ဘိုင်ဒန် ဒုသမ္မတဖြစ်နေစဥ်မှာ သူ့သား ဟန်းတားဘိုင်ဒန်က ယူကရိန်းက စွမ်းအင်ကုမ္ပဏီတခုဖြစ်တဲ့ Burisma ရဲ့ ထိပ်တန်းအရာရှိ Vadym Pozharskyi နဲ့ သူ့အဖေ ဂျိုးဘိုင်ဒန်ကို မိတ်ဆက်ပေးခဲ့တာကို အဲဒီအရာရှိက ကျေးဇူးတင်တဲ့အကြောင်း email ပို့ထားတာကို ဟန်းတားရဲ့ laptop ပေါ်မှာ တွေ့နေတာတောင် ဂျိုးဘိုင်ဒန်နဲ့ သူ့ရဲ့ အောင်နိုင်ရေးအဖွဲ့သားများက အဲဒီလူနဲ့ အဆက်အသွယ်မရှိကြောင်း ငြင်းဆိုနေဆဲဖြစ်ပါတယ်။ ၂၀၁၄ မေလက အဲဒီလူက ဟန်းတားဆီပို့တဲ့ email မှာတော့ သင့်အရှိန်အဝါကို သုံးပြီး သူတို့ကုမ္ပဏီအတွက် ဘာတွေလုပ်လို့ရနိုင်မလဲလို့ မေးထားပါတယ်။ နယူးယောက်မြို့တော်ဝန်ဟောင်း Rudy Giuliani ကတော့ နောက်ထပ် email ပေါင်း ၄သောင်းကျော်ထွက်လာစရာရှိသေးတယ်လို့ ပြောသွားပါတယ်။ လွှတ်တော်ထဲက ဒီမိုကရက်အမတ်များဟာ သမ္မတထရမ့်နဲ့ ရုရှားထောက်လှမ်းရေးတွေကြား ဘာဆက်စပ်မှုမှ မတွေ့တဲ့နောက်ပိုင်းContinue reading “ဘိုင်ဒန်နဲ့ ယူကရိန်းအရှုပ်တော်ပုံ“
Category Archives: Uncategorized
ဘိုင်ဒန်ရဲ့ နောက်အရှုပ်ထုတ်တတွဲ
မဆုံးနိုင်တဲ့ ဘိုင်ဒန့်မိသားစုအရှုပ်တော်ပုံတွေထဲမှာ နောက်တခုထပ်ထွက်လာပြန်ပါပြီ။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ဘိုင်ဒန့်သမက် ဆရာဝန် Howard Krein ရဲ့ ကုမ္ပဏီက တရုတ်ကော်ပိုရေးရှင်း တွေမှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်နေတယ်လို့ သတင်းထွက်လာပါတယ်။ အဲဒီရင်းနှီးမြှုပ်နှံမှုတွေဟာ တရုတ်ဆေးကုမ္ပဏီကြီးတွေမှာဖြစ်ပြီး အခုကိုဗစ်၁၉ဗိုင်းရပ်စ်နဲ့ ပါတ်သက်တဲ့ ဆေးဝါးထုတ်နိုင်မယ့် ကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ထည့်ဝင်ခဲ့တယ်လို့ သိရပါတယ်။ သမက်ရဲ့အကို Steven Krein က ၂၀၁၁ မှာတည်ထောင်လိုက်တဲ့ Startup Health ရဲ့ Co-founder & Managing Partner ဖြစ်ပြီး Howard ကတော့ Chief Medical Officer ဖြစ်ပါတယ်။ အဲဒီကုမ္ပဏီဟာ Obama အစိုးရ နဲ့ နီးနီးကပ်ကပ်ဆက်ဆံခဲ့ပြီး မဖွင့်ခင်တုန်းကထဲက Howard Kreinက, သူ့အကို Stevenကို အိုဘားမားတို့Continue reading “ဘိုင်ဒန်ရဲ့ နောက်အရှုပ်ထုတ်တတွဲ“
Kamala Harris (သို့)မုဒိန်းကောင်တွေရဲ့ဘက်တော်သား
ဒီမိုကရက်ပါတီက ဒုသမ္မတလောင်း Kamala Harris က ၂၀၁၆လောက်ထဲက တည်ထောင်ထားတဲ့ Minnesota Freedom Fund ကို ပြီးခဲ့တဲ့ BLM, Antifa အကြမ်းဖက်မှုတွေကြောင့် ရဲကဖမ်းသွားခံရတဲ့ လူတွေကို အာမခံပေးရွေးထုတ်ဖို့ အလှူခံပြီး အသုံးပြုနေခဲ့တာပါ။ အခုလည်း ၈ နှစ်သမီးလေးကို မုဒိန်းကျင့်တယ်လို့ သံသယရှိသူကို အဲဒီရံပုံငွေကနေပဲ အာမခံပေးပြီး ခေါ်ထုတ်သွားပြန်ပါတယ်။ အဲဒီရံပုံငွေက သူမအပြင် တခြားနာမည်ကြီးသူတွေကပါ ဝိုင်းအလှူခံထားကြတာကြောင့် အလှူငွေ ၃၅သန်းကျော်ရခဲ့ပြီး အခုအထိ ၃သန်းခွဲလောက်ပဲ သုံးရပါသေးတယ်။ အဲဒီထဲက ၂သိန်းလောက်ကသာ ဆန္ဒပြသူတွေအတွက် အာမခံအဖြစ် သုံးခဲ့တာပါ။ ဩဂုတ်လနှောင်းပိုင်းက Wisconsin ပြည်နယ် Kenosha မြို့မှာ လိင်အကြမ်းဖက်မှုနဲ့ သံသယရှိလို့ ရဲက အလိုရှိနေတဲ့ Jacob Blake Jr ကိုContinue reading “Kamala Harris (သို့)မုဒိန်းကောင်တွေရဲ့ဘက်တော်သား”
ဘိုင်ဒန်နဲ့ တရုတ်ကြားက ခြစားမှုများ
ဒီမိုကရက်သမ္မတလောင်း ဂျိုးဘိုင်ဒန်ရဲ့သား ဟန်းတားဘိုင်ဒန်ဟာ ဘိုင်ဒန်ရာထူးကဆင်းသွားပြီးနောက် ၃နှစ်အတွင်းမှာတောင် မိတ်ဆက်ပေးခသက်သက်တင် ဒေါ်လာ သန်း၃၀ကျော်ရခဲ့တာပါ။ နောက်တော့ ဟန်းတားက မိတ်ဆက်ပေးခက သူ့ရဲ့ အဓိကဝင်ငွေဖြစ်ပေမဲ့ ဥက္ကဌက အဆိုပြုထားတဲ့ ဖက်စပ်လုပ်ငန်းကို တဝက်စီပိုင်ဆိုင်ဖို့နဲ့ အကျိုးအမြတ်တဝက်စီခွဲဝေယူကြဖို့ ဆိုတာကလည်း သူ့အတွက်ရော သူ့မိသားစုအတွက်ပါ တော်တော်စိတ်ဝင်စားစရာ ကောင်းတယ်လို့ email တခုမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ သူပြောတဲ့ ဥက္ကဌဆိုတာကတော့ တရုတ်ပြည်က အကြီးဆုံးပုဂ္ဂလိကစွမ်းအင်ကွန်ဂလိုမီရိတ်ကြီးဖြစ်တဲ့ CFEC ရဲ့ဥက္ကဌ Ye Jianming ပါပဲ။ ၂၀၁၇ ဩဂုတ်လ ၂ရက်နေ့ရက်စွဲနဲ့ ဓါတ်ပုံမှာတော့ Hudson West လို့ခေါ်တဲ့ ဖက်စပ်ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုတွေကို ဟန်းတားနဲ့ ဥက္ကဌ တဝက်စီယူကြဖို့ ဇယားလေး ရေးထားတာကို တွေ့ရပါတယ်။ အဲဒီကနေ ဟန်းတားက တနှစ်ကို ဒေါ်လာContinue reading “ဘိုင်ဒန်နဲ့ တရုတ်ကြားက ခြစားမှုများ“
Booker T. Washington နဲ့ W.E.B. Du Bois
အနောက်ကမ္ဘာမှာဖြစ်နေတဲ့ လူမည်းလှုပ်ရှားမှုအတွေးအခေါ်မျိုးက ခုမှပေါ်လာတာမဟုတ်ပါဘူးတဲ့။ လွန်ခဲ့တဲ့ နှစ်၁၀၀ကျော်ထဲက ကျွန်ဘဝကလာပြီး ပညာတော်တဲ့ လူမည်းခေါင်းဆောင်တဦးဖြစ်တဲ့ Booker T. Washington နဲ့ W.E.B. Du Bois ဆိုတဲ့ Harvard University ကနေ ပထမဆုံး Ph. D. ရခဲ့တဲ့ လူမည်းပညာရှင်တို့ စကားရည်လုကြဖူးပါတယ်။ B.T. Washington က ကျွန်ဘဝကလွတ်လာတဲ့ လူမည်းတွေကို ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်အောင် ကူညီပေးခဲ့ပြီး လက်တွေ့ကျကျ ပညာသင်တဲ့ တက္ကသိုလ်တခုကိုလည်း သူနဲ့ လူမည်းကျောင်းသားတွေရဲ့ လုပ်အားတွေနဲ့ ကြီးပွားစည်ပင်စေခဲ့ပါတယ်။ Du Bois ကတော့ ပညာရေးနယ်ပယ်ကို စိတ်ဝင်စားသူဖြစ်ပြီး National Association for the Advancement of Colored People ကို တည်ထောင်ခဲ့ပါတယ်။ WashingtonContinue reading “Booker T. Washington နဲ့ W.E.B. Du Bois”
George Soros
ကမ္ဘာ့အချမ်းသာဆုံးတဲက တဦးဖြစ်တဲ့ George Soros က အမေရိကန်နိုင်ငံမှာ “systematic racism” ဆိုတာကို တိုက်ဖျက်ဖို့ အမေရိကန်ဒေါ်လာ သန်း ၂၂၀ သုံးဖို့ လျာထားလိုက်ပါတယ်။ အဲဒီထဲက သန်း၁၅၀ ကတော့ ၅နှစ်အတွင်း မဲပေးသူအခွင့်အရေးနဲ့ မဲပေးပိုင်ခွင့်တွေကို ပိုမိုကျယ်ပြန့်အောင် ချဲ့ထွင်ဖို့ဖြစ်ပါတယ်။ သူပြောချင်တဲ့ မဲပေးသူတွေက လူမဲ လူညိုတွေကို ရည်ရွယ်တာဖြစ်ပါတယ်။ မဲပေးခွင့်ကျယ်ပြန့်အောင်လုပ်မယ်ဆိုတာကတော့ မဲလာပေးမဲ့သူတွေ သက်သေခံကဒ်ပြားမလိုပဲ ဘယ်သူမဆို လာပေးလို့ရအောင်ဖြစ်ပါတယ်။ ဒီမိုကရက်တွေက မဲပေးသူတွေ သက်သေခံ ID မလိုဖို့နဲ့ တရားမဝင်နေထိုင်သူတွေပါ မဲပေးခွင့်ရဖို့ တိုက်နေတာ ကြာပြီဖြစ်ပြီး အခုဆို ကိုဗစ်ကို အကြောင်းပြလို့ အားလုံးကို စာတိုက်ကသာ မဲပေးရအောင် နည်းမျိုးစုံနဲ့ ကြိုးစားနေကြတာပါ။ ဆေးလိပ် အရက်ဝယ်ရင်တောင် သက်သေခံ ID ပြရတဲ့နိုင်ငံမှာContinue reading “George Soros“
ရုရှားအရှုပ်တော်ပုံနဲ့ အမေရိကန်နိုင်ငံရေး
ကိုဗစ်ရောဂါကူးစက်ခံရပြီးနောက် ကုသစစ်ဆေးမှုများခံယူပြီး ဆေးရုံမှ ပြန်ဆင်းလာတဲ့ သမ္မတထရမ့် အိမ်ဖြူတော်ကို ပြန်ရောက်ပြီးနောက်တရက်မှာပဲ အမေရိကန်သမိုင်းမှာ အကြီးမားဆုံးနိုင်ငံရေးမသမာမှုကြီးကို ဖော်ထုတ်တွေ့ရှိခဲ့ပြီလို့ အမျိုးသားထောက်လှမ်းရေး အကြီးအကဲ John Ratcliffe က ဖွင့်ချလိုက်ပါတယ်။ အဲဒီ Russian Collusion/ Steele Dossier/ Trump-Russian Dossier လို့လည်း သိကြတဲ့ အဲဒီအရှုပ်တော်ပုံကို သမ္မတအိုဘားမားလက်ထက်က CIA Director John Brennan ရဲ့ လက်ရေးမှတ်စုကို အခြေခံပြီး ကွင်းဆက်ဖော်ထုတ်ရာမှာတော့ John Brennan ဟာ နိုင်ငံခြားရေးဝန်ကြီးဟောင်း ကလင်တန်က အဲဒီအချိန်က သမ္မတလောင်း ထရမ့်နဲ့ရုရှား ထောက်လှမ်းရေးတွေကို ဆက်စပ်ထောင်ချောက်ဆင်တဲ့အကြောင်း သမ္မတအိုဘားမားကို အစီရင်ခံခဲ့တာဖြစ်ပါတယ်။ သမ္မတအိုဘားမားရဲ့ မှတ်ချက်/တုန့်ပြန်ချက်ကို ချရေးထားပေမဲ့ အခုအချိန်မှာတော့ ဖျက်ထား/ခြစ်ထားပြီးသား ဖြစ်ပါတယ်။ ဟီလာရီကလင်တန်ရဲ့ နိုင်ငံခြားရေးမူဝါဒအကြံပေးတဦးကContinue reading “ရုရှားအရှုပ်တော်ပုံနဲ့ အမေရိကန်နိုင်ငံရေး”
သမ္မတကြီးထရမ့်ကို လူတွေဘာကြောင့်မုန်းကြသလဲ
လူတွေဟာ ကိုယ်နဲ့ထိတွေ့ပတ်သက်ခဲ့ဖူးခြင်းလဲမရှိတဲ့ လူတယောက်ကို၊ အဲဒီလူလုပ်တဲ့ ဆိုးကျိုးတွေကိုလည်း ကိုယ်တိုင် ကြုံတွေ့ခံစားနေရတာမဟုတ်ပါပဲနဲ့ အဲဒီလူကို မြင်တာနဲ့ ဆဲချင်လောက်အောင် မုန်းနေတယ်ဆိုရင် ဖြစ်နိုင်ပါ့မလားလို့ ထင်စရာရှိပါတယ်။ သိပ်ကိုဖြစ်နိုင်တယ်ဆိုတာ မြန်မာပြည်သူတွေသိကြမှာပါ။ လူတစုက တိုင်းပြည်အပေါ် မေတ္တာ စေတနာကလွဲလို့ မကောင်းတဲ့စိတ်အလျဥ်းမရှိတဲ့ လူတဦးကို စနစ်တကျ ပုံစံသွင်းထားတဲ့အတွက် မြင်လဲဆဲ မမြင်လဲဆဲ ဟုတ်၏ မဟုတ်၏မစဥ်းစားပဲလဲ ဆဲနေ မုန်းနေကြတာ မမေ့လောက်သေးဘူးထင်ပါတယ်။ အပေါ်ပိုင်းကလူတွေက စားပေါက်ပိတ်မှာမို့ မုန်းကြတယ်ဆိုရင် နားလည်နိုင်ပေမဲ့ အောက်ပိုင်းကလူတွေကပါ အားရပါးရအသားလွတ်မုန်းနေကြတာ နဲနဲနားလည်ရခက်မယ်ထင်ပါတယ်။ တထပ်ထဲတူတာမဟုတ်ပေမဲ့လည်း အမုန်းချင်းတော့မကွာခြားလှပါဘူး။ ဒါဆိုရင်တော့ လူတယောက်ကို မုန်း/မမုန်း မဆုံးဖြတ်ခင် သူ့အကြောင်းအရင် သိအောင်လုပ်သင့်တယ်လို့ သဘောတူကြမယ်ထင်ပါတယ်။ His background သမ္မတထရမ့်ဟာ အခုအချိန်မှာ သူဘာပဲလုပ်လုပ် လက်ဝဲယိမ်းတွေ မီဒီယာတွေနဲ့ သူတို့ကိုယုံကြည်သူများကြားမှာ မုန်းစရာ၊Continue reading “သမ္မတကြီးထရမ့်ကို လူတွေဘာကြောင့်မုန်းကြသလဲ“
အမေရိကန်ပြည်ထောင်စုက ပါတီကြီး၂ခုရဲ့ ရပ်တည်ချက်ကွဲပြားပုံ
၁။ Democrat: အနည်းဆုံး လုပ်ခစံသတ်မှတ်ချက်ကို မြှင့်တင်သတ်မှတ်သင့်တယ်။ ဒါမှ လူတွေ လုံလောက်တဲ့ဝင်ငွေရမယ်။ Republican: လုပ်ခဆိုတာ အလုပ်ရှင်နဲ့ အလုပ်သမားကြားက လွတ်လပ်တဲ့သဘောတူညီချက်ပါ။ ရိုးသား ကြိုးစားပြီး လေ့လာမှတ်သားတတ်တဲ့လူတွေရဲ့ လုပ်အားတန်ဖိုးက အမြဲတန်း မြင့်တက်နေမှာဖြစ်ပေမဲ့ ခိုကပ်တတ်တဲ့လူတွေ သင်ယူဖို့အားမထုတ်တဲ့လူတွေအတွက်ကတော့ အဲဒီလို မဖြစ်နိုင်ပါဘူး။ အနည်းဆုံးလုပ်ခဆိုတာ အတွေ့အကြုံမလိုတဲ့ ဘယ်သူမဆိုလုပ်လို့ရတဲ့ အလုပ်တွေများပါတယ်။ အဲဒါကို ဥပဒေနဲ့ မြှင့်လိုက်ရင် လုပ်ငန်းရှင်တွေက စရိတ်နည်းအောင် လူလျော့တာ၊ အခြားခံစားခွင့်လျော့တာ စတာတွေလုပ်ရပါတော့မယ်။ Free market မှာ လုပ်ခတွေဟာ အလုပ်ရှင်နဲ့ အလုပ်သမားကြားမှာ လွတ်လပ်စွာညှိယူကြရတာ ဖြစ်ပါတယ်။ ပေးတာနဲလွန်းရင် ကျွမ်းကျင်ဝန်ထမ်းတွေထိန်းထားဖို့ မလွယ်သလို ဝန်ထမ်းမမြဲတာနဲ့ အလုပ်တွင်ဖို့မလွယ်ပါဘူး။ လိုအပ်တဲ့ ကျွမ်းကျင်မှုမရှိပဲနဲ့ အများကြီးတောင်းရင်လည်း အလုပ်ဖြုတ်ဖို့ တောင်းဆိုသလိုဖြစ်နေမှာပါ။ အရေးကြီးတာက ကိုယ့်တာဝန်ကိုယ်ကျေကြဖို့နဲ့Continue reading “အမေရိကန်ပြည်ထောင်စုက ပါတီကြီး၂ခုရဲ့ ရပ်တည်ချက်ကွဲပြားပုံ”
California
ထူထဲတဲ့ တောင်တန်းတွေ သစ်တောတွေရှိပြီး Silicone Valley, Napa Valeey, Hollywood, Golden Gate, အစရှိတာတွေနဲ့ ကြော်ကြားတဲ့ California ပြည်နယ်မှာ အခုနောက်ပိုင်း နာမည်ကြီးစရာနောက်တခုထပ်တိုးလာတာကတော့ မီးပျက်တာပါတဲ့။ နိုင်ငံတနိုင်ငံလိုတွက်မယ်ဆိုရင်တော့ ကယ်လီဖိုးနီးယားဟာ ကမ္ဘာပေါ်မှာ နံပါတ် ၅ အဆင့်စီးပွားရေးအဆင့် ရှိနေပေမဲ့ နွေအကုန် ဆောင်းဦးအစောပိုင်း သစ်ရွက်ကြွေလေထန်တဲ့ အချိန်မျိုးမှာဆိုရင် ပြည်သူတွေ ရက်အတော်ကြာမီးဖြတ်ခံရတာ မဆန်းတော့တဲ့အဖြစ်ကို ရောက်နေပါပြီ။ မီးဖြတ်ရတဲ့အကြောင်းရင်းကတော့ အိုဟောင်းနေတဲ့ မီးတိုင်တွေကြောင့် မီးလောင်မှာကြောက်လို့ဖြစ်ပါတယ်။ ထူထဲတဲ့တောင်တန်းတွေ သစ်ကြိတ်သားတွေနဲ့ ဆောက်ထားတဲ့အိမ်တွေများပြီး နွေအခါမှာ ပူပြင်းခြောက်သွေ့တဲ့ရာသီဥတု ရှိတဲ့အတွက် မီးလောင်တာဟာ အဆုံးအရှုံးတော်တော်ကြီးသွားနိုင်တဲ့ ပြဿနာဖြစ်ပါတယ်။ တောမီးလောင်တာကတော့ မိုးကြိုးပစ်တာ၊ တောထဲစခန်းချ ချက်ပြုတ်စားသောက်ပြီး မီးသေချာငြှိမ်းမသွားတာ၊ ဆေးလိပ်တိုကို မီးမသတ်ပဲ ပစ်ချတာ၊ တမင်ရှို့တာစသဖြင့် အကြောင်းကြောင်းကြောင့်ဖြစ်နိုင်ပါတယ်။Continue reading “California”