Operation Epic Fury (6)

နောက်ဆုံးတက်လာတဲ့ သတင်းတွေအရ ဟဇ်ဘိုလာအကြမ်းဖက်အဖွဲ့က လက်ရှိခေါင်းဆောင် Naim Qassem နဲ့ ခေါင်းဆောင်အားလုံးကို သုတ်သင်နိုင်ခဲ့ပြီလို့ သိရပါတယ်။ အဲဒီလိုသုတ်သင်လိုက်တာဟာ ဟဇ်ဘိုလာက အီရန်ကို ထောက်ခံတဲ့အနေနဲ့ အစ္စရေးကို စစ်ကြေငြာပြီး ၁၀မိနစ်အတွင်းမှာ ဖြစ်သွားခဲ့တာပါ။ ဒီလိုဖြစ်မယ်မှန်းသိလို့ ချိန်ထားပြီးဖြစ်နေသလိုပါပဲ။ အစ္စရေးတွေက ဟဇ်ဘိုလာတွေ ခိုအောင်းတဲ့ လက်ဘနွန်နိုင်ငံ ဘေရွတ်က စခန်းတွေဆီ တိတိကျကျ ဗုံးကြဲချေမှုန်းခဲ့တာ ဖြစ်ပါတယ်။

The Daily Mail နဲ့ အင်တာဗျူးမှာ သတင်းထောက်က သမ္မထရမ့်ကို ဒီစစ်ဆင်ရေးကို အချိန်ကာလကို တိတိကျကျများ သိရမလားလို့ မေးတာမှာ သမ္မတက “ငါတို့က အမြဲ ၄ပတ်လောက်တော့ မှန်းလေ့ရှိတယ်၊ အီရန်က နိုင်ငံကြီးတယ် လူဦးရေလည်းများတယ်၊ ဒါပေမယ့် ၄ပတ်အောက်မှာပဲ အပြီးဖြတ်နိုင်လိမ့်မယ်လို့ ရှင်းလင်းသွားပါတယ်။ ထိပ်ပိုင်းခေါင်းဆောင်တပြုံလုံးကို နာရီပိုင်းအတွင်း ရှင်းပစ်နိုင်ခဲ့တာရယ်၊ မြို့တချို့ကို ပြည်သူက ထိန်းချုပ်လိုက်နိုင်လို့ လွတ်လပ်သွားတာရယ်ဆိုတော့ ဒီလူသတ်ယန္တရားကြီးက မကြာခင်သွားတော့မှာပါ။ အမေရိကန်တပ်တွေရဲ့ ဒရုန်းနဲ့ ဒုံး ၉၀၀ကျော်နဲ့ ပစ်ခတ်ခဲ့တာမှာ IRGC ရဲ့ အခြေခံအဆောက်အဦတခုလုံး သုံးမရအောင် ဖြစ်သွားခဲ့တဲ့အတွက် ဗဟိုအစိုးရက တယ်လီဂရမ်ကနေ ဝါဒဖြန့်တာလောက်ပဲ လုပ်နိုင်တော့တာပါ။ ဒုံးတွေလွှတ်တာ ကလည်း ဘယ်နေရာက လွှတ်နေမှန်းသိရင် အဖြုတ်ခံရနိုင်သေးတာဖြစ်ပါတယ်။

ဗဟိုက မလှုပ်နိုင်တော့တဲ့ အီရန်လက်ကျန်အစိုးရဟာ ဗဟိုချုပ်ကိုင်မှုမပါပဲ ကိုယ့်ဖာသာကိုယ် ဆုံးဖြတ်ခွင့်ပေးထားတဲ့ Mosaic Defense ပုံစံကို ပြောင်းလဲအသုံးပြုနေပြီဖြစ်ပါတယ်။ ဒီပုံစံကို ကျင့်သုံးဖို့ ပြင်ဆင်နေတာ အတော်လေးကြာခဲ့ပါပြီ။ အပိုင်းအစလေးတွေ အများကြီးနဲ့ ပုံဖော်ထားတယလို့ အဓိပ္ပါယ်ရတဲ့ ဒီ Mosaic ပုံစံမှာ အီရန်ရဲ့ တပ်အင်အားစုတွေကို တပိုင်းတစ လွတ်လပ်တဲ့ ယူနစ် ၃၁ခုအဖြစ် စိတ်ပိုင်းထားပြီး ပြောက်ကျားပုံစံနဲ့ လှုပ်ရှားမှာဖြစ်တာကြောင့် လေကြောင်းတိုက်ခိုက်မှုကြီးတွေမှာ တပ်ရင်းလိုက် ပြုတ်မသွားပဲ တဖွဲ့ဖွဲ့ ကျန်နေပြီး ရန်သူကို ဆက်လက်ဒုက္ခပေးဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ ဒီပုံစံက တီဟီရန်ကအမိန့်ကို စောင့်စရာ မလိုတာကြောင့် ခေါင်းဆောင်ပိုင်းနဲ့ ဆက်သွယ်ရေးပြတ်တောက်သွားခဲ့ရင်တောင် ဆက်လက် လှုပ်ရှားနိုင်မှာဖြစ်ပါတယ်။

လက်ကျန်အီရန်အစိုးရဲ့ နိုင်ငံခြားရေးဝန်ကြီး Sayed Abbas Araghchi က X မှာ အခုလို တင်ထားပါတယ်။ “ငါတို့မြို့တော်ကို ဗုံးကြဲတာဟာ ငါတို့ရဲ့ စစ်တိုက်နိုင်စွမ်းအပေါ် သက်ရောက်မှု မရှိပါဘူး၊ ဗဟိုချုပ်ကိုင်မှုမရှိတဲ့ Decentralized Mosaic Defense ပုံစံက ဘယ်အချိန် ဘယ်ပုံစံ စစ်ပြီးဆုံးမယ်ဆိုတာကို ဆုံးဖြတ်ပါလိမ့်မယ်”လို့ ရေးသွားပါတယ်။ ပြောက်ကျားပုံစံက ပြည်ပကျူးကျော်စစ်တွေမှာ အသုံးဝင်နိုင်ပေမယ့် အမေရိကန်နဲ့ အစ္စရေးက မြေပြင်မှာ ဝင်တိုက်နေတာ မဟုတ်သလို အီရန်ပြည်သူ ၈၀%က သူတို့ကို မကြိုက်ကြတော့ အောင်မြင်ဖို့ မလွယ်ပါဘူး။ အမေရိကန်ကလည်း သူတို့ကို မြေပြင်ပေါ်အထိ ဆင်းလာရှင်းလင်းပေးမှာမဟုတ်တော့ ကျန်တာကို ပြည်သူကပဲ ဆက်အကောင်အထည်ဖော်ရမှာဖြစ်ပါတယ်။

နိုင်ငံခြားဝကက ဆက်လေကျယ်နေပေမယ့် အာဖဂန်ကို ထွက်ပြေးတဲ့တပ်သားတွေက ပြေးကုန်ပါပြီ။​ အီရန်မှာ အရပ်သားယောက်ျားအများစုက မုတ်ဆိတ်မထားကြတဲ့အတွက် လတ်လတ်ဆတ်ဆတ် ရိတ်ထားတဲ့ မျက်နှာတွေနဲ့ ပါတ်စ်ပို့လေးတွေ ကိုင်ပြီး အာဖဂန်ဘက်ကို ကူးလာတာတွေ အများကြီးတွေ့ရတယ်လို့ ဆိုပါတယ်။ Mosaic မှာတခုကောင်းတာက လက်နက်ချချင်ရင်လည်း ဗဟိုမသိအောင် ချလိုက်နိုင်တာပါပဲ။

အီရန်ဘက်က သွေးရူးသွေးတန်းနဲ့ တုန့်ပြန်လာနိုင်တာကို ပြင်ဆင်တဲ့အနေနဲ့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေဟာ ဖြစ်လာနိုင်တဲ့ အသေခံတိုက်ခိုက်မှုတွေနဲ့ နိုင်ငံခြားက အမေရိကန်အဆောက်အဦ တွေကို ဒုံးနဲ့ပစ်မယ့်ရန်တွေကနေ ကာကွယ်ဖို့ ပြင်ဆင်နေပါပြီ။​ အိုဘမလက်ထက်က သွင်းထားတဲ့ မွတ်စလင်တွေ၊ ဘိုင်ဒန်လက်ထက်မှာ သွင်းထားတဲ့ အကြမ်းဖက်တွေက အချိန်မရွေး ပေါက်ကွဲနိုင်တဲ့ ချိန်ကိုက်ဗုံးတွေလို ဖြစ်နေတာကြောင့် ပြည်သူတွေ သတိပိုထားကြရမှာ ဖြစ်ပါတယ်။ အခုတောင် တက္ကဆက်စ်မှာ လူမည်းမွတ်စလင်တဦးက သေနတ်နဲ့ လျောက်ပစ်တာ၊ မွတ်မှန်းမယုံမှာစိုးလို့ ကိုရမ်ကျမ်းစာအုပ်တောင် ကိုင်ထားတာ၊ နောက်တနေရာမှာ ဓါးထိုးတာတွေ ဖြစ်နေပါပြီ။​ ဒါတွေက အရင်က လိင်ပြောင်းတွေလုပ်နေကျ အလုပ်တွေပေမယ့် ခုတော့ actor ပြောင်းပြီး ဆက်လုပ်ကြမယ့်ပုံ ဖြစ်နေပါတယ်။

အီရန်က ခါမေနီသေရတာအတွက် လက်စားခြေတဲ့အနေနဲ့ ၁၅နိုင်ငံရဲ့ ပိုင်နက်/ ပိုင်ဆိုင်မှုတွေကို ပစ်ခတ်ခဲ့ပါတယ်။ အစ္စရေး၊ အမေရိကန်၊ UAE ၊ ဆော်ဒီ၊ ကာတာ၊ ကူဝိတ်၊ ဂျော်ဒန်၊ အီရတ်၊ ဘာရိန်း၊ အိုမန်၊ ဆီးရီးယား၊ ဆိုက်ပရပ်စ်နဲ့ UAE က ပြင်သစ်ပိုင် Camp de la Paix, ဆိုက်ပရပ်စ်က ယူကေ နယ်မြေတခုဖြစ်တဲ့ Akrotiri, ကူဝိတ်ရှိ Al-Salem အခြေစိုက်စခန်းက အီတလီပိုင်နက်တို့ ဖြစ်ပါတယ်။

သူ့ပိုင်နက် ထိလာတော့မှ  UK ဝကခစတမ်မာက သူတို့ပိုင်အခြေစိုက်စခန်းတွေကို “ခံစစ်အတွက်” အသုံးပြုနိုင်ပါတယ်လို့ ကြေငြာပါတယ်။ အဲဒီမတိုင်ခင်က ယူအက်စ်က ယူကေစခန်းတွေ အသုံးပြုခွင့် တောင်းတာ မပေးခဲ့ပါဘူး။ သူတို့လိုအပ်ရင် အမေရိကန်က ကူရမယ်၊ အမေရိကန် လိုအပ်ရင် သူတို့က မကူဘူး၊ ကူရင်လည်း မရှုံး ရှုံးအောင် အတုပ်အနှောင်နဲ့ကူတယ်၊ ဒါက ဥရောပက မဟာမိတ်ဆိုသူတွေ လုပ်နေကျဗျူဟာပါ။

ဆက်စပ်လို့ပြောရရင် ထရမ့်လက်ထက်မတိုင်ခင်က အမေရိကန်တွေက ဥရောပ”မဟာမိတ်တွေ”ရဲ့ လုံခြုံရေးအတွက် ငွေအား၊ လူအား၊ အသက်နဲ့ နည်းပညာ အကုန်ထုတ်ရပေမယ့် သူတို့ဘက်က ဗျူဟာက အမေရိကန်တာဝန်ရှိသူတွေကို လုံခြုံရေးကွန်ဖရန့်စ်ဆိုပြီး ဥရောပက အပျံစားဇိမ်ခံ အပန်းဖြေ စခန်းတွေ၊ ကမ်းခြေတွေ စတဲ့နေရာတွေမှာ မကြာခဏ ကျင်းပပေးပါတယ်။ အရက်ဆိုလည်း ကောင်းပေ့ဆိုတာနဲ့၊ အစားဆိုလည်းအကောင်းစား၊ မဟာသူဌေးမင်းတွေ နည်းမျိုးစုံနဲ့ ဇိမ်ခံကြသလိုမျိုးတွေနဲ့ ဧည့်ခံကြပါတယ်။

တိုက်တဲ့ခိုက်တဲ့အပိုင်းကျတော့လည်း Rule of Engagement ကို မဖြစ်မနေလိုက်နာဖို့ အတင်းကြီး တွန်းကြပြန်ပါတယ်။ RoE က မရှိသင့်တာမဟုတ်ပေမယ့် ဝန်ထုတ်ဝန်ပိုး ဖြစ်လာတဲ့အခါ တိုက်ခိုက်ရေးစွမ်းရည်ကို ထိတော့တာပါပဲ။ ဒီမိုကရက်တွေနဲ့ ဥရောပ လက်ဝဲတွေလက်ထက်မှာ တပ်တွေထင်တိုင်းမပေါက်သလို စီးပွားရေးလုပ်ငန်းတွေမှာလည်း မလိုအပ်ပဲ နှောင်ဖွဲ့တဲ့ ဥပဒေတွေကြောင့် ကြိုးတွေနဲ့ဆိုင်းထားတဲ့ မီးပုံးပျံလို ပျံချင်ပါသော်လည်း မတက်နိုင်ဖြစ်ပြီး တိုးတက်ချင်တဲ့လူတွေက အမေရိကန်တို့ ရီပါဘလစ်ကန်ပြည်နယ်တို့ဆီ ပြောင်းကြရတာပါ။

အမေရိကန်အရာရှိတွေက ဥရောပမှာ စည်းစိမ်တွေ ယစ်ပြီး နေတိုးအတွက် တူတူတန်တန် ထည့်ဝင်ကြဖို့ တိုက်တွန်းရမှာ အားနာကုန်ကြပြီး အစိုးရပိုက်ဆံကုန်တာ ကိုယ်ကုန်တာမှ မဟုတ်ပဲ ဆိုတဲ့ ခပ်တိမ်တိမ်ဉာဏ်မျိုးနဲ့ ရေငုံနေကြပါတော့တယ်။ အဲဒီလိုဇိမ်ခံရတဲ့ အရသာကို သိသွားတော့ ပြည်တွင်းမှာပါ ခြစားတဲ့ ကွန်ယက်ထဲ သက်ဆင်းသွားကြတော့တာပါ။ အခုထရမ့်ခန့်ထားတာတွေက ကိုယ့်အရည်အချင်းနဲ့ကိုယ် ချမ်းသာလာတဲ့ သူဌေးတွေချည့်ပါပဲ၊ နဲနဲဌေးတာနဲ့ များများဌေးတာပဲ ကွာတာပါ။ လာဘ်ကိစ္စနဲ့ ပတ်သက်လို့ လီကွမ်းယူက သူ့အစိုးရ စတင်ဖွဲစည်းစဥ်က လာဘ်စားမှာစိုးလို့ရော လူတော်တွေကို ဆွဲဆောင်ဖို့အတွက်ပါ လခအမြင့်ကြီးပေးတဲ့စနစ်တခု ထူထောင်ခဲ့ပါတယ်။ အဲဒါသူတို့မချမ်းသာခင် ၁၉၇၃ ကတည်းကပါ။  

အမေရိကန်လွှတ်တော်မှာ ထရမ့်အီရန်က လူသတ်ခေါင်းဆောင်တွေကို ဝင်ရှင်းပေးတဲ့အပေါ် သမ္မတရဲ့ အာဏာကို ကန့်သတ်မယ့် ဥပဒေပြဌာန်းဖို့ စိုင်းပြင်းနေကြပါတယ်။ အများစုက ဒီမိုကရက်တွေ ဆိုပေမယ့် စိတ်ဝင်စားစရာကောင်းတာက ဒီမိုကရက်ဆီနိတ်တာ ဖက်တာမင်းက အီရန်ကို ဝင်တိုက်တဲ့ သမ္မတရဲ့လုပ်ရပ်ကို ထောက်ခံပြီး ရီပါဘလစ်ကန် ဆီနိတ်တာ ၂ဦးဖြစ်တဲ့ သောမတ်စ်မက်စီနဲ့ ရန်ဒ်ပေါလ်တို့က ကန့်ကွက်နေကြတာဖြစ်ပါတယ်။ အမေရိကန်အများစုကတော့ သမ္မတလုပ်ရပ်ကို ထောက်ခံကြတယ်လို့ poll တွေမှာ တွေ့ရပါတယ်။

ရီပါဘလစ်ကန် ဆီနိတ်တာ Tom Cotton ကတော့ ဒီစစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်က အီရန်ရဲ့ ဒုံးကျည် လက်နက်တိုက်ကြီးကို ရှင်းပစ်ဖို့ပါပဲလို့ ပြောသွားပါတယ်။ အီရန်ပိုင်ဆိုင်ထားတဲ့ ဒုံးကျည် အရေအတွက်က အစ္စရေးနဲ့ အမေရိကန်ရဲ့ လေကြောင်းကာကွယ်ရေးစနစ်တွေက ကာကွယ်ပေးနိုင်တဲ့ ပမာဏထက် ပိုနေတာဖြစ်ပါတယ်။ အဲဒါကြောင့် အမေရိကန်နဲ့ အစ္စရေးတပ်တွေက ဒုံးကျည်ပစ်စင်၊ သိုလှောင်ရုံတွေနဲ့ ထုတ်လုပ်တဲ့ နေရာတွေကို တိုက်ခိုက်ဖျက်ဆီးနေရတာပါ။ ဒုံးကျည်တွေ ဖျက်ဆီးတာ အပြင် အီရန်ရဲ့ နျူအိပ်မက်တွေကို အပြီးတိုင်ဖျက်ဆီးဖို့ကလည်း ဒီစစ်ဆင်ရေးရဲ့ ရည်ရွယ်ချက် နောက်တခု ဖြစ်ပါတယ်။ အဲဒီ ၂ခုလုံး ပြီးစီးသွားပြီး မြေအောက်ဘန်ကာတွေပါ ရှင်းလင်းပြီးသွားရင် အီရန်ဟာ ကမ္ဘာ့လုံခြုံရေးကို ဆယ်စုနှစ်တွေအထိ ခြိမ်းခြောက်နိုင်တော့မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

Leave a comment