ဒီနေ့တော့ ဒီစစ်ကို ဘာကြောင့်စခဲ့ရတယ်ဆိုတဲ့အကြောင်းရင်းမှန်ကို စစ်မစခင် တပတ်အလိုမှာ သမ္မတထရမ့်က Bill O’Reilly ကို ပြောခဲ့တဲ့အကြောင်းလေးနဲ့ စဖွင့်ပါမယ်။
- ၂၀၂၅ဇွန်လတုန်းက အမေရိကန်က ဘန်ကာဘတ်စ်တာဗုံးတွေနဲ့ အီရန်နျူဆိုက်ကို သွားဖျက်ခဲ့စဥ်က အီရန်မှာ ရှိသမျှရဲ့ ၇၅% လောက်ကိုပဲ ဖျက်နိုင်ခဲ့တာပါ။ တခြားလက်ဘ်တွေမှာ လုပ်နေတာတွေက ကျန်နေပါသေးတယ်။
- ဒီနှစ်ဖေဖေါ်ဝါရီထဲမှာ အီရန်က အဆင့်နိမ့်နျူလက်နက် ထုတ်လုပ်နိုင်ဖို့ လိုအပ်တဲ့ ယူရေနီယံရဖို့ ရက်သတ္တပတ်အနည်းငယ်ပဲ လိုတော့တယ်လို့ စီအိုင်အေက သမ္မတကို သတင်းပေးပါတယ်။ အဲဒီလိုလက်နက်ရရင် အီရန်က သူ့ရဲ့ proxy တွေကို ပေး(ဖွက်)ထားနိုင်ပါတယ်။
- မာဆာ့ဒ်နဲ့ အခြားထလရတွေက မူလာကြီးတွေ တနေရာထဲမှာ ဆုံကြမယ့်နေ့ကို သတင်းပေးပါတယ်။ သိပ်ကြာကြာ အတူရှိနေကြမှာ မဟုတ်ပါဘူး။
- ဒီသတင်းတွေက အီရန်နဲ့ ဆွေးနွေးနေတာ ၆ပတ်ခန့် ကြာလာပြီး အီရန်ဘက်က သူတို့ရဲ့ နျူအစီအစဥ်ကို ရပ်တံ့မှာမဟုတ်ဘူးလို့ တုန့်ပြန်ပြီးနောက်မှာ ရလာတာပါ။ နောက်ဆုံး တွေ့ဆုံစဥ်မှာ အီရန်အဖွဲ့က Steve Witkoff ဦးဆောင်တဲ့ အမေရိကန်အဖွဲ့ကို မလေးမခန့် လုပ်သွားခဲ့သေးတာပါ။
- စစ်ကိုမလိုလားတဲ့ထရမ့်က ဆွေးနွေးမှုတွေကနေ အဖြေရှာဖို့ကိုပဲ အားသန်ပြီး တစိုက်မတ်မတ် ကြိုးစားခဲ့တာပါ။ (အစ္စရေးကလည်း မင်းတို့ ရေချိုလိုချင်တာမျိုး အရပ်ဖက်ကိစ္စသုံးဖို့ နျူလိုချင်တာဆိုရင် ငါတို့ကူညီမယ်၊ နျူတော့မထုတ်ပါနဲ့လို့ အကြိမ်ကြိမ်ပြောထားပြီးသားပါ။) နည်းမျိုးစုံနဲ့ ပြေပြေလည်လည်ဆွေးနွေးဖို့ ကြိုးစားခဲ့ပါတယ်၊ ပေကျင်းရဲ့ ဩဇာကို အသုံးပြုပြီး နျူကိစ္စတားဆီးဖို့ အိုရိုင်းလီက အကြံပေးတာကိုလည်း စဥ်းစားခဲ့ကြပါတယ်။ အဲဒီအချိန်မှာပဲ အီရန်က ဂျနီဗာဆွေးနွေးပွဲကနေ ထထွက်သွားခဲ့တာပါ။
ဒီသမ္မတက တချို့တွေလိုမျိုး ပါးစပ်က ငြိမ်းချမ်းရေးအော်ပြီး တကယ်တမ်းစစ်တိုက်ချင်နေတဲ့သူမျိုး မဟုတ်ပါဘူး၊ သံတမန်နည်းအရ ဖြေရှင်းဖို့ ဖြစ်နိုင်တဲ့နည်းလမ်းတွေ အကုန်ရှာခဲ့ပြီ၊ တဖက်မှာလည်း အန္တရာယ်က အရမ်းကိုနီးကပ်နေပြီ၊ အဲဒီအချိန်မှာ မူလာတွေကလည်း အချိန်တိုလေးအတွင်းမှာပဲ အတူရှိကြမှာဆိုတော့ ရွေးစရာမရှိတော့တဲ့အချိန်မှာ တိုက်ဖို့ဆုံးဖြတ်ချက်ကို ချလိုက်တာလို့ အိုရိုင်းလီက ဆိုပါတယ်။
သမ္မတထရမ့်က အီရန်နဲ့ ဆွေးနွေးမှုတွေ တိုးတက်တဲ့အတွက် လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေကို တိုက်မယ့်ပလန်ကို ၅ရက်ကနေ ၁၀ရက် (ဧပြီ ၆ရက် တနင်္လာနေ့ အမေရိကန်အရှေ့ပိုင်းစံတော်ချိန် ည၈နာရီ) သို့ တိုးမြှင့်ရွေ့ဆိုင်းလိုက်တယ်လို့ ကြေငြာသွားပါတယ်။ အစ္စရေးက အီရန်လွှတ်တော် စပီကာနဲ့ နိုင်ငံခြားဝန်ကြီးတို့ကို သုတ်သင်မယ့်စာရင်းထဲကနေ ခေတ္တချမ်းသာပေးထားလိုက်ပါတယ်။
IRGC နဲ့ နီးစပ်တဲ့ ရင်းမြစ်ကလာတဲ့ သတင်းမှာတော့ အီရန်ဘက်က မင်းသားရီဇာပါလာဗီနဲ့တကွ နိုင်ငံခြားရောက်အီရန်တွေကို တိုင်းပြည်ကို ပြန်ပို့ပေးဖို့ဆိုတဲ့အချက်သစ်ကို ဆွေးနွေးတဲ့ထဲ ထည့်မယ်လို့ ဖော်ပြထားပါတယ်။ ထရမ့်က ဗင်နီဇွဲလားလို သူတို့ထဲက စကားနားထောင်မယ့်တဦးဦး တင်ဖို့ဆန္ဒရှိတယ်လို့ ပြောနေပေမယ့် အခုလိုတောင်းဆိုတာက ရန်ငြိုးနဲ့ဖြစ်တော့ ဗင်နီဇွဲလားလိုဖြစ်လာဖို့ လွယ်မယ်မထင်ပါဘူး။
ဆွေးနွေးပွဲအတွက် အီရန်ဘက်က အမေရိကန်ကို ပေးခဲ့တဲ့ လက်ဆောင်ဆိုတာက ပါကစ္စတန်အလံတင် ရေနံတင်သင်္ဘောကြီး ၁၀စီးကို ဟော်မုဇ်ကနေ ဖြတ်ခွင့်ပြုလိုက်တာလို့ ဆိုပါတယ်။ တကယ်တော့ ဆွေးနွေးထဲ့ထဲမှာ အဲဒီလိုပေးဖို့ မပါပါဘူး။ အီရန်ဘက်က အစပိုင်းမှာ ၈စီးဖြတ်ခွင့်ပြုတာကနေ ၂စီးတိုးပြီး ၁၀စီးဖြစ်သွားတာပါ။ Very Large Crude Carrier VLCC တစီးကို ရေနံစည် ၂သန်းလောက် အထိ ဆန့်တာဖြစ်လို့ စည်သန်း ၂၀လောက် ဈေးကွက်/ supply chain ထဲရောက်လာတဲ့ သဘောပါ။ အဲဒီလို ဖြတ်ခွင့်ပြုခြင်းဖြင့် သူတို့ဟာ စစ်တပ်ကို အမိန့်ပေးနိုင်သူတွေဖြစ်ကြောင်း သက်သေခံသလို ဆွေးနွေးချင်တဲ့စိတ်ရှိကြောင်းလည်း ပြသရာရောက်ပါတယ်။
မတ်လ ၁-၁၅အတွင်း တရုတ် ကုန်သင်္ဘော ၁၁စီး ဟော်မုဇ်ကိုဖြတ်ခဲ့တာမှာ အများစုက ကုန်သင်္ဘော တွေဖြစ်ပြီး ရေနံတင်သင်္ဘောက အနည်းငယ်ပဲလို့ ဆိုပါတယ်။ အီရန်ရေနံကို အမေရိကန်က ဆန်ရှင်လုပ်ထားတဲ့အတွက် အမေရိကန်စောင့်ကြည့်နေစဥ်မှာ တရုတ်က ရသလောက်ဝင်သယ်ဖို့လည်း ခက်ခဲနေမှာပါ။
ဟော်မုဇ်ပိတ်တာက အီရန်စီးပွားရေးပေါ်ကိုလည်း အကြီးအကျယ် ထိတာပါပဲ။ အဲဒါကြောင့် ၂၀၂၄မှာ ဟော်မုဇ်အပေါ် မှီခိုနေရတာကို လျော့ပါးစေဖို့ အိုမန်ပင်လယ်ကွေ့ဘက်မှာ အီရန်က Jask oil terminal ကို ပိုက်ဆံအမြောက်အများ အကုန်ခံပြီး တည်ဆောက်ထားခဲ့တာပါ။ ဒါပေမယ့် အဲဒီကနေ အီရန်ရေနံပို့ကုန်ရဲ့ ၅% ဖြစ်တဲ့ တနေ့စည် ၈သောင်းလောက်ပဲ တင်ပို့နိုင်ခဲ့ပါတယ်။ Jask oil terminal နေရာက ရေနံအများကြီးထွက်တဲ့ ဒေသကနေ ၁၀၀၀ကီလိုမီတာရှည်တဲ့ ပိုက်လိုင်းနဲ့ သွယ်တန်း ထားတာဖြစ်လို့ ပိုတင်ပို့နိုင်ရမယ့်အစား ခါ့ဂ်ကျွန်းကနေ တင်ပို့တာကိုပဲ အားထားနေရတာပါ။
ကမ္ဘာ့ရေနံစီးဆင်းမှုရဲ့ ၅ပုံ ၁ပုံဖြတ်သန်းနေတဲ့ဟော်မုဇ်ကို မိုင်းတွေတင်ထားတဲ့ မော်တော်ဘုတ် လေးတွေနဲ့ ပိတ်ခဲ့တဲ့ အဓိကလက်သည်တဦးဖြစ်သူ IRGC ရဲ့ ရေတပ်ကွန်မန်ဒါ Alireza Tangsiri ကို ဟော်မုဇ်နားက Bandar Abbas ဆိပ်ကမ်းကို ၁၅ရက်နေ့က အစ္စရေးတပ်တွေက တိုက်ခိုက်ခဲ့ရာမှာ သေဆုံးခဲ့ပြီလို့ အစ္စရေး ကာဝန် Israel Katz က အတည်ပြုလိုက်ပါတယ်။ တန်စီရီက မပိတ်သေးခင်က ငါတို့က အကုန်ပြင်ဆင်ထားပြီးသား၊ အမိန့်ရတာနဲ့ ဟော်မုဇ်ကိုပိတ်မှာ၊ ငါတို့လုပ်နိုင်တယ်ဆိုတာ ရန်သူလည်းသိတယ်၊ စမ်းချင်ရင်စမ်းကြည့်၊ (ငါတို့အစွမ်း) ပြလိုက်မယ်လို့ ကျုံးဝါးခဲ့တာပါ။ အစ္စရေးက စမ်းကြည့်လိုက်တာနဲ့ သူလည်း အသက်ပျောက်တာပါပဲ။ Fars ခရိုင်က အထူးတပ်ဖွဲ့ကွန်မန်ဒါ ဗိုလ်မှူးချုပ် Kavous Dehroodi လည်း ရှင်းလင်းခံရတဲ့စာရင်းထဲ ပါသွားပါပြီ။
အီရန်မှာ စစ်ပြေးတွေ သုတ်သင်ခံရသူတွေ များလာနေတဲ့အတွက် စစ်နဲ့ပတ်သက်ပြီး ကူညီပံ့ပိုးမှု ပေးနိုင်တဲ့ အသက်ကို ၁၂နှစ်အထိ နှိမ့်လိုက်ရပြီဖြစ်ပါတယ်။ သူတို့ကြေငြာချက်မှာတော့ ပက်ထရို လှည့်ဖို့၊ ရဲ/စစ်ကင်းစခန်းတွေမှာ စောင့်ကြပ်ဖို့၊ ထောက်ပို့လုပ်ဖို့တို့အတွက်လို့ ဖော်ပြထားပါတယ်။ ကလေးကို စစ်တိုက်ခိုင်းတယ်လို့ ဖြစ်မှာစိုးတဲ့အတွက် စစ်တိုက်ခိုင်းမယ်လို့ ပြောမှာမဟုတ်ပါဘူး။ အဲဒီအခြေအနေမှာတောင် အီရန်က အမေရိကန်တပ်တွေဝင်လာရင် သူတို့စစ်သည် ၁သန်းကျော်နဲ့ ပြန်ခုခံမယ်လို့ လေကြီးနေပါသေးတယ်။
အစ္စရေးက အမေရိကန်တွေ အီရန်ရဲ့ နျူကုန်ကြမ်းတွေမရလိုက်/ မရပ်လိုက်နိုင်ခင် စစ်ရပ်ရမှာ စိုးတဲ့အတွက် အီရန်နဲ့ နျူဆိုက်တွေကို တိုက်ခိုက်ဖို့ IDF ကို အမိန့်ပေးထားပါတယ်။ အစ္စရေးရဲ့ လက်စလက်နကို ကြောက်လို့ပဲလား အမေရိကန်နဲ့ ဆွေးနွေးတာ အဆင်မပြေမှာကို မြင်လို့လားတော့မသိ၊ ရုရှားက ချက်ချင်းပဲ အီရန်ရှိ Bushehr နျူပါဝါပလန့်ကနေ သူတို့ရဲ့ သိပ္ပံပညာရှင် နောက်ထပ် ၁၆၃ဦးကို အာမေးနီးယားနယ်စပ်ဘက်ကနေ ကယ်ထုတ်လိုက်ပါတယ်။ ကျန်တဲ့ ၃၀၀ ကိုလည်း နောက်အသုတ်လာကယ်ဦးမှာပါ။ Bushehr နျူပါဝါပလန့်ကို ဆယ်စုနှစ်နဲ့ချီအချိန်ယူပြီး ရုရှားတွေရဲ့ အကူအညီနဲ့ ၁၀-၁၁ဘီလီယံအထိ အကုန်ခံတည်ဆောက်ထားတာပါ။ သမ္မတထရမ့် အရင်ဆုံးဖြိုမယ်ဆိုတာ အဲဒီဟာဖြစ်ပါလိမ့်မယ်။ အဲဒါအပြင် Rosatom မှာလည်း နောက်ထပ် နျူပါဝါပလန့်တခု ဆောက်လုပ်နေဆဲဖြစ်ပါတယ်။
အမေရိကန်က ခါ့ဂ်ကျွန်းကို သိမ်းပိုက်ဖို့ လုပ်လာနိုင်တာကို တားဆီးဖို့ အီရန်ထောက်ပံ့ထားတဲ့ အီရတ်က Kataib Hezbollah လို အကြမ်းဖက်စစ်သွေးကြွ အုပ်စုတွေက ယူနီဖောင်းတွေနဲ့ အသင့်ပြင်ထားပြီလို့ ဆိုပါတယ်။ အဲဒီအုပ်စုတွေက ဘုရှ်၄၃လက်ထက် အမေရိကန်တပ်တွေ အီရတ်ကိုဝင်တုန်းက ခံတိုက်ခဲ့တဲ့သူတွေပါ။ အဲဒီလူတွေကို အီရန်က လက်နက်တပ်ဆင်ပေး ပိုက်ဆံပေးထားပြီး အီရတ်မှာရှိတဲ့ အမေရိကန် တပ်စခန်းတွေ၊ သံရုံးတွေ၊ အကျိုးစီးပွားတွေကို တိုက်ခိုက်စေနေတာဖြစ်ပါတယ်။ အီရတ်စစ်ပွဲမှာ အမေရိကန်တပ်သားပေါင်း ၄၅၀၀ခန့် ဆုံးရှုံးပြီး ၃သောင်းကျော် ဒဏ်ရာရခဲ့ပါတယ်။ ဒေသတွင်းတည်ငြိမ်မှုလည်း ပျက်သုဥ်းပြီး အီရတ်လည်း အီရန်နဲ့ အကြမ်းဖက်တွေ ကြီးစိုးရာ ဖြစ်လာတာပါပဲ။ အဲဒါကြောင့် အဲဒီအချိန်က အစ္စရေးဝကခရော ထရမ့်ရောက အီရတ်ကိုမဝင်သင့်ဘူးလို့ အဲဒီတုန်းကတဲက ပြောနေခဲ့တာပါ။ ခုတခါကတော့ တဖွဲ့လုံးက စစ်နဲ့လုပ်စားသူတွေမဟုတ်ပဲ ပြည်သူ့ရင်သွေးတွေဖြစ်တဲ့ စစ်သည်အသက်မဆုံးရှုံးဖို့ကို အလေးထားတဲ့ အစိုးရဖြစ်လို့ အကြမ်းဖက်တွေကို ကောင်းကောင်းပညာပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။