တခါက စားသောက်ဆိုင်တခုမှာ ဘယ်ကထွက်လာမှန်းမသိတဲ့ ပိုးဟပ်တကောင်ဟာ ပျံသန်းလာပြီး အမျိုးသမီးတဦးပေါ် နားလိုက်ပါတယ်။ ကြောက်လန့်သွားတဲ့ အမျိုးသမီးလည်း ငယ်သံပါအောင် အော်ဟစ်ရင်း သူမကိုယ်ပေါ်က ပိုးဟပ် ထွက်သွားအောင် ခုန်ဆွ ခုန်ဆွ လုပ်နေခဲ့ပါတယ်။ သူမရဲ့ ထိတ်လန့်တုန်လှုပ်နေတဲ့ ရုပ်သွင်၊ အသံနဲ့ အပြုအမူက ပတ်ဝန်းကျင်ကသူတွေကိုပါ ကူးစက်ပြီး သူမနဲ့အတူ စားသောက်နေတဲ့ တအုပ်စုလုံး ကသောင်းကနင်းတွေ ဖြစ်လာပါတယ်။ နောက်ဆုံးတော့ ပိုးဟပ်ကလည်း သူမပေါ်ကနေ ပျံထွက်သွားပြီး သူမတို့အုပ်စုထဲက နောက်အမျိုးသမီးတဦးထံ သွားနားပြန်ပါတယ်။ နောက်အမျိုးသမီးကလည်း အရင်တဦးလိုပဲ အလွန်အမင်း ထိတ်လန့်စွာ တုန့်ပြန်ခဲ့ပါတယ်။ ဒီအခါမှာတော့ လာကူညီတဲ့ စားပွဲထိုးက သူမအနား ရောက်လာခဲ့ပြီး ကံအားလျော်စွာပဲ အနှီပိုးဟပ်ကလည်း စားပွဲထိုးပေါ် ရောက်သွားခဲ့ပါတယ်။ စားပွဲထိုးက သူ့အင်္ကျီပေါ်က ပိုးဟပ်ဘာဆက်လုပ်မလဲဆိုတာကို ငြိမ်ငြိမ်သက်သက် ခဏစောင့်ကြည့်ပြီးမှContinue reading “ဆန်ဒါပီချေးရဲ့ ဘဝမြှင့်တင်ရေးဆိုင်ရာ ပိုးဟပ်သီအိုရီ”
Category Archives: Uncategorized
စက်တင်ဘာ ၂ရက် ၂၀၂၃
ဘဒန်ဒုသမ္မတလုပ်တုန်းက ရော်ဘင်ဝဲ အစရှိတဲ့ အမည်လွှဲဂျီမေးအကောင့်တွေကနေ အီးမေးလ်ပေါင်း ၅ထောင်၂ရာကျော်၊ အီးဖိုင်အကြီးစား ၂၅ခုနဲ့ စာမျက်နှာပေါင်း ၂၀၀ကျော် ပို့ထားတယ်လို့ နေရှင်နယ်အာခိုက်ဖ်ကနေ သိရကြောင်း တရားမျှတမှုစောင့်ကြည့်ရေးအဖွဲ့က တင်ပြထားပါတယ်။ လွယ်လွယ်နဲ့ ရလာတာတော့ မဟုတ်ပါဘူး။ တရားတဘောင်စွဲပြီး ဖိုက်ထားရတာပါ။ အဲဒီအီးမေးတွေထဲ ဘာတွေပါတယ်ဆိုတာကိုတော့ စီစစ်နေဆဲလို့ ဆိုပါတယ်။ သမတဟောင်း အဘမရဲ့ ထမင်းချက် ရေနစ်သေဆုံးတာနဲ့ ပတ်သက်ပြီးတော့လည်း တရားမျှတမှုစောင့်ကြည့်ရေးအဖွဲ့က အဲဒီအမှုမှာ စီးကရက်ဆားဗစ်တွေ ခြေခြင်းလိမ်နေတာကို မသင်္ကာဖြစ်နေပါတယ်။ မျက်မြင်သက်သေတွေ ရှိပေမယ့် စီးကရက်ဆားဗစ်က ကိုင်ထားတော့ မျက်မြင်သက်သေ ဘယ်သူဆိုတာလည်း မသိရတဲ့အတွက် ဆက်သွယ်မေးမြန်းဖို့ ခက်နေတာပါ။ ကေလာရီတို့အဖွဲ့ဆိုတော့လည်း ဒီလိုကိစ္စတွေက သိပ်မဆန်းတော့ပါဘူး။ ကျန်ရစ်သူမိသားစုအတွက်ပဲ စိတ်မကောင်းဖြစ်မိတာပါ။ ကယ်လီဖိုးနီးယားမှာ ၂၀၃၀နောက်ပိုင်း ထုတ်လုပ်မယ့် လျှပ်စစ်ကားတွေကို ကားမောင်းဖို့ စွမ်းအင်ထုတ်လုပ်တာအပြင် ပင်မလျှပ်စစ်ဓါတ်အားပေးလိုင်းနဲ့Continue reading “စက်တင်ဘာ ၂ရက် ၂၀၂၃”
BS Community Standard from FB
“သင်၏ပို့စ်သည် ကွန်မြူနတီစတန်းဒတ်နှင့် ငြိနေလို့ အပြစ်ရှိတဲ့အတွက် သင့်အကောင့် ကန့်သတ်ခံရပါမည်။ ကျူးလွန်ထားသော သင့်ပို့စ်ကိုတော့ ဖော်ပြခြင်း မပြုနိုင်ပါ။” ဆိုတော့ ပို့စ်မတင်တာလည်း ကြာပြီ၊ ရှယ်တာတောင် မရှိသလောက်ဖြစ်နေမှ ဘယ်ပို့စ်ကို ဘာတွေလာစူးရောက်နေတာလဲ ဖွဘုတ်ရေ။ ရကပကလည်း တနှစ်ကျော်လိုပါသေးတယ်၊ ခုထဲက စညစ်နေပြီလား။ ကျန်းမာရေးကြောင့်နဲ့ မိသားစုကြောင့် ရေးဖို့လုံလောက်တဲ့အချိန် မပေးနိုင်လို့ မတင်ဖြစ်တာ ခုတော့ သူတို့တပ်လှန့်လိုက်မှ ပြန်တင်ရတော့မလို ဖြစ်နေပြီ။ ဒီမှာမတင်ရရင် ဘလော့မှာသာ လာကြည့်ကြတော့။
အဖမ်းမတစ်အက်ရှင်သရုပ်မှန်
ပြီးခဲ့တဲ့လက ဆူပရင်းမ်ကုတ်က ကောလိပ်ဝင်ခွင့်တွေမှာ လူမျိုး/အသားအရောင်ပေါ် အခြေခံတဲ့ ရွေးချယ်မှုမျိုး ပြုလုပ်အဖမ်းမတစ်အက်ရှင်ကို နိဂုံးချုပ်စေခဲ့ပါတယ်။ ဝေဖန်သူတွေကတော့ ကောလိပ်တွေ တက္ကသိုလ်တွေဟာ သူတို့လိုချင်တဲ့ပုံစံနဲ့ ဇကာချမြဲချမှာဖြစ်လို့ သိပ်အကြောင်းမထူးပါဘူးလို့ ဆိုသူတွေရှိသလို အာရှသားတွေ အဓိကခံနေရတဲ့ ခွဲခြားမှုမျိုး မခံရတော့ဘူးလို့ မျှော်လင့်ဝမ်းသာနေသူတွေလဲရှိ၊ အခွင့်အရေးတွေ ဆုံးရှုံးပါပြီဆိုပြီး ဒေါသအမျက် အချောင်းလိုက်ထွက်သူတွေလည်း မနည်းကြပါဘူး။ ဘယ်လိုဥပဒေကြီးထားထား ကောလိပ်တွေ လုပ်ငန်းတွေဟာ သူတို့သဘောကျသူတွေကို ရအောင်ခေါ်ကြမှာကတော့ အမှန်တရားပါပဲ။ ဒါပေမယ့် သိပ်မထူးပါဘူးဆိုပြီး မညီမျှတဲ့ ဥပဒေကို အဆုံးမသတ်လို့လည်း မဖြစ်ပြန်ပါဘူး။ မညီမျှတဲ့ဥပဒေတွေ ရှိနေသ၍ ရည်ရွယ်ချက်အတိုင်း အမှန်တကယ် အကျိုးဖြစ်သူထက် အမြတ်ထုတ်သူတွေ အဂတိတရားတွေက ပိုများလာမယ့်အပြင် တရားဝင်ခွဲခြားပိုင်ခွင့်ပေးလိုက်သလို ဖြစ်သွားမှာရော ရည်ရှည်မှာ စိတ်ဓါတ်ရေးရာ ထိခိုက်ကုန်မှာရောကိုပါ ထည့်တွက်ရပါမယ်။ အဲဒီလို ဥပဒေတွေဟာ ဘုရားတည် စုတ်ထိုးတာလိုမျိုးContinue reading “အဖမ်းမတစ်အက်ရှင်သရုပ်မှန်”
78th Birthday Wishes
ပြီးခဲ့တဲ့နှစ်တွေက ဆုမွန်များနဲ့ ၂၀၁၉တုန်းက နေအိမ်မှာ လာကန်တော့သူတွေကို ပြည့်မိခင်ခြွေခဲ့တဲ့ အမှာစကား ကောက်နှုတ်ချက်လေးပါ။ တန်ဖိုးရှိလှတဲ့ အဆုံးအမလေးကို အားလုံး လိုက်နာနိုင်ကြပါစေ။ “တိုင်းပြည်ကျန်းမာဖို့ ပြည်သူတဦးချင်းက မှန်ကန်တဲ့ ကျန်းမာရေးဗဟုသုတရှိဖို့လိုတယ်၊ စိတ်အေးအေးချမ်းထားဖို့လည်း လိုတယ်၊ စိတ်အေးချမ်းဖို့ လောဘ၊ ဒေါသ၊ မောဟ နည်းပါးဖို့ လိုတယ်။ ပတ်ဝန်းကျင်ကိုလည်း စိတ်ချမ်းသာအောင် ထားဖို့လိုပါတယ်။ ဒုက္ခတွေ့နေသူတွေကို ကူညီဖေးမခြင်းဖြင့် ကိုယ့်စိတ်ချမ်းသာမှုလည်း ရလာပါလိမ့်မယ်။ ကိုယ့်တာဝန်ကိုယ် ကျေပြွန်တဲ့အခါမှာလည်း လိပ်ပြာသန့်မယ်၊ လိပ်ပြာသန့်တော့ စိတ်အေးချမ်းပြီး အိပ်ပျော်ပါတယ်။ လူတွေကြားထဲမှာ ကိုယ့်ကို သူများဘယ်လိုမြင်တယ်ဆိုတာကိုလည်း ဂရုသိပ်စိုက်စရာ မလိုသလို ဂရုမစိုက်ဘူးရယ်လို့လည်း လုပ်လို့ မရပါဘူး။ ခြောက်တိုင်းလည်း မကြောက်နဲ့၊ မကြောက်ပဲလည်း မနေနဲ့၊ မြှောက်တိုင်းလည်း မမြောက်နဲ့၊ မမြောက်ပဲလည်း မနေနဲ့ ဆိုတဲ့ အဆုံးအမအတိုင်းContinue reading “78th Birthday Wishes”
Trigger Point for both parties to attack Trump
ထရမ့်ကို နှစ်ပါတီလုံးက နိုင်ငံရေးလုပ်စားသူတွေက ဘာကြောင့် အမဲဖျက်သလို ဖျက်ချင်နေကြသလဲဆိုတဲ့ အကြောင်းရင်းကို တပ်ကာက ရှင်းပြလိုက်ပါတယ်။ (လင့်ခ်ကို ကွန်မန့်မှာ ပေးပါမယ်) သူပြောတာက ၂၀၁၆ ပါတီတွင်းရကပအတွက် ဒီဘိတ်မှာ ထရမ့်က အီရတ်ကို ဝင်တိုက်တာ မှားကြောင်း၊ လူအစုလိုက်အပြုံလိုက် သေစေနိုင်တဲ့ လက်နက်တွေ တွေ့တယ်ဆိုတဲ့ အကြောင်းပြချက်က ဟန်ပြသာဖြစ်ကြောင်း၊ မရှိမှန်းလည်း ဝါရှင်တန်က လူတိုင်း သိကြကြောင်း ပြောလိုက်တာက ဝါရှင်တန်မှာ လုပ်စားနေသူတွေကို အကြီးအကျယ် ခြိမ်းခြောက်မှုဖြစ်သွားလို့ ဆိုပါတယ်။ အဖြစ်နိုင်ဆုံးအချက် ဖြစ်ပါတယ်။ ထရမ့်က ရက်ရောတဲ့ သူဌေးတဦးဖြစ်တဲ့အလျောက် သူ့ဆီကို နှစ်ပါတီလုံးက နိုင်ငံရေးသမားတွေ လာအလှူခံနေကျဖြစ်တော့ အလွတ်သဘောပြောသွားတာတွေ မှတ်မိနေတာ ဖြစ်မှာပါ။ ဘယ်သူကပြောတယ်လို့တော့ မဖော်ခဲ့ပါဘူး။ အဲဒီနောက်ပိုင်း ထရမ့်က ပါးစပ်မလုံဘူးဆိုတဲ့စွဲချက် တွင်တွင်ကြားလာရသလို လူလိမ်ကြီးဆိုတဲ့မှိုင်းလည်းContinue reading “Trigger Point for both parties to attack Trump”
ထရမ့်ကိုဘာကြောင့် ခြတွေ အသည်းအသန်တိုက်ခိုက်နေကြသလဲ။
စားဖားတွေ ခြတွေ ပေါက်ဆီအိတ်ကပ်ထဲကဟာတွေ အသေဝိုင်းကိုက်နေတာ ခုမှတော့ မဟုတ်ပါဘူး၊ ၂၀၁၅မှာ နိုင်ငံရေးကစားကွင်းထဲ တရားဝင် စဝင်လာကတည်းကပါ။ အခုလည်း ၂၀၂၄မှာ ဝင်မပြိုင်နိုင်ဖို့ မဟုတ်ကဟုတ်က နည်းမျိုးစုံနဲ့ ကြိုးစားနေကြတာပါ။ အခုနောက်ဆုံးစွဲလိုက်တဲ့အမှုက ပထမအကြိမ် သမ္မတသက်တမ်းအပြီး အိမ်ဖြူက ထွက်စဥ်မှာ လှို့ဝှက်စာရွက်စာတမ်းတွေကို မာရာလေဂိုကို သယ်ဆောင်သွားပြီး လူတကာဝင်ထွက်နေတဲ့ မာရာလေဂိုမှာ ထားချင်သလိုထားတဲ့အတွက် နိုင်ငံတော်လုံခြုံရေးအတွက် အန္တရာယ်ရှိတယ်လို့ စွပ်စွဲထားပြီး အကုန်ပြန်အပ်ခိုင်းတာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောစရာတွေ ထောက်စရာတွေက အများကြီးပါ။ အဆိုးဆုံးက မီဒီယာအများက ညွှန်းနေကြတာက ကလပ်စီဖိုင်းဒေါကျူမန့်စ်တွေကို မလျော်မကန်ကိုင်တွယ်ခြင်းလို့ ပြောကြပေမယ့် တကယ်တမ်းစွဲလိုက်တာက အဲဒီထက် ပြစ်မှုဒီကရီ အဆများစွာပိုကြီးတဲ့ နိုင်ငံတော်ကာကွယ်ရေးသတင်းအချက်အလက်များလို့ သုံးထားတဲ့ အနှစ် ၁၀၀လောက်သက်တမ်းရှိပြီး အကြီးလေးဆုံးပြစ်မှုကြီးဖြစ်တဲ့ နိုင်ငံတော်သစ္စာဖောက်မှုနဲ့ ဖြစ်ပါတယ်။ ၁ ကContinue reading “ထရမ့်ကိုဘာကြောင့် ခြတွေ အသည်းအသန်တိုက်ခိုက်နေကြသလဲ။”
ထရန်စ်အလိမ်သီအိုရီ ဘယ်ကစ
အမေရိကန်နဲ့ ကမ္ဘာမှာ လက်ဝဲစွန်းတွေ တွန်းတင်လာနေတဲ့ ထရန်စ်ဂျန်ဒါ၊ ရာသီဥတု၊ အသားအရောင်၊ လူဖြူလူမျိုးကြီးဝါဒ စတဲ့မှိုင်းတွေဟာ အတုအယောင်စမ်းသပ်ချက်/ ထင်မြင်ချက်တွေ အပေါ် အခြေခံထားတဲ့ အလိမ်အငြာသီအိုရီများပဲ ဖြစ်နေတာ တွေ့လာရပါတယ်။ အရင်တွေ့ရှိချက်တွေကို ဖော်ပြပြီးပါပြီ၊ နောက်ပိုင်းတွေ့ရှိလာတာတွေက အမွှေစိန်ကို ဝေဖန်ရင် ဂျူးဆန့်ကျင်တယ်လို့ အလိုလို ပုဒ်မတပ်ခံရပြီး ဆိုရှယ်မီဒီယာတွေ မီဒီယာတွေမှာ ကန့်သတ်ပုတ်ခတ်ခံရတာပါ။ တကယ်တမ်းမှာ အမွှေစိန်က ဂျူးဆိုပေမယ့် လောက်ဂျူးပါ၊ မိစ္ဆာကောင်လက်ထက် ဂျူးတွေသန်းနဲ့ချီသတ်ဖို့ ဖမ်းတုန်းကြတုန်းက ဂျူးတွေရဲ့ ပိုင်ဆိုင်မှုတွေကို မလှိမ့်တပတ်နဲ့ ဘတ်ယူခဲ့သူ ဖြစ်ပါတယ်။ ခုတင်ပြမှာကတော့ ဝဲစွန်းတွေ မားကက်တင်းမတရားလုပ်နေတဲ့ ထရန်စ်ကိစ္စပဲ ဖြစ်ပါတယ်။ ကျားအဖြစ်မွေးဖွားလာသူတွေကို မဟော်မုန်းပေးခြင်းဖြင့်သော်လည်းကောင်း၊ မအဖြစ်မွေးဖွားလာသူတွေကို ကျားဟော်မုန်း ပေးခြင်းဖြင့်သော်လည်းကောင်း မွေးရာပါ ကျား/မ အင်္ဂါတွေ ဖြတ်တောက်ခွဲစိတ်ခြင်းဖြင့်သော်လည်းကောင်း ကျား/မအဖြစ်က အဝတ်ပြောင်းဝတ်လိုက်သလိုContinue reading “ထရန်စ်အလိမ်သီအိုရီ ဘယ်ကစ”
မေ ၁၆ ၂၀၂၃
မနေ့က ရုရှားကိုလူးရှင်းဆိုတာ ဟုတ်/မဟုတ်ကို စစ်ဆေးတဲ့ ဒူရမ်ရီပို့ ၄နှစ်တာ အချိန်ယူပြီး နောက်မှာ ထွက်ရှိလာပါပြီ။ ထရမ့်အိမ်ဖြူမှာရှိတုန်းထဲက ထွက်ဖို့ကို အဖာအထေး ဇတ်လမ်းတွေ ဆင်နေရလို့ ခုမှ စာမျက်နှာ ၃၀၀ကျော်နဲ့ ထွက်လာတာပါ။ တွေ့ရှိချက်တွေထဲမှာ အက်ဖ်ဘီအိုင်ဟာ လုံလောက်တဲ့ သက်သေခံအထောက်အထား မပြည့်စုံပါပဲနဲ့ ကလင်တန်ကမ်ပိန်းက ငှားထားတဲ့ ဗြိတိန်စုံထောက်ဟောင်း ခရစ်စတိုဖာစတီးလ်ရဲ့ ထရမ့်နိုင်တာ ရုရှားကူလို့ပါဆိုတဲ့ စကားတခွန်းထဲနဲ့ အလျင်စလို ခရော့စ်ဖိုင်းယားဟာရီကိန်း စစ်ဆင်ရေးလုပ်ပြီး သမ္မတထရမ့်အပေါ် စစ်ဆေးရေးစလုပ်ခဲ့ပါတယ်။ စတီးလ်ကို သူ့ရဲ့ ဒေါ်စီရေမှာ ပြောထားတာတွေကို သက်သေပြဖို့ ဒေါ်လာ ၁သန်းတောင် အက်ဖ်ဘီအိုင်က ပေးဖို့ ကမ်းလှမ်းခဲ့တယ်လို့ စီအန်အန်က ဖော်ပြခဲ့ဖူးပါတယ်။ စတီးလ်ပြောသွားတာ တွေက အီဂေါ်ဒန်ချန်ကိုးဆီက လာတာတာပါ။ ဒန်ချန်ကိုးကို အက်ဖ်ဘီအိုင်ကို လိမ်လည်မှုနဲ့Continue reading “မေ ၁၆ ၂၀၂၃”
မေ ၁၁ ရက် ၂၀၂၃
မနေ့က နယူးဟမ်ရှိုင်းယားပြည်နယ်မှာ ပြုလုပ်တဲ့ စီအန်အန်တောင်းဟောလ်အစီအစဥ်မှာ ထရမ့် တက်ရောက်ခဲ့ပါတယ်။ စီအန်အန်က ထရမ့်ကို မဖိတ်ပဲနေခဲ့တာ ၂၀၁၆ကတဲကဖြစ်ပြီး အဲဒီကတည်းက အသည်းအသန် တိုက်ခိုက်လာခဲ့တာပါ။ ဘယ်ဒီမိုကရက်ထိပ်ပိုင်းကမှ ကွန်ဆာဗေးတစ်ချန်နယ်တွေက အကြိမ်ကြိမ် ဖိတ်ခေါ်ခဲ့သလောက် မလာရဲ အမေးမခံရဲပေမယ့် ရဲရင့်တဲ့ ထရမ့်ကတော့ သူ့ကို ဝိုင်းဖြဲကြမှာ သိလျက်နဲ့ တဖက်ကသူတွေလည်း တိုင်းပြည်မှာ ဘာတွေဖြစ်နေတယ်ဆိုတာ သိသင့်တယ်လို့ ပြောပြီး ဖြစ်အောင် သွားခဲ့ပါတယ်။ တောင်းဟောလ်တက်သူတွေနဲ့ ကြည့်ရှုသူတွေ အကြိုက်ဆုံးအဖြေကတော့ ကုန်ဈေးနှုန်းကျအောင် ရေနံထုတ်ခွင့် ချက်ချင်း ပြန်ဖွင့်ပေးမှာဖြစ်ပြီး ယူကရိန်း-ရုရှားစစ်က သူတက်လာပြီး ၂၄နာရီအတွင်း ရပ်အောင် လုပ်ပစ်လို့ ရတယ်လို့ ဆိုတာပါ။ ဘယ်သူနိုင် ဘယ်သူရှုံးဆိုတာထက် အမြန်ဆုံး စေ့စပ်ညှိနှိုင်းပြီး စစ်တိုက်တာ ရပ်ပစ်မှ ပြည်သူတွေ သက်သာမှာဖြစ်လို့ အမြန်ဆုံးသဘောတူညီချက်ရဖို့ကိုပဲ ရှေ့ရှုသွားမယ်လို့Continue reading “မေ ၁၁ ရက် ၂၀၂၃”