အရင်အပတ်က ဆူပရင်းမ်ကုတ်က သမ္မတထရမ့်ရဲ့ Liberation Day Tariff ကို သမ္မတမှာ အဲဒီလောက် လုပ်ပိုင်ခွင့်မရှိသင့်ဘူးလို့ ဆုံးဖြတ်ခဲ့တာနဲ့ပတ်သက်ပြီး သမ္မတထရမ့်က SOTU မှာ ဂျွန်ရောဘတ်စ်တို့ အေမီတို့မျက်နှာတွေ တည့်တည့်ကြည့်ပြီး ရှက်စရာကောင်းကြောင်း၊ မျိုးချစ်စိတ်မရှိတဲ့သူသာ ဒီလိုဆုံးဖြတ်မှာဖြစ်ကြောင်း၊ နောက်ပိုင်းအင်တာဗျူးမှာလည်း အေမီကို ထရမ့်ခန့်ခဲ့တာဖြစ်ပေမယ့် ထရမ်နဲ့ပတ်သက်တဲ့ ကိစ္စတွေမှာ ကန့်လန့်တိုက်သလို ဆုံးဖြတ်နေတော့ နောင်တရသလားလို့ မေးတာမှာ နောင်တရတယ်ဆိုတာထက် သူတို့မိသားစုတွေအတွက် အရှက်ရစရာဖြစ်တယ်လို့ပဲ ဆိုချင်ကြောင်း ပြောသွားပါတယ်။ ကမ္ဘာနဲ့အဝှမ်း ခံစားနေကြတဲ့ TDS ဟာ ဆူပရင်းကုတ်မှာပါ ဖြစ်နေသလားလို့ ထင်စရာပါ။ အဲဒီလို ကန့်လန့်တိုက်ရခြင်းများရဲ့ နောက်ကွယ်မှာ ဘယ်လိုအချက်တွေ ရှိနေတယ်ဆိုတာ သိထားရင် ဘယ်ကိစ္စ ဘယ်လိုဆုံးဖြတ်နိုင်တယ်ဆိုတာကိုပါ မှန်းမိလာပါလိမ့်မယ်။
၂၀၁၄ အိုဘမလက်ထက်မှာ နာမည်ကြီးဒီမိုကရက်ရှေ့နေနဲ့ ချက်ခ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဟောင်း Norm Eisen က ဆူပရင်းမ်ကုတ်က တရားသူကြီးချုပ်ဂျွန်ရောဘတ်စ်ကို သူ့သံအမတ်ကြီး နေအိမ်မှာ တပတ်ကြာ တည်းခိုခွင့်ပေးပြီး ဧည့်ခံခဲ့ပါတယ်။ သူတို့ဟာ အဲဒီမှာ rule of law ဆိုင်ရာ ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒီသတင်းက ၂၀၂၄မှာ လူထုကြားကို ရောက်လာခဲ့ပြီး သူတို့ချင်းရင်းနှီးမှုက သူတို့အလုပ်တွေရဲ့ ဆုံးဖြတ်ချက်တွေကို မျှမျှတတ ဆုံးဖြတ်ပေးဖို့ အဟန့်အတားဖြစ်နေလိမ့်မယ်လို့ ထောက်ပြခဲ့ကြပါတယ်။
အိုင်ဆန်က သံအမတ် မဖြစ်ခင် အိုဘမရဲ့အိမ်ဖြူရှေ့နေနဲ့ အထူးလက်ထောက် ဖြစ်ခဲ့သလို ၂၀၁၉-၂၀မှာ ဒီမိုကရက်ကြီးစိုးတဲ့ လွှတ်တော်ရဲ့ တရားရေးကော်မီတီရဲ့ အထူးရှေ့နေအဖြစ် သမ္မတထရမ့်ကို impeach လုပ်ဖို့နဲ့ တရားစွဲဆိုဖို့လုပ်ခဲ့ရာမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် အိုဘမနဲ့ ဘိုင်ဒန်လက်ထက်တွေမှာ အစိုးရနဲ့ အဲလောက်အနီးကပ်လုပ်နေခဲ့တဲ့သူက အဲဒီတုန်းက အက်ပ်စတိန်းဖိုင်တွေ ထွက်လာဖို့ တခွန်းမှ မဟခဲ့ဘဲ အခု ထရမ့်လက်ထက်ကျမှ Democracy Defenders Fund ဆိုတဲ့ ပါတီစွဲမရှိဘူးလို့ ဘုရားစူးပြောထားတဲ့အဖွဲ့ရဲ့ အလုပ်အမှုဆောင်ဥက္ကဋ္ဌ အဖြစ်နဲ့ အက်ပ်စတိန်းဖိုင်တွေ ထုတ်ပေးဖို့ အတင်းကြီးကို လောဆောနေတော့တာပါ။ အဲဒါတွေကို ကြည့်ရင် အိုင်ဆန်ဟာ ထရမ့်ကို ရည်ရွယ်ချက်ရှိရှိ အသေလိုက်တိုက်ခိုက်နေသူဖြစ်တာ တွေ့ရမှာပါ။
ဂျွန်ရဘနဲ့ ပတ်သက်တဲ့ သတင်းပလင်းတွေကလည်း အတော်လေးများပါတယ်။ လိုလိတာအိတ်ပရက်စ်ပေါ် လိုက်ဖူးတဲ့ ဖလိုက်လော့ဂ်ကို ဖက်ချက်ကာတွေက သူမဟုတ်ပါဘူး၊ နာမည်တူတာပါလို့ အတင်းငြင်းပြပေမယ့် အဲဒီပုံကတော့ အစရှာမရအောင် ပျောက်နေပါပြီ။ ဘေလ်ကလင်တန်အပါအဝင် တခြားလူအချို့နဲ့ ရေကူးကန်ထဲကပုံဟာလည်း ဖက်ချက်ကာတွေ အဆိုအရ သူမဟုတ်ပြန်ပါဘူးတဲ့၊ အဲဒါက ဗကေးရှင်းပါတဲ့၊ ဟိုကျွန်းကပုံမဟုတ်ပါဘူးတဲ့။ သူမဟုတ်ရင် ဗကေးရှင်းဖြစ်ဖြစ် ဘယ်မှာဖြစ်ဖြစ် ရှင်းပြစရာလိုလို့လား။ လူတူမရှား နာမည်တူမရှား ဆိုပေမယ့် အဲဒီပုံလည်း စုတ်စမြုပ်စ ပျောက်သွားပြန်တာပါပဲ။ ဟုတ်တယ်ပဲထား ကလင်တန်နဲ့ ဗကေးရှင်းအတူသွားတယ်ဆိုရင် ဒါဟာလည်း ကွန်ဖလစ်အော့အင်းထရက်စ်ပဲလေ။
နောက်တခုက သူ့ကလေးတွေ၊ ၂ယောက်မွေးစားထားတာ လက်တင်အမေရိကကတဲ့၊ ပုဂ္ဂလိကကိစ္စဖြစ်လို့ မွေးစားစာချုပ်/ မှတ်တမ်းကအစ ဘာမှမပြော/ပြနိုင်ပါဘူးတဲ့။ တချို့က အိုင်ယာလန်ကလို့ဆိုတယ်၊ အိုင်ယာလန်က ပြည်တွင်းကလူကိုပဲ ပေးမွေးတာ၊ ပြည်ပအရောက်မခံဘူး။ နောက်တရားသူကြီးမ အေမီကနဘရကလည်း ကိုယ်ပိုင် ကလေး၅ယောက်(မ၃ ကျား၂) ရှိလျက်နဲ့ ဟေတီက လူမည်းကျား၁ မ၁ မွေးစားထားလို့ အသံဆူသွားသေးတယ်။ ကလေးမွေးစားချင်တယ်ဆိုရင် အမေရိကန်မှာလည်း မွေးစားလို့ရပါတယ်။ တခြားနိုင်ငံကဆိုရင်တော့ မိဘနဲ့ အပြတ်ဖြတ်ဖို့၊ ပတ်ဝန်းကျင်နဲ့ အဆက်ဖြတ်ထားဖို့ ပိုလွယ်တာပေါ့လေ။ အေမီကမှ ကလေးတွေကို လူကြားချပြပါသေးတယ်၊ ဂျွန်က မွေးစားကလေး ၂ဦးကို လုံးဝ လူရှေ့ မထုတ်ပါဘူး။
သူတို့နဲ့မဆိုင်လောက်ပေမယ့် ဗီဒီယိုတခုမှာ အမျိုးသမီးတဦးက သူ့မိဘတွေမှာ မွေးစားကလေး ရှိကြောင်း၊ သူတို့ယုံကြည်တဲ့စေတန်ရိုးရာဓလေ့တွေအရ တခုခု ဆာကရဖိုက်စ်လုပ်ဖို့ လိုလာရင် အဲဒီမွေးစားကလေးကိုသုံးကြောင်း၊ သူကမလုပ်ချင်လို့ အဲဒီအသိုင်းအဝိုင်းထဲက အပြီးထွက်လာတာ ဖြစ်ကြောင်း ရှင်းပြထားထာ တွေ့ဖူးပါတယ်။ ဝူဒီအဲလန်တို့လို ဆယ်လီတွေလည်း မွေးစားကလေးကို ပိစိလေးကတဲက စော်ကားတာတွေ၊ ချာလိစ်သီယွန်တို့လို မွေးစားကလေးကို ထရန်စ်လုပ်ပစ်တာတွေ မနဲပါဘူး။
မင်းသားဟောင်းအန်ဒရူးရဲ့ မယားဟောင်း ဆာရာဖာဂူဆန်ဆိုလည်း ၂၀၀၉တုန်းက အက်ပ်စတိန်း ထောင်ထဲမှာရှိနေတုန်း ကလေးချာရတီကို ဘယ်လို promote လုပ်ရမယ်ဆိုတာ အီးမေးပို့ မေးခဲ့သလို အက်ပ်စတိန်းဆီမှာ ဘာအလုပ်ပဲလုပ်ရလုပ်ရ လုပ်ပါရစေ ပိုက်ဆံအရမ်းလိုနေလို့ပါဆိုပြီး အီးမေး ပို့ထားပါသေးတယ်။ ခုလိုအီးမေးလ်တွေ ထွက်လာအပြီးမှာ ဖာဂူဆန်ရဲ့ ကလေးချာရတီ ၆ခုကို ပိတ်ပစ်လိုက်ရပါပြီ။ ဘိုင်ဒန်တို့ ခိုးသွင်းပြီး အပျောက်လုပ်ထားတဲ့ ကလေး ၃သိန်းကျော်က အဲဒီလိုနေရာတွေမှာ ဘယ်နှစ်ယောက်ရောက်ပြီး ဘယ်လိုတွေ ခံစားနေရမလဲ တွေးကြည့်သင့်ပါတယ်။ အထူးသဖြင့် ဩဇာ အာဏာကြီးမား ပေါက်ရောက်သူတွေ လက်ထဲမှာဆိုရင် ပြေးစရာလည်းမြေမရှိ တရားဥပဒေကိုယ်တိုင်က မျက်လုံးကန်းနေတော့ တိုင်စရာလည်းမရှိတဲ့ဘဝတွေ ဖြစ်ကြရဦးမှာပါ။
ဂျွန်ရဘလက်ထက် ဆူပရင်းမ်ကုတ်ဆုံးဖြတ်ချက်တွေကို ကြည့်ရင်လည်း လုံးဝ မငြင်းနိုင်တဲ့ ကိစ္စ (သို့) နိုင်ငံရေးအရ သက်ရောက်မှုမကြီးတဲ့ကိစ္စတွေမှာသာ ရီပါဘလစ်ကန်အမတ်တွေနဲ့ အတူမဲပေးပြီး သက်ရောက်မှုကြီးတဲ့ ကိစ္စတွေမှာ ဒီမိုကရက်အမတ်တွေနဲ့အတူ မဲပေးတာ ထရမ့်သက်တမ်း ၂ခုလုံး မှာပါပဲ။ TDS ရှိနေသလားတောင် ထင်ချင်စရာပါ။ အရင်ကတော့ ယူနီပါတီဆိုတော့ ကွဲပြားမှုက သိပ်မထင်ရှားခဲ့ဘူးလေ။ သူ့ကိုခန့်တဲ့ ၄၃ဖခင် ၄၁က စီအိုင်အေကဆိုတော့ သူ့ကိုတင်ခဲ့တုန်းကလည်း ၉ဦးထဲမှာ အသက်အငယ်ဆုံး ဝါအနုဆုံးဖြစ်လျက်နဲ့ အမြင့်ဆုံးရာထူးပေးခဲ့တာပါ။ ၂၀၂၀ရကပမှာ အဆီအငေါ်မတည့်တာတွေ ထင်ထင်ရှားရှားဖြစ်နေပါလျက်နဲ့ စစ်ဆေးခွင့် ကြားနာခွင့်မပေးခဲ့ပဲ အဲဒီအချိန်က ပေါက်ထွက်လာတဲ့သတင်းတွေမှာ ဆူပရင်းမ်ကုတ် ရုံးမှာ ဂျွန်ရဘရဲ့ အော်ဟစ်ငြင်းခုံသံ တွေ ကြားခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါတွေကိုလည်း ဟန်းတားလက်ပ်တော့ပ်လိုပဲ ဖက်ချက်ကာတွေ ငြင်းကြဦးမှာပါ။
တကယ်တမ်း ဆူပရင်းမ်ကုတ်အနေနဲ့ တိုင်းပြည်မှာ အထူးသဖြင့် အပြာပြည်နယ်တွေမှာ ဗရမ်းဗတာ ဖြစ်နေတာကို ဝင်တားမယ်ဆိုရင် တားလို့ရပါတယ်။ ဥပမာ no cash bill လိုဟာမျိုးပေါ့။ ရာဇဝတ်ကောင်တွေကို ငွေသားအာမခံတင်စရာမလိုပဲ လမ်းပေါ်ပြန်လွှတ်ပေးတာဟာ သူတို့ကို တိုင်တဲ့သူ၊ တရားစွဲတဲ့သူ၊ ဖမ်းခဲ့တဲ့သူတွေအပါအဝင် နောက်ထပ် ကျူးလွန်ခံရနိုင်သူ အားလုံးအတွက် အန္တရာယ်များလှတဲ့အတွက် အဲဒါဟာ အခြေခံဥပဒေနဲ့ မညီဘူးလို့ အခိုင်အမာ ပြောနိုင်ရင် သူတို့အနေနဲ့ စဥ်းကိုစဥ်းစားပေးရမှာပါ။ ဗုတ်တာအိုင်ဒီမလိုစေတာရော နယ်စပ်ဖွင့်တာရောမှာလည်း ခြေ/ဥနဲ့ မညီတာ ပြည်သူကို ကာကွယ်ဖို့ပျက်ကွက်တာအတွက် သူတို့ကလည်း မဏ္ဍိုင်တခုအနေနဲ့ ထိန်းဖို့ တာဝန်ရှိတာပါပဲ။
အက်ပ်စတိန်းတို့ခြေလှမ်းကျယ်ပုံက နိုဘယ်ဆု ဘယ်သူ့ကိုပေးဖို့ ဆုံးဖြတ်နိုင်တဲ့ နော်ဝေဝကခဟောင်း၊ ဥရောပကောင်စီထွေထွေတွင်းချုပ်နဲ့ နိုဘယ်ဆုကော်မီတီဥက္ကဋ္ဌ Thorbjørn Jagland ဟာ အက်ပ်စတိန်းနဲ့ ပတ်သက်တာတွေ ပေါ်သွားတဲ့နောက် ဆိုးဆိုးရွားရွား ခြစားမှုနဲ့ အရေးယူခံထားရပြီး ကမ္ဘာ့စီးပွားဖျက်ဖိုရမ်ရဲ့ ဥက္ကဋ္ဌနဲ့ CEO Borge Brende လည်း နှုတ်ထွက်သွားရပါပြီ။ အဲဒါကြောင့် အိုဘမတက်လာပြီး ဘာမှမလုပ်ရသေးခင် ငြိမ်းချမ်းရေးနိုဘယ်ဆုရပြီး စစ်များစွာရပ်စေခဲ့တဲ့ ထရမ့်ကို ပေးဖို့ကျတော့ မဖြစ်နိုင်ဖြစ်နေတာပါ။ ဆေး/ခန္ဓာဗေဓနဲ့ နိုဘယ်ဆုရခဲ့သူ Richard Axel ကလည်း အက်ပ်စတိန်းနဲ့ ပတ်သက်ခဲ့တာပေါ်သွားတဲ့နောက် ကိုလံဘီယာတက္ကသိုလ်က ထိပ်တန်းရာထူးကနေ နှုတ်ထွက်သွားရပြီး ဟားဗတ်က Business & Government ဌာနမှာ စာသင်နေတဲ့ လာရီဆမ်းမားစ် လည်းနှုတ်ထွက်ရတော့မှာပါ။ လာရီက ကလင်တန်လက်ထက်က ဘဏ္ဍာရေးဝက၊ ဟားဗတ်ဥက္ကဋ္ဌနဲ့ NEC ဒါရိုက်တာတွေ လုပ်ခဲ့ဖူးပြီး ထရမ့်ကို မုန်းနိုင်လွန်းသူတဦးဖြစ်ပါတယ်။ ခုဆို အက်ပ်စတိန်း မရှိတော့ သူတို့လိုပီဒိုတွေရဲ့ လိုအပ်ချက်တွေကို ဘယ်သူက ဖြည့်စည်းပေးနေပါလိမ့်။
ကလေးတွေအပေါ် အမြတ်ထုတ်တာလိုပဲ ကလေးတွေအပေါ် အမြတ်ထုတ်သူတွေကို ကာကွယ်ပေးတာဟာလည်း ဆိုးရွားတာပါပဲ။ ကာလီဖိုးနီးယားမှာ ၁၉၉၅ကစပြီး အသက် ၃နှစ်က ၇နှစ်အတွင်း ကလေးပေါင်း များစွာကို အရုပ်လေးတွေနဲ့ မြှူပြီး လိင်စော်ကားခဲ့တဲ့ David Allen Funston ဟာ ၁၉၉၉ကနေ အနှစ် ၂၀ ကို သုံးကြိမ်ဆက်တိုက်ကျခံရမှာ ဆိုတော့ ဒီတသက် ထောင်ကလွတ်စရာအကြောင်းမရှိပါဘူး။ ဒါပေမယ့် ၂၀၂၀မှာ ပြဌာန်းခဲ့တဲ့ ထောင်ဒဏ် အနှစ် ၂၀ကျခံပြီးသော အသက် ၅၀အထက်တွေကို ပြန်လွှတ်မယ့် ဥပဒေကြောင့် အသက် ၆၄နှစ်ရှိပြီဖြစ်တဲ့ ဖန်စ်တန်က ကနေ့ပြန်လွတ်မှာဖြစ်ပါတယ်။ အဲဒီလို ပြန်လွှတ်မှာကို ကျူးလွန်ခံခဲ့ရသူတွေနဲ့ မိသားစုတွေ၊ သူ့ကိုဖမ်းခဲ့တဲ့ ရဲတွေ၊ သူ့ကို ပြစ်ဒဏ်ကျအောင် လျောက်လှဲခဲ့တဲ့ ရှေ့နေတွေက ဒေါပွပြီး သူ့ကို ပြစ်ဒဏ်ချရာမှာ မပါသေးတဲ့ ၁၉၉၆က အမှုနဲ့ ချက်ချင်းပြန်ဆွဲထည့်ထားလိုက်ပါတယ်။ ပြည်သူ/ကလေးထက် ရာဇဝတ်သားတွေ မုဒိမ်းကောင်တွေကို သိပ်ကာကွယ်ပေးချင်တဲ့ ဟေလာရီတို့ ကမလာတို့လိုပဲ နူဆမ်က ဘာတွေ အကြောင်းပြပြီး လွှတ်ဖို့ ကြိုးစားဦးမလဲဆိုတာ စောင့်ကြည့်ရမှာပါပဲ။