ဒီကနေ့ပြုလုပ်တဲ့ Board of Peace အစည်းအဝေးမှာ သတိထားမိတာ ၂ချက်ရှိပါတယ်။ တချက်က ငြိမ်းချမ်းရေးကို သမားရိုးကျနည်းလမ်းတွေနဲ့ ရယူဖို့ မဖြစ်နိုင်နေတာကြောင့် အခုလို Board of Peace ကို ဖွဲ့စည်းရတာဖြစ်ပေမယ့် တချိန်မှာ UN ကို လက်တွေ့ကျတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့ နည်းလမ်းတွေနဲ့ ပြန်အသုံးပြုသွားနိုင်တယ်ဆိုတာရယ် နောက်တခုက ဂါဇာဒေသရဲ့ ရေရှည် ငြိမ်းချမ်းရေးအတွက် သေချာလေ့ကျင့်ပေးထားတဲ့ ရဲတွေက ဆောင်ရွက်ဖို့နဲ့ အဲဒီရဲတွေကို အီဂျစ်တို့ အင်ဒိုနီးရှားတို့လိုနိုင်ငံတွေက လေ့ကျင့်ပေးဖို့ စတာတွေပါဝင်ပါတယ်။ ဒီအဖွဲ့ရဲ့ ပထမဆုံး focus က ဂါဇာပြန်လည်ထူထောင်ရေးဖြစ်ပြီး အဲဒီအတွက် အဖွဲ့ဝင်၉နိုင်ငံက ၇ဘီလီယံ ထည့်ဝင်ဖို့ ကတိပြုထားကြပါတယ်။
UNSC က နိုဝင်ဘာတုန်းက Board of Peace ကို ကန့်ကွက်မဲမရှိ အတည်ပြုခဲ့ပြီး ပြီးခဲ့တဲ့လ ဒါဗို့စ်မှာတုန်းက နိုင်ငံ ၂ဒါဇင်ကျော် အဖွဲ့ဝင်အဖြစ် ပါဝင်လာခဲ့ကြတာပါ။ ဒီ Board of Peace မှာပါဖို့ ဝင်ကြေးပေးရတယ်၊ ဈေးကြီးတယ်ဆိုပေမယ့် စစ်တကယ်ဖြစ်ရင် အဲဒီထက် အဆ ၁၀၀လောက် ပိုကုန်မှာဖြစ်လို့ ခုထိ ၂၇နိုင်ငံ က ပူးပေါင်းထားပြီး EU အပါအဝင် နိုင်ငံပေါင်း ၅၀ကျော်က လေ့လာသူ/အဖွဲ့ဝင်အဖြစ် ကနေ့ကျင်းပတဲ့ ကနဦးတွေ့ဆုံပွဲကို တက်ရောက်ခဲ့ကြပါတယ်။
မင်းသားဟောင်း အန်ဒရူးကို သူ့ရဲ့ ၆၆နှစ်ပြည့်မွေးနေ့မှာ လာဖမ်းသွားပြီး နေ့ချင်းပဲ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။ အမှုတခုက ၁၉၉၀အလယ်ပိုင်းခုနှစ်တွေတုန်းက မိန်းကလေးငယ်တဦးကို ဂျလိန်းမက်ဆွဲလ်က လျှပ်စစ်နဲ့ တို့ပြီး နှိပ်စက်နေတာကို တခြားယောက်ျားကြီးတွေနဲ့အတူ ဘေးကကြည့်နေတာကြောင့်လို့ ဆိုပါတယ်။ အဲဒီအကြောင်း သတင်းပေးသူဟာ အခု အသက် ၃၅နှစ်ရှိပြီဖြစ်ပြီး ကလေးအရွယ်ထဲက UKမှာ လူကုန်ကူးခံခဲ့ရတာပါ။ သူတို့ဖခင်က သူတို့ ၆နှစ်နဲ့ ၈နှစ်ကတဲက ညဖက်တွေမှာ ဆေးခတ်ပြီး ပီဒိုပါတီတွေဆီ လှည့်ခေါ်သွားနေခဲ့တယ်လို့ ဆိုပါတယ်။ လျှပ်စစ်နဲ့တို့ပြီး နှိပ်စက်ခံရတဲ့ မိန်းကလေးကို Berkshire က ဝင်ဆာမြို့ထဲက တော်ဝင်မိသားစုတွေပိုင်တဲ့ Frogmore Cottage ကို ခေါ်ဆောင်သွားပြီး အဲဒီမှာ ဂျလိန်းက သူမလေးကို စားပွဲပေါ်တင် ချုပ်နှောင်ပြီး လျှပ်စစ်နဲ့ ရှော့ရိုက်ခဲ့တာဖြစ်ပါတယ်။
အန်ဒရူးကို ဒီလအစောပိုင်းကလည်း သူကုန်သွယ်ရေးသံတမန်လုပ်ခဲ့တဲ့ ၂၀၁၀-၁၁တုန်းက လျှို့ဝှက် စာရွက်စာတမ်းတွေကို အက်ပ်စတိန်းကို ပေးခဲ့တာ အက်ပ်စတိန်းဖိုင်တွေမှာ ပေါ်လာတဲ့အတွက် ယူကေရဲတွေက စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ဆိုပါတယ်။ တော်ဝင်မိသားစုရဲ့ တရားဝင်သံတမန် အနေနဲ့ စင်္ကာပူ၊ ဟောင်ကောင်နဲ့ ဗီယက်နမ်တွေကို သွားပြီး ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတွေ ဆွေးနွေးခဲ့တုန်းက အစီရင်ခံစာ အသေးစိတ်ကို အက်ပ်စတိန်းကို ပေးသိခဲ့တာပါ။ Trade envoy တွေဟာ လျှို့ဝှက်ချက်တွေကို စောင့်ထိန်းရမယ်ဆိုတဲ့ တရားဝင်ညွှန်ကြားချက်ရှိပါတယ်။
နောက်တမှုဖြစ်နိုင်တာက ၂၀၂၄ ဧပြီ ၂၄မှာ တော်ဝင်မြင်းတပ်က မြင်း ၅ကောင်ဟာ သွေးသံရဲရဲလို ဆေးနီတွေ အသုတ်ခံထားရပြီး ပုံမှန်သွားလာနေရင်းကနေ လန်ဒန်မြို့လယ်က အလန့်တကြားလူထုကြားထဲကို ပြေးလာခဲ့တဲ့အတွက် လူတချို့ ဒဏ်ရာရပြီး မြင်းတပ်လည်း ကသောင်းကနင်း ဖြစ်သွားခဲ့ပါတယ်။ အခုလို ဖမ်းတဲ့ ဖေဖေါ်ဝါရီ ၁၉ဟာ အဲဒီမြင်းကိစ္စဖြစ်တဲ့နေ့က ရေရင် ၆၆၆ရက်အတိ ဖြစ်နေတာရယ်၊ သူ့ရဲ့ ၆၆နှစ်ပြည့် မွေးနေ့မှာ မက်ထရိုရဲ ၆ဦးက လာဖမ်းတာရယ်က တိုက်ဆိုင်တယ်ဆိုတာထက် ပိုနေပါတယ်။
ပုံမှန်ဆိုရင် ဒီလို လူသိများထင်ရှားတဲ့ သူတွေမှာ ရှေ့နေကနေတဆင့် စကားပြောကြ၊ ညှိကြတာပါ။ ဘုရင်မကြီးရှိကတဲက အက်ပ်စတိန်း ဖိုင်ထဲက အန်ဒရူးနဲ့ တွဲရိုက်ထားတဲ့ ဗာဂျီးနီးယားဂျူဖရေးကို လျော်ကြေးပေးပြီး အမှုပိတ်၊ သူ့သားကို အဆောင်အယောင်တွေ ဖြုတ်/လျော့တာ လုပ်ပြီးသားပဲလေ။ စေတန်တွေရဲ့ အယူမှာ နံပါတ် ၆ အထူးသဖြင့် ၆၆၆ က beast ရဲ့ နံပါတ် (သို့) မကောင်းဆိုးဝါးရဲ့ ကိန်းဂဏန်းတွေလို့ သိကြပါတယ်။ ဘုရားကို အာခံတာ၊ ခရစ်တော်ကို ဆန့်ကျင်တာ၊ စတာတွေကို ကိုယ်စားပြုတာဖြစ်ပါတယ်။ အနောက်နိုင်ငံတွေရဲ့ အောက်လမ်းယတြာမျိုးလို့ ဆိုနိုင်မယ်ထင်ပါရဲ့။