ဖေဖေါ်ဝါရီ ၁၁ ရက် ၂၀၂၆

ထွက်လာတဲ့ အက်ပ်စတိန်းဖိုင်တွေထဲက စိတ်ဝင်စားစရာအကောင်းဆုံးက စတိဘန်နွန်က အက်ပ်စတိန်းကို အင်တာဗျူးထားတာပဲဖြစ်ပါတယ်။ ဘဏ္ဍာရေး၊ နိုင်ငံရေး၊ သိပ္ပံနဲ့ ယုံကြည်မှုတွေ အကြောင်း မေးမြန်းခဲ့ပြီး ဘဏ်တွေအကြပ်အတည်းကြီးတွေဖြစ်တာ၊ စတော့မားကက် ပြိုလဲတာ စတာတွေနဲ့ ပတ်သက်လို့ အက်ပ်စတိန်းက subprime mortgage/ loan တွေစတာက ကလင်တန် လက်ထက်က စတာဖြစ်ကြောင်း၊ ကလင်တန်က မဲလိုချင်တော့ ဘဏ်လုပ်ငန်းရှင်တွေကိုခေါ်ပြီး ချေးငွေရဖို့ အရည်အချင်းမမှီသူတွေ အိမ်ဝယ်လို့ရအောင် လုပ်ပေးဖို့ ဆွေးနွေးကြောင်း၊ ဘဏ်တွေက ဆုံးရှုံးနိုင်ခြေ များလို့ မလုပ်ချင်ကြောင်းပြောတဲ့အခါ ဆုံးရှုံးမှုများလို့ ဘဏ်တွေအခက်တွေ့တဲ့အခါ မပြိုလဲရအောင် အစိုးရက အဲဒီချေးငွေတွေကို ပြန်ဝယ်ပေးမယ်လို့ ကတိပြုခဲ့ကြောင်း ဖြေသွားပါတယ်။

လူတွေက အိမ်ပိုင်ချင်ကြပေမယ့် စုငွေလည်းမလုံလောက်၊ ခရက်ဒစ် သမိုင်း ကလည်းမကောင်းတော့ အိမ်မဝယ်နိုင်သူ များလာတာမှာ subprime loan တွေ ဖန်တီးပြီးတော့မှ ပုံမှန်သတ်မှတ်ချက်နဲ့ ဘယ်လိုမှ ချေးလို့မရနိုင်သူတွေ ပျော်ပျော်ကြီး ချေးယူကြ ဘဏ်တွေက ချေးပေးကြနဲ့ ပွဲတော်ကြီး ဖြစ်ခဲ့ပါတယ်။ အိမ်တွေမှာ ငွေရင်းထည့်ထားတာ နည်းလေလေ အတိုးပေးရတာ များလေလေ၊ ခရက်ဒစ်အမှတ် နည်းလေလေ အတိုးနှုန်း မြင့်လေလေ ဆိုတော့ နဂိုထဲက အိမ်ဈေးတက်မှာကိုမျှော်ပြီး မတတ်နိုင်တာကို ဖြစ်ညှစ်ဝယ်ကြသူတွေ ကြွေးဆုံးတွေ ဖြစ်လာကြပါတယ်။ ၂၀၀၈ စတော့မားကက် ပြိုလဲတော့ အလုပ်တွေက လူတွေလျော့ကြတဲ့အခါ လူတွေ ချေးငွေပြန်မဆပ်နိုင်ကြတော့ပါဘူး။ ပေးထားခဲ့သမျှအတိုးအရင်းတွေ အကုန်ပလုံသွားတဲ့ အပြင် ခရက်ဒစ်ပါ ထိခိုက်သွားတဲ့အတွက် အိမ်ငှားနေဖို့တောင် ခက်ခဲကုန်ပါတယ်။

ဘဏ်ကာတွေက ငွေချေးတဲ့အပေါ် ကော်မရှင်ရ၊ ဘဏ်တွေက အတိုးရပြီး  နိုင်ငံရေးသမားတွေက ငါးမြှားချိတ်မမြင်တဲ့ ပြည်သူတွေရဲ့ မဲတွေ ရကြတာပါ။ ၂၀၀၈တုန်းက ဘဏ်တွေမပြိုလဲအောင်ဆိုပြီး အစိုးရက ၇၀၀ ဘီလီယံ ထုတ်ပေးလိုက်ပါတယ်။ အဲဒီပိုက်ဆံတွေက ငွေချေးသူတွေ အပါအဝင် ပြည်သူ့ရဲ့ ချွေးနှဲစာ အခွန်တွေက လာတာဖြစ်တော့ အရင်းစစ်လိုက်ရင် ပြည်သူပဲ နစ်နာတာပါ။

စတိဗ်ဘန်နွန်က အက်ပ်စတိန်းကို မင်းကိုမင်း မကောင်းဆိုးဝါးလို့ မြင်သလားလို့ မေးရာမှာတော့ ငါ့မှာမှန်ကောင်းကောင်းရှိတယ်လို့ ပြောင်ဖြေပြီး စတိဗ်က ငါနောက်နေတာမဟုတ်ဘူးလို့ ဟန့်လိုက်တော့မှ ငါက မကောင်းဆိုးရွားတွေကို ကြောက်သူပါလို့ လျောချသွားပါတယ်။ မင်းရဲ့ ပိုက်ဆံတွေက ညစ်ထေးနေတယ်လို့ မမြင်ဘူးလားလို့ မေးတဲ့အခါ အက်ပ်စတိန်းက ပထမမဖြေပဲ မင်းက ကမ္ဘာပေါ်က အဆိုးရွားဆုံးလူတွေကို အကြံပေးရင်း ရလာတဲ့ ပိုက်ဆံတွေကို ညစ်တယ်လို့ မမြင်ဘူးလားလို့ နောက်တခါ ထပ်မေးတော့မှ “နိုး”လို့ ခပ်ဝါးဝါးဖြစ်ခဲ့ပါတယ်။ ပြီးတော့ အဲဒီလိုမေးမယ့်အစား ငါအဲဒီပိုက်ဆံကို ယူသင့်သလားဆိုတာ ပိုမေးသင့်တယ်၊ ကိုယ်ကျင့်တရား ethics ဆိုတာက ရိုးရှင်းတဲ့ကိစ္စမှ မဟုတ်တာ၊ အဲဒီလိုရတဲ့ ပိုက်ဆံတွေနဲ့ အိန္ဒိယနဲ့ ပါကစ္စတန်မှာ ပိုလီယိုကကဆတွေ ထိုးပေးနိုင်ခဲ့လို့ အကျိုးရှိ/မရှိ အဲဒီက မိခင်တွေကို မေးကြည့်လို့ ဆိုပါတယ်။

မင်းပိုက်ဆံက လိင်ကုန်ကူးလို သိပ်ဆိုးတဲ့ကိစ္စတွေက ရလာတာကို အဲဒီလူတွေသိရင် မင်းတို့ပေးတဲ့ဆေးကို ယူကြ ထိုးကြဦးမှာလားလို့မေးတော့ ယူမှာ/ထိုးကြမှာပေါ့လို့ ပြန်ဖြေပါတယ်။ အက်ပ်စတိန်းပြောတဲ့ ဗက်ဆင်းကိစ္စက ဂိတ်စ်ဖောင်ဒေးရှင်းကလုပ်တာပါ။ အိန္ဒိယမှာ သူတို့ရဲ့ ပိုလီယိုကကဆကြောင့် ကလေး ၅သိန်းနီးပါး လေဖြတ်သွားကြတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ခဲ့ပါတယ်။ ဒါပေမယ့် ဗက်ဆင်းဒေတာတွေက တရုတ်ရုပ်သေး ယူအန်နဲ့ ဟူးက ထိန်းချုပ်ထားတာ ဖြစ်တဲ့အပြင် ဂူဂယ်လ်နဲ့ မီဒီညာက သတင်းတွေအားလုံးကို ချုပ်ကိုင်ထားတဲ့ ခေတ်ဖြစ်လို့ အတည်ပြုနိုင်ဖို့ ခက်ခဲ့ပါတယ်။

ကလေး ၅သိန်းနီးပါး လေဖြတ်ခဲ့တာကို ကွန်စပီရေစီသီအိုရီလို့ ပြောချင်သူများအတွက် လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က ကွန်စပီရေစီသီအိုရီဖြစ်ခဲ့တဲ့ ပီဇာဂိတ်နဲ့ ဆက်စပ်နေတဲ့အကြောင်းလည်း ထွက်လာတဲ့ အပ်ပ်စတိန်းဖိုင်တွေမှာ ပါလာပါတယ်။ ပီဇာဂိတ်ဆိုတာက ကလေးတွေအပေါ် လိင်မှုကျူးလွန်ကြတဲ့ အကြောင်းပါ။ မိန်းကလေးငယ်/ ကလေးတွေကို ပီဇာ၊ လိင်စော်ကား/ အမြတ်ထုတ်တာကို စပျစ်ဆိုဒါလို့ စကားဝှက်နဲ့ ရေးကြတာကို အက်ပ်စတိန်းအီးမေးလ်တွေ အများကြီးမှာ တွေ့ကြရပါတယ်။ ကျွန်းပေါ်ကအိမ်မှာ ပင်လယ်ရေအောက်ထဲကိုထွက်တဲ့ တံခါးဝှက်ရှိပြီး တချို့က နာမည်ကြီးတွေ တိတ်တဆိတ်လာနိုင်ဖို့လို့ ထင်ကြေးပေးပေမယ့် တချို့ကတော့ မနာခံသူတွေ သက်သေခံတွေကို ငါးမန်းစာကျွေးပြီး ဖျောက်ဖျက်ပစ်တဲ့ နေရာလို့ ဆိုကြပါတယ်။

သူတို့တွေ “ပီဇာနဲ့ စပျစ်ဆိုဒါ” စားသုံးဖို့ တွေ့ဆုံကြတဲ့နေရာက ဒီစီက Comet ပင်းပေါင်ဆိုတဲ့ဆိုင်ပါ။ အဲဒီဆိုင်ကို ဦးစီးတာက ဂျိမ်းစ်အလီဖန်တစ်စ်ဖြစ်ပြီး သူက မီဒီယာမက်တားစ်တို့ Facts First USA တို့ကို တည်ထောင်သူ ဒေးဗစ်ဘရော့ခ်ရဲ့ ချစ်သူဖြစ်ပါတယ်။ အဲဒီဆိုင်ရဲ့ အင်စတာဂရမ်ကပုံတွေမှာ ကလေးတွေရဲ့ အမြင်မတော်တဲ့ပုံတွေ၊ ကလေးတွေကို တိပ်တွေနဲ့ စားပွဲမှာ ကပ်ထားတဲ့ပုံတွေ၊ “ပီဇာ” ကို ခရင်မ်ချိစ်နဲ့ တင်စားတာတွေ၊ မုဒိမ်းကျင့်တဲ့အကြောင်း၊ သတ်တဲ့အခန်း စတဲ့ ကွန်မန့်တွေကို တွေ့ရပြီး ဟေလာရီက စေတန်ပီဒိုဂိုဏ်းကို အဲဒီဆိုင်ရဲ့ မြေအောက်ခန်းကနေ ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်နေတာဆိုတဲ့ စွပ်စွဲချက်တွေ မေးခွန်းတွေ ညံလာပါတယ်။ အဲဒီနောက်မှာတော့ ဆိုင်က ဟာ့ဒ်ဝဲကို ဗိုင်းရပ်စ်ကိုက်တာပါလို့ ကောလဟလဖြန့်ခဲ့ပြီး တရက်မှာ အေအာရိုင်ဖယ်ကိုင်ထားတဲ့လူက ဆိုင်ထဲကို ဝင်ပစ်လိုက်တာ လူတယောက်မှမထိပဲ အတွင်းခန်းထဲက ဟာ့ဒ်ဒစ်ခ်ကိုမှ ရွေးမှန်ပြီး အဲဒီလူ အဖမ်းခံရတဲ့သတင်း ဝေဝေဆာဆာ ပါလာပါတော့တယ်။

ပီဇာနဲ့ပတ်သက်တဲ့ ပိုဒက်စ်တာရဲ့ အီးမေးလ်တွေထဲမှာ အိုဘမက ရှီကာဂိုကနေ အိမ်ဖြူမှာလုပ်တဲ့ ပရိုင်းဗိတ်ပါတီ အတွက် ပီဇာ/ဟော့ဒေါ့ ၄သောင်းဖိုးမှာတာတွေ၊ ၇၊ ၉ နဲ့ ၁၁နှစ်အရွယ် ညီအမ၃ယောက်ကို ရေကန်ထဲထည့်ပြီး အပူပေးကာ ဖျော်ဖြေရေးလုပ်ဖို့ စတာတွေ ပါဝင်ပါတယ်။

အက်ပ်စတိန်းနဲ့ မိစ္ဆာအပေါင်းအဖော်တွေက ကလေးတွေကို လိင်စော်ကားရုံတင်မက ယဇ်ပူဇော်တာ၊ နှိပ်စက်တာ၊ အမဲလိုက်တာ၊ သွေးလဲ/သောက်တာ၊ အသားစားတာ၊ ကလီစာထုတ်ယူတာ၊ အဒရီနိုခရုမ်း ထုတ်ယူတာလို ယုတ်မာ ရက်စက်လှတဲ့ မိစ္ဆာကိစ္စတွေမှာပါ အသုံးချကြတယ်လို့ သံသယဖြစ်စရာတွေ တွေ့ရကြောင်း စုံစမ်းရေးသတင်းထောက် အီယန်ကာရိုးလ်က တပ်ကာကို ပြောသွားပါတယ်။ မင်းသမီးနိကိုးလ် ကဒ်မန်းတို့ သားအဖတွေဟာ ကလေးတွေကို သားကောင်တွေလို အမဲလိုက်တာမျိုး လုပ်တတ်ကြကြောင်း သတင်းထွက်နေပါတယ်။ အဒရီနိုခရုမ်းဆိုတာက အဆုံးစွန် ရွံမုန်းကြောက်လန့် နေတဲ့အခြေအနေမှာ လူ့ရဲ့အဒရီနယ်ဂလင်းက အောက်ဆီဒိုက်ဇ်ဖြစ်လာတာပါ။ အဲဒါကို အသက်ရှိ နေတုန်းအချိန်မှာ ထုတ်ယူသုံးဆောင်ရင် နုပျိုစေတယ် (သို့) ဘယ်လိုမူးယစ်ဆေး ထက်မဆို သာလွန် ပြင်းထန်တဲ့ ခံစားချက်မျိုးကို ပေးနိုင်တယ် ဆိုပြီး ယုံကြပါတယ်။ မင်းသားကြီး မယ်လ်ဂစ်ဘ်ဆင်က ဟောလီဝုဒ်မှာ ဒါတွေက လှို့ဝှက်ချက်တောင် မဟုတ်တော့ပါဘူး၊ တန်ဖိုးအကြီးဆုံး currency လို့တောင် ပြောလို့ရပါတယ်လို့ ဖွင့်ချသွားပြီးနောက် သူလည်း ရွာပြင်ရောက်သွားပါတယ်။

ဒါတွေဟာ အမှန်မှဟုတ်ရဲ့လား၊ တကယ်ပဲ ဒီလောက်ဆိုးသလားဆိုရင် သူတို့တွေ တွန်းအားပေးနေတဲ့ လစေ့ကိုယ်ဝန်အပါအဝင် ကိုယ်ဝန်ဖျက်ကလေးသတ်တာတွေ၊ လိင်ပြောင်းဆိုပြီး သိပ္ပံပညာအရရော၊ တရားသဘောအရပါ ဘယ်လိုမှ ပြောင်းမရတဲ့ကိစ္စကို မသိနားမလည်တဲ့ ကလေးတွေကို မြှောက်ပေးပြီး စမ်းသပ်နေတာတွေ၊ ကျားတွေ မ အိမ်သာ/ရေချိုးခန်း/ထောင်ထဲ တူတူထားတာတွေ၊ အားကစားမှာ ကျားတွေကို မ တွေနဲ့ ဝင်ပြိုင်စေတာတွေဟာလည်း ရက်စက် ယုတ်မာ လူသားမဆန်တဲ့ ကိစ္စတွေပါပဲ။ သေးငယ်သောမကောင်းမှုကို ပြုဝံ့ရင် ကြီးစွာသော မကောင်းမှုကို ပြုဝံ့ဖို့လည်း မခက်တော့ပါဘူးဆိုတဲ့အတိုင်း ဖြစ်လာနိုင်ပါတယ်။ ဗိုက်ထဲက ကလေးရဲ့ တစ်သျှူးတွေ၊ ဆဲလ်တွေဟာ ကြီးထွားနှုန်းမြန်တဲ့အပြင် လူကြီးဆဲလ်တွေလို ကိုယ်ခံအားမဖွံ့ဖြိုးသေးတဲ့အတွက်  အစားထိုးကလီစာ အတွက် သုတေသနလုပ်ဖို့ အကောင်းဆုံးလို့ ဆိုပါတယ်။

အက်ပ်စတိန်းရဲ့ ချုပ်ကိုင်နှိုင်မှုတခုကို ပြောရရင် Victoria Secret, Abercrombie & Fitch, La Senza, Bath & Body Works တို့ရဲ့  တို့ရဲ့ ပိုင်ရှင် ဂျူးလူမျိုး Les Wexner ဟာ ကိုလမ်ဘတ်စ် အိုဟိုင်းအိုမှာ တန်ဖိုး အကြီးဆုံးအိမ်ပိုင်ဆိုင်ထားတဲ့ ဘီလျံနာတဦးဖြစ်ပြီး သူ့အိမ်နားက ခုဆို သန်း၇၀လောက်တန်တဲ့ ဒုတိယတန်ဖိုးအကြီးဆုံးအိမ်ကို ဂျက်ဖရေအက်ပ်စတိန်းအတွက် ဝယ်ပေးထားခဲ့တာဖြစ်ပါတယ်။ သူဟာ သူနဲ့ သူ့ပိုင်ဆိုင်မှုအားလုံးရဲ့ အလုံးစုံအာဏာကို အက်ပ်စတိန်းကို ၁၆နှစ်ကြာ လွှဲအပ်ထားခဲ့ပြီး ဝက်စ်နာဖောင်ဒေးရှင်းကိုလည်း ဝင်ရောက်ချယ်လှယ်နေခဲ့တာပါ။ ဝက်စ်နာရဲ့ တပည့်/ဝန်ထမ်းတွေ ရှေ့မှာတောင် အက်ပ်စတိန်းက ဝက်စ်နာရဲ့ အလုပ်စားပွဲပေါ် ခြေထောက်တင်တာမျိုး ပြုလုပ်ခဲ့တာပါ။ ဝက်စ်နာကို အက်ပ်စတိန်းနဲ့ ပတ်သက်ပြီး စစ်မေးတာမျိုး ခုထိမရှိသေးပါဘူး။ ဝက်စ်နာရဲ့ ဆရာလိုနေသူက အရှေ့အလယ်ပိုင်းနဲ့ ဂျူးကိစ္စတွေနဲ့ ပတ်သက်ပြီး အိုင်ဆန်ဟောင်ဝါကနေ ဘုရှ်၄၃လက်ထက်အထိ အစိုးရအဆက်ဆက် အစိုးရကို အကြံပေးခဲ့သူ မက်စ်ဖစ်ရှာဖြစ်ပါတယ်။

အက်ပ်စတိန်းနဲ့ ပတ်သက်နေတဲ့ နောက်ထပ်နာမည်ကြီးတယောက်က အမွှေစိန်ဆိုရော့စ်ပဲ ဖြစ်ပါတယ်။ ၂၀၁၈မှာ အက်ဖ်ဘီအိုင်က အက်ပ်စတိန်းကို ကလေးလိင်ကုန်ကူးမှုနဲ့ စွဲချက်တင်တဲ့ နေ့မှာပဲ ဆာလ်ဖျူရစ်အက်ဆစ် ၅၅ဂါလံစီဆန့်တဲ့ တိုင်ကီ ၆လုံးကို သူ့ရဲ့ကျွန်းက အိမ်ကြီးဆီ ပို့ခဲ့ပါတယ်။ အဲဒါတွေကို အကုန်ခံပေးတာက ဆိုရော့စ်ရဲ့ ပွင့်လင်းအဖွဲ့အစည်းတွေပါ။ အဲဒီအက်ဆစ်ကို သက်သေခံတွေ ဖျောက်ဖျက်ပစ်ဖို့လို့ ယူဆကြပေမယ့် ကာဗာလုပ်ပေးချင်သူများက ရေသန့်လုပ်ဖို့ပါလို့ ဆိုကြပါတယ်။ သို့သော်လည်း ပမာဏ အဲဒီလောက်များနေတာရော၊ အချိန်ကိုက် နေတာရောက ပြောစရာဖြစ်နေတာပါ။

အခုသတင်းတွေထဲမှာ ဟော့နေတဲ့ အသက် ၈၄နှစ်ရှိ Nancy Guthrie ကို ညသန်းခေါင်ကြီး ပြန်ပေးဆွဲသွားတာဟာလည်း အက်ပ်စတိန်းအမှုနဲ့ ဆက်စပ်နေနိုင်တယ်လို့ ဆိုကြပါတယ်။ နန်စီရဲ့သမီး ဆာဗန်းနာဂူသရီက NBC ရဲ့ Today show က တင်ဆက်သူတဦးဖြစ်ပြီး အက်ပ်စတိန်းဖျက်ဆီးတာ ခံခဲ့ရတဲ့ အမျိုးသမီး ၆ဦးကို အင်တာဗျူးခဲ့သူဖြစ်ပါတယ်။ ဆာဗန်းနားရဲ့ ခင်ပွန်း မိုက်ကယ်ဖဲလ်မန်ဟာ ကလင်တန်အစိုးရလက်ထက်က အယ်လ်ဂိုးရဲ့ ခရီးသွားဝန်ထမ်းချုပ် ဖြစ်ခဲ့သလို ဘေလ်ကလင်တန်ရဲ့ ကွန်ဂရက်စ်နဲ့ ဆက်ဆံရာမှာ ကြားခံလုပ်ပေးရသူ ဒိစတိတ်သမားတဦး ဖြစ်ပါတယ်။ နန်စီကို ဆာဗန်းနားရဲ့ အိမ်ကနေ ပြန်ပေးဆွဲသွားတာဖြစ်ပြီး အဲဒီအမှုမှာလည်း မေးခွန်းထုတ်စရာတွေ အများကြီး ရှိနေပါတယ်။

အက်ပ်စတိန်းဆူဆိုက်လုပ်တယ်ဆိုတုန်းကလည်း အဲဒီညကျမှ အမြဲအလုပ်လုပ်တဲ့ ကင်မရာတွေက ပျက်သလိုလို အဖျက်ခံရသလိုလိုနဲ့ ဒေတာတွေ ပျောက်နေခဲ့တာပါ။ ထွက်လာတဲ့ ဖိုင်တွေထဲမှာ တခုက အက်ပ်စတိန်းသေဆုံးမယ့်ည ၁၀း၃၉မှာ လိမ္မော်ရောင်ကြီးတခု (ဒီမှာ ထောင်သားတွေ လိမ္မော်ရောင် ဝတ်ကြပါတယ်) လှေကားပေါ်ကနေ သော့ခတ်ထားတဲ့ သီးသန့်ခန်းကို တက်သွားတယ်ဆိုတာ တွေ့ရပြီး အဲဒါကို အရင်က တာဝန်ရှိသူတွေဆီ အစီရင်ခံထားခြင်း မရှိပါဘူး။ ထောင်စည်းကမ်းအတိုင်းဆို ဒီလိုညအခါမှာ ထောင်သားတွေအခန်းပြင်ကို ထွက်ခွင့်မရှိပါဘူး။ ရှေ့နေချုပ် ဘေလ်ဘားကိုယ်တိုင်က အက်ပ်စတိန်းအခန်းကို တညလုံးဘယ်သူမှ မဝင်ပါဘူးလို့ တိုင်းသိပြည်သိ ပြောထားတာပါ။ နောက်တချက်က ကိုယ့်ကိုယ်ကို အဆုံးစီရင်တယ်ဆိုတဲ့အမှုမှာ ကြိုးကွင်းလိုဟာမျိုးလည်း လုံးဝမတွေ့ရပါဘူး။ နောက်သတင်းတခုမှာ ထောင်ဝန်ထမ်းတဦးက သေဆုံးတယ်ဆိုတဲ့ည မတိုင်ခင်ညဦးမှာ ထုတ်ခွင့်မရှိပဲ ထောင်သားတဦးကို ဝှီးချဲနဲ့ ထုတ်သွားတာ တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒါတွေနဲ့ ဘေလ်ဘားရဲ့ ယုတ္တိမတန်တဲ့ ထုတ်ပြန်ချက်တွေကိုကြည့်ပြီး အက်ပ်စတိန်းမသေသေးဘူး ဆိုတဲ့ ယူဆချက်တွေလည်း ရှိနေပါတယ်။

တကယ်တော့ အက်ပ်စတိန်းအီးမေးလ်တွေ ပထမဆုံးထွက်လာတာဟာ ၂၀၁၆မှာ ဝီကီလိခ်က ဂျူလီယန်အာဆန့်ချ်က တင်ခဲ့တာပါ။ သူ့ဆီ ဖောက်ချပေးခဲ့သူလို့ ယုံကြည်ရတဲ့ ဒီအန်စီဝန်ထမ်း ဆက်သ်ရစ်ချ်ဟာလည်း အဲဒီနှစ် ဂျူလိုင်တုန်းက ဒီစီမှာ ပစ်သတ်ခံခဲ့ရပါတယ်။ ဓါးပြမှူလို့ ခပ်လွယ်လွယ်ကောက်ချက်ချ အမှုပိတ်ပစ်ခဲ့ပေမယ့် သူ့ဆီက ဘာမှယူသွားတာလည်း မရှိနေခဲ့ပါဘူး။ ဂျူလီယန်က ဆက်သ်ကိုသတ်တဲ့သူအကြောင်း သတင်းပေးရင် ၂သောင်းဆုချမယ်လို့ ကြေငြာခဲ့တော့မှ လူတွေက အက်ပ်စတိန်းဖိုင်တွေကို ဆက်သ်က ဂျူလီယန့်ဆီ လိခ်လုပ်ခဲ့တာ ဖြစ်နိုင်တယ်လို့ ဆက်စပ်မိကြတာပါ။ အဲဒီနောက် မကြာခင်မှာပဲ စီအိုင်အေအကြီးအကဲ မိုက်ခ်ပွန်ပေယိုက  အာဆန့်ချ်ကို လုပ်ကြံဖို့ ပလန်ချနေတယ်လို့ သတင်းထွက်လာပေမယ့် အိမ်ဖြူတော်ရှေ့နေတွေက ကန့်ကွက်လို့ လုပ်ကြံတဲ့အထိ မဖြစ်ခဲ့ပါဘူး။ အာဆန့်ချ်က ၂၀၁၆တုန်းက ဟေလာရီ ဖျက်ပစ်ခဲ့တဲ့ အီးမေးလ်ထောင်ပေါင်းများစွာကိုလည်း ကမ်ပိန်းဥက္ကဋ္ဌ ဂျွန်ပိုဒက်စ်တာရဲ့ ပုဂ္ဂလိက အကောင့်ကို ဟက်ခ်ပြီး ရယူချပြခဲ့ပါသေးတယ်။

အက်ပ်စတိန်းတို့ ကလင်တန်တို့နဲ့ ပတ်သက်ပြီး ဖောက်ချခဲ့တဲ့ အာဆန့်ချ်ဟာ ထရမ့်နဲ့ ပတ်သက်ပြီး ချပြစရာ ဘာမှမတွေ့ဘူးလို့လည်း အင်တာဗျူးတွေမှာ ပြောသွားပါတယ်။ အခုထွက်လာတဲ့ ဖိုင်တွေမှာလည်း ထရမ့်က ၂၀၀၆မှာ အက်ပ်စတိန်းအကြောင်း ရဲကို အရင်ဆုံးတိုင်ခဲ့သူဖြစ်ပြီး ဂလိန်း မက်ဆွဲလ်ကို အက်ပ်စတိန်းရဲ့ လိင်ကုန်ကူးကိစ္စတွေကို အကောင်အထည်ဖော်ပေးတဲ့ ဆိုးရွားသူအဖြစ် ဖော်ပြခဲ့ပါတယ်။ အက်ပ်စတိန်းနဲ့ သူ့ရဲ့ ပီဒိုမိတ်ဆွေတွေဟာလည်း ထရမ့်နဲ့  အဓိကထောက်ပံ့ပေးနေတဲ့ သူတွေကို အသေမုန်းပြီး လိုက်တိုက်ခိုက်နေကြတာပါ။ ထရမ့်ကို အကြိမ်ကြိမ် လုပ်ကြံဖို့ ကြိုးစားကြတာရော၊ စီးပွားရေးလုပ်မရအောင် ဘက်ပေါင်းစုံက ညစ်ကြတာရော၊ အီလွန်ကို ဘိုင်ဒန် အစိုးရက အမှုဆင်ပြီးညစ်ကြ၊ အခွန်နဲ့ညစ်ကြ၊ ဘေလ်ဂိတ်စ်ဆို အီလွန့်စတော့တွေ ပြုတ်ကျအောင် ငွေလုံးငွေရင်းနဲ့ လိုက်တိုက်ခိုက်တာတွေ လုပ်ခဲ့ကြတာပါ။ အက်ပ်စတိန်းက သမ္မတထရမ့် ပြုတ်ကျအောင် ထရမ့်မကောင်းကြောင်းတွေ ရှာဖွေပြီး စာရေးဆရာ မိုက်ကယ်ဝုလ်ဖ်ကို ရေးခိုင်းဖို့ Kenn Starr ကို  ခိုင်းခဲ့ပါတယ်။ အပ်စတိန်းဖိုင်တွေမှာ မကြာမကြာ ပါလာတဲ့ လင့်ခ်အင် ဖောင်ဒါ ရိဒ်ဟော့ဖ်မန်က ထရမ့်ကို ၂၀၁၉နဲ့ ၂၀၂၂မှာ အီးဂျင်းကာရိုလ်ကို ထရမ့်အပေါ် တရားစွဲနိုင်အောင် ရှေ့နေငှားကူညီပေးခဲ့သူဖြစ်ပါတယ်။

အက်ပ်စတိန်းဖိုင်တွေက နာမည်ကြီးနေပေမယ့် လိင်မုဆိုးလောကဟာ အက်ပ်စတိန်းတဦးတည်း မဟုတ်ပါဘူး။ ဂီတလောကမှာ ရက်ပါဒစ်ဒီနဲ့ ရုပ်ရှင်လောကမှာ ဟာဗေဝိုင်းစတိုင်းတို့လည်း ပုံစံနည်းနည်းကွဲပေမယ့် အလားတူပါပဲ။ ဆန်ဖရန်မှာ ပါဝါကြီးတဲ့ အိမ်ထောင်သည် မြို့ဝန်နဲ့ တွဲခဲ့ပြီး ဒစ်ဒီနဲ့ တွဲခဲ့တာရော အိုဘမက ဟော့တယ်လို့ ပြောခဲ့သူရောကတော့ စကားလုံးအသုတ်စုံနဲ့ နာမည်ကြီးတဲ့ ကမလာဟဲရစ်ပါပဲ။ ဒစ်ဒီနဲ့ အိုဘမတို့ အင်မတန်ရင်းကြသလို ဂီတလောကထဲမှာ နေရာရချင်ရင် သူတို့ကြိုက်တဲ့ပုံစံနဲ့ ဆက်ဆံဖျော်ဖြေပေးရပြီး ဗီဒီယိုအရိုက်ခံရပါတယ်။ ပြန်မလှန်နိုင်အောင် အောက်ဖဲကိုင်လိုက်တဲ့သဘောပါပဲ။ ဒါမျိုးကို တရုတ်တွေလည်း လုပ်လေ့ရှိတယ် ထင်ပါတယ်၊ တရုတ်ပြည်ရောက်ပြီး ဗူးသီးနုနုလေးတွေနဲ့ ဧည့်ခံပေးတာကို စားထားမိသူတွေက ဘယ်လောက်လွဲနေတဲ့ကိစ္စကြီးဖြစ်ဖြစ် တရုတ်ဘက်က ရပ်ကိုရပ်ကြရတော့တာပါ။

အက်ပ်စတိန်းဗစ်တင်မ်တွေ ဒီလောက်များတာ သူတို့တွေက မပြောကြဘူးလားဆိုတာနဲ့ ပတ်သက်လို့ အက်ပ်စတိန်းဗစ်တင်မ်တွေ အရွယ်ရောက်လာတဲ့အခါ သူတို့ကို လူရှာပေး လူကုန်ကူးပေးဖို့ မက်လုံး ပေးပြီး ဆွယ်ပါတယ်။ လူရှာပေးနိုင်ရင် သူတို့သက်သာပေမယ့် တဖက်မှာလည်း သူတို့ကိုယ်တိုင် ရာဇဝတ်သားဖြစ်သွားတာကြောင့် ဥပဒေဘောင်ထဲ ပြန်ဝင်လာဖို့ အခက်တွေ့ကြပါတယ်။ အဲဒီလောက် အကွက်စေ့တဲ့သူတွေပါ။ အီလွန်က အဲဒီလိုလူတွေကို လွတ်ငြိမ်းပေးနိုင်မယ်ဆိုရင် သက်သေတွေ ဝန်ခံချက်တွေ ရလာနိုင်မယ်လို့ အကြံပြုထားပါတယ်။

အက်ပ်စတိန်းသေပြီဆိုတော့ သူကျန်ခဲ့တဲ့ ပိုင်ဆိုင်မှုထဲက ၁၂၁သန်းအပြင် ဂျေပီမော်ဂန်ချေ့စ်ဘဏ် ကိုလည်း အက်ပ်စတိန်းရဲ့ လုပ်ရပ်တွေကို မသိကျိုးကျွံပြုထားခဲ့တဲ့အတွက်ဆိုပြီး ဗစ်တင်မ်တွေက တရားစွဲရာမှာ တရားရုံးက သန်း၂၉၀ ပေးလျော်စေဖို့ အမိန့်ချခဲ့ပါတယ်။ လျောက်ထားသူပေါင်း ၂၂၅ဦးကျော်အနက်မှ သတ်မှတ်ချက်ပြည့်မှီတဲ့ ၁၅၀က ဘယ်လောက်နစ်နာခဲ့သလဲနဲ့ အထောက်အထား ဘယ်လောက်ခိုင်လုံသလဲဆိုတာပေါ် မူတည်ပြီး တဦးကို သိန်းဂဏန်းအနည်းငယ်ကနေ တသန်းကျော် အထိ ရခဲ့ကြပါတယ်။ အက်ပ်စတိန်းဘက်သားအများစုလိုပဲ ဂျေပီမော်ဂန်ချေ့စ်ဘဏ်က ထရမ့်မုန်းသူ ဖြစ်တော့ ထရမ့်နဲ့ မိသားစုကို ၂၀၂၁တုန်းက အကောင့်ပိတ်ပစ်ခဲ့တဲ့အတွက် ထရမ့်က ၅ဘီလီယံ လျော်ကြေးပေးဖို့ တရားစွဲထားပါတယ်။

အက်ပ်စတိန်းအကြောင်းတွေက ရေးလို့ကုန်မှာမဟုတ်ပေမယ့် သူ့ရဲ့ သရုပ်သကန်နဲ့ ပတ်သက်မှုတွေကို သိထားနိုင်ဖို့လောက်ပဲ ရေးပေးလိုက်တာပါ။ သူ့နောက်မှာ ဒီမိုကရက်ထိပ်သီးတွေ၊ ဒီမိုကရက်ဒိုနာတွေ၊ ကမ္ဘာ့ရွာအဖျက်သမားတွေလို နယ်ပယ်အသီးသီးက အင်မတန်ဩဇာကြီးတဲ့သူတွေ၊ ထရီလီယံနဲ့ချီပြီး ကစားနိုင်တဲ့ အင်အားစုတွေ ပါနေတာဖြစ်လို့ ထရမ့်ရဲ့ တရားရေးဌာနအနေနဲ့ အင်မတန်ကို သတိကြီးကြီးထားပြီး လုပ်နေရမှာ သေချာပါတယ်။

Leave a comment