Operation Epic Fury (45)

အပစ်ရပ် ၂ပတ်အတွင်းမှာ ပစ်ခတ်မှုတွေ ဆက်လက်ရှိနေပေမယ့် အမေရိကန်ဘက်က မဟုတ်ပါဘူး။ အစ္စရေးက ၂၀၂၃ အောက်တိုဘာ ၇ ကတဲက သူတို့ကို နေ့တိုင်းလို တိုက်ခိုက်နေခဲ့တဲ့ ဟဇ်ဘိုလာတွေနဲ့ အပြန်အလှန် ဆက်လက်တိုက်ခိုက်နေကြဆဲ ဖြစ်သလို ယူအေအီးကလည်း အီရန်ရဲ့ Lavan ရေနံချက် စက်ရုံကို Mirage 2000-9 jet တွေနဲ့ တကြိမ်သွားဗုံးကြဲခဲ့ပြီး သူတို့ရေနံ infrastructure နဲ့ အရပ်ဖက်ထိခိုက်မှုတွေအပေါ် အီရန်က ဖျက်ဆီးခဲ့တာကို လျော်ကြေးပေးရင်ပေး၊ မပေးရင် နောက်ဆက်တွဲ ဖြစ်လာမှာတွေကို ရင်ဆိုင်တော့လို့ ရာဇသံပေးလိုက်ပါတယ်။ ဒါ့အပြင် အဲဒီထဲမှာ ရန်လိုမှုတွေအားလုံးကို ချက်ချင်းအဆုံးသတ်ဖို့နဲ့ ဟော်မုဇ်ကိုလည်း ပြည့်ပြည့်ဝဝ ကန့်သတ်မှုမရှိပဲ ပြန်ဖွင့်ဖို့လည်း ပါပါတယ်။ အီရန်က ယူအေအီးကို ပဲ့ထိန်းဒုံးကျည်၊ ခရုဇ်ဒုံးကျည်နဲ့ ဒရုန်း စုစုပေါင်း ၂၈၂၀နီးပါးနဲ့ ပစ်ခတ်ခဲ့တာပါ။

အပစ်ရပ်တာဟာ အီရန်ဘက်က အချိန်ဆွဲတာလို့ ယူဆကြသူတွေရှိသလို ဟဇ်ဘိုလာလို proxy တွေကို ဒီ ၂ပတ်အတွင်း လက်နက်ထောက်ပံ့မှာ အစ္စရေးက စိုးရိမ်နေတာလို့လည်း ဆိုကြပါတယ်။ Flight tracker သတင်းတွေမှာ အမေရိကန်ဘက်က စစ်ဖက်လေယာဥ်တွေ အများကြီး အရှေ့အလယ်ပိုင်းကို ဦးတည်ပျံသန်းနေကြတာ တွေ့ထားတော့ အချိန်ဆွဲတာမှန်ရင် အကျိုးအရှိဆုံးက အမေရိကန်ပဲ ဖြစ်ပါလိမ့်မယ်။ အပစ်ရပ်ကြေငြာတာနဲ့ ရေနံဈေးကျပြီး စတော့လည်း တက်တယ်လေ။

အီရန်ဘက်က အစ္စလာမ်မာဘတ်မှာ တွေ့ဆုံဆွေးနွေးဖို့ စပီကာနဲ့ နိုင်ငံခြားရေးဝန်ကြီး သွားမှာကို ပါကစ္စတန်က လာကြိုရပါတယ်။ သူတို့လုံခြုံရေး စိုးရိမ်လို့ဖြစ်နိုင်သလို သူတို့မှာ သွားစရာလေယာဥ် မရှိတော့တာကြောင့်လည်း ဖြစ်နိုင်တာပါပဲ။ ပြည်တွင်းက နိုင်ငံရေး သဘောတရား နားမလည်ပဲ အကြမ်းဖက်တာ ခေါင်းမာတာကိုပဲ နိုင်ငံရေးနေကြသူတွေကတော့ သူတို့အမြဲအော်နေတဲ့ Death to America က အမေရိကန်နဲ့ တွေ့ဆုံဆွေးနွေးတဲ့သူတွေကို ဆဲနေကြပြီလို့ ဆိုကြပါတယ်။

ဆွေးနွေးပွဲမတိုင်ခင်မှာ ပြန်ပြင်ထားတဲ့ အဆိုပြုချက်တွေကို အီရန်က အမေရိကန်ကို ပေးအပ်ထားပြီး သမ္မတထရမ့်က အဲဒီပေါ်မှာ အလုပ်ဖြစ်အောင် လုပ်လို့ ရနိင်ကြောင်း ပြောထားပါတယ်။ ကြားဝင်သူတွေက အီရန်ဟာ နျူကိစ္စ၊ အမေရိကန်တပ်တွေ ဒေသတွင်းမှာ ဆက်ရှိနေမှာနဲ့ စစ်လျော်ကြေးပေးရမယ်ဆိုတဲ့ အချက်တွေပေါ်မှာ အမြဲတင်းမာနေခဲ့ရာက အခုတော့ ပျော့ပြောင်းလာပြီလို့ အတည်ပြုကြပါတယ်။ ဒါပေမယ့် ဟော်မုဇ်ကို ထိန်းထားချင်သေးတာကိုတော့ လျော့ချင်ပုံ မရသေးသလို ဟဇ်ဘိုလာကို ကာကွယ်ပေးချင်တာလည်း မလျော့ပါဘူး။

မနေ့က ABC News က သမ္မတထရမ့်ကို ဟော်မုဇ်ဖြတ်သန်းခကောက်ခံမှာနဲ့ ပတ်သက်ပြီး အတည်ပြုလိုက်ပြီလားလို့ မေးခဲ့တာမှာ ထရမ့်က စစ်အလွန်ကာလမှာ အီရန်နဲ့ joint venture လိုမျိုး ထူထောင်ပြီး ဟော်မုဇ်ကို ဖြတ်သန်းခကောက်ခံသွားမယ့်အကြောင်း စဥ်းစားနေတယ်လို့ ဆိုပါတယ်။ ဒါက လောလောဆယ်မှာ လုံလုံခြုံခြုံဖြတ်သန်းနိုင်မယ့် နည်းလမ်းတခုဖြစ်ကြောင်း၊ အီရန်တင်မက အခြားသောရန်တွေကပါ လုံခြုံစေမှာဖြစ်ကြောင်း ပြန်ဖြေသွားပါတယ်။ ဒါက သဘောတူထားပြီးသား မဟုတ်ပေမယ့် တူလာအောင် ညှိလို့ ရနိုင်တယ်လို့ ဆိုထားတာပါ။

ဒီ ၂ပတ်အတွင်း ဖြတ်သန်းမှုတွေက အပစ်ရပ်လက်ဆောင်သဘောမျိုးဖြစ်လို့ ဖြတ်သန်းခနဲ့ မဆိုင်ပါဘူး။ သင်္ဘောဖြတ်သန်းမှုတွေကိုလည်း တွေ့လာရပါပြီ​။ သမ္မတထရမ့်က အီရန်ပူးပေါင်းသည်ဖြစ်စေ မပူးပေါင်းသည်ဖြစ်စေ ဟော်မုဇ်မှာ ရေနံစီးဆင်းမှု ပြန်ရှိလာလိမ့်မယ်၊ အီရန်က နျူလက်နက် ဘယ်တော့မှ မပိုင်စေရဘူးလို့ ပြောထားပါတယ်။

အမေရိကန်စစ်တပ်တွေက ပါရှန်းပင်လယ်ကွေ့၊ အာရေဗျပင်လယ် တဝိုက်မှာ အီရန်နိုင်ငံ ပြန်လည်ထူထောင်ရေးလုပ်နေချိန်အထိ ရှိနေမှာဖြစ်ပြီး အဲဒါက ဒေသလုံခြုံရေး၊ လွတ်လပ်လုံခြုံစွာ သွားလာနိုင်ရေးအတွက် အရေးကြီးတဲ့ အခြေအနေတရပ် ဖြစ်ပေမယ့် ဘယ်သူမှ အီရန်ရဲ့ မိုက်မဲမှုမှာ လက်ဝင်မလျိုချင်ကြပါဘူး။ ဟော်မုဇ်ဟာ နိုင်ငံတကာရေကြောင်းဖြစ်လို့ အခမဲ့ ဖြတ်သန်းသွားလာခွင့် ရှိတာမှန်သလို အီရန်ကလည်း ကြိုးတွေ၊ ဂိတ်တွေ အကာအရံတွေနဲ့ တားဆီးထားတာမျိုး မရှိတာအမှန်ပါ။ ဒါတောင်မှ မသွားရဲကြတာဟာ အီရန်ကို မယုံလို့ (သို့) အီရန်ရဲ့ ခြိမ်းခြောက်မှုကြောင့် ဆိုတာ ထင်ရှားနေပါတယ်။ စွမ်းအင်/စီးပွားရေးအတွက် ဒီဒေသကို အားထားနေရပေမယ့် ဒီဒေသကို အနီးကပ်ခြိမ်းခြောက်နေတဲ့ အီရန်ကို ထိန်းကျောင်းတဲ့ထဲ မပါဝင်ချင်ကြတဲ့ နိုင်ငံတွေကို ထရမ့်က ပညာပေးချင်လို့ အဲဒီလို လေသံပစ်တာလည်း ဖြစ်နိုင်ပါတယ်။ လာကူရင်ကူ၊ မကူရင် ပေးဖို့ပြင်ထား ဆိုတာက ဖြစ်နိုင်ခြေတွေထဲက တခုပါ။

နေတိုးမဟာမိတ်ဆိုသူတွေရဲ့ အီရန်လို မွတ်အကြမ်းဖက်တွေကို အထိမခံပုံက ကနေဒါမှာ အီရန်ဖွား လူ့အခွင့်အရေးလှုပ်ရှားသူ Goldie Ghamari က အကြမ်းဖက်လုပ်ငန်းတွေ လုပ်နေတဲ့ ဗလီတွေ အကြောင်း X မှာ ရေးခဲ့တာကို ဖျက်ခိုင်းပါတယ်၊ မဖျက်ရင် ရာဇဝတ်မှုနဲ့ စွဲရပါမယ်တဲ့။ ဥရောပမှာလည်း ကိုယ့်လူမျိုးနိုင်ငံသား အမျိုးသမီးငယ်တွေကို လိင်စော်ကားသွားရင် လုပ်တဲ့လူမျိုး/ ဇာတိ/ဘာသာကို မဖော်ပြရပါဘူး၊ အဲဒီလူတွေချည့် ဖြစ်နေတာမို့ပါ၊ ဖော်ပြမိရင် အမုန်းစကားပုဒ်မနဲ့ ထောင်နန်းစံရပါတယ်။ ရိုက်လု/ သတ်ခံရရင်လည်း ထိုနည်းလည်းကောင်းပါပဲ။ အပစ်ရပ်ပြီ ဆိုတော့လည်း မက်ခရွန်က အပစ်ရပ်တဲ့ထဲ လက်ဘနွန်ပါ ပါရမယ်လို့ ပြောနေပြန်ပါပြီ။

ကိုယ့်တိုင်းပြည် ကာကွယ်ဖို့ ပိုက်ဆံမသုံး၊ ရှိတာကို သေချာမွန်းမံထိန်းသိမ်းတာမျိုး မလုပ်ပဲ ကမ္ဘာ့ရွာခြတွေ ခေါ်သွင်းလာတဲ့ စောစောက ပြောခဲ့တဲ့ လူတွေအတွက် ဖရီးကျန်းမာရေးနဲ့ လူမှုရေးအထောက်အပံ့ တွေအတွက်ပဲ သုံးကြတာပါ။ အဲဒါကလည်း ချစ်လွန်းလို့လို့ မထင်ပါနဲ့။ အမေရိကန်က ဆိုမာလီလိမ်လည်မှုတွေလိုပါပဲ၊ များများသုံးမှ များများ ဘုံးလို့ ရမှာလေ။ ပေါ်မှာလည်း မပူပါနဲ့၊ ပေါင်းစားရင် အသံမထွက်ဘူးဆိုတဲ့ အတိုင်းပါပဲ။

သမ္မတထရမ့်က အီရန်လိုအဆင့်မျိုးကို တိုက်တာကိုတောင် ဝင်မပါရဲတဲ့ နေတိုးမဟာမိတ်တွေက အကောင်ကြီးတာနဲ့တိုက်ရရင် ငါတို့ဘယ်လိုသွားအားကိုးရမလဲ၊ တကယ်တော့ ဒါက သူတို့ကို စမ်းသပ်တာပါ၊ ငါတို့က သူတို့မပါလို့ ဘာအားမှလျော့မသွားပါဘူးလို့ ဆိုပါတယ်။ အပစ်ရပ်ပြီ ဆိုတော့မှ ယူကေက ဟော်မုဇ်မှာ မိုင်းရှာဖို့ တော်ဝင်ရေတပ်ကို သုံးမယ့်အကြောင်း ပြောထားသလို ပြင်သစ်၊ ဂျပန်၊ တောင်ကိုရီးယား၊ နယ်သာလန်နဲ့ ဂျာမဏီတို့ကလည်း စဥ်းစား/စီစဥ်နေကြပါပြီ။ ဘာရိန်းနဲ့ ယူအေအီးက သူတို့ဆိပ်ကမ်းတွေကို မိုင်းရှာသင်္ဘောတွေအတွက် ပေးသုံးမှာဖြစ်ပါတယ်။

နိုင်ငံရေး စီးပွားရေး နားမလည်တဲ့လူတွေက သမ္မတထရမ့်ရဲ့ tariff ကောက်တာနဲ့ စစ်ရေးအသုံးစားရိတ် တိုးခိုင်းတာကြောင့် ဥရောပက သူ့ကို မုန်းကြတာလို့ ဝေဘန်ကြပါတယ်။ တကယ်တော့ tariff ကောက်တာက ကိုယ့်အပေါ် မတရားအခွင့်အရေး ယူနေတာကို မျှတအောင်လုပ်တာဖြစ်သလို ကိုယ့်အခြေအနေကို ပြန်ပြီး သုံးသပ်စေချင်တာလည်း ပါပါတယ်။ အမေရိကန်ဒီမိုကရက်တွေလိုပဲ ဥရောပက မလိုအပ်ပဲ ရန်သူဝမ်းသာမယ့် လူကြားကောင်းတဲ့ ဥပဒေတွေ နင်းကန်ထုတ်ထားတော့ စီးပွားရေးလုပ်ငန်းတွေ အတွက် အဆင်မပြေတဲ့အပြင် အခွန်ကကြီးလွန်းတော့လည်း ပြောင်းပြေး ကြတာပါပဲ။ ထရမ့်က ဥရောပနိုင်ငံတွေမှာ ကလိုင်းမိတ်ချိန့်တို့ မိုက်ဂရေးရှင်းတို့နဲ့ တိုင်ပတ် မနေစေချင်ပဲ တိုးတက်အောင် လုပ်စေချင်တာ ဖြစ်ပါတယ်။ ထရမ့်က သူ့သားသမီးတွေကိုလည်း ဒီလိုပဲ မောင်းခဲ့လို့ တခြားသူဌေးသားသမီးတွေလိုမဟုတ်ပဲ  အောင်မြင်လာကြတာပါ။

နောက်ကျောမလုံတဲ့ အာဏာရှင်တွေ ထုံးစံအတိုင်း ပြည်သူတွေရဲ့ လှုပ်ရှားမှုအဝဝကို စောင့်ကြည့် ထိန်းချုပ်ချင်တဲ့ တရုတ်က ဗင်နီဇွဲလားနဲ့ အီရန်မှာ အဲဒီလို surveillance camera တွေကို အစ္စရေးက hack လုပ်နိုင်ခဲ့တာကြောင့် အဲဒီ surveillance camera တွေထုတ်လုပ်တဲ့ Hikvision က အကြီးတန်း အရာရှိ အယောက် ၃၀၀ကျော်နဲ့ R&D ခေါင်းဆောင်တွေ၊ နည်းပညာရှင်တွေကို ဖမ်းဆီးလိုက်ပါတယ်။ Hikvision က ကမ္ဘာ့အကြီးဆုံး surveillance camera စနစ်တွေ ထုတ်လုပ်သူဖြစ်ပါတယ်။ ဒါနဲ့တင် အကြောက်ကမပြေသေးတော့ VPN တွေ အကုန်ပိတ်ရုံတင်မက၊ ခွင့်ပြုချက်မရှိပဲ နိုင်ငံခြားနဲ့ အင်တာနက်ဆက်သွယ်တာတွေကိုပါ လိုက်လံဖမ်းဆီးနေတယ်လို့ ဆိုပါတယ်။

တရုတ်စီးပွားရေးက အမေရိကန်ဈေးကွက်အပေါ်  အကြီးအကျယ် မှီခိုနေရတော့ အီရန်ကို ပေါ်ပေါ်ထင်ထင် မထောက်ပံ့ရဲတဲ့အပြင် သမ္မတထရမ့်ရဲ့ ခရီးစဥ် နောက်တခါ ရွှေ့ဆိုင်းမှာ ပယ်ဖျက်မှာကို ပူပန်နေရတာဖြစ်ပါတယ်။ စစ်က ဆွေးနွေးလို့မပြီးသေးရင် သွားဖို့လည်း မလွယ်သေးတာက အီရန်တွေကို မြှောက်မပေးနိုင်အောင် ထိန်းထားတဲ့ ထရမ့်ရဲ့အကွက် ဖြစ်နိုင်ပါတယ်။

Leave a comment