နိုဝင်ဘာ ၁၅ရက် ၂၀၂၂

သမ္မတဟောင်းထရမ့်က ၂၀၂၄ ရကပွဲမှာ ဝင်ပြိုင်မယ်လို့ ဒီကနေ့ ကြေငြာလိုက်ပါတယ်။ သူ့ရဲ့ အောင်မြင်ခဲ့တဲ့ ပေါ်လစီတွေကိုပဲ ပြန်ချမှတ်သွားမှာဖြစ်လို့ သူပြန်တက်လာရင် ကမ္ဘာကြီးမှာ အမေရိကမှာ ပြည်တွင်းလောင်စာဖူလုံပြီး စီးပွားရေးပါ ပြန်ကောင်းလာမှာဖြစ်ပြီး ကမ္ဘာမှာပါ လောင်စာဈေး ကျဆင်းသွားမှာဖြစ်ပါတယ်။ နွံအိုင်ကြီးကို ရှင်းထုတ်မယ့် ကိစ္စကိုလည်း ဆက်လက်အကောင်အထည်ဖော်သွားမယ်လို့ ဆိုပါတယ်။ အာဏာရှင်များကို သမားရိုးကျနိုင်ငံရေးသမားတွေလို စာထုတ်နေမှာမဟုတ်ပဲ လက်တွေ့ ခပ်ကြမ်းကြမ်း ကိုင်တွယ်မှာဖြစ်လို့ ကမ္ဘာ့လူမိုက်ကြီးများလည်း ဂျိုကြွနိုင်ဖို့ ခက်လာမှာဖြစ်ပါတယ်။ အဲဒါကြောင့် ကမ္ဘာ့အာဏာရှင်များ အာဏာရှင်ဘဝကို လှမ်းချင်နေသူ ဒီမိုခွက်များ ကမ္ဘာ့ရွာသမားများရဲ့ တိုက်ခိုက်မှုကို အကြီးအကျယ် ခံရဦးမှာပါ။ အခုလိုကြေငြာတဲ့ ဗီဒီယိုကို ယူကျုက ညစ်ထားတဲ့အတွက် မြန်နှုန်းမြင့် ကေဘယ်အင်တာနက်မှာတောင် နာရီနဲ့ချီပြီး အဝိုင်းလည်နေတာ အရုပ်ရော အသံပါ ထွက်မလာသလောက်ပါပဲ။ ရီပါဘလစ်ကန်ဟုတ်သူရော မဟုတ်သူရောကContinue reading “နိုဝင်ဘာ ၁၅ရက် ၂၀၂၂”

မစ်တမ်းသုံးသပ်ချက် (၃/၃)

ဒီနှစ်မစ်တမ်းမှာ အဓိက ဂိမ်းချိန်ဂျာက ၂၀၂၀လိုပဲ ကြိုတင်မဲတွေဖြစ်ပြီး အဲဒါတွေကို တရားတယ်လို့မြင်လာအောင် တိုက်ထားတာက အမုန်းမှိုင်း၊ အကြောက်မှိုင်းတွေဖြစ်ပါတယ်။ အမုန်းအားကြီးတော့ သူတို့မုန်းတဲ့သူတွေကို ဘယ်လိုနည်းနဲ့ပဲ နိုင်ရနိုင်ရ တရားတယ်လို့ကို ဖွင့်ပြောနေကြတာပါ။  အဲဒီမှိုင်းကိုတော့ ဒီမိုကရက်ခေါင်းဆောင်တွေ မီဒီယာတွေနဲ့ တက်ခ်ကုမ္ပဏီကြီးတွေ အသံတူမှိုင်းတိုက်ကြပါတယ်။ ဂူဂယ်လ်ကို ဒေါက်တာအက်ပ်စတိန်းတို့အဖွဲ့က ၂၀၂၃နှောင်းပိုင်းလောက်မှ ထိထိရောက်ရောက် ကာနိုင်မှာဆိုတော့ အဲဒီမတိုင်ခင် ခုထဲက အမုန်းမှိုင်းတွေ တကျော့ပြန် စတိုက်နေပါပြီ။ ဟူစိန်အိုရဲ့ အီလီနွိုင်းက စာကြည့်တိုက်ဆောက်တာကို အမုန်းအခြေခံတဲ့ တိုက်ခိုက်မှုကြောင့် ရပ်နားထားလိုက်ရတယ်လို့ အစထုတ်လာပါပြီ။ အသေးစိတ်ကိုတော့ ခုမှ ချက်ပြုတ်နေတုန်း ထင်ပါတယ်။ ပေါလ်ပလုံစီမှိုင်းလိုပဲ သာဓကအားလုံးက ကွန်ဆာဗေးတစ်လုပ်တယ်မပြပဲ သူတို့လူတွေလုပ်တာ ထင်ရှားနေပေမယ့် ဦးနှောက်ဖန်လုံအိမ်ရပ်ဝန်းမှာတော့ အဲဒါဟာ ကွန်ဆားဗေးတစ်တွေကြောင့်ပဲလို့ မြင်နေနိုင်ပါသေးတယ်။   ရီပါဘလစ်ကန်တွေချင်း သွေးကွဲအောင် မှိုင်းတိုက်တာတွေလည်းContinue reading “မစ်တမ်းသုံးသပ်ချက် (၃/၃)”

မစ်တမ်းသုံးသပ်ချက် (အပိုင်း ၂)

မစ်တမ်းအတွက် ဂူဂယ်လ်ဘယ်လိုကစားသွားတယ်ဆိုတာကို ဟားဗတ်က ဒေါက်တာဘွဲ့ရထားပြီး စိတ်ပညာတူဒေးရဲ့ အယ်ဒီတာချုပ်လဲဖြစ် စာအုပ်ပေါင်း ၁၅အုပ်​ရေးသား ထုတ်ဝေခဲ့သူလည်းဖြစ် အမေရိကန်အင်စတီကျူအော့ဖ် ဘဟေးဗီးယားရယ်ရီဆာ့ချ်အန်တက်ခ်နော်လော်ဂျီက  ဝါရင့်စိတ်ပညာ သုတေသီ ရောဘတ်အပ်စတိန်းက အထောက်အထားရှိတယ်လို့ ဆိုပါတယ်။ ဒေါက်တာအက်ပ်စတိန်းနဲ့ မဲဆန္ဒရှင် ထောင်ချီပါဝင်တဲ့ သူ့အဖွဲ့ဟာ ကွန်ပြူတာ ၂၅၀၀ကျော်နဲ့ ဂူဂယ်လ်နဲ့ တွဒ်တာတို့ ရှေ့တန်းတင်တွန်းနေတဲ့ နိုင်ငံရေးအကြောင်းအရာတွေကို စောင့်ကြည့်လေ့လာနေခဲ့တာမှာ ပေါ်ပင်အတွေ့အကြုံများဆိုပြီး သုံးစွဲသူတွေရဲ့ feed မှာ မတောင်းပဲ တွန်းထည့်ပေးမှု ၁.၉သန်းတွေ့ရှိရတယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲလုပ်တဲ့နေ့အထိဆိုရင် ၂.၅သန်းလောက် တွန်းထည့်ပေးသွားမယ်လို့ အက်ပ်စတိန်းက ခန့်မှန်းထားတာပါ။ သူတို့ဂျင်းထည့်နေတဲ့ ပေါ်ပင်အတွေ့အကြုံဆိုတာတွေက ပေါ်ပင်ဆိုတာနဲ့အညီ ခဏနေပျောက်သွားပြီး ပြန်ရှာတွေ့ဖို့မလွယ်ပေမယ့် အကြောင်းအရာတခုအပေါ် သူတို့မြင်စေချင်တဲ့ အမြင်တခုကိုတော့ ရိုက်သွင်းပေးလိုက်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို တွန်းထည့်ပေးခြင်းဖြင့် ဘယ်ပါတီကို မဲပေးမယ်လို့ မသေချာသေးသူတွေဟာContinue reading “မစ်တမ်းသုံးသပ်ချက် (အပိုင်း ၂)”

မစ်တမ်းသုံးသပ်ချက် (အပိုင်း ၁)

အမေရိကန်ရဲ့ အောက်လွှတ်တော် သက်တမ်းဟာ ၂နှစ်ဖြစ်တဲ့အတွက် အောက်လွှတ်တော်အမတ် အားလုံးဟာ  မစ်တမ်းရော အထွေထွေရကပွဲမှာရော ဝင်ပြိုင်ကြရပါတယ်။ အထက်လွှတ်တော် သက်တမ်းကတော့ ၆နှစ်ဖြစ်ပြီး ၃ပုံ၁ပုံက ၂နှစ်တခါ အလှည့်ကျ ရွေးကောက်ပွဲ ပြန်ဝင်ရပါတယ်။ အမေရိကန်သမိုင်းမှာ သမ္မတရဲ့ ပါတီက အထွေထွေရွေးကောက်ပွဲမှာ အသာရလေ့ရှိပြီး မစ်တမ်းဆိုရင်တော့ အတိုက်အခံဖက်က အသာရတာ ထုံးစံလိုဖြစ်ပါတယ်။ အဲဒီလို ယိမ်းခြင်းအားဖြင့် အုပ်ချုပ်ရေးနဲ့ ဥပဒေ အာဏာ ချိန်ခွင်လျှာ ညီမျှစေတာကြောင့် အမေရိကန်ပြည်သူအများက အဲဒီလို အာဏာ ယိမ်းတာကို ဖြစ်သင့်တဲ့ ထုံးစံတခုအဖြစ် လက်ခံထားခဲ့ကြပါတယ်။ အာဏာချိန်ခွင် မျှနေခဲ့သေးတာက ၂၀၁၈အထိပဲလို့ ဆိုနိုင်ပါတယ်။ မစ်တမ်းတွေမှာ အာဏာချိန်သီး ယိမ်းလေ့ရှိတဲ့ဓလေ့ဟာ သမ္မတပေါ်လစီတွေကို လူမကြိုက်တဲ့အခါတွေမှာ ပိုပြင်းထန်လေ့ ရှိပါတယ်။ ကလင်တန်လက်ထက် ၁၉၉၄မစ်တမ်းမှာ ဒီမိုကရက်တွေ အောက်လွှတ်တော်မှာContinue reading “မစ်တမ်းသုံးသပ်ချက် (အပိုင်း ၁)”

တွဒ်ချုပ်ကြီးအပေါ် ဘိုင်ကြီးရဲ့ အငြိုး

သဘာဝပတ်ဝန်းကျင်တို့ ရီနျူးရေးဘဲလ်အင်နာဂျီတို့ကို အတွင်ဟစ်နေတဲ့ ဘိုင်ကြီးအစိုးရက ဝါရှင်တန်ပုံစံခွက်ထဲ သွပ်သွင်းသင်းသပ်ခံရတာရဲ့ ရလာဒ်အဖြစ် အမေရိကန်တွေနဲ့ ဝေးသထက် ဝေးလာနေတဲ့ အာကာသတခွင် ပိုင်စိုးမှုမှာ နောက်ကောက်ကျနေခဲ့တာကို ပြောင်းပြန်လှန်ဖို့အတွက် ပြန်သုံးလို့ရတဲ့ အာကာသယာဥ်ကို ကိုယ့်ပိုက်ဆံနဲ့ကိုယ် အောင်အောင်မြင်မြင် တည်ဆောက်နိုင်ခဲ့သူ အီလွန်မတ်စ်ကို သူတို့တွန်းနေတဲ့ လက်ဝဲလမ်းစဥ်ရဲ့ အပြစ်တွေကို ထောက်ပြတတ်တဲ့အတွက် လျှပ်စစ်ကားလုပ်ငန်းရှင်များနဲ့ အစည်းအဝေးတွေမှာ ဖယ်ကျဥ်ထားခဲ့သလို တက်စ်လာကိုလည်း ဆီလိုအပေါက်ရှာပြီး အခွင့်သာတိုင်း နည်းမျိုးစုံနဲ့ အရေးယူဒဏ်ရိုက်ခဲ့ပါတယ်။ ဆိုရှယ်မီဒီယာကင်ပေတိုင်ဖြစ်လာနေတဲ့ တွဒ်တာကို အီလွန်ဝယ်ဖို့လုပ်တော့လည်း ဘိုင်ဒန်တို့နဲ့ ပေါင်းစားနေတဲ့ အမွှေစိန်အပါအဝင် အီလိတွေက ကြော်ငြာမရအောင် ဝိုင်းကြပ်ကြပြန်ပါတယ်။ အခုတခါ မစ်တမ်းပြီးတာနဲ့ ဘိုင်ကြီးစလုပ်တာက အီလွန်ကို တခြားနိုင်ငံတွေနဲ့ ပတ်သက်နေနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖက်ဒရယ်အင်ဗက်စတီဂေးရှင်းလုပ်ဖို့ အချက်ပြလိုက်ပါတယ်။ အီလွန်က တွဒ်တာကို ဝယ်ခဲ့တာ (ဖွဘုတ်လို ဟိုပိတ်Continue reading “တွဒ်ချုပ်ကြီးအပေါ် ဘိုင်ကြီးရဲ့ အငြိုး”

ရွေးကောက်ပွဲနေ့အတွေး

ရွေးကောက်ပွဲနေ့အတွေး မဲက ရေနေကြတုန်းဆိုပေမယ့် အနိုင်ရနိုင်ခြေရှိသူတွေကို တင်ထားပါပြီ။ စိတ်ဝင်စားသူတွေအတွက် လင့်ခ်ကို ကွန်မန့်မှာ ပေးထားပါတယ်။ လေဖြတ်ပြီး ဦးနှောက်မကောင်းတော့လို့ စာတမ်းထိုးတာကိုပဲ ဖတ်ပြနိုင်ပြီး စကားစမည်တောင် ကိုယ့်ဖာသာကိုယ်မပြောနိုင်တဲ့သူက တိုင်းပြည်ကိုချစ်တဲ့ လူတော်လူထက် ဆယ်လီ ဒေါက်တာမာမက်အော့ဇ်ထက် မဲသာနေတာရယ် ဘာဒီဘိတ်မှမလုပ်နိုင်ပဲ ရှောင်ပြေးနေပေမယ့် မဲကိစ္စတွေ ကိုင်ထားရတဲ့ လက်ရှိပြည်နယ်ဝန်ကြီး ကေတီဟော့ဘ်စ်က ရကပွဲမတိုင်ခင်မှာ ရီပါဘလစ်ကန်အတွက် မဲစာရင်းတွေညစ်ထား၊ ဒီနေ့လဲ မဲရေစက်တွေ ပုံမှန်မလုပ်အောင် လုပ်ထားပြီး ချက်ကျလက်ကျပြောနိုင်၊ မူလည်းခိုင်တဲ့ ကာရီလိတ်ခ်ရှေ့က ပြေးနေတာရယ်၊ နယူးယောက်မှာ ခရိုင်းမ်းတွေက ပြဿနာပါဆိုတာကို နောက်ဆုံးအချိန်အထိ ဝန်မခံတဲ့ ခိုးဆိုးလုယက်တွေအပေါ် အကြင်နာပိုသူ ကေသီဟိုကူလ်က နိုင်သွားတာကိုကြည့်ရင် ဝုတ်ဝုတ်တွေကို အမြှီးဖြတ်ပြီး အပြာဝတ်ပေးလိုက်ရင်တောင် နိုင်မယ့်ပုံ ဖြစ်နေတာပါ။ အိမ်ဖြူကနှစ်ယောက်လဲ ကြည့်ပေါ့။ တခုရှိတာက မြို့ကြီးတွေကContinue reading “ရွေးကောက်ပွဲနေ့အတွေး”

မဲပေးတဲ့နေ့

ကယ်လီဖိုးနီးယားကတော့ ညစ်နည်းအသစ်တွေ စနေပါပြီ။ အရင်က စက်တွေနဲ့မဲပေးခဲ့ရပေမယ့် ခုတခါမှာတော့ ဘာစက်မှမထားတော့ပဲ မဲစာရွက်တွေနဲ့ ဘောပင်တချောင်းပေးလို့ ဖြည့်ပြီးရင် ပီဇာလာပို့တဲ့ ပုံးမျိုးလိုဟာထဲ ထည့်ရပါတယ်။ မဲကို စကန်လုပ်တဲ့စက်လဲ မထားပေးပါဘူး။ အိုင်ဒီကတော့ အရင်ထဲက မလိုတာပါ။ မဲရုံသွားမဲပေးတာ ရီပါဘလစ်ကန်တွေများတာကြောင့် ပုံးလိုက်ပဲဖျောက်ဖျောက် ရွေးပြီးပဲဖျောက်ဖျောက် လုပ်လိုက်ရင် ကြိုတင်မဲတွေ ဖျောက်ဖျက်သလောက်ကို လွယ်သွားတော့မှာပါ။ လူဦးရေ ၈သောင်းခွဲလောက်ရှိတဲ့မြို့ရဲ့တခုတည်းသော မဲရုံမှာ မဲရုံစောင့် ၅ယောက်လောက်နဲ့ မဲလာပေးသူက မရှိသလောက်ပါပဲ။ နေ့ခင်း နေ့လည်စာစားချိန်မှာတောင် မဲပုံးက တော်တော်ပေါ့နေတာပါ စာရွက်မဲက ပိုခိုင်လုံတယ်ဆိုတာ မြန်မာပြည်မှာလို မဲရုံပိတ်ပြီးနောက် အားလုံးရှေ့မှာ မြင်မြင်သာသာရေမှ ဖြစ်ပါတယ်။ ဒါမှမဟုတ်ရင် မဲပဲတဲ့နေမှာ မဲပေးစက် (သို့) စကန်ဖတ်တဲ့စက်နဲ့ ရေရင်လည်း စကန်စက်က ကောင်းနေသ၍ သိပ်မဆိုးသေးဘူးလို့ ဆိုရမှာပါ။Continue reading “မဲပေးတဲ့နေ့”

ဒီမိုကရေစီစစ်တမ်း

ဒီမိုကရက်တွေက ရီပါဘလစ်ကန်တွေဟာ အကြမ်းဖက်တွေ၊ နာဇီတွေ၊ ပိုးဟပ်တွေ၊ အမှိုက်တွေတဲ့။ ဒီမိုကရေစီကို ကာကွယ်ဖို့ ဒီမိုကရက်ကို ဗုတ်လုပ်ပါတဲ့။ ဆဲတာကလွဲရင် ဘာမှ တတ်ကြပုံမရ။ သူတို့ကို မဲမထည့်တာနဲ့ပဲ ပိုးဟပ်တွေ အမှိုက်တွေ ဖြစ်ရောတဲ့လား။ အဲဒါကမှ ပြည်သူကို သွေးခွဲတာမဟုတ်ဘူးလား။ အရင်က ထရမ့်ကို သိပ်ခင်ခဲ့တဲ့ အုပ်ပရာမကြီးကလည်း ဦးနှောက်ပုံမှန်အလုပ်မလုပ်တော့တဲ့ ဖက်တာမန်းကမှ သင်တို့အတွက် အလုပ်လုပ်ပေးမှာတဲ့။ ဒီမိုကရက်မှာ အဲဒီလောက် လူရှားလို့ ဦးနှောက်လေဖြတ်ထားတဲ့သူကို ပွဲထုတ်ရတာလားလို့တော့ မေးချင်ပါရဲ့။ တီဗီက ဆယ်လီတွေကလည်း အမျိုးသမီးအခွင့်အရေးအတွက် အပြာကို မဲပေးပါတဲ့။ နယူးယောက်မှာ ရာဇဝတ်သားတွေကို ပစားပေးထားလို့ အမျိုးသမီးတွေ မုဒိမ်းကျင့်ခံရတာ အကြမ်းဖက်/သတ်ဖြတ်ခံရတာတွေ အများကြီးတိုးလာတာကျတော့ မမြင်ကြပြန်ဘူး။ လူရွှင်တော်မ ကေသီဂရစ်ဖင်ကလည်း အီလွန်အယောင်ဆောင်ပြီး အပြာကို မဲပေးဖို့ အီလွန်ကပဲ ပြောသလိုလိုနဲ့Continue reading “ဒီမိုကရေစီစစ်တမ်း”

အရေးပါတဲ့ အရေး

စာရေးတာက ဝေဖန်ပိုင်းခြားတွေးခေါ်မှု critical thinking ကို လေ့ကျင့်ပေးတဲ့ နည်းလမ်းတခုဖြစ်တယ်လို့ ကမ္ဘာကျော်စိတ်ပညာရှင်တဦးဖြစ်တဲ့ ဒေါက်တာဂျော်ဒန်ပီတာဆန်က ဆိုပါတယ်။  ပီတာဆန်က စာရေးတတ်/ကောင်းတာဟာ ကျောင်းတက်တဲ့ အရွယ်မှာတင်မက လုပ်ငန်းခွင်တဲ့ ဝင်တဲ့အထိပါ အရေးပါကြောင်းနဲ့ ရာထူးကြီးလာလေ၊ ကိုယ့်ရဲ့ အရေးအသားစွမ်းရည်က အရေးပါလာလေဖြစ်တယ်လို့ အလေးထားရှင်းပြသွားပါတယ်။ ပီတာဆန်ရဲ့အဆိုကို အမေရိကန်စစ်တပ်က ဗျူဟာမြောက်လက်နက်တွေ ထုတ်လုပ်တဲ့ဘက်က အလတ်စားအရာရှိတဦးက ထောက်ခံဆွေးနွေးသွားပါတယ်။ အဆိုပါအရာရှိက သူဟာ စစ်ဖက်အင်ဂျင်နီယာတဦးဖြစ်ပေမယ့် စာပေကို မြတ်နိုးသူဖြစ်လို့ တက္ကသိုလ်မှာ စာပေအထူးပြုပါ တွဲယူခဲ့ကြောင်း၊ သူ့ရဲ့ စာပေဆိုင်ရာ ကျွမ်းကျင်မှုက သူ့ပရောဂျက်တွေ အထက်က ခွင့်ပြုချက်ရဖို့ရော၊ သူ့လက်အောက်ငယ်သားတွေ ရာထူးတိုးပေးဖို့ ထောက်ခံစာ ရေးရာရောမှာ အများကြီး အထောက်အကူပြုခဲ့ကြောင်း၊ အဲဒါကပဲ သူ့ဆီကို လူတော်တွေ ပိုရောက်အောင် ဆွဲဆောင်သလိုဖြစ်ပြီး သူပါ ပိုအောင်မြင်လာရတာဖြစ်ကြောင်းများContinue reading “အရေးပါတဲ့ အရေး”

နိုဝင်ဘာ ၁ရက် ၂၀၂၂

ဆူပရင်းမ်ကုတ်က ကွန်ဆာဗေးတစ်တရားသူကြီးတွေက ဟားဗတ်နဲ့ မြောက်ကာရိုလိုင်းနား တက္ကသိုလ်တွေကို အာရှနွယ်ဖွား ကျောင်းသူ/သားတွေအပေါ် ဝင်ခွင့်ပေးရာမှာ ခွဲခြားဆက်ဆံတဲ့ အမှုကို ကိုင်တွယ်နေရင်း အဲဒီလို ခွဲခြားဆက်ဆံခွင့် ပြုထားတဲ့ အဖမ်းမတစ်အက်ရှင်နဲ့ ပတ်သက်တဲ့ ဥပဒေတွေကိုပါ ရုတ်သိမ်း/ပြင်ဆင်ဖို့ စဥ်းစားနေကြပါတယ်။ အဖမ်းမတစ်အက်ရှင်ဆိုတာ ကောလိပ်/ တက္ကသိုလ်လျောက်ကြတဲ့နေရာမှာဖြစ်ဖြစ် လုပ်ငန်းခွင်မှာဖြစ်ဖြစ် ဝင်ခွင့်ကို စာတော်တာ/ လုပ်ငန်းကျွမ်းကျင်တာ/ ဘက်စုံထူးချွန်တာတင်မကပဲ အသားအရောင်အပေါ်မှာပါ မူတည်ပြီး ရွေးကြတာကို ခေါ်တာပါ။ အဲဒါကိုမှ တန်းတူညီမျှမှုရှိတယ်လို့ ဒီမိုခွက်တွေက ယူဆကြပါတယ်။ နာမည်ကြီး ကောလိပ်ကျောင်းတွေက ဝင်ခွင့်ကို ကျောင်းစာတော်။ အမှတ်မြင့်တာတင်မကပဲALDC (Athletes, legacies, development cases, & children of faculty/staff ဆိုတဲ့ အားကစား၊ မိဘက အဲဒီကျောင်းထွက်ဟုတ်/မဟုတ်၊ ကျောင်းအုပ်ကြီးရဲ့ စိတ်ဝင်စားမှု ရ/မရ၊Continue reading “နိုဝင်ဘာ ၁ရက် ၂၀၂၂”