Operation Epic Fury (48)

အပစ်ရပ်ဆွေးနွေးပွဲဟာ အများသိတဲ့အတိုင်း မအောင်မြင်ခဲ့ပါဘူး။ အဲဒါကို အမေရိကန်က မျှော်လင့်ချက်တခွဲသားနဲ့ အီရန်ဘက်ကတွေ့ချင်တဲ့ ဗန့်စ်ကို Air Force 2 အပြင် C-17 လေယာဥ်ကြီးနဲ့ ဒုသမ္မတ ယာဥ်တန်းတွေပါ အကုန်ခံလွှတ်ပြီး ၂၁နာရီ စိတ်အနှောက်အယှက်အများကြီးအဖြစ်ခံလို့ သွားဆွေးနွေးခဲ့တာဟာ အီရန်သဘောကို မသိလို့ မဟုတ်ပါဘူး။ သမ္မတထရမ့်ရဲ့ ဗျူဟာက ဘာမှရွေးစရာမကျန်တော့တဲ့ တဖက်လူကို ဂုဏ်သရေရှိရှိ အရှုံးပေးနိုင်ဖို့ ထွက်ပေါက် အမြဲပေးတာပါ။ ဒါဟာ အောင်နိုင်သူတွေရဲ့ သဘောထားကြီးမှုတမျိုးဆိုတာကို နားမလည်တဲ့လူတွေက ပျော့ညံ့မှုလို့ မြင်ကြပါလိမ့်မယ်။

အီရန်က ရေတပ် လေတပ် လေကာစနစ် ဘာမှမရှိတော့ပဲ ပခုံထမ်းလောင်ချာ ဒရုန်းလောက်နဲ့ ပုန်းလျိုးကွယ်လျိုးထွက်ပစ်နေရတဲ့သူ၊ အမေရိကန်က သူ့ရှိသမျှ တပ်အင်အားရဲ့ ၁၀ပုံ ၁ပုံလောက်ပဲ​ သုံးထားသေးတာဆိုတော့ အမေရိကန်ဘက်က တဖက်သတ် စိတ်ကြိုက် အဆုံးသတ်နိုင်တဲ့ အနေအထားမှာ အခုလို အခွင့်အရေးပေးတာဟာ သူတို့အတွက်ပဲဆိုတာ သဘောပေါက်သင့်ပါတယ်။ သမ္မတထရမ့်ကတော့ အီရန်ဘက်က ဆွေးနွေးစားပွဲကနေ မခွာသေးဘူးလို့ ပြောထားသလို အပစ်ရပ်ကလည်း ဆက်လက် အသက်ဝင်နေဆဲ ဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ အီရန်ဘက်က red line ၄ချက် တင်ပြခဲ့သလိုပဲ အမေရိကန်ဘက်က red line ၆ ချက်ကို နောက်ဆုံးအခွင့်အရေးအဖြစ် ကမ်းလှမ်းခဲ့ပါတယ်။ အဲဒါတွေက

  • ယူရေနီယံသန့်စင်မှုအားလုံးကို အဆုံးသတ်ရန်
  • နျူသန့်စင်တဲ့ အဓိကစက်ရုံတွေကို ဖြိုဖျက်ပိတ်သိမ်းရန်
  • အဆင့်မြင် သန့်စင်ပြီး ယူရေနီယံကို ပြန်လည်ရယူရန်
  • ကျယ်ပြန့်သော အတိုင်းအတာနဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တင်းမာမှု လျော့ကျရေးတို့ကို ရရှိစေမယ့် မူဘောင်ကို လက်ခံရန်
  • ဟာမာ့စ်၊ ဟဇ်ဘိုလာ၊ ဟူသီ စတဲ့ ကိုယ်စား/ တဆင့်ခံအကြမ်းဖက်တွေကို ထောက်ပံ့နေခြင်းများအား အဆုံးသတ်ရန်
  • ဟော်မုဇ်ကို အပြည့်အဝပြန်ဖွင့်ပြီး ဖြတ်သန်းခ ကောက်ခံခြင်းမပြုရန် တို့ဖြစ်ပါတယ်။
  •  

အမေရိကန်ရဲ့ red line တွေက ဘာမှဆန်းတာမပါပါဘူး၊ အီရန်နျူမပိုင်သင့်ဘူးဆိုတာ တရုတ်၊ ရုရှားနဲ့ မ/ကိုရီးယားကလွဲရင် အားလုံးသဘောတူကြပြီး ဟော်မုဇ်ကိုလည်း စစ်မဖြစ်ခင်ကလိုပဲ ပြန်ထားရှိစေတာဆိုတော့ မျှတတယ်လို့ ဆိုနိုင်ပါတယ်။ proxy တွေကို ထောက်ပံ့တာလည်း ဟို၃ကောင်ကလွဲရင် ဘယ်နိုင်ငံမှ လက်မခံတာပါ။

ဖောက်စ်ကလည်း အီရန်အဖွဲ့ထဲမှာ ဆုံးဖြတ်ချက်ပေးနိုင်လောက်အောင် အဆင့်မြင့်တဲ့သူ ရှိမနေတဲ့အတွက် သူတို့ချင်း ပြန်ဆွေးနွေးဖို့တွေ ရှိနေသေးတယ်လို့ သတင်းရကြောင်း ပြောသွားပါတယ်။ နိုင်ငံရေးဘက်က နှစ်ဦးက အဆင့်မြင့်ပေမယ့် ဘာသာရေးနဲ့ စစ်ဘက်က ပိုအာဏာရှိတဲ့အစိုးရဖြစ်တော့ အဲဒီဘက်က ဆုံးဖြတ်နိုင်တဲ့ သူတွေ ပါမလာလို့ ဖြစ်မယ်ထင်ပါတယ်။ ပါလာသလောက်က အဆင့်မြင့်တယ်ဆိုရင် မာဆာ့ဒ်က သေချာမှတ်ထားပြီးဖြစ်ပါလိမ့်မယ်။

 ဆွေးနွေးပွဲအပြီးမှာ သမ္မတထရမ့်က

“ဆွေးနွေးပွဲက အခြေအနေ ကောင်းပါတယ်၊ အချက်အလက်တွေ တော်တော်များများမှာ သဘောတူခဲ့ကြပါတယ်၊ ဒါပေမယ့် အရေးအကြီးဆုံးအချက်ဖြစ်တဲ့ နျူကိစ္စကျမှ သဘောမတူနိုင်ဘူး ဖြစ်နေတာပါ။

အခုအချိန်ကစလို့ ဟော်မုဇ်ရေလက်ကြားကို ဝင်မယ့် ထွက်မယ့် သင်္ဘောတွေအကုန်လုံးကို အမေရိကန်ရေတပ်က ပိတ်ဆို့တားဆီးတော့မှာ ဖြစ်ပါတယ်။ တချိန်ချိန်မှာ အားလုံးကို ပေးဝင်မယ်၊ အားလုံးကို ပေးထွက်မယ် ဆိုတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်၊ ဒါပေမယ့် အီရန်က မိုင်းတွေ ဟိုနား ဒီနားမှာ ရှိနိုင်တယ်လို့ ခြိမ်းခြောက်ပြီး ငွေညှစ်တာမျိုးကိုတော့ လက်မခံနိုင်ဘူး၊ ဘယ်နိုင်ငံမှလည်း လက်မခံသင့်ဘူး၊ နိုင်ငံတကာ ရေပိုင်နက်ထဲမှာ ရှိပြီး အီရန်ကို တရားမဝင် ဖြတ်သန်းခပေးထားတဲ့ သင်္ဘောတိုင်းကို တားဆီးဖို့ ငါ့ရဲ့ ရေတပ်ကို အမိန့်ပေးထားတယ်။

 မိုင်းတွေကိုလည်း ရှင်းလင်းသွားပေးမယ်၊ ငါတို့ကို (သို့) အေးအေးချမ်းချမ်း သွားလာနေတဲ့ သင်္ဘောတွေကို ပစ်ခတ်ခဲ့သည်ရှိသော် ပစ်တဲ့သူကို ငရဲရောက်အောင် အမြန်ပို့ပေးမယ်၊ ဒီလိုအခြေအနေမျိုးကနေ ဘယ်လိုအဆုံးသတ်ရမလဲဆိုတာ အီရန်က သူများထက် ပိုသိမှာပါ၊ ဒီလိုပိတ်ဆို့မှုမှာ တခြားနိုင်ငံတွေလည်း ပါဝင်လာပါလိမ့်မယ်၊ အီရန်ကို တရားမဝင် ငွေညှစ်ဖို့ ဘယ်လိုမှ ခွင့်မပြုနိုင်ပါဘူး၊ သူတို့ငွေလိုနေပါတယ်၊ သူတို့က နျူကို ပိုတောင်လိုချင်ပါသေးတယ်။ အချိန်သင့်တဲ့အခါမှာ ငါတို့ရဲ့ အဆင်သင့်ပြင်ထားတဲ့စစ်တပ်ကြီးက အီရန်မှာ ကျန်နေသမျှတွေကို အပြီးသတ်လာရောက်​ ရှင်းလင်းပါလိမ့်မယ်” လို့ ထရုသ်မှာ ရေးသွားပါတယ်။

အီရန်က ဟော်မုဇ်ထဲက အမေရိကန် စစ်သင်္ဘောတွေ ထွက်သွားဖို့ အကြိမ်ကြိမ် အော်နေခဲ့ပေမယ့် သူတို့က စပြီး ပစ်ခတ်လိုက်ရင် အပစ်ရပ်ကို သူတို့ဘက်က စပြီးချိုးဖောက်သလိုဖြစ်သွားပြီး အမေရိကန်နဲ့ အစ္စရေးတိုကို သဘောရှိဝင်ကြိတ်ခွင့် ပေးလိုက်သလို ဖြစ်သွားပါလိမ့်မယ်။ အဲဒါကြောင့် ပစ်ရမလိုလို မပစ်ပဲနေရမလိုလိုနဲ့ မမဆောင်းဖြစ်ပြီး အတွင်းထဲမှာ အချင်းချင်း ချနေလောက်ပါပြီ။

ဟော်မုဇ်ထဲကို ဝင်လာတဲ့ အမေရီကန်စစ်သင်္ဘော ၁၂၁ နဲ့ IRGC ရေတပ်အရာရှိတို့ရဲ့ အပြန်လှန် ဆက်သွယ်ပြောကြားချက်ကို အခုလိုတွေ့ရပါတယ်။

IRGC: ဒါက Sepah ရေတပ်စခန်းကပါ၊ မင်းလမ်းကြောင်းပြန်လှည့်ပြီး အိန္ဒိယသမုဒ္ဒရာကို ချက်ချင်းပြန်သွားပါ၊ ဒီအမိန့်ကို မလိုက်နာရင် ပစ်ခတ်ရပါလိမ့်မယ်၊ ထွက်သွားပါ။

US Navy: ဒီက Coalition Warship 121 ပါ၊ နိုင်ငံတကာရေပိုင်နက်ကို နိုင်ငံတကာ ဥပဒေအရ ဖြတ်သန်းသွားတာပါ၊ မင်းကို ရန်ပြု (ချဲလင့်)ဖို့မဟုတ်ပါဘူး။

IRGC: အိုမန်ပင်လယ်နဲ့ Jask ဆိပ်ကမ်းနားမှာ ရောက်နေတဲ့ အမေရိကန်ရေတပ်က စစ်သင်္ဘောခင်ဗျာ၊ ကျွန်တော်က Sepah Navy စခန်းကပါ၊ ဒါဟာ နောက်ဆုံးဝမ်နင်ပါ၊ ဒါဟာ နောက်ဆုံး ဝမ်နင်ပါ၊ ဒါဟာ နောက်ဆုံးဝမ်နင်ပါ။

IRGC: အိုမန်ပင်လယ်ထဲက သင်္ဘောအားလုံး သင်္ဘောများအားလုံး သင်္ဘောများအားလုံးသို့၊ ဒါက အီရန် Sepah Navy ပါ၊ သင်တို့နားမှာ စစ်သင်္ဘောတွေ့ခဲ့ရင် ၁၀မိုငအကွာနေပေးပါ၊ ငါတို့က ဝမ်နင်မပေးပဲ သူတို့ကို ပစ်ခတ်ဖို့ အသင့်ဖြစ်နေလို့ပါ။

အဲဒီလိုတွေ ခြိမ်းခြောက်နေခဲ့ပေမယ့် နိုင်ငံတကာ ရေပိုင်နက်အတွင်းက အမေရိကန်စစ်သင်္ဘောကို ပစ်ခတ်မှု လုံးဝမပြုခဲ့ပါဘူး။ အမေရိကန်စစ်သင်္ဘောကလည်း ဆက်သွားမြဲပါပဲ။ အီရန်စစ်တပ်ရဲ့ ခြိမ်းခြောက်မှုတွေအားလုံးက သင်္ကြန်အမြှောက်ပဲ ဖြစ်ကုန်တာ ရှက်စရာပါ။

အီရန်ရဲ့ လတ်တလောပြဿနာက ငွေရေးကြေးရေး အရမ်းကိုကြပ်တည်းနေတာပါ၊ ရေနံမရောင်းရတာလည်း စစ်စကတည်းကလိုပါပဲ။ အဲဒါကြောင့် ဟော်မုဇ်ကို ဖြတ်သန်းခ ကောက်ချင်တာနဲ့ ပိုင်ဆိုင်မှုတွေ ထိန်းချုပ်ထားထာ ဖြေလျော့ပေးဖို့ကို ဦးစားပေးစေချင်နေတာ ဖြစ်မှာပါ။ စစ်သားတွေကိုတောင် ပိုက်ဆံပေးစရာ မရှိတော့ရင် အမေရိကန်က ကျည်တချက် ထပ်မဖောက်ပဲတောင် အီရန်အစိုးရ ပြိုဆင်းလာတော့မှာပါ။

အဲဒါကြောင့် သမ္မတထရမ့်က အီရန်ကို စစ်ရေးအရ ထပ်ကြိတ်မယ့်အစား စီးပွားရေးအကြပ်တွေ့စေဖို့ ဟော်မုဇ်ကို အဝင်အထွက် လုံးဝမရှိရအောင် ပိတ်ဆို့ထားမယ်လို့ ကြေငြာလိုက်ပါတယ်။ အီရန်တွေ ရေနံလည်းရောင်းလို့ မရ၊ လက်နက်ဝယ်တာတွေလည်း လာမရတော့ဘူးဆိုရင် လက်နက်ချဖို့ပဲ ကျန်ပါတော့တယ်။ တံတားတွေ ဓါတ်အားပေးစက်ရုံတွေကို မဖျက်ဆီးချင်တာက ဖျက်လိုက်ရင် ပြန်ဆောက်ဖို့က ပိုက်ဆံကုန်တာထက် ၁၀နှစ်လောက် ကြာနိုင်တာဖြစ်လို့ ပြည်သူတွေကိုငဲ့ပြီး တတ်နိုင်သလောက် ရှောင်ချင်တာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကြားဝင်ပေးသူ ပါကစ္စတန်ကတော့ ဆွေးနွေးပွဲ ပြုလုပ်နေစဥ်မှာ ဆော်ဒီကို စစ်သည် ၁၃,၀၀၀ နဲ့ တိုက်လေယာဥ် ၁၀-၁၈စီး၊ ထောက်ပံ့ရေးလေယာဥ်တွေကို ဆော်ဒီရဲ့ King Abdulaziz လေတပ်စခန်းကို အလျင်အမြန်ပို့ဆောင်ပေးခဲ့ပါတယ်။ ရေနံသူဌေးဆော်ဒီက ပိုက်ဆံရှိလို့သာ တိုက်လေယာဥ်တွေ ဝယ်ယူနေတာဖြစ်ပေမယ့် သူ့တပ်တွေက စစ်ပွဲအတွေ့အကြုံ မရှိတာကြောင့် အီရန်ရဲ့ ရန်စမှုကို ထိထိရောက်ရောက် တုန့်ပြန်နိုင်ခဲ့ခြင်း မရှိခဲ့တာပါ။ ၂၀၂၅တုန်းက ချုပ်ဆိုခဲ့တဲ့ နှစ်နိုင်ငံ အပြန်အလှန် အကာအကွယ်ပေးရေးသဘောတူညီချက်အရ နျူပိုင်တဲ့ ပါကစ္စတန်က ဆော်ဒီကို ကာကွယ်ဖို့ စစ်ရေးအကူအညီပေးပြီး အပြန်အလှန်အားဖြင့် ဆော်ဒီက ပါကစ္စတန်ကို ငွေကြေး၊ စီးပွားရေး အထောက်အပံ့တွေ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ ပါကစ္စတန်က ဆော်ဒီထံက တနှစ်ကို ဆီ ၃ဘီလီယံကျော်ဖိုး ဝယ်ယူနေတာလည်း ဖြစ်ပါတယ်။ အခုလို အပစ်ရပ်စပြီး မကြာခင်မှာပဲ ချက်ခြင်းကြီး တပ်ပို့လိုက်တာက အီရန်အတွက် နယ်ပိုကျဥ်းလာစေမှာပါ။

အီရန်ရဲ့ ထစ်ကနဲရှိ ဟော်မုဇ်နဲ့ အကြပ်ကိုင်နေတာကို စိတ်ကုန်လာကြတဲ့ ဆော်ဒီနဲ့ ယူအေအီးတို့ဟာ ဟော်မုဇ်ကို ဖြတ်စရာမလိုအောင် တခြားဖက်က ဆိပ်ကမ်းတွေကိုပို့တဲ့ ရေနံပိုက်လိုင်းတွေကို ပိုပြီး သုံးလာနေကြပါပြီ။

အမေရိကန်က အီရန်ဘက်က ဒရုန်းတွေနဲ့ တိုက်ခိုက်လာရင် တုန့်ပြန်ဖို့ AI powered hi-energy laser (HEL) systems လေဆာလက်နက်ရှိကြောင်း သမ္မတထရမ့်က ပြောသွားပါတယ်။ အဲဒီလက်နက်က ဒရုန်းတွေကို အလင်းရောင်လို မြန်ဆန်နဲ့နှုန်းနဲ့ အရေပျော်အောင် ဖျက်ဆီးပစ်နိုင်ပြီး တခါပစ်ကို ဒေါ်လာအနည်းငယ်ပဲ ကျသင့်တာပါ။

Leave a comment