Operation Epic Fury (1)

ဖေဖေါ်ဝါရီ ၂၈ စနေနေ့နံနက်ပိုင်းမှာ အစ္စရေး IDF က အီရန်ကို စပြီး ဗုံးကြဲနေလို့ တီဟီရန်မှာ ပေါက်ကွဲမှုတွေ ဖြစ်နေပြီလို့ ဂျေရုစလင်ပို့စ်က ဆိုပါတယ်။ ခုထိတော့ အစ္စရေးဘက်ကို ဘာဒုံးကျည်မှ ပြန်မလာသေးပါဘူး။ အလီခါမေနီရဲ့အိမ်ဗုံးကြဲခံရပြီး သူ့ရုံးနားမှာလည်း ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပေမယ့် ခါမေနီက တီဟီရန်မှာ ရှိမနေပဲ လုံခြုံတဲ့နေရာမှာ ပြောင်းထားတယ်လို့ အီရန်အရာရှိတဦးက ရီုက်တာကို ပြန်ပြောထားပါတယ်။ ဒီတိုက်ပွဲက limited ဖြစ်ပြီး remove threat အတွက်ပဲဖြစ်ကြောင်း၊ အဓိကကျတဲ့ စစ်ရေးနဲ့ နိုင်ငံရေးပစ်မှတ်တွေကိုပဲ တိုက်ခိုက်တာဖြစ်ကြောင်းနဲ့ အစ္စရေးနဲ့အတူ အမေရိကန်လည်း ပါဝင်ကြောင်း သိရပါတယ်။

အဲဒီမတိုင်ခင် အစ္စရေးပြည်သူတွေကို လုံခြုံတဲ့ အကာအကွယ်ပေးထားတဲ့ နေရာတွေမှာပဲ နေကြဖို့ ဆော်ဩထားသလို ဂျေရုစလင် အမေရိကန်သံရုံးကလူတွေကိုလည်း အမေရိကန်က ပြန်ခွင့်ပေးလိုက်ပါတယ်။ ကာတာက အမေရိကန်တပ်စခန်းတွေမှာလည်း လူတွေရှင်းထားပြီလို့ ဂြိုလ်တုပုံတွေကို ကိုးကားပြီး ပြောကြပါတယ်။ B2 ကိုယ်ပျောက်လေယာဥ်တွေ စခန်းချတဲ့နေရာကနေ ပျံသွားပြီဆိုတာလည်း သတင်းထွက်နေခဲ့ပါတယ်။

X က ဗီဒီယိုတွေထဲမှာ တီဟီရန်က အီရန်ပြည်သူတွေဟာ အထိတ်တလန့်မဖြစ်ပဲ သွားလာနေကြဆဲဖြစ်တာကို တွေ့ရပါတယ်။

ပစ်မှတ်တခုက IRGC ထောက်လှမ်းရေးဒါရိုက်တာရုံး ဖြစ်ပြီး မြို့လယ်မှာလည်း ဗုံးကျပေါက်ကွဲတာတွေ ရှိခဲ့ပါတယ်။ ခါမေနီရဲ့နေအိမ် ဗုံးထိသွားပြီး တိုက်ခိုက်မှုတွေဟာ တီဟီရန်အပြင် တခြားမြို့တွေပါပါလို့ ခပ်သေးသေးတိုက်ပွဲလို့ မဆိုနိုင်ကြောင်း သတင်းတွေ တွေ့ရသလို ဒီတိုက်ပွဲအတွက် လအတော်ကြာ ပြင်ဆင်ခဲ့ပြီး ဒီနေ့ရက်ကို သတ်မှတ်ထားတာ ရက်သတ္တပတ် အနည်းငယ် ရှိပြီဖြစ်ကြောင်း အစ္စရေးအရာရှိတွေက ရိုက်တာကို ပြောသွားပါတယ်။

အီရန်က လက်တုန့်ပြန်မယ်လို့ ကျုံးဝါးသွားသလို အစ္စရေးမော့ဆက်က အီရန်ပြည်သူတွေကို တယ်လီဂရမ်ကနေ ဖာစီဘာသာနဲ့ သတင်းတွေ တင်ပေးနေပါတယ်။ “အီရန်ညီအကိုမောင်နှမများရေ သင်တို့ဟာ (ကူရာကယ်ရာမဲ့) တဦးတည်းဖြစ်မနေပါဘူး၊ (ငါတို့ရှိပါတယ်)၊ ဒီလုံခြုံတဲ့ တယ်လီဂရမ်ချန်နယ်ကို လုပ်ပေးထားသလို ငါတို့အတူ အီရန်ကို ရွှေရောင်လွှမ်းတဲ့ နေ့တွေဆီ ပြန်သွားကြပါစို့”လို့ မက်ဆေ့ချ်ပေးထားပါတယ်။

ဒီနေ့တိုက်ခိုက်မှုမှာ ထောင်ချီတဲ့ ဆန္ဒပြသူတွေကို သတ်မိန့်ပေးခဲ့တဲ့ အီရန်တရားသူကြီးချုပ် Gholam-Hossein Mohseni-eje’i နဲ့ အီရန်ကာချုပ် Amir Hatami တို့ကို ရှင်းနိုင်ခဲ့တယ်လို့ သတင်းတွေထွက်နေပါတယ်။

သမ္မတထရမ့်ရဲ့ မိန့်ခွန်းဗီဒီယိုကို comment မှာပေးထားပါတယ်။ မိန့်ခွန်းထဲမှာ သမ္မတက ကိုယ့်ပြည်သူတွေကို ထောင်သောင်းချီသတ်ခဲ့တဲ့ အီရန်တပ်တွေကို အပြီးသတ်ချေမှုန်းမှာဖြစ်ကြောင်း၊ နျူလက်နက်ကို ခွင့်ပြုဖို့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ကြောင်း၊ စစ်တိုက်တာဖြစ်လို့ ကိုယ့်ဖက်မှာလည်း အကျအဆုံး ရှိနိုင်ပေမယ့် ဒါဟာ အနာဂတ်အတွက် တိုက်နေတာဖြစ်လို့ နားလည်ပေးကြဖို့လိုကြောင်း၊ အီရန်စစ်ဖက်ကလူတွေ လက်နက်ချရင် အသက်ချမ်းသာပေးမယ်၊ လွတ်ငြိမ်းခွင့်/ တရားမျှတမှုပေးမယ်၊ မဟုတ်ရင်တော့ အသက်ဆုံးမှာ ကျိန်းသေကြောင်း၊ တိုက်ခိုက်မှုပြီးသွားရင် အီရန်ပြည်သူတွေ မင်းတို့အစိုးရကို မင်းတို့စိတ်တိုင်းကျရွေးခွင့် မင်းတို့ပြန်ရမယ်၊ သမိုင်းမှာ တကြိမ်ပဲရမယ့်အခွင့်အရေးဖြစ်လို့ မင်းတို့ကံကြမ္မာ မင်းတို့ဖန်တီးနိုင်မယ့် အခွင့်အရေးကို လက်လွတ်မခံပါနဲ့၊ အမေရိကန်ကို ဘုရားသခင်ကောင်းချီးပေးပါစေလို့ ပြောသွားပါတယ်။

ရှားမင်းသားပါလာဗီကလည်း မိန့်ခွန်းပြောထားပါတယ်၊ အမေရိကန်သမ္မတက ကူညီမယ်ဆိုတဲ့ ကတိကို အခုအကောင်အထည် ဖော်နေပါပြီ၊ တိုက်ခိုက်မှုဟာ အစ္စလာမ်မစ်သမ္မတနိုင်ငံဆိုတဲ့ စနစ်/ အစိုးရဆိုးကိုပဲ တိုက်ခိုက်တာပါ၊ ပြည်သူနဲ့ နိုင်ငံကို တိုက်ခိုက်တာ မဟုတ်ပါဘူး၊ တိုက်ခိုက်ကူညီမှုတွေပြီးရင် အစိုးရပြောင်းဖို့ ငါတို့အီရန်ပြည်သူတွေ ကိုယ်တိုင် လှုပ်ရှားရမှာပါ၊ တိုင်းပြည်က စစ်/ရဲနဲ့ လက်နက်ကိုင် လုံခြုံရေးတွေအားလုံး မင်းတို့သစ္စာခံထားတာက နိုင်ငံနဲ့ ပြည်သူကိုပါ၊ အစ္စလာမ္မစ်ခေါင်းဆောင်တွေ မဟုတ်ပါဘူး၊ မင်းတို့တာဝန်က ပြည်သူကို ကာကွယ်ရမှာပါ၊ တိုင်းပြည်နဲ့ ပြည်သူကို ဖိနှိပ်ချုပ်ချယ်ပြီး ပြည်သူကို ဓါးစာခံလုပ်ထားတဲ့ လူတစုကို ကာကွယ်ပေးရမှာ မဟုတ်ပါဘူး၊ ပြည်သူတွေက လောလောဆယ် အိမ်ထဲမှာ၊ လုံခြုံတဲ့နေရာမှာပဲ နေပါ၊ အခြေအနေအရပ်ရပ်ကို နားစွင့်ထားပါ၊ သင်တို့ကို ဆိုရှယ္မီဒီယာ/ ဂြိုလ်တု/ ရေဒီယို ရတဲ့နေရာကနေ ထပ်ပြောပါမယ်၊ အောင်မြင်မှုက အရမ်းနီးကပ်နေပါပြီ၊ မင်းတို့နဲ့အတူ နိုင်ငံကို ပြန်ယူပြီး ပြန်တည်ဆောက်ကြရအောင်လို့ ပြောသွားပါတယ်။

ဘာရိန်းက အမေရီကန်ရေတပ်အခြေစိုက်စခန်း တိုက်ခိုက်ခံရပါတယ်။ အဲဒီစခန်းက မဟာဗျူဟာကျတဲ့ ရေတပ် central command (NAVCENT) ဖြစ်ပြီး အဲဒီဒေသတခုလုံးရဲ့ ရေကြောင်းလုပ်ရှုားမှုတွေကို ထိန်းချုပ်ရာဌာနဖြစ်တာကြောင့် အဲဒီ juffair စခန်း ဆိုးဆိုးရွားရွား ထိခိုက်သွားရင် လက်ရှိစစ်ဆင်ရေးမှာ အားပျော့သွားနိုင်ပါတယ်။ အဲဒီမှာ မီးခိုးလုံးကြီးတွေ တွေ့ရတယ်လို့ တင်ကြသလို လူတွေကို ဘေးကင်းရာရှောင်ကြဖို့ တိုက်တွန်းထားပါတယ်။

Leave a comment