချမ်းသာသလိုသာနေပါတော့။

Leave a comment