ဖေဖေါ်ဝါရီ​၁၄ ရက် ၂၀၂၆

ဒီနေ့ နိုင်ငံခြားရေးဝက မာကိုရူဘီယို မြူးနစ်ကွန်ဖရန့်စ်မှာ ပြောခဲ့တာတွေက သိပ်ကို တန်ဖိုးရှိပါတယ်။ ထရမ့်အစိုးရရဲ့ နိုင်ငံခြားရေးပေါ်လစီအပေါ် လွဲမှားနေတဲ့ အမြင်တွေကို ရှင်းလင်းတင်ပြပေးခဲ့တဲ့အပြင် နှစ်ပေါင်းများစွာကျင့်သုံးလာတဲ့ လက်ရှိပေါ်လစီတွေကြောင့် ဥရောပဟာ စီးပွားရေး၊ လူမှုရေး၊ စစ်ရေး၊ နိုင်ငံရေး အဖက်ဖက်က အကျဖက်ကို ရောက်နေခဲ့တာပါ။ နယ်စပ်ဖွင့်ပြီး ကိုယ့်ယဥ်ကျေးမှု၊ သမိုင်း အစဥ်အလာ စံနှုန်းတွေကို တန်ဖိုးမထားတဲ့ လူတွေကို ခေါ်သွင်းတာ၊ အဲဒါတွေက နိုင်ငံတွေမှာ ချက်ချင်းကြီး မတူတာတွေ များလာစေပြီး တည်ငြိမ်မှု ပျက်ပြားစေတာ၊ စီးပွားရေး စစ်ရေးတွေမှာ အားမထည့်ပဲ (မဲချူတဲ့အနေနဲ့) ဟိုဟာဖရီး ဒီဟာဖရီးပေးမယ့်အစီအစဥ်တွေပဲ အာရုံစိုက်တာ၊ စတာတွေကို ဝေဖန်သွားပါတယ်။

မာကိုက ထရမ့်လက်ထက်မှာ အမေရိကန်က အနောက်ကမ္ဘာခြမ်းရဲ့ တူညီတဲ့ ယုံကြည်မှူ၊ ယဥ်ကျေးမှု အမွေအနှစ်တွေ အပေါ် ဂုဏ်ယူစွာ အခြေပြုပြီး အချုပ်အခြာအာဏာ အပြည့်ရှိတဲ့ ဥရောပနိုင်ငံတွေနဲ့ မဟာမိတ်ဆက်ဆံရေးအဖြစ် ပြန်လည်ဆန်းသစ် တည်ဆောက်ချင်တဲ့ ဆန္ဒရှိကြောင်း၊ ဦးတည်ချက် တူရင် အတူသွားဖို့ ဆန္ဒရှိပေမယ့် အများကလိုက်ဖို့ ဆန္ဒမရှိရင်လည်း အမေရိကန်တဦးတည်းပဲ သွားရပါလိမ့်မယ်လို့ ပြောသွားပြီး ဥရောပနိုင်ငံတွေအနေနဲ့ အချုပ်အခြာအာဏာကို ပိုင်စိုးဖို့ နယ်စပ်တွေကို ပြန်လည်ထိန်းချုပ်ဖို့၊ စက်မှုထွန်းကားအောင် ပြန်ကြိုးစားဖို့၊ ထောက်ပို့လမ်းကြောင်း တွေကို သေချာရယူဖို့၊ အေအိုင်၊ အာကာသနဲ့ အရေးပါတဲ့ ဓါတ်သတ္တုကဏ္ဍတွေမှာ ဦးဆောင်ဖို့ တိုက်တွန်းသွားပါတယ်။  

အမျိုးသားလုံခြုံရေးဆိုတာဟာ ပြည်သူနဲ့ နိုင်ငံအပြင် လူနေမှုစနစ်ကိုပါ ကာကွယ်တာဖြစ်ကြောင်း၊ ဘာမှ လက်ဆုတ်လက်ကိုင်မပြနိုင်တဲ့ မူဝါဒတွေကို ကာကွယ်တာမဟုတ်ကြောင်း၊ အမေရိကန်က ဥရောပဘိုးဘေးတွေကမွေးဖွားလာတဲ့ သားသမီးအဖြစ် အမြဲရှိနေမှာဖြစ်ကြောင်း၊​ ၂၁ရာစုမှာ ပိုမိုဖွံ့ဖြိုး တိုးတက်တဲ့ မဟာမိတ်တွေအဖြစ် ပြန်လည်တည်ဆောက်ကြဖို့ အလေးအနက်ထား ပြောသွားပါတယ်။

ဒါ့အပြင် ရူဘီယိုက ယူအန်ကိုလည်း အကျိုးရှိအောင် သုံးနိုင်ရင် အင်မတန်မှ အကျိုးများမယ့် အဖွဲ့အစည်းတခုဖြစ်ပေမယ့် ဘာစစ်ကိုမှ မဟန့်တားနိုင်၊ ဘာငြိမ်းချမ်းရေးမှ မဖော်ဆောင်နိုင်ခဲ့လို့ ပြန်လည်ပြုပြင်ရမယ်လို့ တိုက်တွန်းသွားပါတယ်။

ဝန်ကြီးပြောခဲ့တာတွေကို ပြန်သုံးသပ်ရရင် ဒီမိုကရက်နဲ့ မီဒီညာတွေက ပြောနေသလို ထရမ့်က ဥရောပကို မုန်းတယ်တို့၊ ယူအန်ကို မုန်းတယ်တို့ဆိုတာတွေက အခြေအမြစ် မရှိတာ တွေ့ရပါလိမ့်မယ်။ လမ်းမှားရောက်နေတဲ့ မိတ်ဆွေတွေကို သတိပေးတာ၊ လမ်းမှန်ပေါ်ရောက်အောင် ပြန်ကြိုးစားချင်စိတ် ဖြစ်လာအောင် တွန်းပေးတာက မုန်းတာမဟုတ်ပါဘူး။ သားသမီးတောင် မိဘအပေါ် သိပ်မှီခိုနေရင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်အောင် တွန်းသင့် တွန်းရတာပဲလေ။ ထရမ့်က သူ့ဘိုးဘေးတွေရဲ့ ဇစ်မြစ်ဖြစ်တဲ့ ဥရောပကို တိုးတက်စေချင်သလို အများစုသောအမေရိကန်တွေက ဥရောပဇစ်မြစ် ရှိကြတဲ့အတွက် ဥရောပကို တိုးတက်စေချင်ကြပါတယ်။

ဥရောပခေါင်းဆောင်တွေ သွားနေတဲ့လမ်းက ကမ္ဘာ့ရွာလမ်းပါ။ အဲဒီလမ်းကို သွားနေတာ ၁၉၉၀ခုနှစ်တွေကတဲက၊ အဲဒီကာလမှာ ဥရောပ ပိုပြီးလွတ်လပ်လာလား၊ ငြိမ်းချမ်းလာလား၊ တိုးတက်လာလားလို့မေးရင် အဖြေက နိုးပါ။ ကမ္ဘာ့ရွာဆိုတာကို ဘယ်သူက စခဲ့တာလဲလို့ အတိအကျ ပြောမရပေမယ့် အဲဒီအယူအဆက အက်ပ်စတိန်းကို ဘာမှမဖြစ်သေးတဲ့ဘဝကနေ ဆွဲခေါ်ပွဲထုတ်ခဲ့တဲ့ ဒေါ်နယ်လ်ဘား(ဘေလ်ဘားရဲ့ဖခင်)ရေးခဲ့တဲ့ Space Relations ဆိုတဲ့ စိတ်ကူးယဥ်သိပ္ပံဝတ္တုနဲ့ သဘောတရားချင်း သွားတူနေပါတယ်။

ဘေလ်ဘားရဲ့ဖခင် ဒေါ်နယ်လ်ဘား ၁၉၆၄-၇၄အထိ နယူးယောက်က Dolton မိန်းကလေးကျောင်းမှာ ကျောင်းအုပ်လုပ်ခဲ့ပြီး သူမထွက်ခင် ကျောင်းမပြီးသေးတဲ့ အက်ပ်စတိန်းကို ဆရာအဖြစ် ဆွဲခန့်ခဲ့တာပါ။ ခန့်ပြီး ၆-၇လလောက်မှာ ဒေါ်နယ်လ်ဘားက အဲဒီကျောင်းအုပ်အဖြစ်က ထွက်ပြီး Space Relations ဆိုတဲ့ စာအုပ်ကို ရေးခဲ့ပါတယ်။ အဲဒီစာအုပ်မှာ လူသားတွေဟာ ဂြိုလ်အများကြီးမှာ နေထိုင်လာကြပြီး လူတွေအားလုံးကို ခရိုနီတွေ အီလိတွေပါတဲ့ လူတစုက အုပ်ချုပ်ပါတယ်။ အဲဒီမှာ မိန်းကလေးငယ်/ ကလေးငယ်တွေကို မုဒိမ်းကျင့်တာ၊ လိင်ကျွန်ပြုတာတွေလည်း ပါဝင်ပါတယ်။

ဒါဟာ စိတ်ကူးယဥ်ဝတ္တုဆိုပေမယ့် ကမ္ဘာ့စီးပွားရေးဖိုရမ်က အဲဒီအစိုးရပုံစံမျိုးဖြစ်အောင် နယ်ခြားမဲ့တို့ ကမ္ဘာ့ရွာတို့ စတဲ့အယူဝါဒတွေကို တွန်းလာနေပြီး နိုင်ငံတွေမှာ အချုပ်အခြာအာဏာတွေ လျော့နည်း လျော့လျဲလာသလောက် သူတို့လက်ကိုင်ဒုတ်ဖြစ်လာတဲ့ ယူအန်တို့ ဟူးတို့ကနေ တကမ္ဘာလုံးက လူတွေအတွက် စည်းမျဥ်းတွေ ချ ချုပ်ကိုင်လာတဲ့အဆင့်ကို ရောက်လာခဲ့ပါတယ်။ အက်ပ်စတိန်းနဲ့ အပေါင်းပါတို့ကလည်း အဲဒီစာအုပ်ထဲကလို လိင်ကျွန်တွေနဲ့ နေနေကြတာပါ။ အဲဒီလမ်းကို အနောက်ကမ္ဘာက လစ်ဗြဲတွေဦးဆောင်ပြီး မောင်းနှင်နေပေမယ့် တရုတ်နဲ့ အရှေ့အလယ်ပိုင်းက အကြမ်းဖက်နိုင်ငံတွေက အာဏာရှင်တွေဟာလည်း အကျိုးတူ ပူးပေါင်းနေခဲ့ကြတာပါ။

ဒေါ်နယ်လ်ဘားက စီအိုင်အေမပေါ်သေးခင်က စီအိုင်အေလိုအဖွဲ့ဖြစ်တဲ့ OSS မှာ ဒုကမ္ဘာစစ်ကတဲက လုပ်နေခဲ့တာဖြစ်ပြီး ရှေ့နေချုပ် ၂ကြိမ်ဖြစ်ခဲ့တဲ့ သူ့သား ဘေလ်ဘားကလည်း ဥပဒေကျောင်း စမတက်ခင်ကတည်းက စီအိုင်အေမှာ လုပ်ခဲ့သူဖြစ်ပါတယ်။ သူကိုပထမအကြိမ် ရှေ့နေချုပ်ခန့်ခဲ့သူ ဘုရှ် ၄၁ကလည်း စီအိုင်အေက လာတာပါပဲ။ အက်ပ်စတိန်းက ဘုရှ်ရော ကလင်တန်ရော အိုဘမရောကို ငွေလှူခဲ့သူပါ။ အိုဘမလက်ထက် အိုဘမနဲ့ အလွန်ရင်းနှီးတဲ့ အိမ်ဖြူရှေ့နေ Kathryn Ruemmler ဟာ အက်ပ်စတိန်းနဲ့လည်း တဦးနဲ့တဦး ချစ်စနိုး နာမည်ပေးတာအပြင် တန်ဖိုးကြီးလက်ဆောင်တွေ ပေးတဲ့အထိ ရင်းနှီးခဲ့တာပေါ်သွားလို့ Goldman Sachs ကနေ နှုတ်ထွက်သွားရပါပြီ။

အက်ပ်စတိန်းရဲ့ အိမ်တွေမှာ ချိတ်ထားတဲ့ ပန်းချီကားနှစ်ချပ်က အင်မတန်ထူးခြားပါတယ်။ တခုက ဘေလ်ကလင်တန် ဂါဝန်အပြာလေးဝတ်ထားပြီး ခြေချိတ်ထိုင်နေတဲ့ပုံပါ။ နောက်တခုက ဘုရှ်၄၃ လက်ထက်မှာ စက္ကူလေယာဥ်ပျံလေးကိုင်ထားပြီး သူ့ရှေ့မှာ ဂျန်ဂါသစ်သားတုံးတာဝါနှစ်ခု ပြိုလဲနေတဲ့ပုံ ဖြစ်ပါတယ်။ သမ္မတဟောင်း ၂ဦးရဲ့ အရိုအသေတန်တဲ့ပုံတွေကို ဘာသဘောနဲ့ အက်ပ်စတိန်းက ချိတ်ထားသလဲဆိုတာ စဥ်းစားစရာပါ။ ဒီလိုလူတွေကိုတောင် ဂရုမစိုက်တာလို့ ပြထားရင် ကျူးလွန်ခံရတဲ့သူတွေ တိုင်ချင်တောချင်သူတွေအတွက် အဟန့်ဖြစ်မှာ အမှန်ပါပဲ။ အက်ပ်စတိန်းကျွန်းကလည်း အက်ပ်စတိန်းမတိုင်ခင် လွန်ခဲ့တဲ့ နှစ်ရာဂဏန်း လောက်ကတည်းက လူကုန်ကူးရာမှာ အသုံးပြုတဲ့ကျွန်းလို့ ဆိုကြတော့ အက်ပ်စတိန်းက ဂိုဏ်းချုပ်ကြီးမဟုတ်တာတော့ ရှင်းနေပါတယ်။

အပ်စ်တိန်းဖိုင်တွေမှာ နာမည်တွေကို အမဲတွေနဲ့ ဖျက်ထားတဲ့အပေါ် ဒီမိုကရက်အမတ်တွေက ဝေဖန်ဒေါကန်ပြကြပြီး ရှေ့နေချုပ်ကို ရန်ထောင်ကြပါတယ်။ အဲဒီတော့ ရှေ့နေချုပ်က အမတ်များအတွက် ဘာမှဆင်ဆာလုပ်ထားခြင်းမရှိတဲ့ဖိုင်တွေကို ချပြလိုက်ပါတယ်။ ဒီတိုင်းတော့ ဝင်ကြည့်လို့မရပါဘူး။ အမတ်တိုင်း ကိုယ့်ကို ပေးတဲ့အချိန်အတွင်းမှာ ကိုယ့်အကောင့်နဲ့ကိုယ် လော့ဂ်အင်ဝင်ပြီးမှ ကြည့်လို့ရတာပါ။ တရားရေးဌာနမှာ ဘယ်သူက အက်ပ်စတိန်းဖိုင်တွေထဲက ဘာတွေကို ရှာကြတယ်၊ ဘယ်ဖိုင်တွေကို ဖွင့်တယ်၊ ဘယ်ဖိုင်တွေ ဒေါင်းလုပ်ဆွဲတယ်ဆိုတာ အကုန်မှတ်တမ်းကျန်ခဲ့ပါတယ်။

လွှတ်တော်မှာ ပမ်ဘွန်ဒီကို ဒီမိုကရက်အမတ်တွေ ဝိုင်းသမကြတော့မှ ပမ်က ဘယ်သူက ဘာကြည့်ထားတယ်ဆိုတဲ့ စာရင်းကို ဖတ်ပြတော့တာပါ။ ကလေးတွေအပေါ် ကျူးလွန်ခဲ့တဲ့ သက်သေခံတွေကို ရှာရင် (သို့) ကျွန်းပေါ်သွားတဲ့ လေကြောင်းခရီးတွေအကြောင်း ရှာရင် ဒါက တကယ်အလုပ်လုပ်တဲ့ အမတ်ပါ။ အဲဒီလိုမဟုတ်ပဲ ကိုယ့်နာမည် (သို့) တယောက်ယောက်နာမည် ပါလားလို့ရှာမယ်ဆိုရင် ဒါက တယောက်ယောက်ကို အကာအကွယ်ပေးဖို့ ကြိုးစားနေတာပါလို့ သူမက ရှင်းပြသွားပါတယ်။

မဖျက်ထားတဲ့ဖိုင်တွေ ချပြတဲ့အပတ်မှာပဲ ဒီမိုကရက်အမတ်တွေက လူကုန်ကူးခံရတာ ဖြစ်နိုင်တဲ့ ပျောက်ဆုံးကလေးတွေကို ရှာဖွေပေးနေတဲ့ DHS ကို ICE ဆန့်ကျင်တယ်လို့ အကြောင်းပြပြီး ဘတ်ဂျက် ချပေးဖို့ ကန့်ကွက်ခဲ့ပါတယ်။ တကယ်တော့ ICE က BBB မှာထဲက ၇၅ဘီလီယံ ရထားပြီးသားပါ။ DHS shutdown လုပ်ရရင် ICE ကို မထိပါဘူး။ တကယ်အရေးကြီးတဲ့ FEMA တို့၊ Coast Guard တို့ Cyber Security တို့ ပါကုန်မှာပါ။

မင်နီဆိုးတားတပြည်နယ်ထဲမှာတင် တရားမဝင်နေထိုင်သူ နိုင်ငံခြားသား လူသတ်/ မုဒိမ်း၊ ပီဒို၊ မူးယစ်ဆေးဒီလာ ပေါင်း ၄၀၀၀ကျော်ကိုဖမ်းဆီးရင်း နယ်စပ်က ဝင်လာတဲ့ ပျောက်ဆုံးကလေးပေါင်း ၃၃၆၄ဦးကိုပါ ကယ်တင်နိုင်ခဲ့ပါတယ်။ ပြည်သူကို ဒုက္ခပေးနေတဲ့ ရာဇဝတ်ကောင်တွေဖမ်းတာ၊ အပြစ်မဲ့တဲ့ ကလေးတွေကို ကယ်တင်တာ၊ ပြည်သူကို လုံခြုံစေတာက လူသားချင်း မစာနာတာလား၊ အဲဒါတွေကြောင့် ICE ကို မုန်းသင့် မဲသင့်သလားဆိုတာ စဥ်းစားကြည့်ကြပါ။

ဒီမိုကရက်တွေ နယ်စပ်ဖွင့်ပေးတာဟာ သူတို့ကို မဲပေးမယ့်သူတွေ ဝင်လာဖို့အတွက် ပြည်သူလုံခြုံရေး စတေးလိုက်တဲ့အပြင် မိဘမပါပဲ ခေါ်ဆောင်ခံလာရတဲ့ ကလေးတွေအပေါ် လူ/လိင်ကုန်ကူးခွင့် တရားဝင်ခွင့်ပြုပေးသလိုလည်း ဖြစ်နေတာပါ။ ဝဲလ်ဖဲတွေကနေ ခိုးဖို့ ခွင်တွေဖန်တာပါထည့်တွက်ရင် သူတို့အတွက်တော့ အမြတ်ကြီးလှပါတယ်။

Leave a comment