ဖေဖေါ်ဝါရီ ၃ ရက် ၂၀၂၆

အက်ပ်စတိန်းအမှုနဲ့ ပတ်သက်တဲ့ စာမျက်နှာပေါင်း ၃သန်းလောက် ထွက်လာခဲ့ပေမယ့် အဲဒီထဲမှာ ဒီမိုခရက်တွေ အမျှော်လင့်ကြီးမျှော်လင့်ထားတဲ့ ထရမ့်နဲ့ အက်ပ်စတိန်းပတ်သက်နေတာ မပါပေမယ့် ပါသယောင်ယောင် ပုံအတုတွေ ထင်ယောင်ထင်မှားခေါင်းစဥ်တွေနဲ့ ဒီမိုလေတပ်သားအုပ်စုက ဖြန့်ကြပါတယ်။ ပါတဲ့တခုတည်းသောအကြောင်းက ထရမ့်က မာရာလေဂိုနဲ့နီးတဲ့ ဖလော်ရီဒါ Palm Beach က အက်ပ်စတိန်းအိမ်ကို ရောက်ဖူးခဲ့ပေမယ့် ကြာကြာမနေခဲ့သလို အနှိပ်ခံတာမျိုး မရှိခဲ့ဘူး ဆိုတာပါပဲ။ ထရမ့်ရော အက်ပ်စတိန်းရောက မန်ဟက်တန်နဲ့ Palm Beach မှာ အိမ်တွေ ရှိကြလို့ အကြောင်းမသိခင်က လေယာဥ်ကြုံ စီးဖူးတာ ၁-၂ကြိမ်ရှိခဲ့ပေမယ့် အက်ပ်စတိန်းကျွန်းကို မသွားခဲ့သလို အကြောင်းသိကတည်းက မာရာလေဂိုကို အလာမခံတော့တာပါ။ ထွက်လာတဲ့ ဖိုင်တွေထဲမှာပါတဲ့ ထရမ့်နာမည်က သူ့ရဲ့ပေါ်လစီနဲ့ နိုင်ငံရေးအကြောင်းတွေဖြစ်ပါတယ်။ တကယ်လို့ ထရမ့်က အက်ပ်စတိန်းရဲ့ ပီဒိုဖောက်သည်ဖြစ်ခဲ့ရင် ဘိုင်ဒန်၄နှစ်တက်နေတုန်းက ဘာလို့ ဖောက်မချပြတာလဲလို့ စဥ်းစားကြည့်ရင် ရှင်းသွားပါလိမ့်မယ်။

ထွက်လာတာတွေမှာ အများဆုံးပါတာက NY Giants ရဲ့ ပူးတွဲပိုင်ရှင် Steven Tisch ဖြစ်ပြီး အက်ပ်စတိန်းက သူ့ကို မိန်းကလေးတွေနဲ့ ချိတ်ပေးဖို့ ကမ်းလှမ်းခဲ့တာပါ။ ဘေလ်ကလင်တန်နဲ့ မင်းသားအန်ဒရူးတို့က စာတွေမှာရော ပုံတွေမှာပါ အကြိမ်ပေါင်းများစွာပါပြီး အက်ပ်စတိန်းကျွန်းကို အကြိမ်ကြိမ် သွားရောက်ခဲ့တယ်လို့ ပါပါတယ်။ ဘေလ်ဂိတ်စ်က ရုရှားမတွေဆီက STD ကူးလာလို့ အက်ပ်စတိန်းဆီက ဆေးယူပြီး သူ့မိန်းမကို မသိမသာတိုက်ရတယ်ဆိုတဲ့ စာအပေါ် မဟုတ်ဘူးလို့ ငြင်းချက်ထုတ်ထားတဲ့အပေါ် သူ့ဇနီးဟောင်း မလင်ဒါက ဒီကလေးမတွေအတွက် စိတ်မကောင်းဘူး၊ သူနဲ့လည်း ဆက်မပေါင်းနိုင်တဲ့အပြင် ဖောင်ဒေးရှင်းမှာပါ တွဲမလုပ်နိုင်တော့လို့ ထွက်လိုက်တာပါလို့ ဖြေသွားပါတယ်။

အက်ပ်စတိန်းဖိုင်တွေမှာ စိတ်ဝင်စားစရာကောင်းပေမယ့် လက်ဝဲမီဒီယာတွေ မတင်ပြတဲ့ နောက်တခုက ရှေ့နေချုပ်ဟောင်း ဝီလီယံဘားနဲ့ အက်ပ်စတိန်းပတ်သက်နေမှုပါပဲ။ ဘားရဲ့ဖခင် ဒေါ်နယ်လ်ဘားက နယူးယောက်က နာမည်ကြီးပုဂ္ဂလိကကျောင်းတခုဖြစ်တဲ့ the Dolton School ရဲ့ ကျောင်းအုပ်ဖြစ်ခဲ့စဥ်မှာ  အသက် ၂၁နှစ်ရှိ ဘွဲ့မရတဲ့ အက်ပ်စတိန်းကို သူ့ကျောင်းမှာ သင်္ချာနဲ့ ရူပဗေဒသင်ပေးဖို့ ငှားရမ်းခဲ့ပါတယ်။ ထွက်လာတဲ့ တချို့နာမည်တွေဖျက်ထားတဲ့ အီးမေးလ်တွေမှာ အက်ပ်စတိန်းနဲ့ နောက်တဦးက ကလေးမလေးတွေကို အဘျူစ်လုပ်နေချိန်မှာ ဘေလ်ဘား ရှိနေခဲ့တယ်လို့ အစစ်ခံချက်ပါပါတယ်။ နောက်တခုမှာလည်း ဘေလ်ဘားက နောက်တခါ ဒီကောင်မလေးတွေခေါ်ရင် သူ့ကိုအသိပေးဖို့မှာတယ်လို့ ပါပါတယ်။

အက်ပ်စတိန်း ထောင်ထဲမှာ သတ်သေတယ်ဆိုတဲ့အချိန်တုန်းက ဘေလ်ဘားက ထောင်တွေ တရားစီရင်ရေး စတာတွေမှာ အာဏာရှိသူ ရှေ့နေချုပ်ဖြစ်ပြီး ပထမမှုခင်းဆရာဝန်က ကိုယ့်ကိုကိုယ် သေကြောင်းကြံတဲ့ ပုံစံမျိုးမတွေ့ရဘူးဆိုပေမယ့် ဘေလ်ဘားက သူ့ကိုယ်သူသေကြောင်းကြံတာပါလို့ ခပ်မြန်မြန်ပဲ ရှင်းချက်ထုတ်ပြီး အမှုပိတ်ပစ်ခဲ့ပါတယ်။ အက်ပ်စတိန်းက သက်ငယ်လိင်ကုန်ကူးမှုနဲ့ ၂၀၁၉ ထရမ့်လက်ထက်မှာ ထောင်ထဲရောက်ခဲ့တာဖြစ်ပါတယ်။ လူသတ်မှုတခု ဖြစ်ဖို့ဆိုရင် သတ်ချင်ရတဲ့ အကြောင်းအရာ၊ သတ်ဖို့အခွင့်အလမ်းနဲ့ သတ်နိုင်တဲ့ အရည်အချင်း ၃မျိုးလုံးစုံဖို့ လိုအပ်ပါတယ်။ ဘေလ်ဘားမှာ အဲဒီ ၃မျိုးလုံးစုံနေတာနဲ့ သူ့ရဲ့ ပတ်သက်ခဲ့မှုနဲ့ အက်ပ်စတိန်းသေမှုကို ကိုင်တွယ်ပုံတွေက စဥ်းစားစရာပါ။ ၂၀၂၀မှာတော့ ဘိုင်ဒန်ခြစားတာ ထင်ရှားနေတဲ့ ဟန်းတား laptop ကိစ္စကို စုံစမ်းပေးဖို့ ငြင်းဆိုခဲ့တာရော ရကပမသမာမှုတွေကို စစ်ဆေးကြားနာပေးဖို့ သဘောမတူခဲ့တာ ရောကြောင့် ထရမ့်နဲ့ ဘေလ်ဘား ပြဿနာတက်ခဲ့ကြပြီး ဘေလ်ဘားနှုတ်ထွက်ခဲ့ပါတယ်။

ထရမ့် ယူအန်က ထွက်တယ်လို့ ကြေငြာပြီး ရက်ပိုင်းအတွင်းမှာပဲ ယူအန်က ဇူလိုင်ဆိုရင် သူတို့မှာ ပိုက်ဆံပြတ်တော့မယ်လို့ ဆိုပါတယ်။ လွတ်လပ်ဖွံ့ဖြိုးတဲ့ အနောက်ကမ္ဘာကို ဖျက်ဆီးမယ့်တရုတ်နဲ့ လက်ဝဲ/အာဏာရှင်တွေရဲ့ အကြံဖြစ်တဲ့ မိုင်းဂရန့်ပြဿနာကို ယူအန်နဲ့ ဟူးက အကောင်အထည် ဖော်ပေးခဲ့တာပါ။ နယ်စပ်ပြဿနာ ဆိုရင်လည်း Replacement Migration ဆိုတာ ယူအန်ရဲ့ Department of Economic and Social Affairs လက်အောက်က Population Division ကထုတ်တဲ့ အစီရင်ခံစာ။ UN Migration Agency လို့ သိကြတဲ့ ယူအန်အောက်က အဖွဲ့အစည်းဖြစ်တဲ့ the International Organization for Migration (IOM) က ဘိုင်ဒန်လက်ထက်မှာ အမေရိကန်ရဲ့ တောင်ဖက်နယ်စပ်ကနေ လူသန်းဆယ်ချီဝင်လာဖို့ရော ဥရောပကို အာဖရိကနဲ့ တခြားနိုင်ငံတွေက လူတွေ ဝင်လာနိုင်အောင်ပါ တရားဝင်/မဝင်နည်းလမ်းတွေနဲ့ လုပ်ဆောင်နေတာဖြစ်လို့ ယူအန်ဟာ အမေရိကန်က ခိုးဝင်ပြဿနာတွေရဲ့ လက်သည်တဦးလို ဆိုနိုင်ပါတယ်။

ဂရမ်မီဆုပေးပွဲကလည်း အနုပညာထက် TDS သမားတွေ မှိုင်းတိုက်ဆဲဆိုရာ စင်မြင့်ဖြစ်လာနေတာပါ။ ဘီလီအိုင်းလစ်ရှိရဲ့ “ခိုးထားတဲ့မြေပေါ်မှာ တရားမဝင်တာ တယောက်မှမရှိဘူး”ဆိုတဲ့ စကားကိုလည်း အဓိပ္ပါယ်သေချာမစဥ်းစားကြပဲ ထုံးစံအတိုင်း ထပ်ဆင့်သံယောင်လိုက်ကြပါတယ်။ ဟိုတုန်းက ဌာနအမေရိကန်လူမျိုးစုတခုဖြစ်တဲ့ The Tongva tribe က ဘီလီနေထိုင်တဲ့ ၃သန်းတန် အိမ်ကြီးရှိတဲ့ Glendale မြို့အပါအဝင် LA မြစ်ဝှမ်းဒေသကြီးတခုလုံးက သူတို့လူမျိုးစုတွေ အစဥ်အလာပိုင်ခဲ့တဲ့ Grabrieleno Tongva နယ်မြေ ဖြစ်ကြောင်း ဘီလီကို ပြောပြချင်လို့ ဆက်သွယ်တာ အကြောင်း မပြန်ဘူးလို့ ဆိုပါတယ်။ လက်ခုတ်သံအတွက် ပြောတဲ့ဆယ်လီတွေဟာ လက်တွေ့လောကနဲ့ ကင်းကွာနေကြတာဖြစ်လို့ ကိုယ်ပြောတဲ့စကားရဲ့ သက်ရောက်မှုကိုလည်း သတိပြုမိဟန်မတူပါဘူး။ အစီအစဥ်တင်ဆက်သူ ထရီဗော်နိုဝါကလည်း ထရမ့်တခါမှမသွားခဲ့တဲ့ အက်ပ်စတိန်းကျွန်းကို သွားခဲ့သယောင် ပြောခဲ့လို့ ထရမ့်က တရားစွဲမယ်လို့ ကျိန်းထားပါတယ်။

၂၀၂၄ တနှစ်ထဲမှာတင် နယ်စပ်ကနေ ကလေးပေါင်း ၁၂၅,၀၀၀ကျော် ခိုးသွင်းခံလာရပြီး ၂၀၂၅ ထရမ့်လက်အောက်မှာတော့ ကလေးတဦးဆိုတဦးမှ ခိုးသွင်းခံရခြင်းမရှိခဲ့တဲ့အပြင် တွမ်ဟိုမန်က မိဘမပါပဲ ဝင်လာတဲ့ ကလေးတွေထဲက ၁၄၅,၀၀၀ဦး ပြန်တွေ့ထားပါပြီ။ စာရင်းပျောက်ဖြစ်သွားရင် အဲဒီကလေးတွေဟာ လိင်ကျွန်၊ လူကျွန်အပြင် ကလီစာနဲ့ မိစ္ဆာလုပ်ငန်းတွေမှာ အသုံးချခံရနိုင်ခြေ ရှိနေတယ်လို့ သံသယရှိကြပါတယ်။ လူခိုးဝင်မှု၊ လူ/လိင်ကုန်ကူးမှုတွေ ရပ်သွားတာနဲ့အတူ မူးယစ်ဆေး ခိုးဝင်မှုကိုပါ ရပ်တံ့နိုင်ခဲ့တဲ့အတွက် အပြစ်မဲ့ ပြည်သူ သိန်းချီပြီး မူးယစ်ဆေးကြောင့် အသက်ဆုံးရှုံးမယ့် ဘေးက ဝေးခဲ့ပါပြီ။​ ၂၀၂၅မှာ ၂၀၂၄ကထက် တပြည်လုံးမှာ ရာဇဝတ်မှုတွေလည်း ၂၀% ကျော် ကျဆင်း သွားခဲ့ပါတယ်။ ရာစုတခုအတွင်းမှာ အနိမ့်ဆုံးပါပဲ။​ လူသတ်မှု ၂၁%၊ ဓါးပြမှု ၂၃%၊ ကားခိုးမှု ၄၃%၊ ပြင်းထန်စွာ ဒဏ်ရာရစေမှု ၉%၊ မူးယစ်နဲ့ ပါတ်သက်တာ ၇% ကျဆင်းသွားခဲ့ပြီး ရာဇဝတ်မှုများတဲ့ ဘောလ်တီမို၊ ရှီကာဂိုနဲ့ ဖီလာဒဲလ်ဖီးယား စတဲ့ မြို့ကြီးတွေမှာပါ သမိုင်းစံချိန်တင်လောက်အောင် ကျဆင်းသွားခဲ့တာပါ။

၂၀၂၄ အတွင်းမှာ တရက်ခြားတခါနှုန်းနဲ့ လူသတ်မှုဖြစ်နေခဲ့တဲ့ ဒီစီမြို့တော်မှာလည်း ၂၀၂၅မှာ ၃၂% ကျဆင်းသွားခဲ့ပါတယ်။ သမ္မတထရမ့်က ဒီစီကို နေရှင်နယ်ဂါ့ဒ်တွေ ပို့ခဲ့တုန်းက ဒီမိုကရက်တွေ ကြွက်ကြွက်ဆူဒေါပွပြီး ကန့်ကွက်ဆန္ဒပြပွဲတွေ တွင်တွင်လုပ်ခဲ့ကြပေမယ့် စစ်ဆင်ရေးပြီးတဲ့အခါ အေးချမ်းမှုအသီးအပွင့်ကို သူတို့ပါ ခံစားနေရတာပါ။ အဲဒီတုန်းကလည်း အခု ICE တွေကို လုပ်သလိုပဲ National Guard တွေကို ဆဲကြဆိုကြ နှောက်ယှက်ကြ၊ သံပုံးတီးတောထုတ်ကြ လုပ်ခဲ့ကြတာပါပဲ။ National Guard ဆိုတာက ပြည်နယ်ပေါင်းစုံကလာတဲ့ ပြည်သူတွေရဲ့ သားသမီး လူငယ်လေးတွေပါ။ ပြည်သူတွေ ဘေးကင်းဖို့ ပြည်သူကို ဒုက္ခပေးနေတဲ့ လူဆိုးတွေကိုဖမ်းတာဟာ အုပ်ချုပ်သူနဲ့ law enforcement ရဲ့ အလုပ်ဖြစ်လို့ သူတို့အလုပ်သူတို့လုပ်ကြတာကို ဘာကြောင့်များ ဒေါသအမျက် ချောင်းချောင်းထွက်ပြပြီး ကန့်လန့်တိုက်ချင်ရသလဲဆိုတာ မေးခွန်းထုတ်စရာပါ။

ကာလီဖိုးနီးယားမှာ တဂါလံကို ၂ဒေါ်လာလောက် အခွန်ကောက်နေပေမယ့် တဖက်မှာလည်း ဆီကားတွေကို တဖြည်းဖြည်းချင်းလျော့ချပြီး လျှပ်စစ်ကားကို ရှေ့တန်းတင်လာကြတဲ့အတွက် ဓါတ်ဆီကရတဲ့ ဝင်ငွေ လျော့ကျလာပြီဖြစ်ပါတယ်။ အဲဒါကို ကာမိဖို့အတွက် မောင်းတဲ့မိုင်ပေါ်မူတည်ပြီး တမိုင်ကို ၆-၉ဆင့်အထိ အခွန်ကောက်ဖို့ စပြီးနည်းလမ်းရှာနေပါပြီ။ ဒီနှုန်းသာ ဥပဒေဖြစ်ခဲ့ရင် တနှစ် မိုင် ၁၅,၀၀၀ မောင်းတဲ့သူဟာ $၆၀၀-၁၃၅၀အထိ ပေးရတော့မှာပါ။ ပိုကြောက်စရာကောင်းတာက ဘယ်သူဘယ်လောက်မောင်းသလဲ ဆိုတာကို အစိုးရက ဘယ်လိုသိအောင်လုပ်မလဲဆိုတာပါ။​ ကမ္ဘာ့အာဏာရှင်တွေနဲ့ အလွမ်းသင့်ပြီး ကမ္ဘာမှာ လူတွေ သိပ်များနေတယ်လို့ ယုံကြည်ကြသူတွေနဲ့ ခုလိုပြည်သူကို နဖားကြိုးထိုးချင်သူတွေက တဖက်တည်း ဆိုတော့ တွေးကြည့်ရင် ကြောက်စရာကောင်းပါတယ်။ ငြင်းချင်သူများ ရေနွေးအိုးထဲက ဖားကို သတိရပါ၊ ရေက ချက်ချင်းမပူပါဘူးနော်။

မန်ဆာချူးဆက်မှာလည်း ပြည်သူတွေ ကားမောင်းတာလျော့ချမယ့် ဥပဒေ ပြင်ဆင်နေပါပြီ။​ သူတို့လုပ်တာ ပညာသားပါပါတယ်။ တဦးချင်း ဘယ်လောက်ပဲ မောင်းရမယ်လို့ သတ်မှတ်မထားသလို odometer ကိုလည်း စစ်ဆေးမှာမဟုတ်ပါဘူးတဲ့။ ဒဏ်ကြေးတို့ အခွန်တို့လည်း ဒီဥပဒေမှာ မပါပါဘူးတဲ့။ ဒါပေမယ့် တပြည်နယ်လုံးမှာ မောင်းတဲ့မိုင်အားလုံးပေါ်မှာ ကန့်သတ်မှာဖြစ်ပြီး ကန့်သတ်တယ်ဆိုကတည်းက လျော့ချဖို့ကို ရည်ရွယ်တာပါ။ ဥပဒေနာမည်က Freedom to Move Act တဲ့၊ တကယ်လုပ်တာက ဖရီးဒမ်းကို ကန့်သတ်တာ။ အလုပ်သွားလုပ်ကြမယ့်အစား အိမ်ထဲမှာ အစိုးရထောက်ပံ့တဲ့ သူများချွေးနှဲစာစား မူးယစ်ဆေးလေးသုံးပြီး ပွန်းကြည့်နေကြ၊ ဆန္ဒပြဖို့လိုမှ ထွက်ခဲ့ကြလို့ပဲ ပြောလိုက်ပါတော့လား။

Leave a comment