စနေမနက်က စခဲ့တဲ့ အစ္စရေးနဲ့ အမေရိကန်ရဲ့ Operation Epic Fury မှာ အီရန်ဘက်က ထိပ်ပိုင်းတွေ တော်တော်လေး ကျကုန်ပြီလို့ သတင်းတွေထွက်နေပါတယ်။ ခုထိ ခါမေနီရဲ့ ညာလက်ရုံး ဗိုလ်ချုပ်ကြီး အလီရှမ်ခါနီ၊ ဇန်နဝါရီတုန်းက ဆန္ဒပြသူ ထောင်ပေါင်းများစွာကို ပစ်သတ်ဖို့ ညွှန်ကြားခဲ့တဲ့ IRGC commander ဗိုလ်ချုပ်ကြီး မိုဟာမက်ပက်ပေါ် Pakpour ၊ အရင်ပို့စ်မှာ ဖော်ပြခဲ့တဲ့ ထောင်ချီတဲ့ ဆန္ဒပြသူတွေကို သေဒဏ်ပေးခဲ့သူ တရားသူကြီးချုပ် Gholam-Hossein Mohseni-Ejei နဲ ကာကွယ်ရေးဝန်ကြီး Amir Hatami တို့အပါအဝင် ထိပ်ပိုင်းကလူတွေ မြေဩဇာဖြစ်သွားပြီလို့ ဆိုကြပါတယ်။
သမ္မတထရမ့်က ဆန္ဒပြအီရန်ပြည်သူတွေကို သတ်ရင် အမေရိကန်က လက်တုန့်ပြန်မယ်လို့ သတိပေးထားခဲ့တဲ့အတိုင်း အကောင်အထည်ဖော်လိုက်တာပါ။ ချက်ချင်းမဖြစ်သေးတာနဲ့ အားရပါးရ ဆက်သတ်နေခဲ့ကြတာ ဖြစ်ပါတယ်။ အီရန်တက္ကသိုလ်ကျောင်းသားကျောင်းသူတွေက ဒီလောက်သတ်ပြ နေတဲ့ကြားက ပြီးခဲ့တဲ့ရက်တွေအထိ လမ်းတွေပေါ်ထွက်လာပြီး ဆန္ဒဆက်ပြနေခဲ့တာဖြစ်လို့ အပြောင်းအလဲကို လိုချင်တာ ထင်ရှားနေပါတယ်။
အစ္စရေးနဲ့ အမေရိကန်တပ်တွေက ပြည်သူကို တတ်နိုင်သမျှမထိအောင် ထိန်းထိန်းသိမ်းသိမ်း တိုက်ပေမယ့် အီရန်ကတော့ ခွေးရူးတကောင်လို သွေးရူးသွေးတန်းနဲ့ ဒုံးကျည်တွေကို မဆင်မခြင် ပစ်လွှတ်နေပါတယ်။ အီရန်က ဘာရိန်း၊ ကူဝိတ်၊ ကာတာအပြင် ယူအေအီးမြို့တော် ဒူဘိုင်းကိုလည်း ဒုံးနဲ့လှမ်းပစ်တဲ့အတွက် UAE လေကြောင်းကာကွယ်ရေးစနစ်ကို ဖောက်ထွင်းပြီး Palm Jumeirah က ဇိမ်ခံ Fairmont Hotel မီးလောင်နေပါပြီ။ UAE လေကြောင်းကာကွယ်ရေးစနစ်က ဒုံးကျည် တော်တော်များများကို ဟန့်တားနိုင်ခဲ့ပေမယ့် ပေါက်ကွဲမှုကနေဖြစ်လာတဲ့ ကျည်အစအနတွေ၊ အပျက်အစီးတွေလွင့်လာတာတွေကနေ မီးလောင်တာတွေ ဖြစ်လာတာပါ။
နောက်ဆုံးသတင်းမှာ ဆော်ဒီမြို့တော် ရီယာ့ဒ်ကို အီရန်ဒုံကျည် ထိလာပြီဖြစ်လို့ ဆော်ဒီလည်း စစ်ထဲပါလာပါပြီ။ ဆော်ဒီက စစ်ထဲမပါလောက်ဘူးထင်လို့ ပြည်သူတွေ ရှောင်ခိုင်းထားတာ မရှိပါဘူး။ တခြားနိုင်ငံတွေကိုပါ လိုက်ပစ်နေတဲ့အီရန်ရဲ့ လုပ်ရပ်က မိုက်မဲလွန်းရာကျပါတယ်။
စစ်က ကျယ်ပြန့်လာပြီဖြစ်လို့ ယူကေလည်း ယူကေပြည်သူ၊ ယူကေအကျိုးစီးပွားနဲ့ ယူကေရဲ့ မဟာမိတ်တွေကို ကာကွယ်ဖို့ အီရန်အပေါ် စစ်ဆင်ရာမှာ ပူးပေါင်းပါဝင်လာပြီလို့ စတမ်မာက ကြေငြာသွားပါတယ်။
ဂြိုလ်တုကပုံတွေမှာ ခါမေနီအိမ် ပြာဖြစ်သွားတာကို တွေ့ရပြီး အဲဒီမှာ ခါမေနီရဲ့ ချွေးမနဲ့ သားမက်တို့ ပါသွားပုံရပါတယ်။ ခါမေနီကတော့ အိမ်မှာမဟုတ်ပဲ လုံခြုံတဲ့တနေရာကို ပြောင်းထားတာပါ။ ခါမေနီကြွသွားပြီဆိုတဲ့ သတင်းတချို့တွေ့ပေမယ့် အတည်မပြုနိုင်သေးပါဘူး။
အီရန်ကလာတဲ့ X က ဗီဒီယိုတွေမှာ အီရန်အထက်တန်းကျောင်းသားလေးတွေက အရမ်းကိုပျော်ရွှင်ပြီး သမ္မတထရမ့်ကို ကျေးဇူးတင်ကြောင်း၊ ထရမ့်ကိုချစ်ကြောင်း ပြောထားသလို လမ်းတွေပေါ်မှာ ကခုန်နေကြတဲ့ လူတွေကိုလည်း တွေ့ရပါတယ်။ အပစ်ခံရတဲ့ မြို့ကြီးတွေက မဟုတ်ဘူးထင်ပါရဲ့။
ဒီတိုက်ခိုက်မှုမှာ US Central Command CENTCOM က ပထမဆုံးအနေနဲ့ အကုန်အကျသက်သာတဲ့ one way drone တွေကို အသုံးပြုခဲ့တယ်လို့ အတည်ပြုထားပါတယ်။ CENTCOM ဟာ Task Force Scorpian Strike ယူနစ်ကနေ kamekazi drone တွေကို စသုံးလာတာဖြစ်ပါတယ်။ အဲဒီလို ဒရုန်းတွေဟာ လူကထိန်းစရာမလိုပဲ autonomous ဖြစ်အောင် Claude AI နည်းပညာနဲ့ ထုတ်လုပ်ထားတာဖြစ်ပါတယ်။
Claude AI ကို Anthropics က ထုတ်လုပ်တာဖြစ်ပြီး သူတို့က စစ်တပ်ကို ရောင်းထားတယ်ဆိုပေမယ့် စစ်တပ်က လူမပါတဲ့ autonomous စစ်ဆင်ရေးတွေမှာ အသုံးပြုခွင့် မပေးဘူးလို့ ဆိုထားပါတယ်။ ကာဝန်ဟက်ဆက်သ်ကတော့ ငါတို့က ဘိုးရင်းလေယာဥ်ကြီးတွေ ဝယ်ပြီးရင် ဘယ်မှာ ဘာအတွက်သုံးသုံး ရသလိုပဲ Claude အသုံးပြုတာကို ကန့်ကွက်လို့ မရဘူးလို့ ဖြေရှင်းထားပါတယ်။ Anthropics မှာ လက်ဝဲတွေရော တရုတ်နဲ့ပါ အလွမ်းသင့်တဲ့ အမေဇုန်တို့ ဂူဂဲလ်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး ပါနေလို့ ဒီလိုကန့်ကွက်တာလည်း ဖြစ်နိုင်တာပါပဲ။ လူမလိုက်ရတာဆိုတော့ တပ်အင်အား ထိခိုက်မှုနည်းနိုင်သလို အကုန်အကျလည်း သက်သာမှာတော့ အမှန်ပါ။ အရပ်ဖက်ကို မတော်တဆ ထိခိုက်နိုင်တာမျိုးကတော့ စစ်ရဲ့ ဘေးထွက်ဆိုးကျိုးတခုပါပဲ။ အစကတဲက ညစ်ပတ်ထားတာ မရှိရင် လိုက်ရှင်းရတာမျိုးလည်း ရှိမှာမဟုတ်ဘူးပေါ့။