ဒီကနေ့ ဂျန် ၆မှာ ကွန်ဂရက်စ်မှာကျင်းပတဲ့ နှစ်ရပ်ပေါင်းလွှတ်တော်မှာ အထက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူရတဲ့ လက်ရှိဒုသမ္မတ ကာမလာဟဲရစ်က ၂၀၂၄ရကပရလာဒ်ကို တရားဝင် အတည်ပြု ပေးခဲ့ပြီး ၂၀ရက်နေ့မှာ ၄၇ဦးမြောက် သမ္မတထရမ့်နဲ့ ဒုသမ္မတ ဂျေဒီဗန့်စ်တို့ ကျမ်းသစ္စာ ကျိမ်ဆိုကြမယ်လို့ ကြေငြာသွားပါတယ်။ သူကိုယ်တိုင် ပါဝင်ယှဥ်ပြိုင်ပြီး ရှုံးနိမ့်ခဲ့တဲ့ ရကပမှာ ပြိုင်ဖက်ကို သမ္မတအဖြစ် အတည်ပြုပေးရတာ ကာမလာတဦးတည်းကြုံရတာတော့ မဟုတ်ပါဘူး။ ၂၀၀၁တုန်းက အယ်လ်ဂေါလည်း ကြုံခဲ့ရပါတယ်။ အယ်လ်ဂေါတုန်းက ပေါ်ပြူလာဗုတ်မှာ ၅သိန်းကျော် ပိုရခဲ့ပြီး ဖလော်ရီဒါကို နောက်ဆုံးအချိန်အထိ အကျိတ်အနယ်ဖိုက်ပြီးမှ electoral vote ၂၇၁/၂၆၆ နဲ့ ကပ်ပြုတ်ခဲ့တာပါ။ တက်လာမယ့် ထရမ့်အစိုးရသစ်ရဲ့ အိမ်ဖြူတော် ဝန်ထမ်းချုပ် Susie Wiles က အစိုးရအဖွဲ့သစ်အတွက် စည်းမျဥ်းတွေ ချမှတ်ထားရှိပြီးဖြစ်ကြောင်းContinue reading “ဇန်နဝါရီ ၆ ရက် ၂၀၂၅”
Author Archives: Omma
ဈေးဝယ်တွန်းလှည်းသီအိုရီ
မကြာသေးခင်က အင်တာနက်ပေါ်မှာ ဆွေးနွေးကြတဲ့ အကြောင်းအရာလေးတခု တွေ့မိပါတယ်။ အဲဒါက ဆူပါမားကက်တိုင်းမှာ ရှိကြတဲ့ shopping cart တွေနဲ့ ပတ်သက်ပြီး လူတွေရဲ့ အမူ အကျင့် စိတ်နေစိတ်ထား စတာတွေကို တစေ့တစောင်း အကဲခတ်လို့ ရနိုင်တယ်ဆိုတာပါ။ ဈေးဆိုင်တွေမှာ တွန်းလှည်းလေးတွေ ထားပေးထားတာက ဝယ်သူတွေ အဆင်တပြေ ဈေးဝယ်နိုင်အောင် ဆိုင်ရှင်တွေက ထားပေးကြတာပါ။ တချို့ဆိုင်တွေမှာ ဆိုင်ပြင် ထုတ်လို့မရအောင် အကာအရံတွေ ထားရှိတာမျိုးရှိသလို တချို့ကလည်း ဆိုင်နဲ့ ဝေးဝေးကို ယူမသွားနိုင်အောင် sensor လေးတွေ တပ်ထားတာမျိုး ရှိကြပါတယ်။ တချို့ဆိုင်တွေမှာ ကွာတားစေ့တစေ့ထည့်ပြီးမှ လှည်းကို ယူသုံးလို့ရပြီး အသုံးပြုပြီး ပြန်ထားတဲ့အချိန်မှာ အဲဒီကွာတားစေ့ ပြန်ရပါတယ်။ များသောအားဖြင့်က ပိုက်ဆံမပေးရပဲ အလွယ်တကူယူသုံးလို့ရသလို ဈေးဝယ်ပြီးချိန်မှာလည်း ကိုယ့်ကားအထိ ယူသွားနိုင်ကြပါတယ်။Continue reading “ဈေးဝယ်တွန်းလှည်းသီအိုရီ”
ဒီဇင်ဘာ ၂၃ ရက် ၂၀၂၄
ဒီကနေ့ ဘိုင်ဒန် ပြစ်ဒဏ်က သေဒဏ်ကျခံဖို့ စောင့်နေတဲ့ ရာဇဝတ်အကျဥ်းသား ၃၇ဦးကို လွတ်ငြိမ်းခွင့် ပေးလိုက်ပါတယ်။ အဲဒီထဲက Jorge Avila-Torrez ဆိုသူက အဆိုးဆုံးပါပဲ။ ၂၀၀၅တုန်းက အသက် ၈နှစ်ရှိ Laura Hobbs နဲ့ အသက် ၉နှစ်ရှိ Krystal Tobias တို့ကို ပြန်ပေးဆွဲ၊ မုဒိမ်းကျင့်ပြီး Hobbs ကို မျက်လုံးအပါအဝင် အချက် ၂၀၊ Tobias ကို ၁၁ချက် ရက်ရက်စက်စက် ဓါးနဲ့ထိုးသတ်ခဲ့တာပါ။ အဲဒီရာဇဝတ်ကောင်ဟာ ၂၀၀၉ခုနှစ်မှာ အသက် ၂၀အရွယ်ရှိ အမေရိကန်ရေတပ်သမီး Amanda Jean Snell ကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သေးသလို အဲဒီနှစ်မှာပဲ နောက်အမျိုးသမီးတဦးကို မုဒိမ်းကျင့်ပြီး သေလုနီးနီး နှိပ်စက်ခဲ့ပါသေးတယ်။ ဘိုင်ဒန်က ပြစ်ဒဏ်ဆိုင်းငံ့ပေးလိုက်တဲ့Continue reading “ဒီဇင်ဘာ ၂၃ ရက် ၂၀၂၄”
ဒီဇင်ဘာ ၂၂ ရက် ၂၀၂၄
ထရမ့်က ငါတို့လက်ထက်မှာ common sense ကို ပြန်လည်ထွန်းကားစေပြီး အမေရိကန် ပြည်ထောင်စုကို ရွှေခေတ်ကို ပြန်ရောက်အောင်လုပ်ဖို့ ငါတို့အားလုံးမှာ တာဝန်ရှိတယ်လို့ ဒီဇင်ဘာ ၁၉-၂၂အထိ ကျင်းပတဲ့ AmericaFest 2024 ပွဲရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ ကနေ့မှာ ကျုံးဝါးသွားပါတယ်။ အဆိုပါပွဲကို Turning Point USA က ကြီးမှူးကျင်းပတာဖြစ်ပါတယ်။ TP USA က ကောလိပ်တွေကိုသွားပြီး လူငယ်တွေနဲ့ စကားပြောခြင်းဖြင့် လက်ဝဲမှိုင်းမိတဲ့ အမြင်/အတွေးတွေ ရှိနေတဲ့ လူငယ်တွေကို common sense ပြန်ရအောင် ဆွေးနွေးပေးနေကြတာပါ။ ရောဘတ်ကနေဒီဂျူနီယာကို ကျန်းမာရေးဝန်ကြီးအဖြစ် အတည်ပြုပေးဖို့ အပြင်းထန်ဆုံး ငြင်းဆန်နေတာက ရီပါဘလစ်ကန် ဆီနိတ်တာ Lindsay Graham ဖြစ်နေပါတယ်။ RFK Jr. ကို ကျန်းမာရေးဝန်ကြီးခန့်နိုင်တယ်ဆိုတာContinue reading “ဒီဇင်ဘာ ၂၂ ရက် ၂၀၂၄”
ဒီဇင်ဘာ ၁၅ ရက် ၂၀၂၄
ထရမ့်က ခိုးဝင်တွေကို ပြန်ပို့မယ့်ကိစ္စမှာ မူရင်းလာခဲ့တဲ့နိုင်ငံတွေက ပြန်လက်မခံခဲ့ရင် အဲဒီနိုင်ငံတွေနဲ့ လက်တွဲအလုပ်လုပ်မှာမဟုတ်ဘူးလို့ အတိအလင်းသတိပေးလိုက်ပါတယ်။ ကိုယ့်နိုင်ငံသားတွေကို ဘာဖြစ်လို့ ပြန်လက်မခံချင်ကြတာလည်းဆိုတော့ ထရမ့်ပြောထားသလိုပါပဲ၊ သူတို့နိုင်ငံမှာ ဆန်ကုန် မြေလေးတဲ့အပြင် ထိန်းသိမ်းစားရိတ်သိပ်ကြီးတဲ့ ရာဇဝတ်သား လူဆိုးကြီးတွေ ဖြစ်နေကြလို့ပါပဲ။ အဲသလိုနိုင်ငံတွေက အမေရိကန်ကို ပစ္စည်းတင်ပို့ချင်တဲ့အခါ အကောက်ခွန်အများကြီး စည်းကြပ်မှာ ဖြစ်လို့ သူတိုတိုင်းပြည်တွေ အမေရိကန်နဲ့ အလုပ်လုပ်ဖို့ ခက်ခဲသွားလိမ့်မယ်လို့ ဆိုပါတယ်။ ဖက်ဒရယ်အစိုးရက လူဝင်မှုဗီဇာ ပြန်ရုတ်တဲ့ကိစ္စတွေမှာ ဖက်ဒရယ်တရားရုံးတွေက ပြန်ဆန်းစစ်ခွင့် မရှိဘူးလို့ ကနေ့ ဆူပရင်းကုတ်က တရားသူကြီး ၉ဦးစလုံးက ဆုံးဖြတ်ပေးလိုက်ပါတယ်။ အဲဒါကြောင့် ခိုးဝင်တွေ ပြန်ပို့ခံရရင် သူတို့အမှုကို ဖက်ဒရယ်တရားရုံးတွေဆီ အသနားခံဖို့ ပိုခက်သွားတော့မှာပါ။ တရုပ်ပြည်မှာလည်း ပြည်တွင်းစီးပွားရေးရော အလုပ်အကိုင်တွေပါ မကောင်းနေကြတဲ့အတွက် လူငယ်တွေက အမေရိကန်ဗီဇာ လျောက်ထားမှုတွေContinue reading “ဒီဇင်ဘာ ၁၅ ရက် ၂၀၂၄”
ဒီဇင်ဘာ ၃ ရက် ၂၀၂၄
ဘာသက်သေအခိုင်အမာတခုမှ မပြနိုင်ပဲ လုပ်ကြံပုဒ်မတွေနဲ့ စွဲနေရတဲ့ ထရမ့်ကို ဥပဒေအထက်မှာ ဘယ်သူမှ မရှိရဘူးလို့ အသံကောင်းဟစ်နေခဲ့တဲ့ဘိုင်ဒန်၊ သူ့သားဟန်းတားကို ပါဒန်မလုပ်ပါဘူးလို့ အကြိမ်ကြိမ်ပြောထားတဲ့ ဘိုင်ဒန်က သူ့သားကို ပါဒန်လုပ်တော့လည်း ဇန်နဝါရီ ၁ရက် ၂၀၁၄ကနေ ဒီဇင်ဘာ ၁ရက် ၂၀၂၄အတွင်း လုပ်ခဲ့သမျှအရာအားလုံးအတွက် ချွင်းချက်မရှိ အကန့်အသတ်မရှိ လွတ်ငြိမ်းခွင့်ပြုလိုက်တာပါ။ အခုလက်ရှိစွဲထားတဲ့အမှုတွေက သူကျူးလွန်ခဲ့သမျှထဲမှာ အသေးဆုံးလို့ ဆိုရမယ့်အမှုတွေပါပဲ။ အခွန်လိမ်တာနဲ့ လက်နက်ဝယ်ဖို့ဖောင်ဖြည့်တာမှာ ဖုံးကွယ်/ ထိန်ချန်တာပါ။ အဲဒီ ၂မှုစလုံးက ၂၀၁၄ထဲမှာ မဟုတ်သလို ဘိုင်ဒန့်တရားရေးဌာနက အလျော့ပေါ့ အငြင်သာဆုံးနည်းတွေနဲ့ မပေါ်အောင်ကို ရှောင်စစ်နေကြတာပါ။ ဘိုင်ဒန့်ပါဒန်မှာ ၂၀၁၄ဆိုတဲ့ ခုနှစ်ကို ဘာကြောင့်သေချာထည့်တာလဲဆိုတော့ အဲဒီနှစ်က စီအိုင်အေနဲ့ State Dept က ယူကရိန်းကို ဝင်ကြိုးကိုင်လိုက်တဲ့နှစ်ဖြစ်တဲ့အပြင် အဲဒီနှစ်မှာပဲ ဟန်းတားရဲ့Continue reading “ဒီဇင်ဘာ ၃ ရက် ၂၀၂၄”
အစိုးရအသုံးစာရိတ်ထဲက ၂ထရီလီယံနဲ့အထက် လျော့သွားအောင် ဖြတ်ပစ်နိုင်မယ့် နည်း ၂၂နည်း
အိုင်အိုဝါက ရီပါဘလစ်ကန်ဆီနိတ်တာ Joni Ernst က DoGE အတွက် အကြံပြုထားတာပါ။ တကယ်တော့ ပြည်သူ့ဘဏ္ဍာဆိုတာ ပြည်သူ့ချွေးနဲစာဖြစ်သလို တိုင်းပြည်ကြွေးမြီဝန်ပိနေရင်လည်း ပြည်သူအတွက် ကောင်းကျိုးမရှိပါဘူး။ တိုင်းပြည်ကြွေးမြီလျော့ပါးပြီး အစိုးရယန္တယားက အလေအလွင့်အနည်းဆုံးနဲ့ အကျစ်လစ်ဆုံး လည်ပတ်နိုင်မှသာ ပြည်သူတွေ အခွန်ရော ငွေဖောင်းပွမှုပါ သက်သာမှာဖြစ်ပါတယ်။ နာတာရှည်ရောဂါဆိုးကြီးကို ပျောက်အောင်ကုသမယ့်လမ်းက ချောမွေ့လွယ်ကူမှာမဟုတ်ပေမယ့် နောင်မျိုးဆက်သစ်တွေအတွက် အကောင်းဆုံးလက်ဆောင် ပေးနိုင်ဖို့ ဒီရောဂါကြီးကို ပျောက်အောင် ကုရမှာကို နားလည်ပေးကြဖို့လိုပါတယ်။ သေချာတာကတော့ ၁ဘီလီယံကျော်ရတဲ့ ကမ်ပိန်းငွေကို သန်း၂၀အကြွေးတင်အောင်သုံးတာတောင် မရှုမလရှုံးသွားသူက တိုင်းပြည်ကိုအုပ်ချုပ်ဖို့ မသင့်တော်ဘူးဆိုတာပါပဲ။
ထရမ့်အစိုးရသစ် အခက်တွေ့အောင် ဘိုင်ဒန်တို့ ဖန်တီးထားခဲ့တဲ့ ပြဿနာများ
ထရမ့်အုပ်ချုပ်ခဲ့တဲ့ ၄နှစ်တာကာလမှာ ဘယ်စစ်ပွဲအသစ်မှ မစခဲ့သလို မတူကွဲပြားတဲ့ ပြည်သူတွေကြား ရန်တိုက်တာလည်းမရှိ၊ ပြည်သူကို ဥပဒေအမျိုးမျိုးနဲ့ နှောင်ဖွဲ့ချုပ်ချယ်တာမျိုးလည်း မရှိခဲ့တဲ့ ထရမ့်ကို တချိန်လုံး ဟစ်တလာကြီး၊ ဖက်ဆစ်ကြီးလို့ ခေါ်နေခဲ့တဲ့ဘိုင်ဒန်က ထရမ့်အနိုင်ရပြီးတော့ အိမ်ဖြူကို ဖိတ်ခေါ်ကာ အာဏာကို ချောချောမွေ့မွေ့ လွှဲပေးပါ့မယ်ဆိုပြီး သွားအဖြဲသားနဲ့ နှုတ်ဆက်ခဲ့ပါတယ်။ အဲဒါကို ဆာရာဂွန်ဇာလေ့စ်က နောက်ကွယ်မှာ ချောက်ချဖို့လုပ်နေတာကို ဖုံးကွယ်ချင်တဲ့ သကာအုပ် အပြုံးလို့ သုံးသပ်ပါတယ်။ သူသုံးသပ်သလိုပဲ ချောက်ချတာတွေက တကယ်ကို လိုက်လာတာပါ။ ယူကရိန်း-ရုရှားစစ်ကို ထရမ့်က အမြန်ဆုံးရပ်အောင် ညှိနှိုင်းပေးသွားမယ်လို့ ကတိပေးထားတဲ့ကြားက ဘိုင်ဒန်တို့က တတိယကမ္ဘာစစ်ဖြစ်သွားနိုင်တဲ့အထိ စစ်ရှိန်မြင့်သွားအောင် ထွက်ခါနီးမှ ထွက်ခတ်ခတ် သွားခဲ့ပါတယ်။ သူတို့အာဘော်မီဒီညာတွေမှာတော့ ဘိုင်ဒန်တို့က မထွက်ခင် ယူကရိန်းကို အင်အားအကောင်းဆုံးအနေအထားတခု ဖန်တီးပေးခဲ့ဖို့အတွက် တွန်းလုပ်သွားမယ်လို့ အစိုးရအရာရှိကြီးတဦးကContinue reading “ထရမ့်အစိုးရသစ် အခက်တွေ့အောင် ဘိုင်ဒန်တို့ ဖန်တီးထားခဲ့တဲ့ ပြဿနာများ”
နိုဝင်ဘာ ၂၂ ရက် ၂၀၂၄
ဒီနေ့တော့ ၄၇သမ္မတထရမ့်က အစိုးရသစ်အတွက် အမည်တင်သွင်းမှုအများအပြားကို ပြုလုပ်ခဲ့ပါတယ်။ တိုင်းပြည်စီးပွားရေးအတွက် အရေးကြီးတဲ့ ဘဏ္ဍာရေးဝန်ကြီး Department of Treasury အတွက် Key Square Group က စီအီးအို Scott Bessent ကို လျာထားလိုက်ပါတယ်။ Scott က အမေရိကပထမအာဂျင်ဒါကို ယုံကြည်သူဖြစ်ပြီး အမေရိကန်ရဲ့ နှစ် ၂၅၀ မတိုင်ခင်မှာ တိုင်းပြည်ကို ကမ္ဘာ့စီးပွားရေး ရှေ့ဆောင်နိုင်ငံ၊ ဆန်းသစ်တီထွင်မှုနဲ့ လုပ်ငန်းရှင်တို့ရဲ့ အချက်အချာနေရာ၊ ငွေရင်းမြစ်တွေရဲ့ ပန်းတိုင် စသဖြင့်ဘက်ပေါင်းစုံမှာ ထိပ်တန်းဖြစ်တဲ့ ရွှေခတ်သစ်တခုကို အရောက်ပို့နိုင်ဖို့ သမ္မတထရမ့်ကို ကူညီပေးပါလိမ့်မယ်။ ဒေါ်လာကိုလည်း ကမ္ဘာ့အရံငွေအဖြစ် တကမ္ဘာလုံး ယုံကြည်စွာသုံးနိုင်အောင် ဆက်လက်ထိန်းသိမ်းသွားမှာပါ။ ထရမ့်က ဒီမိုကရက်တွေလို ပြည်သူတွေကို နဖားကြိုးတပ်ထားမယ့် အစိုးရက ထိန်းချုပ်တဲ့ ဒစ်ဂျစ်တယ်ငွေကြေးအစားContinue reading “နိုဝင်ဘာ ၂၂ ရက် ၂၀၂၄”
နိုဝင်ဘာ ၂၁ ရက် ၂၀၂၄
ဒီကနေ့ ထရမ့်က ရှေ့နေချုပ်အဖြစ် လျာထားတဲ့ Matt Gaetz က ဆီနိတ်တာတွေနဲ့ တွေ့အပြီးမှာ သူ့ကို အတည်ပြုဖို့ ကြန့်ကြာမှာကို သိရှိသွားတဲ့အတွက် ရာထူးကို လက်မခံတော့ဘူးလို့ ကြေငြာလိုက်ပါတယ်။ Matt က ထရမ့်အစိုးရသစ်ကို အိမ်ဖြူရောက်ရောက်ချင်း အရှိန်အဟုန်ပြည့် လုပ်ငန်းစစေချင်တယ်လို့ ဆိုပါတယ်။ ထရမ့်က Matt မှာ ကောင်းမွန်တဲ့အနာဂတ်ရှိပြီး ရှေ့ဆက်ပြီး သူ့ရဲ့ အောင်မြင်မှုတွေ တွေ့ရဖို့ မျှော်လင့်ပါတယ်လို့ ဆိုပါတယ်။ Matt မှာ လိင်မှုစွဲချက်တခု ရှိတာကို လစ်ဗြဲမီဒီယာတွေက ဇောင်းပေးဖော်ပြကြပေမယ့် ကွန်ဂရက်စ်မှာ ရာနဲ့ချီတဲ့ အလားတူအမှုတွေအတွက် လျော်ကြေးပေးပေးတဲ့ ရန်ပုံငွေတောင် ထားရတာကိုတော့ မဖော်ပြကြပါဘူး။ ပြစ်မှုရှိတာခိုင်လုံတယ်၊ ပေါင်းလဲမစားဘူး၊ ကြိုးဆွဲလည်း မခံဘူးဆိုရင် အပြင်မှာလည်း တရားစွဲ ထောင်ချခံရပြီးဖြစ်မှာပါ။ ပြစ်မှုဘယ်လိုခိုင်လုံပေမယ့် ခြစားနေတဲ့Continue reading “နိုဝင်ဘာ ၂၁ ရက် ၂၀၂၄”