ဒီနေ့မှာ အစ္စရေးတပ်တွေက Secretary of the Supreme National Security Council Ali Larijani နဲ့ Basij ရဲ့ ကွန်မန်ဒါချုပ် ဗိုလ်မှူးချုပ် Gholamreza Soleimani တို့ကို ရှင်းနိုင်ခဲ့ပါပြီ။ တီဟီရန်ကတော့ အတည်မပြုသေးပါဘူး။ လာရီဂျာနီက “စစ်စတယ် ဆိုတာ လွယ်ပါတယ်၊ ဒါပေမယ့် တွိလေးနဲနဲနဲ့ အနိုင်မရနိုင်ပါဘူး၊ မင်းရဲ့ သိပ်ကိုမှားယွင်းတဲ့တွက်ကိန်း အတွက် ဝမ်းနည်းနောင်တရမယ့် အချိန်အထိ ငါတို့က မဆုတ်မနစ် ပြန်တိုက်သွားမှာပါ”လို့ ၁၂ရက်နေ့ကမှ ပြောထားခဲ့တာပါ။ သူကိုယ်တိုင် ရက်ပိုင်းအတွင်း အနိစ္စသဘောနဲ့ ကိစ္စချောမယ်မှန်း မသိခင်ကပေါ့။
အီရန်အဆိုးရကို ကြိုးကိုင်သူ de facto ခေါင်းဆောင်တဦးဖြစ်တဲ့ လာရီဂျာနီကို သုတ်သင်ပုံက IDF တွေဟာ ပထမ သူအောင်းနေတဲ့ မြေအောက်ကြွက်တွင်းဘန်ကာရဲ့ အထွက်လမ်းနဲ့ အရေးပေါ် ထွက်ပေါက်တွေကို အရင်ဖျက်ဆီးပြီးတော့မှ bunker buster ဗုံးမဟာနဲ့ အကုန်လုံးကို အမှုန့်ကြိတ်ပစ်ခဲ့တာ ဖြစ်ပါတယ်။ တဦးတယောက်မှ လွတ်စရာလမ်းမရှိပါဘူး။ ဖြစ်စဥ်တခုလုံးကို ဘီဘီတို့က ဂြိုလ်တုကနေ စောင့်ကြည့်နေခဲ့တာပါ။
ဂိုလမ်ရီဇာဆိုလေမာနီကို ရှင်းတုန်းက Basij ဒေသဆိုင်ရာကွန်မန်ဒါ ၃၀၀တို့ အစည်းအဝေး လုပ်နေချိန်ဖြစ်လို့ ဗုံးတလုံးနဲ့ အကောင် ၃၀၀မက ပါသွားခဲ့တာပါ။ ဒါ့အပြင် Basij တပ်က ကားနဲ့ မော်တော်ဆိုင်ကယ်ရာကျော်ပါဝင်တဲ့ ပြုပြင် ထိန်းသိမ်း ထောက်ပံ့ရေးဌာနကြီးနဲ့ Imam Ali Battalion တို့ကိုပါ ဖျက်ဆီးနိုင်ခဲ့ပါတယ်။ အစ္စရေးသမိုင်းမှာ အီရန်တပ်တွေကို တိုက်ခဲ့သမျှထဲမှာ အကြီးဆုံးပါပဲ။
သူတို့နှစ်ဦးလုံးက ပြည်သူကို သေနတ်မိုးပြီး ဖိနှိပ်ထားတဲ့ဘက်မှာ အဓိကကျသူတွေ ဖြစ်ပြီး သူတို့ကို ရှင်းနိုင်ဖို့ သတင်းပေးသူတွေဟာလည်း ပြည်သူတွေပဲ ဖြစ်နေတာပါ။ စီအိုင်အေနဲ့ မာဆာ့ဒ်က ပြည်သူကို အဓိကဒုက္ခပေးနေတာ ဘယ်သူတွေဆိုတာ တိတိကျကျ သိနေသလို ဘယ်သူက ပြည်သူကို ညှာတယ်ဆိုတာလည်း သိပါတယ်၊ မှတ်လည်းထားပါတယ်။ လိမ်လို့မရပါဘူး။ ဘီဘီက မတ်လ ၂၀ရက်နေ့မှာ ကျရောက်မယ့် အီရန်နှစ်ကူးအတွက် အီရန်ပြည်သူတွေကို လက်ဆောင်ပေးလိုက်ပါပြီ၊ Enjoy the fireworks!! လို့ဆိုပါတယ်။
အဆိုပါတိုက်ခိုက်မှုတွေမှာ မာဆာ့ဒ်ရဲ့လူမို့လို့ သေဘေးက အကြိမ်ကြိမ် ကပ်လွတ်ခဲ့တယ်လို့ ပြောနေခဲ့ကြတဲ့ Esmail Qaani ဟာလည်း နောက်တဖန် ဖေကံကောင်းဘွဲ့ ထပ်ရပြန်ပါပြီ။ တခုခုတော့ တခုခုပါပဲ။
အီရန်ဘက်က အထက်ပါခေါင်းကြီးတွေကို သုတ်သင်ခံရအပြီးမှာ အစ္စရေးကို ဒေါသတကြီးနဲ့ ဗုံးမိုး ရွာခဲ့ပါတယ်။ သူတို့သုံးတဲ့ Khorramshahr ပဲ့ထိန်းဒုံးကျည်ဟာ ပစ်မှတ်ကိုမထိခင် လေထဲမှာ ထပ်ဆင့် ပေါက်ကွဲတဲ့ ဗုံးလေးတွေ အများကြီးပါတဲ့အတွက် အစ္စရေးရဲ့ ကာကွယ်ရေးစနစ်တွေ မနိုင်မနင်းဖြစ်ပြီး မြေပြင်ပေါ် ကျရောက်ပေါက်ကွဲတာတွေ ရှိခဲ့ပါတယ်။ အရင်ကလည်း ယခုလိုဖြစ်ခဲ့ဖူးပါတယ်။ သူတို့ပစ်သမျှရဲ့ အစိတ်အပိုင်းအနည်းငယ်ကတော့ မြေပြင်ကို ထိတာပါပဲ။
ဒီလ ၂၀ရက်နေ့ဟာ အီရန်ရဲ့ နှစ်သစ်ကူးနေ့ဖြစ်တဲ့အတွက် တီဟီရန်၊ ကရာ့ဂျ်နဲ့တကွ တခြားမြို့တွေမှာ အစ္စလာမ္မစ်ခေတ်မတိုင်ခင်က ရှိခဲ့တဲ့ Zoroastrian ယဥ်ကျေးမှုထုံးတမ်းစဥ်လာအရ Chaharshanbe Suri မီးနင်းပွဲတွေကို ကျင်းပပြုလုပ်နေကြပါတယ်။ မီးနင်းတာဟာ မကောင်းတဲ့ကံတွေကို ကျော်လွှားဖို့နဲ့ Nowruz မတိုင်ခင် ပြန်လည်ဆန်းသစ်မှုတွေကို ကြိုဆိုတာလို့ အယူရှိကြပါတယ်။ တချို့ဒေသတွေမှာ ရှားဘုရင်အသက်ရှည်ပါစေ၊ အီရန်နိုင်ငံ အဓွန့်ရှည်ပါစေလို့ ကြွေးကြော်ကခုန်နေကြပါတယ်။ အစ္စလာမ္မစ်အစိုးရက ဒီလိုရိုးရာအစဥ်အလာတွေကို မလုပ်စေပဲ အာရပ်ဘက်က သွင်းလာတဲ့ အစ္စလာမ္မစ်ထုံးတမ်းစဥ်လာတွေကိုပဲ လိုက်နာစေတာဖြစ်ပါတယ်။ အဲဒီက တိုင်းရင်းသားလူမျိုးစု တွေဟာ အရောင်အသွေးစုံလင်တဲ့ မူလရိုးရာယဥ်ကျေးမှုတွေကို ဖိနှိပ်မှုတွေကြားက ဆက်လက်ထိမ်းသိမ်းနေဆဲ ဖြစ်ပါတယ်။
ဟော်မုဇ်ကို စောင့်ရှောက်ဖို့ ထရမ့်ဖိတ်ခေါ်တဲ့ထဲမှာ မပါတဲ့ အာဂျင်တီးနားက အမေရိကန်နဲ့အတူ စောင့်ရှောက်မယ်လို့ ပြောပြီးတဲ့နောက် နေတိုးနိုင်ငံတွေဖြစ်တဲ့ အက်စ်တိုးနီးယားနဲ့ ဖင်လန်တို့ကပါ ပါဝင်လာကြပါပြီ။ ဖင်လန်သမ္မတ အလက်ဇန်ဒါစတပ်ဘ်က ခေါင်းဆောင်ဆိုတာ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်နဲ့ စွမ်းအင်လုံခြုံရေးတို့အတွက် တာဝန်ကို မျှထမ်းကြရမှာပါ၊ နေတိုးရဲ့အနာဂတ်ဟာ လုံခြုံရေးတာဝန်တွေကို အဖွဲ့ဝင်တွေ မျှထမ်းကြဖို့ပါ။ နေတိုးအဖွဲ့ဝင်တွေထဲက ဥရောပမှာအင်အားအကြီးဆုံးတွေဖြစ်တဲ့ ဂျာမဏီ၊ ယူကေနဲ့ ပြင်သစ်တို့က တာဝန်မျှထမ်းနိုင်တဲ့ အနေအထားလည်း ရှိနေတဲ့အတွက် ကမ္ဘာ့စွမ်းအင်ပို့တဲ့ လမ်းကြောင်းတွေ ပွင့်နေစေဖို့ အမေရိကန်နဲ့အတူ ကူညီပေးသင့်ကြောင်း တိုက်တွန်းပြောကြားသွားပါတယ်။ UAE ကလည်း ဟော်မုဇ်လုံခြုံရေးအတွက် ပါဝင်လိုကြောင်း အချက်ပြလိုက်ပါပြီ။
ဒီကနေ့အမေရိကန်တပ်တွေက ဟော်မုဇ်ရေလက်ကြားနား အီရန်ကမ်းခြေတလျောက်က ဒုံးကျည်ထွက်ထွက်လာတဲ့ ကွန်ကရစ်လှိုင်ခေါင်းတွေကို ပေါင် ၅၀၀၀ဗုံးတွေနဲ့ ဖြိုဖျက်နိုင်ခဲ့ပါပြီ။ အီရန်က အဲဒီနေရာတွေမှာ coastal defense batteries ကွန်ယက်ကို ကွန်ကရစ်အမိုးထူထူတွေ အောက်မှာ mosaic defense ပုံစံနဲ့ ဖွဲ့စည်းတည်ဆောက်ထားပြီး ဖွက်ထားတဲ့ လောင်ချာတွေကနေ သင်္ဘောပစ်ခရုဇ်ဒုံးကျည်တွေနဲ့ ဖြတ်သန်းသွားလာတဲ့ သင်္ဘောတွေကို ပစ်ခတ်နေခဲ့တာပါ။ Kharg ကျွန်းပေါ်က ဒုံးကျည်နေရာတွေရော စစ်ရေးပစ်မှတ်တွေကိုပါ ရှင်းထားပြီးဖြစ်တော့ ဘယ်သူမှမကူလည်း ရေလက်ကြားလုံခြုံမှုက အောင်မြင်ဖို့များနေပါပြီ။ မောင်မောင်ခေါ်တုန်းက မထူးခဲ့တဲ့သူတွေ နောင်မှ နောင်တမရကြပါစေနဲ့။
သမ္မတထရမ့်က အီရန်အစိုးရလည်း အဖက်ဖက်က ပျက်စီးသွားပြီဆိုတော့ ငါတို့တပ်တွေ ပြန်လာဖို့ နီးပါပြီ၊ လောလောဆယ်တော့ ပြန်ဖို့ အဆင်သင့်မဖြစ်သေးဘူး၊ ဒါပေမယ့် မဝေးတော့တဲ့အနာဂတ်မှာ ပြန်လာရတော့မှာပါလို့ ပြောသွားပါတယ်။ ဒီစစ်ဆင်ရေးမှာ ငါတို့ကို အရှေ့အလယ်ပိုင်းနိုင်ငံတွေကပဲ ကူညီ/ထောက်ခံပေးကြတာဖြစ်ပြီး နေတိုးဆီက ဘာကူညီထောက်ခံမှုမှ မရခဲ့ဘူးလို့ ဆိုပါတယ်။
အီရန်က သူတို့ရဲ့ အရေးပါတဲ့နေရာတွေအားလုံးကို ကွန်ကရစ်လှိုင်ခေါင်းတွေ၊ ကျောက်တောင်တွေ အောက်မှာ ဆောက်ထားတာဖြစ်လို့ အမေရိကန်ရဲ့ နည်းပညာနဲ့ bunker buster ဗုံးတွေက အရေးပါသလို အီရန်နဲ့ ဟဇ်ဘိုလာတို့ရဲ့ ဗုံးမိုးတွေကနေ မိတ်ဆွေနိုင်ငံတွေကို ကာကွယ်ပေးဖို့ စစ်ရေယာဥ်အုပ်စုကလည်း မရှိမဖြစ်ပါပဲ။ မြေပေါ်အဆောက်အဦတွေ ဖျက်ဆီးတာနဲ့ လူတွေရှင်းတာကိုတော့ အစ္စရေးတို့က တာဝန်ယူတာများပုံရပါတယ်။
မင်းသားရီဇာပါလာဗီက အစ္စလာမ္မစ်အစိုးရအလွန်မှာဖြစ်လာမယ့် လွတ်လပ်တဲ့ အီရန်နိုင်ငံအတွက် စီးပွားရေး ရည်မှန်းချက် ၅ခုနဲ့ အသွင်ပြောင်းကာလအတွက် တရားရေးကော်မီတီ ဖွဲ့စည်းလိုက်ကြောင်း ကြေငြာသွားပါတယ်။ တရားရေးကော်မီတီရဲ့ ရည်ရွယ်ချက်က အစ္စလာမ္မစ်အစိုးရလက်အောက်မှာ ဖြစ်ခဲ့တဲ့ အလွဲသုံးစားမှုတွေကို စုံစမ်းစစ်ဆေးဖို့အတွက် အမှန်တရားဖော်ထုတ်ရေးကော်မီတီနဲ့ အသွင်ကူးပြောင်းရေးတရားရုံးတို့ကို ဖွဲ့စည်းဖို့ လိုအပ်တဲ့ ဥပဒေမူဘောင်တွေကို ရေးဆွဲဖို့ဖြစ်ပါတယ်။ ကော်မီတီကို ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် Dr. Shirin Ebadi က ဥက္ကဋ္ဌအဖြစ် ဦးဆောင်မှာဖြစ်ပြီး အဖွဲ့ဝင်တွေထဲမှာ အီရန်က မတူတဲ့ခေတ်တွေက ဥပဒေနဲ့ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေ ပါဝင်ကြမှာဖြစ်ပါတယ်။ နိုင်ငံတကာ ဥပဒေပညာရှင်တွေကလည်း အကြံပေးတွေအနေနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ ကူညီကြမယ်လို့ ဆိုပါတယ်။
မင်းသားပါလာဗီပြောတဲ့ တော်လှန်လူငယ်လေးတွေနဲ့ ဖွဲ့စည်းထားတဲ့ Immortal Guards အတွက် လက်နက် (ပစ္စတို)လေးတွေကတော့ ဝင်လာပါပြီ။ တဖက်က အစ္စရေးတို့က ပြည်သူကို ဖိနှိပ်တဲ့ ရဲ၊ ထောက်လှမ်းရေး၊ စစ်တပ်တို့ကို ဗုံးမိုးရွာပေးနေချိန်မှာ ပြေးထွက်လာသူတွေကို ရှင်းလင်းဖို့ မင်းသားက အဆင်သင့်ပြင်ခိုင်းထားတာပါ။
ကျွမ်းကျင်သူတွေရဲ့ ခန့်မှန်းချက်အရ အီရန်ဟာ နျူလက်နက်ထုတ်နိုင်ဖို့ တလခန့်ပဲ လိုတော့တဲ့အတွက် အခုလို ဝင်လိုက်နိုင်တာဟာ ဒေသအတွက်ရော ကမ္ဘာကြီးအတွက်ပါ အကောင်းဆုံးဖြစ်သွားခဲ့တယ်လို့ ဆိုကြပါတယ်။ အီရန်လက်ထဲ နျူလက်နက်ရှိတာဟာ ဒေသန္တရအနေအထားနဲ့ အကြမ်းဖက်ကွန်ယက်၊ ဘာသာရေးအစွန်းရောက်မှုတွေကြောင့် မ/ကရယက ရော့ကက်မန်းလက်ထဲ ရှိတာထက် အများကြီးဆိုးပါလိမ့်မယ်။