လက်ဝဲမှိုင်းမိနေတဲ့ ဒီမိုကရက်တွေရဲ့ လော့ဂျစ်

– မိန်းမဆိုတာ ဘာလို့ အဓိပ္ပါယ် မဖွင့်ဆိုနိုင်ဘူး။ ဒါပေမယ့် မိန်းမသမ္မတ လိုချင်ကြတယ်။

Save America Act မှာ မဲမှတ်ပုံတင်ဖို့ ID လိုတယ်ဆိုပြန်တော့

– မိန်းမတွေက အိမ်ထောင်ကျပြီးရင် ယောက်ျားမျိုးရိုးနာမည် ယူရတော့ ID လုပ်ဖို့ မလွယ်ဘူးတဲ့။ Save Act က မိန်းမတွေ မဲပေးဖို့ မဖြစ်နိုင်အောင် လုပ်တာတဲ့။

– မိန်းမတွေ အိမ်ထောင်ကျပြီး နာမည်ပြောင်းကြတာ နှစ်ပေါင်း ရာထောင်ချီနေပါပြီ။ မိန်းမတွေ အလုပ်လုပ်၊ မဲပေး၊ ပရော်ဖက်ရှင်နယ်အလုပ်တွေ ဝင်၊ အိမ်/ကား/ဘဇ္ဇနက် ပိိုင်နေကြတာတောင် နှစ်ရာဂဏန်းရှိနေပြီဟာကို ခုမှ ID တောင် မလုပ်နိုင်ကြတဲ့ ခေတ်ကြီးကို ပြန်ရောက်သွားတယ်ဆိုတော့ ခက်တော့နေပါပြီ။ စာမတတ်ကြတော့လို့လား၊ ဒါဆိုလည်း ပညာရေးစနစ်ကို ဖျက်ဆီးခဲ့တာ သူတို့တွေပဲလေ။ မိန်းမတွေ ID တောင် မလုပ်နိုင်လောက်အောင် တုံး အ ချာ တူး တယ်လို့ မြင်တဲ့လူတွေကပဲ မိန်းမတွေကို မိန်းမဖြစ်တဲ့အတွက်ကြောင့်ကို သမ္မတ ရွေးစေချင်ပြန်ရော။

အခုလည်း ဟေလာရီက မြူးနစ်ညီလာခံမှာ ကွန်ဂရက်စ်က ပထမဆုံးထရန်စ်အမတ် ဒလဝဲက မက်ဘရိုက်နဲ့ တွဲပြီး မိန်းကလေးတွေရဲ့ အခြေခံအခွင့်အရေးတွေကို ကာကွယ်ဖို့ ပြောနေပြန်ပြီ။ မိန်းကလေးအခွင့်အရေးတွေကို ရီပါဘလစ်ကန်တွေကပဲ ပိတ်ပင်နေသလိုလိုပြောပေမယ့် သူတို့ကာကွယ်ချင်တဲ့ မိန်းကလေးဆိုတာ လည်ဇလုပ်နဲ့ အဝှာတန်းလန်းနဲ့ ဘုရားစူးမိန်းကလေးတွေ ဖြစ်နေပြန်တယ်။ အဲဒီဘုရားစူးမိန်းကလေးတွေကို ရှေ့တန်းတင်တာက မိန်းကလေးအစစ်တွေရဲ့ အခန်းကဏ္ဍကို ဖျက်ဆီးနေတာပဲမဟုတ်ဘူးလား။

ဟေလာရီဆိုတာက ကလင်တန်ဖျက်ဆီးခဲ့သမျှ မိန်းကလေးတွေကို ခြိမ်းခြောက်နှုတ်ပိတ်၊ မုဒိမ်းကောင်တွေကို ကာကွယ်ပေးပြီး စော်ကားခံရတဲ့ မိန်းကလေးတွေကို ရှက်ကြောက်နာကျင်အောင် လုပ်ခဲ့တဲ့ ရှေ့နေလေ။ စကားလုံးတွေမှာ လမ်းဆုံးမနေပဲ အနှစ်သာရနဲ့ သမိုင်းကြောင်းကို ကြည့်မှ အမှန်မြင်ပါလိမ့်မယ်။

Leave a comment