Operation Epic Fury (42)

မနက်ဖြန်ရာဇသံနောက်ဆုံးရက်ဆိုပေမယ့် ခုထိ သဘောတူမယ့်အရိပ်အယောင် မရှိသေးပါဘူး။ ဆွေးနွေးသူတွေကို ရှင်းလင်းမယ့်စာရင်းကနေ လွတ်ငြိမ်းခွင့် ခေတ္တပေးထားပါသေးတယ်။ မနက်ဖြန်မှ သဘောတူညီချက်တိတိပပ ထွက်မလာရင် ပါဝါပလန့်တွေ တံတားတွေ အကုန်လုံးကို ဖောက်ခွဲပြီး သူတို့ရေနံတွေကို ယူရပါမယ်လို့ ထရမ့်ကပြောထားပါတယ်။ အီရန်က ဟော်မုဇ်ဖြတ်ခ ကောက်ခံမှာနဲ့ ပတ်သက်လို့ သူတို့အစိုးရ စိစိညက်ညက်ကြေသွားတဲ့နောက် ကောက်တာ/မကောက်တာ ငါတို့ဆုံးဖြတ်ရမှာ ဆိုတဲ့ သဘောမျိုးသတင်းထောက်ရဲ့မေးခွန်းကို ပြန်ဖြေသွားပါတယ်။ မနက်ဖြန် ပြုလုပ်မယ့် စစ်ဝန်နဲ့ တပ်ပေါင်းချုပ်ဥက္ကဋ္ဌတို့ရဲ့ သတင်းစာရှင်းလင်းပွဲကို ဖျက်သိမ်းထားပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က WSO ကို ကယ်တင်နေချိန်မှာ အမေရိကန်က B-2 ဗုံးကြဲလေယာဥ်ကြီးတွေနဲ့ တီဟီရန်နားက မြေအောက်အနက်ကြီးမှာ ထားရှိတဲ့ IRGC ဌာနချုပ်ကို ဘန်ကာဘတ်စ်တာဗုံးတွေထဲက ပေါင် ၂၀၀၀နဲ့ ပေါင် ၅၀၀၀အားရှိတဲ့ ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ အစ္စရေးကလည်း တီဟီရန်က Mehrabad လေဆိပ်ကို ဒေသစံတော်ချိန် နံနက် ၃နာရီမှာ အကြီးအကျယ် တိုက်ခိုက်ခဲ့တဲ့အတွက် လေယာဥ်တွေ မီးလောင်ပြီး ပေါက်ကွဲမှုတွေ မီးလျံတွေနဲ့ မီးခိုးထုကြီးတွေ ဖုံးလွမ်းနေပါတယ်။

 မင်းသားပါလာဗီကလည်း  မင်းတို့ ပြုတ်ကျတော့မှာ ရှင်းနေပါပြီ၊ နောက်ဆုံးအဆုံးသတ်က ဘယ်လောက်အရုပ်ဆိုးမလဲဆိုတဲ့ မေးခွန်းပဲ ကျန်တော့တာပါလို့ ဆိုပါတယ်။ သူတို့ခေါင်းမာလေ တိုင်းပြည်နာလေဆိုပေမယ့် သူတို့မှာ ကြီးကြီးမားမားပိုင်ဆိုင်တာဆိုလို့ ego ပဲရှိတာဆိုတော့ အဲဒါလေးတွေကိုပဲ နောက်ဆုံးအချိန်အထိ ဆုပ်ကိုင်ထားမယ်ထင်ပါတယ်။

ဒီနေ့တော့ IRGC ရဲ့ နံပါတ် ၂နဲ့ ထလရအကြီးအကဲ ဗိုလ်ချုပ် Majid Khademiကို ရှင်းလင်း လိုက်နိုင်ခဲ့သလို Quds Force ရဲ့ အထူးစစ်ဆင်ရေး ကွန်မန်ဒါ Ashkar Bakiri ကို သုတ်သင်နိုင်ခဲ့ ပါတယ်။ ခါဒမီက အမေရိကန်နဲ့ ဒေသတွင်းမဟာမိတ်တွေအပေါ် လက်ရှိတိုက်ခိုက်နေမှုတွေရဲ့ ဗိသုကာတဦးဖြစ်တဒြအတွက် သူ့ကို ရှင်းလိုက်နိုင်တာဟာ မဟာမိတ်တပ်တွေအတွက် အကျိုးများပါလိမ့်မယ်။ ခါဒမီကို သုတ်သင်ပြစ်ခဲ့တဲ့အတွက် အီရန်က အမေရိကန်ကို အကြမ်းဖက်လို့ စွပ်စွဲလိုက်သလို သံတမန်ရေး ဆွေးနွေးဖို့ကိုပါ ပယ်ရှားလိုက်ပြီလို့ ဆိုပါတယ်။

မနက်ဖြန်ဟာ ရာဇသံအချိန်စေ့မယ့်ရက်ဖြစ်တော့ အီရန်မူလာတွေက အမေရိကန်တွေ ဖျက်ပစ်မယ်လို့ ပြောထားတဲ့ လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေတဝိုက်ကို ကလေးအပါအဝင် လူအင်အားများများနဲ့ ဝိုင်းကာထားပေးဖို့ အစိုးရတီဗီကနေ နှိုးဆော်နေပါတယ်။  အရှက်မရှိ ဗျူဟာနတ္ထိနဲ့ ကလေးနောက်မှာ ပုန်းချင်တဲ့ သူရဲဘောကြောင်သူတွေပါပဲ။ Secretary of Supreme Youth Council Alireza Rahimi က ကလေးတွေ၊ လူငယ်တွေ၊ အားကစားသမားတွေ၊ အနုပညာရှင်တွေ၊ ကျောင်းသားတွေ၊ ဆရာတွေ အကုန်လုံးကို ဖိတ်ခေါ်ပါတယ်၊ ဒီပါဝါပလန့်တွေဟာ ငါတို့ရဲ့ ရင်းနှီးမြှုပ်နှံမှု၊ ဓနဖြစ်လို့  ကာကွယ် ရပါမယ်၊ နိုင်ငံရေးယုံကြည်ချက် ဘာပဲဖြစ်ဖြစ်ပါတဲ့၊ မနက်ဖြန် နေ့လည် ၂နာရီမှာ အီရန်အစိုးရကို ကြည်ညိုနေတဲ့ ဝေလေလေတွေလည်း လာလို့ရပါတယ်တဲ့။ လိုင်းပေါ်မှာ ရန်လိုက်ထောင်နေတာထက် လက်တွေ့ အမြန်ဆုံးသွားရောက် ကူညီနိုင်မယ့် အခွင့်ကောင်းတရပ်ပါ။ လက်လွတ်မခံကြပါနဲ့။

အီရန်က အပစ်ရပ်ဖို့အတွက် ဟော်မုဇ်ပြန်ဖွင့်ပေးဖို့ ခက်ခဲနေတာဟာ အနာဂတ်ပါးရှန်းပင်လယ်ကွေ့မှာ အမေရိကန်ရဲ့ အခန်းကဏ္ဍကို လျော့ပါးမသွားစေတဲ့အပြင် ပိုကြီးစေလာတာပဲဖြစ်မယ်လို့ ယူအေအီး သမ္မတရဲ့ သံတမန်ရေးအကြံပေး Anwar Gargash က မီဒီယာကို ပြောသွားခဲ့ပါတယ်။ “အမေရိကန်က ငါတို့ လုံခြုံရေးအတွက် အားကိုးရတဲ့မိတ်ဆွေဖြစ်လို့ ငါတို့က အမေရိကန်နဲ့ဆက်ဆံရေးကို ပိုမိုခိုင်မာအောင် လုပ်ဆောင်သွားမှာပါ၊ ဒေသတွင်းမှာ အမေရိကန်အပြင် အစ္စရေးရဲ့ ဩဇာကလည်း ကျသွားမှာမဟုတ်ပဲ မြင့်တက်လာမှာပါပဲ” လို့ ပြောခဲ့တာပါ။

သမ္မတထရမ့်ရဲ့ ထရုသ်ဆိုရှယ်က ပို့စ်တွေ သူ့စကားတွေဟာ သူ့အတွင်းစိတ်တစွန်းတစကို ပြနေတဲ့အတွက် သေချာနားထောင်ပြီး သုံးသပ်သင့်တယ်လို့ အီရန်ဘက်က ပြောသလို အစ္စရေး ချန်နယ် ၁၄က analyst Dror Balazada ကလည်း ထရမ့်လုပ်နေတဲ့ စိတ်ဓါတ်စစ်ဆင်ရေးနဲ့ သူ့ရဲ့ ထရုသ်ဆိုရှယ်က ပို့စ်တွေဟာ အီရန်အပေါ် အကြီးအကျယ် သက်ရောက်မှုရှိတယ်လို့ ဆိုပါတယ်။ အီရန်နဲ့ ပတ်သက်လို့ နောက်ဆုံးတင်သွားတာက အရင်နဲ့မတူပဲ အတော်ဒေါသထွက်နေသလို စကားလုံးကြမ်းကြမ်းတွေ သုံးထားတာဖြစ်လို့ အီရန်တွေ ပြာနေကြပြီလို့ ဆိုပါတယ်။

အစ္စရေးဒရုန်းတွေက Basij ကင်းစခန်းတွေ စစ်ကားပတ္တရောင်တွေကို ဆဲလ်ဖုံး signal တွေကတဆင့် မနားတမ်းလိုက်ရှာနေတာဖြစ်လို့ IRGC အကြီးအကဲ Ahmad Vahidi က တဖက်က အစ္စရေးဒရုန်းတွေကို မကြောက်ဖို့ ပြောနေသလို တဖက်မှာလည်း ဆဲလ်ဖုံးတွေမှာ ဘာ messaging မှ မသုံးဖို့  တိုက်တွန်းနေပါတယ်။ အသတ်ခံရမှာ စိုးသူတွေက ရာထူးတာဝန်ကို စွန့်ပြီး ပြေးကုန်ပါပြီ။ အီရန်ဘက်က နိုင်ငံခြားရေးဝကဟောင်း Javad Zarif က လက်နက်ချချင်သူ၊ နျူကိစ္စကို အကန့်အသတ်နဲ့ လုပ်ချင်သူ၊ ဟော်မုဇ်ပြန်ဖွင့်ပေးချင်သူဖြစ်တော့ တခုခုအဆင်မပြေရင် သူက ဖောက်ချတာလိုလို သံသယတွေနဲ့ ဆက်ဆံခံနေရတာပါ။ ကြောက်လာပြီဆိုရင် ကိုယ့်အရိပ်တောင် ကိုယ်ပြန်ကြောက်တတ်ကြတာပါပဲ။

အီရန်က သုတ်သင်ခံရတဲ့ ခေါင်းဆောင်တွေက death to America အော်ပြီး အမေရိကန်အကျိုးစီးပွား ပျက်စီးရာပျက်စီးကြောင်း အမြဲလုပ်နေကြပေမယ့် သူတို့သားသမီးတွေကိုတော့ အမေရိကန်မှာပဲ ထားကြတာပါ။ အလီလာရီဂျာနီရဲ့ သမီး Dr. Fatemeh Ardeshir-Larijani က အီမိုရီတက္ကသိုလ်ရဲ့ Winship Cancer Institute မှာ ကင်ဆာအထူးကုနဲ့ လက်ထောက်ပါမောက္ခလုပ်နေတာပါ။ သူ့ဖခင်က ဆန္ဒပြပြည်သူပေါင်းများစွာကို သတ်ဖြတ်ဖို့ ကူညီခဲ့သူ၊ ရက်ရက်စက်စက် နှိမ်နှင်းခဲ့သူဖြစ်လို့ ဆန်ရှင်ထိထားပေမယ့် သူ့သမီးကတော့ နာမည်ရှိတဲ့ကျောင်းမှာတောင် အလုပ်ရနေပါသေးတယ်။ တက္ကသိုလ်မှာ ဆန္ဒပြပွဲတွေ၊ petition တွေ၊ ဂျော်ဂျာက အမတ်တွေရဲ့ တောင်းဆိုမှုနဲ့ သူ့ရဲ့ ဆေးကုသလိုင်စင်ကို ရုပ်သိမ်းခဲ့ပါတယ်။ အီမိုရီက အစပိုင်းမှာ တင်းခံနေပေမယ့် ဇန်နဝါရီမှာ အလုပ်ထုတ်လိုက်ပါတယ်။ အခုတော့ သူ့ရဲ့ တရားဝင်နေထိုင်ခွင့်ပါ ရုတ်သိမ်းခံရတော့မှာဖြစ်ပြီး သူ့ခင်ပွန်းနဲ့အတူ ပြန်ပို့ခံရဝောာ့မှာ ဖြစ်ပါတယ်။

ဆိုလေမာနီရဲ့ တူမနဲ့ တူမရဲ့သမီးတို့ကလည်း အမေရိကန်ကို စေတန်ကြီးလို့ ခေါ်ခဲ့လို့  ဂရင်းကဒ်​ ရုတ်သိမ်းပြီး ပြန်ပို့ဖို့အတွက် ICE က ထိန်းသိမ်းထားပါတယ်။ အာဏာရှင်နိုင်ငံတွေက လူကြီးသားသမီးတွေဟာ အမေရိကန်ကို မုန်းသလောက် သားသမီးတွေကို အမေရိကန်မှာပဲ ထားချင်ကြတာ ဘာကြောင့်များပါလိမ့်။ တော်တော်များများက ပညာရေးနယ်ပယ်မှာဝင်ပြီး အမေရိကန်လူငယ်လေးတွေကို အဆိပ်မှိုင်း၊ အမုန်းမှိုင်း တိုက်ဖို့ ကူညီကြပါတယ်။

ယူအေအီးရဲ့ အဆိုးဆုံးအခြေအနေဟာ ဘာလဲလို့ လွန်ခဲ့တဲ့ အနှစ်၂၀က မေးမယ်ဆိုရင် အီရန်က စစ်တိုက်လာတာပါလို့ ဖြေမှာပါ၊ အခုအဲဒီအတိုင်း ဖြစ်နေပါပြီ၊ ဟော်မုဇ်ကို ဓါးစာခံလို လုပ်လာတဲ့ ဘယ်နိုင်ငံကိုမှ လက်မခံပါ၊ ဒါပေမယ့် ငါတို့မှာလည်’ ဒီရေလက်ကြားကိုထိန်းဖို့ ရေတပ်အင်အား အဆင်သင့်မဖြစ်သေးတဲ့အတွက် ဟော်မုဇ်ပြန်ဖွင့်ဖို့အတွက် အမေရိကန်ဦးဆောင်တဲ့ နိုင်ငံတကာ ကြိုးပမ်းမှုတွေမှာတော့ ပါဝင်ဖို့ အဆင်သင့်ပါပဲလို့ Gargash က ပြောသွားပါတယ်။ ဟော်မုဇ်ဖွင့်လို့ အကျိုးအမြတ်အများဆုံးရမှာက အဲဒီပင်လယ်ကွေ့နိုင်ငံတွေဖြစ်တာတောင် တပ်လွှတ်ဖို့ မရဲမဝံ့ဖြစ်နေတာကြောင့်လည်း အီရန်က ပိုအတင့်ရဲလာတာဖြစ်မှာပါ။

ပျက်ကျခဲ့တဲ့ F-15 က ပိုင်းလော့နဲ့ WSO ကို ကယ်တင်ဖို့ကြိုးစားရာမှာ ပိုင်းလော့ကို မိနစ်ပိုင်းအတွင်း ကယ်နိုင်ခဲ့တယ်ဆိုတဲ့ သတင်းကို CIA က ဖုံးထားပြီး ၂ဦးလုံး ကယ်နိုင်ခဲ့ပြီလို့ သတင်းဖြန့်ထားခဲ့တာပါ။ ဒါပေမယ့် သတင်းဌာနတခုက အဲဒီအကြောင်းကို အင်တာနက်မှာ ဖောက်ချခဲ့တဲ့အတွက် ရန်သူ့နယ်မြေမှာ ကျန်နေတဲ့ WSO ကိုကယ်ဖို့ လုပ်ရကိုင်ရတာ ပိုခက်ခဲကုန်တာဖြစ်ပါတယ်။ သတင်းဌာနတွေကလည်း တက်လာတဲ့သတင်းတွေပေါ်မှာ ပြောကြတာဆိုတော့ သတင်းတွေပြန့်ပြီး လူသူမနီးလှတဲ့နေရာမှာ ရန်သူဘက်က အချိန်တိုအတွင်း ထောင်ချီတဲ့အင်အားကို စုစည်းပြီး တောနင်းရှာနိုင်တဲ့အထိ ဖြစ်လာခဲ့ပါတယ်။

သမ္မတထရမ့်က လျို့ဝှက်သတင်း ပေါက်ကြားတာဟာ နိုင်ငံတော်သစ္စာဖောက်မှုမြောက်လို့ ထောင်ကျနိုင်ကြောင်းနဲ့ အဲဒီမီဒီယာကို ဖော်ထုတ်အရေးယူသွားမှာ ဖြစ်ကြောင်း ပြောသွားပါတယ်။ Al Jazeera တို့ Axios တို့လို လက်ဝဲယိမ်းမီဒီယာတွေက တယောက်ပဲ ရပါသေးတယ်လို့ တင်နေကြတဲ့ အတွက် အစိုးရအရာရှိတွေက WSO ကို ကယ်နေဆဲဖြစ်ပြီး မစ်ရှင်မပြီးသေးခင်မှာ သတင်းတွေက တက်နှင့်နေပြီဖြစ်လို့ သူ့လုံခြုံရေး စိတ်မချရသေးကြောင်း Al Jazeera ကို ပြောခဲ့တယ်လို့ဆိုပါတယ်။ ဒီနေ့တက်တဲ့သတင်းမှာတော့ သတင်းပေါက်ကြားမှုစတင်တာက အစ္စရေး ချန်နယ် ၁၂ က Amit Segal လို့ ဖော်ပြထားပြီး သူရတဲ့ ရင်းမြစ်ကလည်း အစ္စရေးကပဲဖြစ်တော့ အစ္စရေးအနေနဲ့ မိတ်ဆွေကောင်း ပီသချင်တယ်ဆိုရင် သတင်းဖောက်ချတဲ့သူကို ဖမ်းပြီး အမေရိကန်ကို လွှဲပေးဖို့ လုပ်ရမှာပါ။ ရင်းမြစ်ကို ကာကွယ်ပေးတာက သတင်းလောကမှာမဆန်းပေမယ့် နိုင်ငံတော်လုံခြုံရေးနဲ့ဆိုင်တဲ့ကိစ္စက အကျုံးမဝင်ပါဘူး။

ဒီစစ်ကနေ နွယ်ပြီးဖြစ်လာတာတခုကတော့ ဥရောပနေတိုးမဟာမိတ်ဆိုသူတွေက အမေရိကန်ဆီက အယူပဲရှိပြီး အပေးမရှိတဲ့ ယူရောပဖြစ်နေတဲ့အတွက် ဥရောပက အမေရိကန်စစ်စခန်းတွေရဲ့ ၈၀% ကို ပိတ်ပစ်တော့ဖို့ ရူဘီယိုက စဥ်းစားနေပါပြီ။ တနှစ်ကို အမေရိကန် တပ်အင်အား ၁သိန်းနဲ့ ၆၀ဘီလီယံ အကုန်ခံပြီး ယူရောပကို ကာကွယ်ပေးနေရတာဆိုတော့ တပ်တွေပြန်ခေါ်၊ အထောက်အပံ့တွေ ရပ်လိုက်ရင် အဲဒီပိုက်ဆံ အဲဒီလုပ်အားကို အမေရိကန်အကျိုးအတွက် အများကြီး အသုံးချနိုင်မှာပါ။ ယူရောပကတော့ တခါတလေ ကိုယ့်ကိုယ်ကို ကာကွယ်ဖူးတယ်ရှိအောင် ကာကွယ်ကြပါစေ။ ရုရှားက လာတိုက်တော့မှ ငါတို့လာကူဖို့ အချိန်ရ/မရ ဆွေးနွေးကြတာပေါ့လို့ မာကိုက ပြောသွားပါတယ်။

တကယ်တော့ နေတိုးနဲ့ မကျေမလည်လေးတွေ စဖြစ်လာတာက ဂရင်းလန်ကျွန်းကိစ္စကတည်းကပါ။ တချိန်မှာ အရေးပါလာမယ့်ဒေသဖြစ်လို့ တရုတ်က ခြေကုပ်ရယူနိုင်ဖို့ ကြိုးစားနေခဲ့တာပါ။ ဒိန်းမတ်က ကိုယ်တိုင်လည်း မကာကွယ်နိုင်ဘူး၊ ကိုယ့်နေတိုးခေါင်းဆောင် အမေရိကန်ကိုလည်း မယုံဘူးဆိုတော့ ရန်သူဝမ်းသာအောင် လုပ်ပေးနေသလိုချည့် ဖြစ်နေတော့တာပါ။

Leave a comment