နိုဝင်ဘာ ၁၈ ရက် ၂၀၂၁

FDA က ဖိုင်ဇာဗက်ဆင်းကို အတည်ပြုရာမှာ ပါတ်သက်နေတဲ့ သက်သေခံ အထောက်အထားတွေကို နောက် ၅၅နှစ်ကြာမှ လူထုဆီအပြည့်အဝထုတ်ပြန်ချပြဖို့ ဖက်ဒရယ်တရားသူကြီးတဦးကို လျောက်ထားလိုက်ပါတယ်။ အဲဒီလိုလျောက်ထားရတဲ့ အကြောင်းရင်းကတော့ Freedom of Information Act အရ ဆေးလောက ပွင့်လင်းမြင်သာမှုအတွက် ကြိုးပမ်းနေတဲ့ Public Health and Medical Professionals for Transparency က FDA ကို အဆိုပါ အထောက်အထားတွေ ထုတ်ပြန်ပေးဖို့ တရားစွဲလိုက်လို့ဖြစ်ပါတယ်။ အဲဒီအဖွဲ့ကို ယေးလ်တက္ကသိုလ် ဆေးကျောင်းက ကူးစက်ရောဂါပါမောက္ခ Dr. Harvey Risch အပါအဝင် ဆရာဝန်တွေ သိပ္ပံပညာရှင်တွေနဲ့ ဖွဲ့စည်းထားတာပါတယ်။ သူတို့က FDA ကို တောင်းဆိုတာ FDA က ပေးဖို့အချိန်ဆွဲနေလို့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။Continue reading “နိုဝင်ဘာ ၁၈ ရက် ၂၀၂၁”

ဖဘနဲ့ ဖက်ချက်ကင်း

ဖဘက ဖက်ချက်ကာဆိုတဲ့ အမှားကိုအမှန် အမှန်ကိုအမှားဖြစ်အောင် ဆင်ဆာလုပ် ဦးနှောက်ဆေးပေးနေတဲ့ လူတွေကို ပိုက်ဆံပေးပြီး သတင်းဌာနတွေမှာ လိုက်ထည့်ထားတဲ့အကြောင်းကို ဒီစီအခြေစိုက် သတင်းထောက်အဖြစ် အနှစ် ၂၀ကြာ လုပ်လာသူတဦးက ဖွင့်ချလိုက်ပါတယ်။ သူက ဝိကလီးစတန်းဒတ် မဂ္ဂဇင်းမှာ လုပ်ခဲ့တာဖြစ်ပြီး ဖဘက ကမ္ဘာ့အကြီးဆုံး ဆင်ဆာအဖွဲ့ကြီးဖြစ်မလာခင်နှစ်တွေထဲက သတိထားစရာ မသင်္ကာစရာတွေ ရှိနေခဲ့တာဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ သိသိသာသာ ပေါ်ပေါ်ထင်ထင် ဆင်ဆာလုပ်လာကြပြီး အခု ၁နှစ်အကြာမှာလည်း လျော့မသွားပဲ ဘယ်တော့မှ လျော့/အဆုံးသတ်မယ်ဆိုတာကိုတောင် မြင်ကြည့်လို့ မရနိုင်သေးဘူးလို့ ဆိုပါတယ်။ သူလုပ်ခဲ့တဲ့ မဂ္ဂဇင်းတိုက်မှာလည်း ဖဘက လခပေးထားတဲ့ ဖက်ချက်ကာ ရှိနေပြီး  မျှမျှတတမဟုတ်ပဲ ထရမ့်ကို တချိန်လုံးပုတ်ခတ်ပြီး အခုလိမ်ဆင်ကြီးမှန်း ပေါ်သွားတဲ့ ထရမ့်က ရုရှားတွေနဲ့ ပါတ်သက်နေတယ်ဆိုတဲ့ စွဲချက်ကိုသာ နှစ်နဲ့ချီContinue reading “ဖဘနဲ့ ဖက်ချက်ကင်း”

နိုဝင်ဘာ ၁၆ ရက် ၂၀၂၁

ကူမိုနေရာကို ဆက်ခံတဲ့ နယူးယောက် ဂါဗာနာ ကေသီဟိုချုးလ်က ရေဖိုး၊ မီးဖိုး၊ ဖုံးဖိုး၊ အင်တာနက်ဖိုး စတာတွေကောက်တဲ့ ကုမ္ပဏီတွေကို သုံးစွဲသူက (မည်သည့် တရားဝင်နာမည်ရှိရှိ သူတို့ကို ခေါ်စေချင်တဲ့နာမည်ကိုသာ ခေါ်ဖို့နဲ့ နာမ်စားတွေမှာလည်း သူတို့ကို ရည်ညွှန်းစေချင်တဲ့ နာမ်စားကိုသာ အသုံးပြုဖို့ ဥပဒေတခု လက်မှတ်ထိုး ပြဌာန်းလိုက်ပါတယ်။ ဒီကိစ္စကို အရည်မရ အဖတ်မရတို့ လူပိန်းကြိုက်တို့ ပြောရင်လည်းရပါတယ်။ တကယ်တမ်း အဲဒီထက်ကြီးတဲ့ အာဂျင်ဒါတခုခုကို ပျိုးနေတာလည်း ဖြစ်နိုင်ပါတယ်။ ကုမ္ပဏီတွေဖက်ကတော့ သပိတ်မမှောက်နိုင်သေးသ၍ ထုတ်ထားတဲ့ ဥပဒေအတိုင်းပဲ လိုက်လုပ်ကြရတာပါပဲ။ ပိုအလုပ်ရှုပ်လာရင် လူပိုငှားရပါမယ်၊ ကုန်ကျစရိတ်တွေ တက်လာပါမယ်၊ ဥပဒေအသစ်က ကိုယ်မှန်နေတောင် တရားစွဲခံရနိင်တဲ့ ဥပဒေမျိုးဆိုရင် တရားရုံးစားရိတ်တွေ ရှိလာနိုင်ပါတယ်။ လျော်ကြေးပေးရဖို့တွေ ဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် ခံစားချက်လိုမျိုး လက်ဆုပ်လက်ကိုင်Continue reading “နိုဝင်ဘာ ၁၆ ရက် ၂၀၂၁”

Kyle Rittenhouse အမှုမှ ဒီမိုကရက်နဲ့ မီဒီယာ လိမ်လည်မှုများ

အခုတလော သတင်းတွေထဲမှာ နေရာယူနေတာကတော့ မနှစ်က ဝစ္စကွန်ဆင်ပြည်နယ် ကီနိုရှာမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဘီအယ်လ်အမ်နဲ့ အန်တီဖာဆူပူသောင်းကျန်းမှုများမှာ ဘီအယ်လ်အမ်နဲ့ အန်တီဖာ အကြမ်းဖက် လုယက်သူတွေက ကီနိုရှာမြို့က အိမ်တွေ ဆိုင်ခန်းတွေကို မီးရှို့/ဖျက်ဆီးမှာစိုးလို့ လက်နက်နဲ့ သွားရောက်စောင့်ကြပ် ကာကွယ်ပေးတဲ့ အဲဒီအချိန်က ၁၇နှစ်သားလေး ကိုင်လ်ကို အစိုးရရှေ့နေက လူသတ်မှုနဲ့ တရားစွဲထားလို့ အမှုစစ်ဆေးနေတဲ့ သတင်းဖြစ်ပါတယ်။​ ကိုင်လ်က ကီနိုရှာမြို့ကနေ မိုင် ၂၀နီးပါးဝေးတဲ့ အန်းတိယော့မြို့မှာ သူ့မိခင်နဲ့အတူ နေထိုင်သူဖြစ်ပြီး အန်းတိယော့မြို့ရဲ့ မီးသတ်တပ်ဖွဲ့မှာ လူငယ်တွေအတွက် ဖွဲ့ပေးထားတဲ့ cadet အဖွဲ့ဝင် ဖြစ်ပါတယ်။ အရံမီးသတ်တပ်ဖွဲ့ဝင်သဘောမျိုး ဖြစ်မယ်ထင်ပါတယ်။ သူဟာ Grayslake ရဲဌာနမှာလည်း cadet အဖွဲ့ဝင်တဦးဖြစ်ပြီး YMCA မှာ lifeguard နဲ့ အရေးပေါ်လူနာတင်ယာဥ်တွေမှာ လူနာပြုစုဖို့Continue reading “Kyle Rittenhouse အမှုမှ ဒီမိုကရက်နဲ့ မီဒီယာ လိမ်လည်မှုများ”

နိုဝင်ဘာ ၁၄ ရက် ၂၀၂၁

ဩစတြီးယားနိုင်ငံမှာ ကာကွယ်ဆေး အပြည့်အဝ မထိုးရသေးသူများဟာ စားသောက်ဆိုင်၊ ဘား၊ ရုပ်ရှင်ရုံ/ဖျော်ဖြေရေးနဲ့ ဆိုင်တွေထဲကို ဝင်ခွင့် တားမြစ်ထားခဲ့တာပါ။ သူတို့က အလုပ်သွား/ပြန်နဲ့ မရှိမဖြစ်တွေ ဝယ်ဖို့လောက်ပဲ ထွက်ခွင့်ရှိနေခဲ့တာပါ။ မနက်ဖြန် တနင်္လာနေ့ကစပြီးတော့ တရစ်ထပ်ကြပ်ပါပြီ။ ကာကွယ်ဆေးအပြည့်အဝ မထိုးထားသူများက လော့ဒေါင်းလုပ်ရပါမယ်။ ရဲက မသင်္ကာတဲ့သူရှိရင် တားပြီး ကာကွယ်ဆေးထိုးထား/မထား စစ်ဆေးခွင့် ရှိသွားပါပြီ။ ခုလောလောဆယ်မှာ တိုင်းပြည်လူဦးရေရဲ့ ၁/၃ ပုံဟာ ကာကွယ်ဆေး အပြည့်အဝ မထိုးရသေးသူများ ဖြစ်ကြပါတယ်။ အဲဒီလော့ဒေါင်းမှာ ၁၂နှစ်အောက်နဲ့ လောလောလတ်လတ် ကိုဗစ်ဖြစ်ပြီး ပြန်ကောင်းခါစလူတွေ မပါဝင်ဘူးလို့ ဆိုပါတယ်။ အဲဒီလော့ဒေါင်းကို ၁၀ရက်ကြာ ပြုလုပ်မယ်လို့ သိရပါတယ်။​ ၁၀ရက်နဲ့ ပြီးမလားဆိုတာတော့ စောင့်ကြည့်ကြပေါ့နော်။ သေချာစဥ်းစားကြည့်ရင် ကာကွယ်ဆေးထိုးပြီးကြောင်း စစ်ဆေးဖို့ဆိုတာကို အကောင်အထည်ဖော်ဖို့အတွက် သန်းပေါင်းများစွာသောလူတွေရဲ့ လွတ်လပ်ခွင့်တွေContinue reading “နိုဝင်ဘာ ၁၄ ရက် ၂၀၂၁”

နိုဝင်ဘာ ၁၃ ရက် ၂၀၂၁

အမေရိကန်တွေ ရင်ဆိုင်နေရတဲ့ ငွေဖောင်းပွမှုဟာ အနှစ် ၄၀အတွင်းမှာ အကြီးဆုံးပြဿနာကြီး ဖြစ်လိမ့်မယ်လို့ ဖေဖေါ်ဝါရီလထဲက ကလင်တန်နဲ့ အိုဘားမားလက်ထက်မှာ ဘဏ္ဍာရေးဝန်ကြီး လုပ်ခဲ့တဲ့ လာရီဆမ်းမားစ်က ဟောကိန်းထုတ်ခဲ့တာပါ။ အဲဒီလောက်ကြီးတဲ့ ပြဿနာဖြစ်လာဖို့ Federal Reserve ကရော ဘိုင်ဒန်အစိုးရကပါ မျှော်လင့်မထားခဲ့ကြတဲ့အတွက် ဘာမှ ကုစားဖို့ မပြင်ဆင်ထားတာ ဖြစ်နိုင်ပါတယ်။ ငွေဖောင်းပွမှုရဲ့ အဓိကအကြောင်းရင်းတခုကတော့ တိုင်းပြည်မှာလည်ပတ်နေတဲ့ ငွေတွေထဲကို ငွေစက္ကူသစ်တွေ ထပ်မံရိုက်နှိပ်ပြီး ထိုးထဲ့လိုက်တာကြောင့်ပဲဖြစ်ပါတယ်။ လည်ပတ်နေတဲ့ ငွေပမာဏများလာလေ ရှိပြီးသားငွေက တန်ဖိုးကျလေပါပဲ။ အဲဒီလို ရိုက်ထုတ်ရတဲ့ အကြောင်းရင်းကလည်း ကိုဗစ်ပိတ်ဆို့မှုတွေကြောင့်ဒုက္ခရောက်နေတဲ့ ပြည်သူကို ကူညီဖို့ အကြောင်းပြချက်နဲ့ ထုတ်ပြန်ခဲ့တဲ့ ၁.၉ ဘီလီယံ အစိုးရအသုံးစရိတ်က စပါတယ်။ စာမျက်နှာပေါင်း ထောင်ချီတဲ့ ဥပဒေကြမ်းကို ကြိုးစားပြီး ရသလောက်ဖတ်ခဲ့ကြတဲ့ အမတ်က လက်တဆုပ်စာထက်Continue reading “နိုဝင်ဘာ ၁၃ ရက် ၂၀၂၁”

နိုဝင်ဘာ ၁၂ ရက် ၂၀၂၁

ဘိုင်ဒန်က FDA ကို ဦးဆောင်ဖို့ အမည်စာရင်းတင်သွင်းမယ်လို့ မျှော်လင့်ထားတဲ့သူဟာ နှလုံးအထူးကု ဒေါက်တာ ရောဘတ် ကာလစ်ဖ်ဆိုတာကို သိသိချင်း ဒီမိုကရက်ဆီနိတ်တာ ဂျိုးမန်ချင်က ရောဘတ်ရဲ့ ဆေးဝါးကုမ္ပဏီတွေနဲ့ ဆက်နွယ်မှုကြောင့် ချက်ချင်းကို ကန့်ကွက်လိုက်ပါတယ်။ ရောဘတ်က အိုဘားမားလက်ထက်တုန်းက FDA ကို ခေတ္တဦးဆောင်ဖူးပါတယ်။ အဲဒီတုန်းကလည်း မန်ချင်က ကန့်ကွက်ခဲ့ပါတယ်။ ရောဘတ်ကို အမည်စာရင်းတင်သွင်းတာဟာ ဆေးစွဲလို့ ဘဝပျက်ကြသူတွေနဲ့ မိသားစုတွေကို စော်ကားလိုက်သလိုပါပဲ၊ သူ့အနေနဲ့ ဘိုင်ဒန်အစိုးရကို တိုက်တွန်းချင်တာက FDA ကော်မစ်ရှင်နာလုပ်မယ့်သူဟာ ဆရာဝန်လက်မှတ်နဲ့ ဝယ်ရတဲ့ဆေးတွေ စွဲနေကြတဲ့ လူတွေရဲ့ အခြေအနေနဲ့ ပြဿနာရဲ့ အတိမ်အနက်ကို ကောင်းကောင်းသိရှိဖို့လိုသလို ဆေးဝါးလောကရဲ့ လောဘကို တိုက်ဖျက်နိုင်တဲ့ FDA ရဲ့ အခန်းကဏ္ဍကို ကောင်းစွာနားလည်ဖို့ အရေးကြီးကြောင်း ပြောကြားသွားပါတယ်။ အမေရိကန်မှာContinue reading “နိုဝင်ဘာ ၁၂ ရက် ၂၀၂၁”

နိုဝင်ဘာ ၁၁ ရက် ၂၀၂၁

ကမလာနဲ့ ဒီမိုကရက်ထိပ်သီးတွေ၊ မီဒီယာတွေက ဆင်းရဲတဲ့နိုင်ငံတွေကလူတွေ အမေရိကန်ကို လာချင်ကြတာဟာ ရာသီဥတု ပြောင်းလဲမှုကြောင့်လို့ ပုံဖော်လေ့ရှိကြပါတယ်။ FAO က တရားဝင် သီးနှံထွက်ကုန်စာရင်းတွေအရ အမေရိကန်ကို ဝင်ရောက်လာမှုအများဆုံးနိုင်ငံတခုဖြစ်တဲ့ ဂွာတီမာလာနိုင်ငံမှာ ကမလာတို့ပြောသလို မိုးခေါင်၊ စိုက်ခင်းတွေပျက်၊ လူတွေငတ်နေတာမဟုတ်ပဲ တနှစ်ထက်တနှစ် ထွက်နှုန်းတိုးတက်နေပြီး ယခုအချိန်မှာ လွန်ခဲ့တဲ့ အနှစ် ၅၀ ကနဲ့စာရင် ထွက်ကုန် ၂ဆ တိုးနေပြီဖြစ်ပါတယ်။ လူတွေ နိုင်ငံကနေ ထွက်ပြေးရတဲ့ အဓိက အကြောင်းရင်းတချို့ကတော့ ရာဇဝတ်မှု၊ လူသတ်မှု စတာတွေ ခေါင်ခိုက်နေပြီး ၉၇% သောလူသတ်မှုတွေက အဖြေမပေါ်တာကြောင့် ဖြစ်နိုင်ပါတယ်။ အဲဒီလူတွေ ကံကောင်းတာက အမေရိကန်မြို့ကြီးတွေမှာ ရာဇဝတ်မှု၊ လူသတ်မှုတွေ မြန်မြန်ဆန်ဆန် တက်နေပေမယ့် သူတို့ဆီနဲ့စာရင် နဲနေသေးတာပါ။ အမေရိကန်မှာလည်း ရာဇဝတ်မှု၊ လူသတ်မှုတွေContinue reading “နိုဝင်ဘာ ၁၁ ရက် ၂၀၂၁”

နိုဝင်ဘာ ၁၀ ရက် ၂၀၂၁

ဂျာမန်ကျန်းမာရေးအရာရှိတွေက တခြားဥရောပနိုင်ငံတွေလိုပဲ ကိုဗစ်ကာကွယ်ဆေးထဲမှာ မော်ဒါးနားက နှလုံးကြွက်သား ယောင်ယမ်းတာနဲ့ နှလုံးပတ်ပတ်လည်က တစ်ရှုးတွေ ယောင်ယမ်းတာ တွေက အသက် ၃၀အောက်လူငယ်တွေမှာ ပိုဖြစ်တတ်တဲ့အတွက် အသက် ၃၀အောက်တွေကို တခြားတံဆိပ်ထိုးဖို့ အကြံပြုထားပါတယ်။ ဖြစ်နှုန်းကတော့ ၁၈-၂၉နှစ်ကြား အမျိုးသားတွေမှာ လူတသိန်းကို ၁၁.၇၁ဦးဖြစ်ပြီး ဖိုင်ဇာကတော့ ၄.၆၈ဦးဖြစ်ပါတယ်။ အလားတူအသက်အုပ်စုက အမျိုးသမီးတွေမှာတော့ မော်ဒါးနားက လူတသိန်းမှာ ၂.၉၅ ဦးနဲ့ ဖိုင်ဇာက ၀.၉၇ဦး ဖြစ်ပါတယ်။ အသက် ၁၂-၁၇ အမျိုးသားအုပ်စုမှာတော့ လူတသိန်းကို ၁၁.၄၁ဦးဖြစ်ပြီး ဖိုင်ဇာက ၄.၈၁ ဖြစ်ပါတယ်။ အဲဒီအသက်အုပ်စုက အမျိုးသမီးတွေအတွက်တော့ ဒေတာ မရှိသေးပါဘူး။ မနေ့က မော်ဒါးနားက European Medicines Agency ကို အသက် ၆နှစ်က ၁၁နှစ်တွေအတွက် လူကြီးတခါထိုးရဲ့Continue reading “နိုဝင်ဘာ ၁၀ ရက် ၂၀၂၁”

တက်စ်လာကားနဲ့ အင်ဂျင်ကား ကွာခြားချက်များ

တက်စ်လာလျှပ်စစ်ကားနဲ့ ပါတ်သက်ပြီး မြန်မာလို ရေးထားတာ မတွေ့သေးတဲ့အတွက် ပုံမှန်အင်ဂျင်ကားတွေနဲ့ ဘာကွာလဲသိချင်သူတွေ ရှိကြမယ်လို့ ထင်ပါတယ်။ ဆီဈေးတွေကြီးလို့ လျှပ်စစ်ကား ဝယ်ချင်သူများအတွက် စဥ်းစားလို့ ရအောင်ပါ။ ကွာတဲ့ အချက်တွေကတော့ တော်တော်များပါတယ်။ ကားထဲ ဝင်တာကစလို့ သော့/ရီမုတ်မလိုပဲ ဖုံးပါရုံနဲ့ ဝင်နိုင်မောင်းနိုင်ပါတယ်။ ဗဲလေးပါကင်(သို့) ကားဆေး/ ဘော်ဒီ/ဘီးဖာ စတာတွေအတွက်တော့ ခရက်ဒစ်ကဒ်အရွယ် ကီးကဒ်လေး ပေးထားလိုက်ပြီး ဘယ်လောက်အရှိန်ထက် ပိုမမောင်းရဆိုတာ ကိုယ့်ဖုံးထဲကနေ သတ်မှတ်ထားလို့ ရပါတယ်။ ကားသော့ချတာ၊ ဖွင့်တာ၊ အလိုအလျာက်ဝိုက်ပါ ချိန်တာ၊ အစရှိတဲ့ ကိစ္စအားလုံးကို ကားထဲက screen ပေါ်ကနေ လုပ်လို့ ရပါတယ်။ ဖုံးနဲ့ ဝင်လို့ရတော့ အပြင်ကို မိသားစု သွားကြရင် ကားဆီအရင် သွားချင်တဲ့လူက သော့ကိုင်ဆီက သော့တောင်းနေစရာ မလိုတော့ပဲContinue reading “တက်စ်လာကားနဲ့ အင်ဂျင်ကား ကွာခြားချက်များ”