တရုတ်အစိုးရက အမေရိကန်မှာ အစိုးရကို ကိစ္စမျိုးစုံနဲ့ ဆန္ဒပြကြ၊ တရုတ်ကို အကောင်းမြင်အောင် လော်ဘီလုပ်ကြဖို့အတွက် အဖွဲ့တွေ ဖွဲ့ပေးထားတာကို နိုင်ငံခြားရေးဌာနက ဖော်ထုတ်လိုက်ပါတယ်။ အဲဒီအဖွဲ့တွေက non-profit တွေအဖြစ် အခွန်ကင်းလွတ်ခွင့်တွေလည်း ရတားပါတယ်။ CODEPINK အဖွဲ့ကို ၂၀၀၂ကစလို့ အမျိုးသမီးအင်အားစုတွေနဲ့ ဖွဲ့စည်းပေးထားပြီး ငြိမ်းချမ်းရေးအတွက်၊ လူသားချင်း စာနာမှု စတာတွေအတွက်လို့ အယောင်ပြထားပါတယ်။ သူတို့က ၂၀၀၃မှာ အီရတ်စစ်ပွဲကို ဟန့်တားဖို့ဆိုပြီး စတင်လှုပ်ရှားခဲ့ပြီး ခုတော့ ပါလက်စ်တိုင်းတွေဘက်က ထောက်ခံဆန္ဒပြကြတာပါ။ အဲဒီအဖွဲ့ကို အများဆုံးငွေထောက်ပံ့နေသူက နယ်လ်ဗေးလ်ရွိုင်ဆင်ဂမ် ဆိုတဲ့ တရုတ်ပြည်မှာနေတဲ့ စီစီပီကို သစ္စာခံတဲ့ အမေရိကန်စီးပွားရေးသမားနဲ့ သူ့ဇနီး ဂျိုဒီအီဗန်စ် ဖြစ်ပါတယ်။ ဂျိုဒီက ကုဒ်ပင့်ခ်ရဲ့ ပူးတွဲတည်ထောင်သူလည်း ဖြစ်ပါတယ်။
တရုတ်က နောက်ခံပေးနေတဲ့ နောက်တဖွဲ့က The People’s Forum ဆိုတဲ့ နယူးယောက်က နိုင်ငံရေးနဲ့ ယဥ်ကျေးမှုဆုံရပ်ဖြစ်ပါတယ်။ ဒီအဖွဲ့က ၂၀၁၇-၂၀၂၂ အတွင်း Singham ဆီက သန်း၂၀ ရထားတာပါ။ အဲဒီအဖွဲ့ရဲ့ ဖောင်ဒါ Manolo de Los Santos က မဒူရိုနဲ့ ၂၀၂၁က သွားတွေ့ထားတာပါ။ ဆင်ဂမ်တို့က ငွေတွေကို အယောင်ပြအဖွဲ့တွေကနေတဆင့် များသောအားဖြင့် Goldman Sachs ကိုပို့၊ အဲဒီကနေမှ ကုဒ်ပင့်ခ်တို့ ပီးပဲလ်ဖိုရမ်တို့လို အဖွဲ့တွေဆီ ပို့ပေးတာပါ။ (Goldman Sachs ဆိုလို့ အက်ပ်စတိန်းနဲ့ ပတ်သက်ခဲ့လို့ ပြုတ်သွားတဲ့ အိုဘမရဲ့ အိမ်ဖြူရှေ့နေဟောင်း Kathryn Ruemmler က GS မှာ ဥပဒေအရာရှိချုပ် လုပ်နေခဲ့တာ လွန်ခဲ့တဲ့ရက်အနည်းငယ်အထိပါပဲ။)
တက်စ်လာတွေမီးရှို့တာ၊ နိုးကင်းလှုပ်ရှားမှုတွေလုပ်တာ၊ ICE ကိုဆန္ဒပြတာတွေကို ထောက်ပံ့ပေး နေတာလည်း သူတို့ပါပဲ။ ဆိုရော့စ်တို့ ပါနိုင်ပေမယ့် အဓိကက တရုတ်ပြည်ကပါ။ သူတို့ဟာ အမေရိကန်မှာ မတည်ငြိမ်မှုတွေ ဖန်တီးသလောက် တရုတ်ပြည်နဲ့ပတ်သက်တဲ့ ပုံရိပ်ဆိုးတွေကို အမြင်တင့်တယ်အောင် လော်ဘီလည်း လုပ်ပေးကြပါတယ်။ ဖရီးပါလက်စ်တိုင်းဖြစ်ဖြစ်၊ အန်တီအိုက်စ်ဖြစ်ဖြစ် သူတို့တွေ ဆန္ဒပြတာတွေက တပုံစံတည်းပါပဲ။ ဒေါနဲ့မောနဲ့ ဆူပူဖျက်ဆီး ရန်လုပ်လာကြတဲ့အထိ ခံစားချက်ပြင်းအောင် လုပ်ပေးထားကြတာပါ။ သူတို့နဲ့ တိုက်ရိုက် မပတ်သက်တဲ့ကိစ္စတွေအပေါ် ခံစားမှုပြင်းထန်နေတဲ့ ပုံတွေက ပုံမှန်စိတ်မှဟုတ်ရဲ့လားတောင် ထင်စရာ ဖြစ်နေပါတယ်။ သူတို့က မြေပြင်ပေါ်မှာတင်မကပဲ တရုတ်လိုလားတဲ့ အင်ဖလူရန်စာတွေ၊ မီဒီညာတွေ ကနေတဆင့်လည်း ထရမ့်အစိုးရမကောင်းကြောင်း၊ တရုတ်အစိုးရကောင်းကြောင်းတွေ ဖြန့်ကြပါသေးတယ်။ တရုတ်တင်မက အီရန်နဲ့ ရုရှားတို့ကလည်း ဌာနေဆဲလ်တွေနဲ့ ပြင်းပြင်းထန်ထန် လှုပ်ရှားနေကြတာပါ။
နိုင်ငံခြားရေးဌာနက အဲဒီအဖွဲ့တွေကို ဘယ်သူတွေက ငွေလှူနေတယ်၊ အမေရိကန်ကို ရန်လိုတဲ့ သူတွေဘက်က လော်ဘီလုပ်နေတဲ့ ဘယ် NGO ကွန်ယက်တွေနဲ့ ချိတ်ဆက်လှုပ်ရှားနေတယ်ဆိုတာကို ဆက်လက်ဖော်ထုတ်သွားမှာဖြစ်ပါတယ်။
တရုတ်ပြည်မှာ ပြီးခဲ့တဲ့လက သမ္မတရှီက သူနဲ့ရင်းတဲ့ ဗိုလ်ချုပ်ကြီး ၂ဦးကို ထုတ်ပစ်ခဲ့ပြီးနောက် ဂျွန်ရက်ကလစ်ဖ်ဦးစီးတဲ့ စီအိုင်အေက တရုပ်စီစီပီနဲ့ တပ်ထဲက အရာရှိပိုင်းတွေဆီ ဦးတည်ကာ သူတို့နဲ့ ပူးပေါင်း လက်တွဲပြီး ကောင်းမွန်တဲ့ အနာဂတ်တည်ဆောက်ဖို့ ဆွယ်တဲ့ဗီဒီယိုတွေ ဆက်တိုက်ပို့နေတာ ၄ကြိမ်ရှိသွားပါပြီ။ ဒီလောက်အင်တာနက်လွတ်လပ်ခွင့် တင်းကြပ်ထားတဲ့နိုင်ငံမှာ တလမပြည့်သေးခင် ကြည့်ရှုသူ ၆၄သန်းကျော်သွားပါပြီ။ ပြီးခဲ့တဲ့ အောက်တိုဘာတုန်းကလည်း တရုတ်ရော့ကက်ဖို့စ်က ခေါင်းဆောင်တွေအပါအဝင် ရာထူးကြီးသူ ၉ဦး လာဘ်စားမှုနဲ့ အထုတ်ခံရပါသေးတယ်။ အာဏာရှင်နိုင်ငံတွေမှာက လွတ်လပ်တဲ့ တရားစီရင်ရေးမရှိတော့ တခုခုဆို ဟုတ်ဟုတ် မဟုတ်ဟုတ် လာဘ်စားတယ်ပဲခေါင်းစဥ်တပ်ပြီး အရေးယူကြတာဖြစ်လို့ တကယ်ဖြုတ်ရတဲ့ အကြောင်းရင်းကို ပြောရခက်ပါတယ်။
ရှီနဲ့ ဒီလောက်ရင်းခဲ့တဲ့သူတောင် အထုတ်ခံလိုက်ရတာဆိုတော့ တပ်ထဲမှာ ယုံကြည်မှုတွေ စိတ်ဓါတ်တွေ ပျက်ပြားကုန်မယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။ ခံတပ်ကြီးနဲ့နေတဲ့ မဒူရိုကိုတောင် လက်ရဖမ်းနိုင်ခဲ့တာဟာ နည်းပညာတွေ ကောင်းတာအပြင် ထလရကောင်းလို့လည်း ပါပါတယ်။
အက်ပ်စတိန်းက ကမ္ဘာ့ရွာနဲ့ ဆက်စပ်နေတယ်ဆိုတော့ ကမ္ဘာ့ရွာနဲ့ တသံတည်းထွက်တဲ့ ယူအန်တို့ ဟူးတို့ကို နဖားကြိုးထိုးထားနိုင်တဲ့ တရုပ်နဲ့ရော ဆက်စပ်မှု ရှိသလားဆိုရင် ရှိတယ်လို့ တွေ့ပါလိမ့်မယ်။
ဂျေပီမော်ဂန်ဘဏ်မှာ နှစ်၃၀ကျော်လုပ်ခဲ့ပြီးနောက် Barclays ဘဏ်မှာ CEO ဖြစ်ခဲ့တဲ့ Jes Staley က စနိုးဝှိုက်လေးနဲ့ ပျော်ရွှင်ခဲ့ရတာအတွက် ၂၀၀၉တုန်းက Epstein ကို email နဲ့ ကျေးဇူးတင်ခဲ့ပါတယ်။။ အက်ပ်စတိန်းက နောက်တခါ ဘာလိုချင်လဲမေးတော့ Staley က the Beauty and the Beast လို့ ဖြေပါတယ်။ မိန်းကလေးငယ်လေးတွေကို စနိုးဝှိုက်တို့လို ဒစ္စနေcostume လေးတွေ ဝတ်ပေးပြီး အဖိုးအရွယ် အီလိကြီးတွေကို ဖျော်ဖြေပေးရတာပါ။ မပို့ခင် ရက်၂၀လောက်က အက်ပ်စတိန်းက မိန်းကလေးတဦးဆီ မင်းကို စနိုးဝှိုက်လိုဝတ်ထားတာမြင်ချင်တယ်၊ သွားဝယ်ထားလို့ အီးမေးလ်ပို့ခဲ့ပြီး Staley ကျေးဇူးတင်စာပို့တဲ့နေ့မှာ အက်ပ်စတိန်းက JPM ကနေ အကောင့်တခုဆီ ငွေ ၂သောင်း လွှဲခဲ့ပါတယ်။ အက်ပ်စတိန်းက ၂၀၀၈မှာကတဲက sex offender အဖြစ်သတ်မှတ်ခံခဲ့ရပြီးသားပါ။
JP Morgan ကို တရုတ်ပြည်မှာ အကြီးဆုံးဖြစ်လာအောင် လမ်းပြကြောင်းပေးခဲ့သူကတော့ ဇတ်လိုက်ကြီးအက်ပ်စတိန်းပါပဲဆိုတာ သူတို့ချင်း ပို့ထားတဲ့ email တွေက သက်သေခံနေပါတယ်။ သူက တရုတ်အာဏာရှင်တွေရဲ့ စိတ်သဘောကို စစ်ကြောမိသူပီပီ ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကို Jes Staley ကို သေချာ သင်ပေးခဲ့တာပါ။
အရင်ဆုံး Staley အနေနဲ့ JPM မှာ New China Initiative လိုမျိုးဌာနကို အကြံပေးဘုတ်နဲ့တကွ ဖွဲ့ပြီး အနောက်နိုင်ငံယဥ်ကျေးမှုကို နှစ်သက်ပြီး အနောက်ကမ္ဘာကို မကြာမကြာသွားလေ့ရှိတဲ့ ပေါလစ်ဗျူရို အဖွဲ့ဝင်တွေနဲ့ သူတို့မိသားစုတွေအတွက် ရာထူးလှလှ၊ လစာကောင်းကောင်းပေးတာတွေ၊ သားသမီး တွေကို ကမ္ဘာတလွှားက JPM ရုံးတွေမှာ အခွင့်ထူးခံတွေအဖြစ် အလုပ်ခန့်ဖို့ လမ်းခင်းပေးတာတွေ လုပ်ဖို့ သင်ပေးပါတယ်။ အဲဒါကို Sons and Daughters Hiring Program လို့ခေါ်ပါတယ်။ သူတို့တွေ တရုတ်ပြည်မှာ ရလာတဲ့ပိုက်ဆံတွေကို အနောက်နိုင်ငံတွေပို့ပြီး ငွေဖြူဖွတ်ချင်တော့ သူတို့ငွေတွေကို JPM က အမျိုးမျိုးသောရင်းနှီးမြှုပ်နှံမှုတွေထဲထည့်ပြီး သူတို့သားသမီးတွေကို သူတို့သွားချင်တဲ့နိုင်ငံက ဘဏ်တွေမှာ ရာထူးလှလှနဲ့ ဟန်ပြခန့်ပြီး လစာအဖြစ် ပြန်ပေးတာမျိုး လုပ်ပါတယ်။ Wall St မှာ Localization strategy လို့ နာမည်ပေးထားတဲ့ အဲဒီပုံစံက တကယ့်လက်တွေ့မှာတော့ နယ်ခြားဖြတ်ကျော်တဲ့ ဓါးစာခံသံတမန်နည်းနဲ့ ဩဇာအာဏာ မှောင်ခိုလုပ်နည်းတခုပါပဲ။
ဒါ့အပြင် Guanxi network သဘောတရားအရ ထိပ်တန်းခေါင်းဆောင်တွေ၊ ခေါင်းဆောင်ဟောင်းတွေ၊ အဆင့်မြင့် အရာရှိကြီးတွေနဲ့ အီလိတွေနဲ့ ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးတည်ဆောက်ဖို့အတွက် စီးပွားရေးစကားကို အရင်မပြောပဲ တရုတ်သမိုင်းကြောင်းနဲ့ ယဥ်ကျေးမှု အနုပညာတွေကို ဘယ်လို နှစ်သက် အထင်ကြီး လေးစားကြောင်းတွေ စပြောဖို့၊ ညွှန်ကြားချက်ကို လိုက်နာပါမည်ဆိုတာမျိုးနဲ့ ပင့်ဖို့၊ သူတို့ဘဏ်ကိစ္စအတွက်လာရင် ဘဏ်နာမည် တပ်မထားတဲ့ သီးခြားရုံးခန်းထားပြီး ဝန်ဆောင်မှုပေးဖို့၊ JPM ဘက်က တရုတ်ဝန်ကြီးနဲ့အထက်ကို တွေ့ချင်တယ် ဆိုရင် ပြည်ပမှာပဲ တွေ့ဖို့၊ နှစ်ကူးစတဲ့ ပွဲတွေမှာ လက်ဆောင်ပေးချင်ရင် လန်ဒန်ရုံးကနေ လှမ်းပို့ဖို့၊ တရုတ်ဖက်က တွေ့ချင်ရင် သူ့အတွက် တကူးတက နိုင်ငံခြားကလာတွေ့တယ်ဆိုတာမျိုး ဖြစ်အောင် လုပ်ဖို့၊ တရုတ်ကိုယ်စားလှယ် အဖွဲ့တွေ ဥရောပကို ဖြတ်သွားရင် ကိုယ့်ရဲ့ ခမ်းနားတဲ့ အိမ် (သို့) private clubs မှာ ဧည့်ခံဖို့၊ တည်းခိုစရာ စီစဥ်ပေးဖို့၊ သူတို့ကလေးတွေနဲ့ ဆွေမျိုးတွေအတွက် အလုပ်အကိုင် ဖန်တီးပေးဖို့၊
နိုင်ငံရေးလောကမှာ အာဏာနဲ့ နေရာက မြဲနေတာမဟုတ်တော့ အာဏာမရှိတော့တဲ့အချိန်မှာပါ သူတို့အတွက် စိတ်ချရတဲ့ မိတ်ဆွေ၊ မီးခံသေတ္တာအဖြစ် ရှိနေတယ်လို့ ယုံကြည်လာအောင် လုပ်ဖို့ စသဖြင့် အသေးစိတ်သင်ပေးခဲ့တာပါ။
တရုတ်ပြည်ကို ဝင်နေတဲ့ဘဏ်တွေက JPM တခုတည်းမဟုတ်ပေမယ့် အထက်ပါနည်းဗျူဟာများနဲ့ JPM ဟာ အင်မတန်ကိုဝင်ဖို့ ခဲယဥ်းလှတဲ့ တရုတ်ဘဏ္ဍာရေးဈေးကွက်မှာ မင်းမူနိုင်ခဲ့ပါတယ်။ Jes Staley က Epstein ထံပို့တဲ့ ၂၀၁၀က email တခုမှာ JPM CEO ဂျေမီဒိုင်းမွန်းနဲ့ တရုတ်ဘဏ္ဍာရေး ထိပ်သီး Wang Qishanတို့ တွေ့ဆုံဆွေးနွေးကြမယ့်အကြောင်း ဝမ်းသာအားရ သတင်းပေးခဲ့သလို အဲဒီအချိန်က တရုတ်ပြည်မှာ နံပါတ် ၂ဖြစ်နေတဲ့ ရှီကျင်ပင်းနဲ့ပါ တွေ့ဖို့ရှိတယ်လို့ ဆိုပါတယ်။ ဂျေမီဒိုင်းမွန်းတို့ရဲ့ JPM ဟာ အက်ပ်စတိန်းကိစ္စတွေမှာရော တရုပ်အီလိတွေကို ကာကွယ်ပေးတဲ့ ကိစ္စတွေမှာပါ သစ္စာရှိခဲ့သလောက် ၂၀၂၀မှာ ထရမ့်နဲ့ မိသားစုတွေရဲ့ ဘဏ်အကောင့်တွေကို ပိတ်ပစ်ခဲ့ပါတယ်။
၂၀၁၉ ဇွန်လတုန်းက နောက်emailတခုမှာတော့ ထရမ့်ရဲ့ ၂၅% tariff ကြောင့် တရုတ်ပြည်စီစီပီမှာ အကြပ်ရိုက်နေတဲ့ ရှီကျင်ပင်းနဲ့ ဝမ်တို့ ပြုတ်/ဆင်းသွားသည်ရှိသော် သူတို့နဲ့ ဆက်ပြီး လက်တွဲအလုပ်လုပ်နိုင်တဲ့သူ တက်စေဖို့ကိုလည်း ဆွေးနွေးထားပြန်ပါတယ်။ အဲဒါတွေကိုကြည့်ရင် ရှီက အက်ပ်စတိန်းကို အမေရိကန်က အီလိတွေကို ဝင်ပြီး လိုသလိုကစားဖို့ အသုံးချခဲ့တယ်လို့ ထင်နေပေမယ့် အက်ပ်စတိန်းဘက်ကလည်း ရှီကို သူတို့လိုတာတွေအတွက် အသုံးချနေပြန်တယ် ဆိုတာ တွေ့လာရပါတယ်။
ဟောင်ကောင်အခြေစိုက် Boyu Capital ဆိုတဲ့ private equity fund ဟာလည်း အက်ပ်စတိန်းတို့နဲ့ မကင်းခဲ့ပါဘူး။ အက်ပ်စတိန်းရှေ့နေ ဒေးဗစ်စတန်းက ၂၀၁၁တုန်းက အက်ပ်စတိန်းဆီပို့တဲ့ Boyu အတွက် marketing presentation email မှာ Boyu က သန်း၇၀၀တောင် ရနေပြီ၊ လီကာရှင်းက သန်း ၁၀၀ထည့်ထားတယ်လို့ ပြောထားသလို အဲဒီအဖွဲ့ထဲမှာ သူတို့ရဲ့ မိတ်ဆွေ ၂ဦး (ပင်းအံအာမခံ ဥက္ကဋ္ဌဟောင်း Louis Cheung နဲ့ သမ္မတဟောင်းကျန်ဇီမင်းရဲ့မြေး Alvin Jiang) တို့ ပါဝင်ကြောင်း အသိပေးထားပါတယ်။ ကျန်ဇီမင်းရဲ့ အဆက်အသွယ်တွေနဲ့ သူ့မြေးကထောင်တာဆိုတော့ အရှင်မွေး နေ့ချင်းကြီးပြီး ဆယ်စုနှစ်တခုထဲမှာတင် တရုတ်ပြည်ရဲ့ အအောင်မြင်ဆုံး firm ဖြစ်လာပါတယ်။
နယူးမက္ကဆီကိုက နယ်စပ်နဲ့ သိပ်မဝေးတဲ့ ကန္တာရအလယ်က Zorro Ranch ဟာ အက်ပ်စတိန်း ဖိုင်တွေမှာ ကလေးတွေကို လူ/လိင် ကုန်ကူး၊ ကိုယ်ဝန်အတင်းဖျက်ချ၊ ဘေဘီလေးတွေနဲ့ ယဇ်ပူဇော်တဲ့နေရာလို့ သိကြပေမယ့် အစစ်အဆေးမရှိခဲ့ပါဘူး။ အဲဒီအနားမှာက အက်ပ်စတိန်းရဲ့ Santa Fe lab ရှိပြီး Zorro ranch ဟာ ဧက၇၅၀၀-၁၀၀၀၀ ပေါ်မှာ စတုရန်းပေ ၂၆,၇၀၀ ကျယ်တဲ့ အိမ်မကြီးအပြင် ကိုယ်ပိုင် လေယာဥ် ပြေးလမ်း၊ လေယာဥ်ဂိုထောင်တွေ၊ ရဟတ်ယာဥ်ဆင်းစရာတွေ ပါဝင်ပါတယ်။ အဲဒီနေရာက တပ်မြေနဲ့ နီးလို့ ခွင့်ပြုချက်မရှိပဲ လေယာဥ်ဖြတ်ပျံလို့ မရတဲ့နေရာ ဖြစ်ပါတယ်။ အဲဒီနဲ့ ကပ်လျက် ranch ကို တက္ကဆက်စ်က ဒီမိုကရက် အမတ်ဟောင်းနဲ့ ၂၀၁၉မှာ သမ္မတရကပ ဝင်ခဲ့ဖူးသူ Beto O’Rourke ရဲ့ ယောက္ခမ ဘီလျံနာ William Sanders က ၁၉၉၃မှာ ဝယ်လိုက်ပါတယ်။ ဘေတိုသမ္မတပြိုင်ပွဲဝင်တုန်းက ဘီလျံနာ ယောက္ခမက ငွေပုံအောပြီး ထောက်ပံ့ခဲ့တဲ့အပြင် အိုဘမတို့ အိုပရာတို့က အင်တိုက်အားတိုက် မဲဆွယ်ပေးခဲ့ကြပေမယ့် အိုင်အိုဝါပွဲဦးထွက်မှာထဲက ဘဲဥမကွဲခဲ့လို့ Super Tuesday မတိုင်ခင် ပြိုင်ပွဲက ထွက်ခဲ့ရတာပါ။
ထရမ့်ကို ကန့်လန့်တိုက်နေတဲ့ ရှီကာဂိုဂါဗာနာ JB Pritzker ရဲ့ ကာဆင် ဘီလျံနာ Tom Pritzker ကလည်း အပ်ပ်စတိန်းနဲ့ ပတ်သက်နေတာ ပေါ်သွားပြီးနောက် Hyatt executive chairman ရာထူးကနေ နှုတ်ထွက်သွားရပါပြီ။ သူက အက်ပ်စတိန်းကို ငါအခု အာဖဂန်က လူသူမနီးတဲ့နေရာမှာ ရောက်နေတာ၊ အဲဒါက Boys with Toys လိုချင်တဲ့ ငါ့ရဲ့မွေးနေ့ဆုတောင်းပဲလို့ ပြောခဲ့တာဖြစ်ပါတယ်။ အဲဒီ စကားစုက ယောက်ျားကလေးငယ်တွေကို အာဏာပါဝါရှိတဲ့ ယောက်ျားကြီးတွေက ခြေတော်တင်ကြတာ ဖြစ်ပါတယ်။
ထရမ့်ကို မုန်းချင်းမက မုန်းနေကြတဲ့ ဒီမိုကရက်တွေဟာ အက်ပ်စတိန်းနဲ့ ပတ်သက်နေတဲ့သူတွေ ဖြစ်နေတာ တိုက်ဆိုင်မှုတခုထက် ပိုပါလိမ့်မယ်။ ကမ္ဘာ့ရွာရဲ့ new world order ဟာ ထရမ့်လက်ထက်မှာ နိဌိတံတော့မှာဖြစ်သလို မာကိုရဲ့ ရဲရဲတောက် သတိပေးချက်ဟာလည်း ကမ္ဘာ့ရွာ လမ်းစဥ်ကို ဆုတ်ကိုင်ထားချင်သူ အက်ပ်စတိန်းမိတ်ဆွေများအတွက် အရှိုက်ထိုးမိသလို ဖြစ်နေတဲ့အတွက် ဟေလာရီတို့ နူဆမ်တို့ အေအိုစီတို့ အပူလုံးကြွနေသလို ဖြစ်နေကြပါတယ်။