Operation Epic Fury (34)

ရေတပ်ရော လေတပ်ပါ မရှိတော့တဲ့ အီရန်က လေရော တိုက်ခိုက်မှုရော မလျော့သေးတာကြောင့် အမေရိကန်နဲ့ အစ္စရေးတိုက်လေယာဥ်တွေက ဓါတ်အားပေးစက်ရုံတွေ ထပ်ဆင့်ဖြန့်ဖြူးတဲ့ နေရာတွေကို ဒီနေ့ညပိုင်းမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် တီဟီရန်တဝိုက်က အမှောင်အတိနီးပါး ဖြစ်သွားခဲ့ပါတယ်။ အလင်းရောင်ဆိုလို့ ပစ်ခတ်မှုတွေက ထွက်ပေါ်လာတဲ့ လိမ္မော်ရောင် မီးတောက်မီးလျံတွေ၊ အရေးပေါ်မီး မှုံပြပြတွေလောက်ပဲ  လင်းတော့တာဖြစ်ပါတယ်။ သမ္မတထရမ့်က ဟော်မုဇ်ပြန်မဖွင့်ရင် ဓါတ်အားပေးစက်ရုံတွေ ဖျက်ဆီးပစ်မယ်လို့ ပြောထားခဲ့တာပါ။ ဆက်ပြီးခေါင်းမာနေသေးရင်တော့ အကြီးဆုံးကြီးပါ အဖျက်ခံရပါလိမ့်မယ်။

အမေရိကန်က B-52 ဗုံးကြဲလေယာဥ် ၂စီး ယူကေက RAF Fairford ကို ထပ်ပို့ထားတဲ့အတွက် အဲဒီမှာ အကြီးစားဗုံးကြဲလေယာဥ် ၂၃စီး ရှိနေပြီဖြစ်ပါတယ်။ ဒီလေယာဥ်တွေက ပစ်မှတ်ကို တိကျစွာ ပစ်ခတ်နိုင်တဲ့ ပေါင် ၇သောင်းအထိရှိတဲ့ ဗုံးတွေကို သယ်ဆောင်တိုက်ခိုက်နိုင်တာဖြစ်ပါတယ်။ အခုလို အင်အားဖြည့်တာက အီရန်ကို စစ်ရေးအရ စိစိညက်ညက်ကြေအောင် လုပ်နိုင်တယ်ဆိုတာကို ပြသပြီး ဆွေးနွေးမှုကို လက်ခံစေချင်တာ ဖြစ်ပါလိမ့်မယ်။ လက်မခံရင်လည်း ထုတ်သုံးလိုက်ရုံပါပဲ။

မရင်းတပ်သား ၂၀၀၀ကျော်ပါဝင်ပြီး တပ်အင်အား ၃၅၀၀ခန့် လိုက်ပါလာတဲ့ ထရီပိုလီကမ်းတက်/ လေယာဥ်တင်သင်္ဘောအုပ်စုလည်း အာရေဗျပင်လယ်ထဲမှာ ရောက်ရှိနေပါပြီ။ မနေ့ကပဲ နျူစွမ်းအင်သုံး တိုက်ရေငုပ်သင်္ဘောသစ်ကြီးဖြစ်တဲ့ USS Massachusetts ကို ဘော်စတွန်ဆိပ်ကမ်းမှာ ရေတပ်မှာ တရားဝင်တာဝန်ထမ်းဆောင်မှု စတင်လိုက်ပြီဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးအတွက် မခေါ်ယူထားသေးပေမယ့် လိုအပ်လာရင် အဆင်သင့်ရှိနေပါပြီ။

အရင်ရက်က ဆော်ဒီကလေတပ်စခန်းကို အီရန်က ဒရုန်းတွေ ဒုံးတွေ ပစ်လွှတ်ခဲ့ရာမှ အမေရိကန်စစ်သည် ၁၂ဦး ဒဏ်ရာရသွားတဲ့အပြင် ဝေဟင်ဆီဖြည့်လေယာဥ်တချို့လည်း ထိခိုက်သွားခဲ့ပါတယ်။ အဲဒါကို အားဖြည့်ဖို့ အီတလီက ဝေဟင်ဆီဖြည့်လေယာဥ်တွေ ထပ်လွှတ်ထားတယ်လို့ သိရပါတယ်။

မင်းသားပါလာဗီက စစ်တပ်နဲ့ ရဲထဲက ယူနစ်အချို့က အထက်ကို ပုန်ကန်ပြီး ပြည်သူနဲ့ ပူးပေါင်းချင်ကြောင်း ဆက်သွယ်ပြောကြားလာကြတယ်လို့ ဆိုပါတယ်။ တချို့တွေကိုတော့ လွတ်ငြိမ်းခွင့် ပေးနိုင်မှာဖြစ်ပေမယ့် အကုန်လုံးကိုတော့ မဟုတ်ဘူးလို့လည်း ပြောသွားပါတယ်။

ယူအေအီးက သူတို့ဆီမှာထားတဲ့ အီရန်နဲ့ ပတ်သက်ဆက်နွယ်မှုရှိတဲ့ ၅၃၀ ဘီလီယံခန့်ရှိတဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်သွားမှာဖြစ်ပြီး သူတို့ဆီမှာ နေထိုင်တဲ့ Golden Visa နဲ့ နေသူတွေပါ ပါဝင်တဲ့ အီရန်တွေကို နေထိုင်ခွင့်ပါမစ် ရုတ်သိမ်း/ပယ်ဖျက်နေပြီဖြစ်ပါတယ်။ ဒါ့အပြင် အနောက်နိုင်ငံ ဆန်ရှင်တွေကို ရှောင်တိမ်းဖို့အတွက် အယောင်ပြကုမ္ပဏီတွေကတဆင့် ငွေဖြူဖွတ်တာတွေကိုပါ ဖော်ထုတ်သွားမယ်လို့ ဆိုပါတယ်။ ယူအေအီးက အီရန်တွေ ဆန်ရှင်ရှောင်လို့ရအောင် နှစ်ပေါင်းများစွာ ကူညီခဲ့တာပါ။ ဒီစစ်ဆင်ရေးဟာ ရန်သူ/မိတ်ဆွေ သဲကွဲစေတဲ့အပြင် ကိုယ့်အပေါ် ကောင်းပေးခဲ့တဲ့ သူတွေကိုတောင် ရမ်းကားစော်ကားခဲ့တဲ့ မူလာတွေရဲ့ မိုက်မဲမှုကို တွေ့မြင်လိုက်ရတာပါ။

ယူအေအီးက အီရန်ရဲ့ နှေးကွေးတဲ့ဒရုန်းတွေကို တန်ပြန်ဖို့ ဂျက်ပါဝါတပ်ဆင်ထားတဲ့ Jenaih ဂျက်ဒရုန်းတွေကို ပထမဆုံးအကြိမ်အဖြစ် အသုံးပြုတော့မှာဖြစ်ပါတယ်။​ ဂျက်ဒရုန်းတွေက ၁၀၅၀ km/h ကျော် အရှိန်နဲ့ ပျံသန်းနိုင်ပြီး ဖောက်ခွဲရေးပစ္စည်း ၄၈၀ကီလိုကို အတွင်းထဲမှာ ဖွက်ပြီး သယ်ဆောင်နိုင်တာ ဖြစ်ပါတယ်။

အိန္ဒိယရေတပ်ဟာ သူတို့စီးပွားရေးအတွက် အရေးပါတဲ့ သဘာဝဓါတ်ငွေ့ LNG တင်ဆောင်လာတဲ့ သင်္ဘောတွေကို တင်းတင်းကြပ်ကြပ် စောင့်ကြပ်ပေးခဲ့လို့ ဟော်မုဇ်ကို လုံလုံခြုံခြုံ ဖြတ်သန်းနိုင်ခဲ့ပြီး လာမယ့်အပတ်မှာ အိန္ဓိယဆိပ်ကမ်းတွေဆီ ရောက်ရှိတော့မှာဖြစ်ပါတယ်။

၂၇ရက်နေ့က ဇန်နဝါရီလတုန်းက ဆန္ဒပြမှုမှာ ပါဝင်ခဲ့တဲ့ ၁၈နှစ်သမီးလေး Melika Azizi ကို သေဒဏ်ပေးခဲ့ပါတယ်။ စွဲချက်ကတော့ အစ္စလာမ္မစ်အစိုးရရဲ့ သင်္ကေတတွေကို မီးရှို့မှုနဲ့ ဘုရားသခင်ကို စစ်ဆင်မှုလို့ ထုံစံအတိုင်း အမည်တပ်ပါတယ်။ ဆွစ်ဇာလန်မှာ ဘောလုံးကစားနေခဲ့တဲ့ အီရန်သူလေးကို ခေါင်းမှာဟီဂျပ်မဝတ်ပဲ ကစားနေတာ ဆိုရှယ်မီဒီယာကနေ တွေ့သွားတဲ့အတွက် သူမရဲ့ လုံခြုံရေးအတွက် ထွက်ပြေးတိမ်းရှောင်ခဲ့ရတာ သူမဖခင်ဆုံးပါးသွားချိန်မှာတောင် မတွေ့လိုက်ရဘူးလို့ ဆိုပါတယ်။

အစ္စရေးတို့ ဒီနေ့တိုက်ခိုက်မှုကြောင့် IRGC က Mohammad Rasul-Allah Corps ရဲ့ကွန်မန်ဒါ ဗိုလ်မှူးချုပ် Hassan Hasanzadeh သေဆုံးသွားပြီဖြစ်ပါတယ်။ သူက အာဏာရှင်တွေရဲ့ အချက်အချာနေရာတွေကို ကာကွယ်ဖို့ တာဝန်ရှိသူဖြစ်ပြီး ဆန္ဒပြသူတွေကို ရက်စက်ကြမ်းကြုတ်စွာ နှိမ်နှင်းခဲ့သူဖြစ်ပါတယ်။ သူ့ယူနစ်က မူလာကြီးတွေကို လုံခြုံအောင်ထားပြီး ပြည်သူတွေကို အကြောက်တရားနဲ့ ဖိနှိပ်ဖို့ကို အထူးပြုတာဝန်ယူရတာပါ။

ပြည်သူရဲ့ တခဲနက်မဲနဲ့ ရွေးကောက်တင်မြှောက်ထားတဲ့ သမ္မတကို ဘုရင်အလိုမရှိဆိုပြီး ဆန္ဒပြတာတွေ တွေ့နေကြားနေရပါတယ်။ ထုံးစံအတိုင်း ဒီတခါ နိုးကင်း၊ နောက်တခါ ဖရီးပါလက်စ်တိုင်း၊ အီရန်က လူသတ်အစိုးရကို မထိနဲ့၊ လူမည်းအသက်ကမှ တန်ဖိုးရှိတဲ့အသက်၊၊ လိင်ပြောင်းဘဝ ပထမ၊ ၊ ဗိုက်ထဲက ကလေး ကြိုက်သလိုသတ်ရေး ဒို့အရေး၊ မဲခိုးမရတဲ့စနစ်ဟာ ရေ့စစ်၊ ခိုးဝင်သည်သာ ပဓါန နိုင်ငံသားသည် သာမည၊ စသဖြင့် တခုပြီးတခု မရိုးရအောင် ဆန္ဒပြစားသူများက အလှည့်ကျ ပြနေဦးမှာပဲဆိုတာ ပြည်သူကသိနေပြီဖြစ်လို့ ဘယ်သူမှ အရေးတယူလုပ်မနေကြတော့ပါဘူး။ သူတို့ကို တန်ပြန်ဆန္ဒပြဖို့ ဝါရှင်တန်မှာ ထောင်ချီပြီး ထွက်လာကြတာက အမေရိကန်ရောက် အီရန်တွေပါ။ သူတို့ကတော့ သမ္မတထရမ့်နဲ့ အစ္စရေးကို ကျေးဇူးတင်ကြောင်းနဲ့ အာဏာရှင်အစိုးရကို အပြီးဖြုတ်ချပေးဖို့ တောင်းဆိုဆန္ဒပြကြတာပါ။ မင်း/ မင်းဆိုးမင်းညစ် ဆိုတာ ဘယ်လိုဆိုတာ အရက်စက်ဆုံး အာဏာရှင်နိုင်ငံကလာတဲ့သူတွေ အသိဆုံးပါ။   

Leave a comment