ဖေဖေါ်ဝါရီ ၆ ရက် ၂၀၂၆

၂၀၂၅ စတုတ္ထ သုံးလပတ်အတွက် အမေရိကန်ရဲ့ GDP က ၅.၃% တက်လာခဲ့ပြီး တရုတ်က ၄.၅% ဖြစ်ပါတယ်။ ထရမ့် ဒုတိယသမ္မတသက်တမ်းရဲ့ နောက်ဆုံးနှစ်မှာ Dow Jones Industrial Average ကို ၅၀,၀၀၀အထိ တက်လာမယ်လို့ ခန့်မှန်းခဲ့ပေမယ့် တနှစ်နဲ့ ရက်ပိုင်းအတွင်းမှာပဲ ၅၀,၀၀၀ ကျော်သွားခဲ့ပါပြီ။ ဒါတောင် စတော့ဈေးကွက်မှာ တရုတ်က ramp and dump လုပ်ပြီး ဝင်ရှုပ်နေတာ တွေ့ရတယ်လို့ SEC ဥက္ကဋ္ဌက သတိပေးထားပါတယ်။ အဲဒါကြောင့် ဈေးကွက်တခုလုံး မငြိမ်မသက် ဖြစ်နေခဲ့တာ ဖြစ်နိုင်ပါတယ်။

ramp and dump ဆိုတာ ကမ္ဘာတလွှားက exchange တွေမှာ တရုတ်တွေက စတော့တခု/တချို့ကို ရည်ရွယ်ချက်ရှိရှိနဲ့ အတင်းလိုက်ဝယ်၊ တဖက်ကလည်း သတင်းအတုတွေဖြန့်ပြီး အဲဒီစတော့ ဘယ်လိုတက်တော့မှာဆိုတဲ့အကြောင်းတွေဖြန့်၊ အမြင့်ဆုံးရောက်လာပြီဆိုရင် အကုန်ရောင်းပြီး ပိုက်ဆံထုတ်ပိုက်သွားတာမျိုးပါ။ အဲဒီကျတော့ စတော့ဈေးတွေ ထိုးကျပြီး ဂျင်းမိတဲ့လူတွေ ပိုက်ဆံဆုံးကြတာပါပဲ။ လူတွေ လန့်ဖြန့်ကုန်တော့ တခြားစတော့တွေပါ ထိနိုင်တာဖြစ်ပါတယ်။ အဲဒါမျိုးက နေရာစုံ နယ်စုံမှာ သူတို့သုံးနေကျနည်းပါ။ မြန်မာပြည်မှာလည်း လယ်ယာထွက်ကုန်တွေ၊ တိရိစ္ဆာန်တွေကအစ လုပ်ခဲ့ကြလို့ လယ်သမား ပြည်သူတွေ ဒုက္ခများခဲ့ကြတာ မှတ်မိကြဦးမှာပါ။  

ဖေဖေါ်ဝါရီ ၄ရက်နေ့က စစ်ခေါင်းဆောင် ၂ဦးကို ထုတ်ပစ်ခဲ့ရာက ပါတီတွင်း၊ တပ်တွင်း ပြည်တွင်း တွေမှာ မကြုံစဖူး မကျေနပ်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ သတင်းတွေထွက်နေတဲ့ တရုတ်သမ္မတရှီက ရုရှားသမ္မတပူတင်ကိုရော သမ္မတထရမ့်ဆီပါ ဖုံးခေါ်ခဲ့ပါတယ်။ ခါတိုင်း အမတန် ကိန်းခန်းကြီး လေသံမာ တင်စီးလွန်းတဲ့ ရှီဟာ တခြားနိုင်ငံခေါင်းဆောင်နဲ့ ဖုံးပြောရင် ဟိုဖက်က စခေါ်လို့ ပြောရတာပါဆိုတဲ့ ပုံမျိုး ဖမ်းလေ့ရှိပါတယ်။ ခုတခါ သတင်းကြေငြာချက်မှာ အဲဒီအသုံးအနှုန်းကို မတွေ့ရပါဘူး။ ဒါ့အပြင် ကုန်သွယ်ရေးဆွေးနွေးပွဲတွေမှာပါ လေသံမာလွန်းခဲ့တဲ့ ရှီက ခုတော့ ထရမ့်က မတောင်းဆိုရပဲနဲ့တောင် အမေရိကန်က ရေနံနဲ့ ဓါတ်ငွေ့ရော ခုရာသီအတွက် ပဲပိစပ် မက်ထရစ်တန် သန်း၂၀၊ နောက်ရာသီအတွက် မက်ထရစ်တန်၂၅သန်း၊ လေယာဥ်အင်ဂျင်တွေနဲ့ အခြား ပစ္စည်း တော်တော်များများကို ဝယ်ယူဖို့အပြင် တိုင်ဝမ်ကိစ္စ၊ ယူကရိန်း-ရုရှားကိစ္စ၊ အီရန်ကိစ္စတွေကိုပါ ဆွေးနွေးခဲ့ကြပါတယ်။ ၂၀၂၄တုန်းက ပဲပိစပ် တန်ချိန် ၂၇သန်းဝယ်ယူခဲ့ပြီး ၂၀၂၅မှာ ၁၂သန်းပဲ ဝယ်ခဲ့တာ ဖြစ်လို့ အများကြီးတိုးတက်လာတယ်ဆိုရမှာပါ။ ရေနံ/ဓါတ်ငွေ့လည်း အလားတူပါပဲ။

ရှီက အခုလို လိုက်လျောပြနေတာ ထရမ့်ဆီက လိုချင်တာရှိလို့ဆိုတာ ပြောနေစရာလိုမယ်မထင်ပါဘူး။ ဘာလိုချင်တာလဲဆိုတော့ ဧပြီမှာ ရှီရဲ့ ဖိတ်ကြားချက်ကြောင့် ထရမ့်တရုတ်ပြည်ကို လာလည်ဖို့ရယ်၊ သူနဲ့ အလုပ်တွဲလုပ်ဖို့ ထရမ့်က မျှော်လင့်နေတယ်ဆိုတာကို ပြချင်လို့ပါ။ ထရမ့်က သူ့ရဲ့ truth social ပို့စ်မှာ သူနဲ့ သမ္မတရှီတို့ကြားက ပုဂ္ဂိုလ်ရေးဆက်ဆံမှုဟာ အင်မတန်မှကို ကောင်းမွန်တဲ့အကြောင်းနဲ့ အဲဒီလို ဆက်လက်ကောင်းမွန်နေဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာ နှစ်ဖက်စလုံးက သဘောပေါက်ကြကြောင်း၊ ထရမ့်ရဲ့ သမ္မတသက်တမ်းဖြစ်တဲ့ နောက် ၃နှစ်မှာလည်း အပြုသဘောဆောင်တဲ့ တိုးတက်မှုအများအပြားရရှိမယ်လို့ ယုံကြည်ကြောင်း ထည့်ရေးသွားပါတယ်။ ထရမ့်လို အမေရိကန်သမ္မတရဲ့ အခုလိုမှတ်ချက်ဟာ ပြည်တွင်းမှာ ကျွဲပြဲကြီး စီးမိသလို ဖြစ်နေတဲ့ ရှီရဲ့ အနေအထားကို အတိုင်းအတာတခုအထိ ဆွဲဆန့်နိုင်လိမ့်မယ်လို့ ရှီက မျှော်လင့်နေပုံရကြောင်း သုံးသပ်ကြပါတယ်။

ဒီလအစောပိုင်းကလည်း အိန္ဒိယက အမေရိကန်နဲ့ ကုန်သွယ်ရေးသဘောတူညီချက် ရယူနိုင်ခဲ့ပါတယ်။ လာမယ့် ၅နှစ်အတွင်း အမေရိကန်လယ်ယာထွက်ကုန် ဘီလီယံ ၅၀၀ဖိုး  ဝယ်ယူမ​ယ့်အပြင် အဲဒီအပေါ်မှာရော စက်မှုထွက်ကုန်တွေပေါ်မှာပါ အခွန်ကောက်တာ လျော့ချသွားမယ်လို့ ဆိုပါတယ်။ အိန္ဒိယက အမေရိကန်ရဲ့  ရေနံ၊ ဓါတ်ငွေ့၊ ကျောက်မီးသွေး၊ လေယာဥ်နဲ့ GPU တွေဝယ်ဖို့ သဘောတူညီပြီး အမေရိကန်က အိန္ဒိယထုတ်ကုန်တွေအေပါ် အပြန်အလှန်ကုန်သွယ်ခွန် ၁၈% ကောက်ခံမှာဖြစ်ပါတယ်။ Boeing လေယာဥ် ၈၀ဘီလီယံဖိုး ဝယ်ယူနိုင်ခြေလည်း ရှိနေပါတယ်။

အိန္ဒယရော တရုတ်ရောက ရုရှား၊ ဗင်နီဇွဲလား၊ အီရန်စတဲ့ အမေရိကန်ရဲ့ ဆန်ရှင်ထိထားတဲ့ နိုင်ငံတွေက ဆီ/ဓါတ်ငွေ့တွေကို သူခိုးဈေးနဲ့ ဝယ်နေတာများပြီး အိန္ဒိယက ရုရှားဆီက ဆန်ရှင်ရေနံဝယ်ရင် ယွမ်က ရူဘယ်ကို တိုက်ရိုက်လဲလှယ်လို့ ရတဲ့အတွက် ယွမ်ကို အသုံးပြုရပါတယ်။ ဈေးကတော့ ဒေါ်လာနဲ့ပဲ သတ်မှတ်တာပါ၊ အဲဒါကို ရူပီး(သို့) တခြားငွေကြေးတွေနဲ့ ယွမ်ဝယ်ပြီး ပေးရတာဖြစ်ပါတယ်။ ယွမ်ဝယ်တဲ့ လမ်းကြောင်းကလည်း အတော်ရှုပ်ထွေးပါတယ်။ ယွမ်က ဒေါ်လာအစားထိုးဖြစ်လာဖို့ ကြိုးစားနေပေမယ့် လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးမဟုတ်တာကြောင့် မကြာသေးခင်နှစ်တွေမှာ ယွမ်တန်ဖိုးချပစ်တာတွေ ရှိနေပါတယ်။ အမေရိကန်ဆီက တိုက်ရိုက်ဝယ်ရင်တော့ အိန္ဒိယအတွက် ဈေးအနည်းငယ်ပိုကြီးမှာဖြစ်ပေမယ့် လွယ်ကူချောမွေ့ပါလိမ့်မယ်။

ကာလီဖိုးနီးယားထောင်တွေမှာ ကျနေတဲ့ တရားမဝင်နေထိုင်သူ ရာဇဝတ်သား ၃၃,၁၇၉ဦး ကို ICE က လွှဲပေးစေချင်ပေမယ့် နူဆမ်အစိုးရက လွှတ်ပေးလိုက်တဲ့အပြင် ဘယ်မှာနေတယ်ဆိုတာကိုပါ သူတို့ရဲ့ privacy ကို ထိခိုက်မှာစိုးလို့ဆိုပြီး မပြောပဲ ဖုံးကွယ်ထားပါတယ်။ တရားရုံးအမိန့်အရ ပြန်ပို့ဖို့ နောက်ဆုံးအမိန့်ကျထားပြီးဖြစ်တဲ့ တရားမဝင် နေထိုင်သူတွေကို သူတို့နေအိမ်တွေမှာ ဝရမ်းနဲ့ သွားဖမ်းပိုင်ခွင့်ရှိပါတယ်။ ဖမ်းထားရကနေ ထွက်ပြေးလွတ်မြောက်သွားသူတွေကို ပြန်ဖမ်းရာမှာ သူတို့ရဲ့ privacy ထက် အစိုးရက ပြန်ဖမ်းမိဖို့လိုအပ်တာက ပိုအရေးကြီးတယ်လို့ ဆုံးဖြတ်ထားပြီးသားပါ။ အဲဒီလူတွေ ကျူးလွန်ခဲ့တဲ့ထဲမှာ

  • လူသတ်မှု ၃၃၉မှု
  • လက်ရောက်မှု ၃၃၁၃
  • အိမ်ဖောက်ထွင်းခိုးယူမှု ၃၁၇၁
  • ဓါးပြမှု ၁၀၁၁
  • အန္တရာယ်ကြီးသော မူးယစ်ဆေးအမှု ၈၃၈၀
  • လက်နက်မှု ၁၉၈၄
  • လိင်ပိုင်းဆိုင်ရာပြစ်မှု ၁၂၉၃ မှုတို့ ပါဝင်ပါတယ်။

ICE က နူဆမ်အစိုးရကို အများပြည်သူလုံခြုံရေးကို ရှေ့ရှုပြီး အဲဒီလူတွေကို ICE လက်ကိုအပ်ဖို့ ဖက်ဒရယ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ရန် ပန်ကြားထားပါတယ်။ နူဆမ်တို့က ထုံးစံအတိုင်း ပြည်သူကို မလှိမ့်တပတ်လုပ်ပြီး နိုင်ငံရေး အမြတ်ထုတ်တဲ့အနေနဲ့ အဆိုပါရာဇဝတ်ကောင်တွေကို လမ်းတွေပေါ် ပြန်လွှတ်ပေးတာဖြစ်လို့ ICE က လိုက်ဖမ်းရပြီဆိုရင် ရာဇဝတ်မကျူးလွန်ထားတဲ့သူတွေကိုပါ စစ်ရ မေးရနဲ့ အလန့်တကြားတွေ ဖြစ်လာနိုင်ပါတယ်။ နူဆမ်တို့က အဲဒါတွေ သိပါလျက်နဲ့ ပြည်သူ့ဒေါသ ဆွပေးချင်လို့ တမင်လုပ်နေတာပါ။

ကာလီဖိုးနီးယားမှာ ၈.၆ဘီလီယံဖိုးရှိ လိမ်လည်မှုအသစ်တွေကို ဖော်ထုတ်တွေ့ရှိထားပါတယ်။ အဲဒီထဲကတခုက လုပ်ငန်းပေါင်း ၁၄ခုဟာ သူတို့ရဲ့ လိပ်စာကို ဆန်ဒီယေးဂိုးက လိပ်စာတခုထဲ ပေးထားပြီး ၂၀၂၀ တနှစ်ထဲမှာ Paycheck Protection Plan နဲ့ Economic Injury Disaster Loan ကနေ ချေးငွေ ၂သန်း ရယူထားတာဖြစ်ပါတယ်။ အဲဒီမတိုင်ခင် တရက်ကပဲ Small Business Administration က ကဗကာလချေးငွေတွေကို လိမ်လည်ထားတာ ၈.၆ဘီလီယံရှိတယ်လို့ ကြေငြာတဲ့အပေါ် ကာလီဖိုးနီးယားရှေ့နေချုပ်က အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေဆိုပြီး ငြင်းဆိုထားတာပါ။ SBA က လိမ်လည်တယ်လို့ မသင်္ကာတဲ့ ချေးငှားသူပေါင်း ၁၁၁,၀၀၀ ကို ချေးငွေရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။ အိုဘမတို့ အက်ပ်စတိန်းတို့ ဂိတ်စ်တို့ ရှီတို့နဲ့ ကမ္ဘာ့ရွာသမားတွေ ဘစ်ဖာမာတွေ ပါဝင်ဖန်တီးထားတဲ့ ပလန်ဒဲမစ်က လူ့အသက်ပေါင်းများစွာ သတ်သွားရုံတင်မက စားပေါက်အကြီးကြီးတွေပါ ဖန်သွားခဲ့ကြတာပါ။

ပလန်ဒဲမစ်နဲ့ ပတ်သက်လို့ ဆက်ရရင် အမေရိကန်မှာ တရုတ်ကလာဖွင့်ထားတဲ့ biolab ၂ခု ခုထိ တွေ့ထားပါပြီ။ အရင်တခုတွေ့တာက ကာလီဖိုးနီးယားက Reedley မှာပါ။ အဲဒီမှာ HIV, ငှက်ဖျားပိုး၊ တီဘီပိုး၊ ကဗ၁၉အပါအဝင် ပိုးတွေ ထောင်ချီပြီးစမ်းသပ်နေတာဖြစ်ပါတယ်။ ဂိုထောင်တခုထဲမှာ အစမ်းသပ်ခံ ဗီဇပြောင်းထားတဲ့ transgenic ကြွက် ၁၀၀၀ လောက်လည်းတွေ့ခဲ့ပြီး Prestige Biotech Inc. နဲ့ Universal Meditech Inc. နာမည်တွေနဲ့ လှုပ်ရှားနေတာဖြစ်ပါတယ်။

ဒီလဆန်းမှာ တွေ့လာတာက Las Vegas မှာဖြစ်ပြီး နဲ့ အိမ်တအိမ်ကို ဝင်စစ်ရင်း တွေ့ခဲ့တာဖြစ်ပါတယ်။ အဲဒီအိမ်က ကာလီဖိုးနီးယား lab ကို စီမံနေတဲ့လူဖြစ်တဲ့ ကနေဒါကတဆင့် ဝင်လာတဲ့ တရုတ်နိုင်ငံသား Jia Bei Zhu (aka Jesse Zhu or David He) ဆိုသူဖြစ်ပြီး အဲဒီလူကို ကဗ test kit အတုတွေ ဖြန့်ဖြူးရောင်းချမှု၊ FDA ကို လိမ်လည်ထွက်ဆိုမှုတွေနဲ့ တရားစွဲဆိုခံထားရသူ ဖြစ်ပါတယ်။ အဲဒီ lab တွေကနေ ကူးစက်နိုင်တဲ့ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ် အနည်းဆုံး အမျိုး ၂၀လောက်ကို identify လုပ်ပြီးဖြစ်ပါတယ်။

ညစ်နည်းမျိုးစုံနဲ့ အာဏာလိုချင်သူတွေက မီဒီညာနဲ့ အမုန်းမှိုင်းတိုက်၊ အလိမ်မှိုင်းတိုက် လုပ်နေတာတွေရဲ့ အကြောင်းရင်းကိုကြည့်ရင် ဟိုလူကြီးကိုမုန်းလို့ ဘာပဲလုပ်လုပ် တရားတယ်ဆိုတဲ့ အဖြစ်အထိရောက်အောင် တွန်းနေတာ တွေ့ရပါလိမ့်မယ်။ လိုအပ်လာရင် နောက်တခါ ပလန်ဒဲမစ်ထပ်လုပ်ရင် ဘယ်သူနစ်နာမလဲဆိုတာကို သတိပြုမိဖို့ လိုပါတယ်။ ပိုးက ပါတီ လူ ရွေးနေမှာမဟုတ်ပါဘူး။

Leave a comment