Operation Epic Fury (3)

အီရန်ခေါင်းဆောင် အလီခါမေနီကို သုတ်သင်ခဲ့ပြီလို့ အစ္စရေးလုံခြုံရေး အဆင့်မြင့် အရာရှိတွေက Epoch Times ကို ပြောကြားအတည်ပြုလိုက်ပါပြီ။ နေတန်ယာဟုကတော့ ခါမေနီမရှိတော့ဘူးဆိုတဲ့ လက္ခဏာတွေ အများကြီးတွေ့နေရတယ်လို့ ပြောထားတာရှိပါတယ်။ အီရန်မှာ Supreme Leader ဆိုတာက ဘုရားပြီးရင် ဒုတိယလို့ သတ်မှတ်ထားတာဖြစ်တော့ သာမန်သမ္မတ၊ ဝကခ စတာတွေကို ရှင်းပစ်တာထက် အများကြီး ပိုပါတယ်။

အကြီးတွေကို ရှင်းပြီးသွားရင် ကျန်တာ ပြည်သူ့လက်ထဲမှာပါပဲ။ စနစ်ဆိုးတရပ်ကို ဟိုးအောက်ခြေအဆင့်အထိ အမြစ်ဖြုတ်သုတ်သင်နိုင်ဖို့ဆိုတာ ပြည်သူ့အားနဲ့မှ ရမှာပါ။ ပြည်ပက ဘယ်သူမှ လာလုပ်ပေးလို့ မရပါဘူး။ အဲဒါကြောင့် သမ္မတထရမ့်ကရော ပါလာဗီမင်းသားကပါ ပြည်သူတွေ လက်စသိမ်းနိုင်ဖို့ နှိုးဆော်နေရတာပါ။

အာဏာရှင်တွေဘက်က အမြဲရပ်တဲ့ ဒီမိုကရက်တွေက အီရန်အစ္စလာမ္မစ်အစိုးရအပေါ် တိုက်ခိုက်တာတွေဟာ ကွန်ဂရက်စ်ရဲ့ ခွင့်ပြုချက်မရှိလို့ဆိုပြီး ကန့်ကွက်တားဆီးဖို့အတွက် War Power Resolution ကို မဲခွဲဖို့ လွှတ်တော်မှာ ပြင်ဆင်နေပါပြီ။​

ဘုရှ်တို့ အိုဘမတို့တုန်းက ဘာကွန်ဂရက်စ်ကိုမှ အတည်ပြုချက်တောင်းခဲ့တာမဟုတ်ပဲ ခုမှ ကွန်ဂရက်စ်က အတည်ပြု တောင်းရမယ်ဆိုတာက ရီစရာပါ။ အဲလိုသာ လုပ်နေရရင် ရန်သူပြေးဖို့ အချိန်ပေးသလို ဖြစ်နေမှာပေါ့။ ပထမထရမ့်သက်တမ်းတုန်းက စပီကာကို အသိပေးခဲ့တိုင်း သတင်းပေါက်ခဲ့လို့ ရန်သူဖက်က အမြဲရပ်တဲ့ ပလိုးစီကို အသိမပေးတော့မှ ဆိုလေမာနီတို့ကို ရှင်းနိုင်တာတွေ ဖြစ်လာတာပါ။

ဒီမိုကရက်ဆီနိတ်တာ ဖက်တာမင်းက သမ္မတထရမ့်က ဒေသတွင်း အစစ်အမှန်ငြိမ်းချမ်းရေးရဖို့အတွက် လုပ်သင့်တာကိုလုပ်တာ ငါတော့သဘောတူတယ်၊ သူတို့ resolution ကို ကန့်ကွက်မဲ၊ Operation Epic Fury ကို ထောက်ခံမဲလို့ X မှာ တင်ထားပါတယ်။

ဒီဇင်ဘာ ၁၀ရက်နေ့တုန်းက အမေရိကန်ရေတပ်က ဖမ်းထားတဲ့ ဂူယားနားအလံနဲ့ ပုံဖျောက်ထားတဲ့ အီရန်ရေနံတင်သင်္ဘောနဲ့တကွ သင်္ဘောပေါ်ပါလာတဲ့ ဗင်နီဇွဲလားက ရေနံစိမ်းစည် ၁.၈သန်းကို အမေရိကန်က သိမ်းယူလိုက်ပါတယ်။ ကာလတန်ကြေး သန်း ၁၀၀-၁၅၀ဖိုး ဖြစ်ပါတယ်။ လောလောဆယ် တက္ကဆက်စ်ကမ်းခြေမှာ ရောက်ရှိနေပြီဖြစ်ပြီဖြစ်တဲ့ ဒီ Skipper သင်္ဘောဟာ အရင်ကလည်း အီရန်ရေနံတွေ မှောင်ခိုတင်ဆောင်လာဖူးတဲ့ သမိုင်းရှိထားပါတယ်။ အဲဒီလို မှောင်ခိုလုပ်ငန်းကရတဲ့ ပိုက်ဆံတွေကို အကြမ်းဖက်အဖွဲ့အစည်းတွေကို ကျောထောက်နောက်ခံ ပေးနေတဲ့ IRGC နဲ့ Quds Force တို့ကို ပံ့ပိုးနေခဲ့တာပါ။

အီရန်က စစ်ကို အဆုံးသတ်ချင်နေကြောင်း အချက် ၅ချက်နဲ့ ကမ်းလှမ်းလာပါတယ်။
– အီရန်မှာ အမေရိကန်ကို ရောက်နိုင်တဲ့ လက်နက်မရှိပါဘူး၊
– အီရန်က အမေရိကန်ကို ရောက်နိုင်တဲ့ လက်နက်လည်း ထုတ်လုပ်မှာ မဟုတ်ပါဘူး၊
– နျူသန့်စင်တာတွေကိုလည်း အီရန်က စွန့်လွှတ်မှာ မဟုတ်ပါဘူး၊
– အီရန်က စစ်အရှိန်လျော့ချဖို့ စိတ်ဝင်စားပါတယ်၊
– ရုရှားနဲ့ တရုတ်က UNSC မှာ အီရန်ကိစ္စနဲ့ အစည်းအဝေးလုပ်ခွင့် တောင်းထားပါတယ်။
ငါတို့ကို ဆက်သွယ်ချင်ရင် ဘယ်လိုလုပ်ရမယ်ဆိုတာ အမေရိကန်သိပါတယ်လို့ ပြောထားပါတယ်။

အီရန်မှာ အမေရိကန်ကို ရောက်တဲ့လက်နက်မရှိပေမယ့် အစ္စရေးနဲ့ အခြားမဟာမိတ်တွေကို ကောင်းကောင်းဒုက္ခပေးနိုင်တဲ့ အကြမ်းဖက်တွေ ရှိနေတယ်လေ။ နောက်ပိုဆိုးတာတခုက ၂၀၂၀နဲ့ ၂၀၂၄ ရကပတွေမှာ အီရန်က ဝင်စွက်ထားတာတွေ့ထားတယ်လို့ သမ္မတထရမ့်က ထရုသ်မှာတင်ထားတော့ အဲဒီလို ပြဿနာရှာနိုင်တာတွေလည်း ရှိနေတာပါ။ နျူကိစ္စကို လုံးဝ ဆက်လုပ်ခွင့်မပြုဘူးဆိုတာလည်း မနက်က မိန့်ခွန်းမှာ အတိအလင်း ပြောထားပြီးသားပါ။ နောက်ဆုံးတင်တဲ့ ထရုသ်မှာ IRGC နဲ့ ရဲ စတဲ့ လက်နက်ကိုင်တွေအားလုံး ပြည်သူတွေနဲ့ ပူးပေါင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ရေးထားပါတယ်။

Leave a comment