ဒီနေ့မှာ ဆူပရင်းမ်ကုတ်က ထရမ့်ရဲ့ Liberation Day tariff ကောက်တာကို သမ္မတက ဒီလောက် ကျယ်ကျယ်ပြန့်ပြန့် tariff ကောက်တာမျိုးကို တဦးတည်းအာဏာနဲ့ လုပ်ပိုင်ခွင့်မရှိဘူးဆိုပြီး ၆-၃နဲ့ ပယ်ချလိုက်ပါတယ်။ ဒါပေမယ့် ဒီဆုံးဖြတ်ချက်မှာ ဘယ်သူ/ ဘယ်အဖွဲ့မှာလုပ်ပိုင်ခွင့်ရှိတယ်ဆိုတာကို ပြောမထားသလို tariff ကနေ ရထားပြီးသား ဝင်ငွေတွေကို ဘာလုပ်ရမယ်ဆိုတာကိုလည်း ရှင်းလင်း မသွားပါဘူး။ လွှတ်တော်ဒီမိုကရက်တွေကတော့ ကွန်ဂရက်စ်မှာ အာဏာရှိတယ်လို့ ဆိုကြပါတယ်။ ထရမ့်အခုကောက်နေတဲ့ tariff တွေက International Economic Emergency Powers Act (IEEPA) အရဖြစ်ပြီး အဲဒီဥပဒေကို 95th Congress က အတည်ပြုခဲ့ပြီး သမ္မတကာတာက လက်မှတ်ထိုးခဲ့တာ ဖြစ်တော့ ဒီမိုကရက်တွေပြောတာလည်း မမှန်ပြန်ပါဘူး။
ဆူပရင်းမ်ကုတ်ဆုံးဖြတ်ချက်ကို ကန့်ကွက်သူ ၃ဦးက ကလဲရန့်စ်သောမတ်စ်၊ ဆမ်အလိတိုနဲ့ ဘရက်တ်ကာဗာနာတို့ပါ။ ကာဗာနာက ဒီနေ့ဆုံးဖြတ်ချက်က ထရမ့်ရဲ့ IEEPA ပေါ်မှာ အားထားပြီး tariff ကောက်နေတာကိုပဲ ကန့်ကွက်တာ ဖြစ်တဲ့အတွက် အခြား ဖက်ဒရယ်လောတွေကို အသုံးပြုပြီး tariff အတော်များများကို ဆက်ကောက်ဖို့ အမိန့်ချနိုင်သေးတယ်လို့ ထောက်ပြပါတယ်။ သမ္မတကို tariff ကောက်ပိုင်ခွင့် ပေးထားတဲ့ ဖက်ဒရယ် ဥပဒေ အများအပြားရှိနေသေးတာကြောင့် နိုင်ငံခြားခြိမ်းခြောက်မှုရှိတဲ့ အရေးပေါ်အခြေအနေမှသာ ကောက်နိုင်တဲ့ IEEPA မလိုပဲ tariff စည်းကြပ်နိုင်မယ်၊ အဲဒီလိုလုပ်ဖို့ အဆင့်နဲနဲထပ်သွားဖို့ လိုကောင်းလိုနိုင်မယ်လို့ ရှင်းပြထားပါတယ်။ ကာဗာနာပြောတဲ့ ဖက်ဒရယ်ဥပဒေတွေဆိုတာ the Trade Expansion Act of 1962, the Trade Act of 1974 နဲ့ the Tariff Act of 1930 တို့ဖြစ်ပါတယ်။
ကာဗာနာပြောပုံအတိုင်းဆိုရင် ဆူပရင်းမ်ကုတ်ဆုံးဖြတ်ချက်မှာ သမ္မတက tariff ကောက်ခွင့်ရှိတယ်၊ ဒါပေမယ့် သုံးထားတဲ့ ဥပဒေက မှားနေတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ အဲဒီပုံစံမျိုးကို ဘဏ္ဍာရေးဝက စကော့ဘက်ဆန့်က လောလောဆယ် သမ္မတက the Trade Act of 1974 session 122 အရ balance of payment issue တွေအတွက် duties ကောက်လို့ရတယ်ဆိုတဲ့အပိုဒ်ကို အသုံးပြုပြီး ၁၀% global tariff ကောက်ဖို့ စီစဥ်လိုက်တာဖြစ်ကြောင်း၊ session 232 အရ စတီးလ်၊ အလူမီနမ်နဲ့ ကားတွေအပေါ် ကောက်ခံမှုက အရင်အတိုင်း ဆက်ရှိနေမှာဖြစ်ကြောင်း၊ session 301 ကို အသုံးပြုပြီး အခြားနိုင်ငံ/ ကုမ္ပဏီတွေရဲ့ မမျှတတဲ့ ကုန်သွယ်ရေးမူတွေအပေါ် ပစ်မှတ်ထားမယ့် tariff ကို စတင်ကျင့်သုံးဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်း၊ အဲဒါကြောင့် ၂၀၂၆မှာ tariff က ရရှိမယ့်ဝင်ငွေက အပြောင်းအလဲရှိမှာ မဟုတ်ကြောင်း၊ လုပ်နည်းနဲနဲပြောင်းရတာဖြစ်ပေမယ့် ရလာဒ်က ပြောင်းမှာမဟုတ်ကြောင်း၊ ရှင်းပြသွားပါတယ်။
ကာလီဖိုးနီးယားမှာ မဲပေးဖို့ မှတ်ပုံတင်ထားသူတွေထဲက ၄၄၉,၀၀၀ဟာ ဂျူရီလူကြီးအဖြစ် ဆင့်ခေါ်တဲ့အပေါ် နိုင်ငံသားမဟုတ်တဲ့အတွက် မထမ်းဆောင်နိုင်ကြောင်း တုန့်ပြန်ခဲ့ကြပါတယ်။ သန်းတဝက်လောက်နီးပါးပေါ့။ ဆိုမာလီကိစ္စကို ဖော်ထုတ်ထားတဲ့ နစ်ရှယ်လီကလည်း အိမ်တလုံးထဲမှာ မဲပေးဖို့မှတ်ပုံတင်ထားသူ ရာကျော်ရှိနေကြောင်းနဲ့ မဲပေးဖို့မှတ်ပုံတင်တာ ဘယ်လောက်လွယ်သလဲ ဆိုရင် အမျိုးသမီးတဦးက သူ့ခွေး၂ကောင်ကို မှတ်ပုံတင်ထားတာ လွယ်လွယ်လေး ရသွားကြောင်း၊ သေဆုံးပြီးအမျိုးသမီးတဦးဟာ မဲလေးခါတောင် ပေးထားကြောင်း တွေ့ရတယ်လို့ တင်ထားပါတယ်။
အီရန်က တနေ့ကို ရေနံစိမ်းစည် ၁၃သန်းဖြတ်သန်းနေတဲ့ ဟော်မုဇ်ရေလက်ကြားကို ယာယီပိတ်ထားပြီး ဒုံးကျည်အစစ်တွေနဲ့ စစ်ရေးလေ့ကျင့်ခဲ့ပါတယ်။ ဒါဟာ စစ်ဖြစ်လာခဲ့ရင် ရေလက်ကြားတခုလုံးကို ပိတ်ပစ်ဖို့ အဆင်သင့်ဖြစ်နေတာကို ပြသကြောင်းနဲ့ အဲဒီလိုပိတ်လိုက်ရင် ကမ္ဘာမှာ ရေနံဈေးတွေ ဆောင့်တက်သွားလိမ့်မယ်လို့ ဆိုပါတယ်။ အီရန်က လောလောဆယ် တနေ့ကို စည် ၁.၅-၂သန်း တင်ပို့နေတာဖြစ်ပြီး ဗင်နီဇွဲလားက ၈သိန်းလောက်ပဲ တင်ပို့နိုင်သေးတာဖြစ်ပါတယ်။ အဲဒီတော့ ရေနံဈေးတက်သွားနိုင်တာမှန်ပေမယ့် ထရမ့်က အရံရေနံတွေ ရှိနေသေးသလို အိုပက်ကို တိုးထုတ်ခိုင်းဖူးတဲ့ သာဓကတွေလည်း ရှိနေပါတယ်။ တကယ်လို့ ကမ္ဘာမှာ ရေနံဈေးတက်သွားတယ် ဆိုရင်တောင် အီရန်က အဓိကဝင်ငွေ ဆုံးရှုံးမှာဖြစ်လို့ အထိအနာဆုံးက ဒေါလာနဲ့ ငွေလဲတန်ဖိုး သုညဖြစ်နေတဲ့ အီရန်ပြည်သူတွေပဲ ဖြစ်ပါလိမ့်မယ်။
ဗင်နီဇွဲလားအပေါ် ခွတုတ်နေခဲ့တဲ့ ကွန်မြူနစ်ကျူးဘားမှာလည်း မီးတွေပြတ်၊ ဆေးတွေ၊ ဆေးပစ္စည်းတွေ၊ လူသုံးကုန်ပစ္စည်းတွေ ပြတ်လပ်ပြီး ကုန်ဈေးနှုန်းတွေ ဆောင့်တက်ကုန်ပါပြီ။ ကြက်တကောင်ကို ပုံမှန်လူတဦးရဲ့ တလစာလောက် ပေးနေရသလို ပြည်သူတွေက ထမင်းဟင်းချက်ဖို့ တံခါးဘောင်တွေကို ထင်းဆိုက်ပစ်ရတာမျိုးတွေအထိ လုပ်နေရပြီ ဖြစ်ပါတယ်။ ပြည်သူတွေ တောင့်မခံနိုင်လို့ အုံကြွရင် ကွန်မြူနစ်အစိုးရ ပြုတ်ကျဖို့ပဲ ရှိပါတော့တယ်။ ပြည်သူတွေအခုလို အဖြစ်ဆိုးကြုံနေတာဟာ အမေရိကန်ကြောင့်လို့ အတွေးတိမ်သူတွေ ပြောကြမှာ ဖြစ်ပေမယ့် နဂိုထဲက ခိုင်မာတဲ့စီးပွားရေးမရှိလို့သာ အခုလောက် မြန်မြန်ဆန်ဆန် ယိုယွင်းလာတာဖြစ်ပါတယ်။ ကွန်မြူနစ်နဲ့ စစ်အာဏာရှင်စနစ်တွေမှာ ခြစားမှုနဲ့ လွဲမှားတဲ့ စီမံခန့်ခွဲမှုများကြောင့် ဆင်းရဲမွဲတေမှုက ခွဲမရတဲ့ ပြဿနာ ဖြစ်နေတာပါ။