ကမ္ဘာ့အချမ်းသာဆုံးတဲက တဦးဖြစ်တဲ့ George Soros က အမေရိကန်နိုင်ငံမှာ “systematic racism” ဆိုတာကို တိုက်ဖျက်ဖို့ အမေရိကန်ဒေါ်လာ သန်း ၂၂၀ သုံးဖို့ လျာထားလိုက်ပါတယ်။ အဲဒီထဲက သန်း၁၅၀ ကတော့ ၅နှစ်အတွင်း မဲပေးသူအခွင့်အရေးနဲ့ မဲပေးပိုင်ခွင့်တွေကို ပိုမိုကျယ်ပြန့်အောင် ချဲ့ထွင်ဖို့ဖြစ်ပါတယ်။ သူပြောချင်တဲ့ မဲပေးသူတွေက လူမဲ လူညိုတွေကို ရည်ရွယ်တာဖြစ်ပါတယ်။ မဲပေးခွင့်ကျယ်ပြန့်အောင်လုပ်မယ်ဆိုတာကတော့ မဲလာပေးမဲ့သူတွေ သက်သေခံကဒ်ပြားမလိုပဲ ဘယ်သူမဆို လာပေးလို့ရအောင်ဖြစ်ပါတယ်။
ဒီမိုကရက်တွေက မဲပေးသူတွေ သက်သေခံ ID မလိုဖို့နဲ့ တရားမဝင်နေထိုင်သူတွေပါ မဲပေးခွင့်ရဖို့ တိုက်နေတာ ကြာပြီဖြစ်ပြီး အခုဆို ကိုဗစ်ကို အကြောင်းပြလို့ အားလုံးကို စာတိုက်ကသာ မဲပေးရအောင် နည်းမျိုးစုံနဲ့ ကြိုးစားနေကြတာပါ။ ဆေးလိပ် အရက်ဝယ်ရင်တောင် သက်သေခံ ID ပြရတဲ့နိုင်ငံမှာ အရေးအကြီးဆုံးဖြစ်တဲ့ မဲပေးတဲ့ကိစ္စလိုမျိုးမှာ သက်သေခံ ID မလိုစေရ၊ တရားမဝင်နေထိုင်သူတွေပါ မဲပေးရမယ်ဆိုရင် အဲဒီရွေးကောက်ပွဲက ဘယ်လိုလုပ်တရားမျှတမှု ရှိမလဲဆိုတာ ကလေးအသိဉာဏ်မျိုးနဲ့တောင် သိနိုင်တဲ့ကိစ္စပါ။ ရီပါဘလစ်ကန်တွေက တရားဝင်နေထိုင်သူတွေပဲ မဲပေးခွင့်ရဖို့နဲ့ မဲလာပေးသူတွေ သက်သေခံ ID ယူလာဖို့ ပြောတိုင်း racist, white supremist စတဲ့ နာမည်ဆိုးတပ်ကြပါတယ်။ စဥ်းစားကြည့်ကြပေါ့။
Soros ရဲ့နောက်ကြောင်းကို ပြောရမယ်ဆိုရင်တော့ သူဟာ ဂျာမဏီကသိမ်းထားတဲ့ ဟန်ဂေရီနိုင်ငံမှ ဂျူးလူမျိုးဖြစ်ပြီး သူ့ဖခင်က ဂျာမဏီကလာတဲ့ အစိုးရအရာရှိတဦးကို အသက်၁၄နှစ်သာရှိသေးတဲ့ George Soros ဖြစ်လာမဲ့ကလေးကို နာမည်အတု စာရွက်စာတမ်းအတုတွေနဲ့ ပိုက်ဆံပေးပြီး ခရစ်ယာန်ကလေးတယောက်အနေနဲ့ မွေးစားဖို့အပ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ဟန်ဂေရီမှာရှိတဲ့ ဂျူးလူမျိုးတွေရဲ့ မြေတွေ စက်တွေ ပစ္စည်းတွေကို သိမ်းပြီး ဂျာမဏီက သေမင်းတမန်စခန်းတွေကို ဖမ်းပို့ရာမှာ George Soros ကလေးက အတွင်းသစ္စာဖောက်အနေနဲ့ ကူညီခဲ့ပါတယ်။ အသက်၆၀ကျော်မှ မေးတဲ့ အင်တာဗျူးတခုမှာ ဖြေသွားတာကတော့ သူက အခြေအနေအရ ဒီလိုပဲလုပ်ရတာမို့ နောင်တမရပါဘူးလို့ ဖြေသွားတာပါ။ သူ့သမိုင်းနဲ့ စိတ်ဓါတ်ကို ပြချင်တာပါ။
စစ်ကြီးပြီးတော့ London ငွေကြေးစျေးကွက်မှာသွားအလုပ်လုပ်တာ အောင်မြင်လာခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စုက လုပ်ငန်းရှင်တွေနဲ့ အဆက်အသွယ်ရပြီး ၁၉၅၉မှာ ငွေကြေးစျေးကွက် အချက်အချာဖြစ်တဲ့ New York မြို့ကို ပြောင်းရွေ့ အခြေချခဲ့ပါတယ်။
သမ္မတနစ်ဆင်ရာထူးကနှုတ်ထွက်တဲ့ကိစ္စ၊ လောင်စာဆီမလုံလောက်မှု၊ အီရန်မှာ အမေရိကန်တွေကို ဓါးစာခံထားမှု နဲ့ ယင်းကိစ္စအပေါ် သမ္မတကာတာက ပါးပါးနပ်နပ် မကိုင်တွယ်နိုင်ခဲ့တာတွေကြောင့် စျေးကွက်ကြီးတခုလုံး နှစ်ရှည်လများ ကမောက်ကမဖြစ်နေခဲ့တာမှာ အမြတ်ထွက်ခဲ့တဲ့ လူနဲစုလေး ထဲမှာ Soros တယောက်ပါဝင်ခဲ့ပါတယ်။ ၂၀၀၀ခုနှစ်လောက်က ဖြစ်ခဲ့တဲ့ အိမ်မြေစျေးကွက် ပျက်တဲ့ အချိန်မှာလည်း အကြီးအကျယ်အမြတ်ထွက်ခဲ့သေးတာပါ။ အောင်မြင်လာလေ သူ့စိတ်ထဲမှာ သူ့ကိုယ်သူ ဖန်ဆင်းရှင်လောက်နီးပါး မြင်နေတဲ့ ထင်မြင်ချက်က ကြီးလာလေပါပဲ။
George Soros တို့ Bill Gates တို့လို့ Elite တွေ Globalists တွေပေါင်းပြီး ကမ္ဘာကြီးကို one world order ဖြစ်ဖို့ လုပ်နေကြတာတော့ ကြားနေတာကြာပါပြီ။ သူ့စိတ်ထဲ ခုလိုဖြစ်နေခဲ့တာ အမေရိကကို မရောက်ခင်ထဲကဆိုတာကတော့ ခုမှ ဖတ်ရတာပါ။ Soros ရဲ့ Open Society Foundation ဟာလည်း နိုင်ငံတွေရဲ့ အချုပ်အချာအာဏာပိုင်မှုကို ပျက်သုဥ်းစေဖို့ ရည်ရွယ်တာပါတဲ့။ ကမ္ဘာမှာ မငြိမ်မသက် တခုခုဖြစ်ပြီဆိုရင် သူ့လက်ချက်မှ ကင်းရဲ့လားလို့ သံသယရှိစရာဖြစ်နေတာပါ။ ကမ္ဘာနဲ့ချီပြီးမွှေနေတဲ့ ဆူပါအမွှေစိန်လို့ ပြောရင် မှားမယ်မထင်ပါဘူး။
အခု အမေရိကန်မှာဖြစ်နေတဲ့ ဆူပူမှုတွေက လချီကြာလာလည်း လျော့မသွားတာကို ကြည့်ရင် အဲဒီလူတွေက ပုံမှန်အလုပ်မရှိတာ သေချာပါတယ်။ အဲဒီဆူပူမှူကိုပဲ အလုပ်တခုလိုလုပ်နေကြတာနဲ့ တချို့နေရာတွေမှာ တဦးဦး တဖွဲ့ဖွဲ့က baseball bats တွေ bricks တွေ သေချာလာချပေးထားတာကို ကြည့်ရင် တော်တော်ငွေကြေး အဆက်အသွယ်တောင့်တဲ့လူ/ အဖွဲ့တခုခုက စီစဥ်နေတာတော့ သေချာပါတယ်။ နောက်တခုကလည်း အမေရိကန်လို နိုင်ငံမျိုးမှာတောင် common sense နဲ့ ဘယ်လိုမှ စဥ်းစားလို့ မဖြစ်နိုင်ဘူးထင်ရတဲ့ မဲပေးသူတွေ ID မလိုရေး၊ တရားမဝင်နေသူတွေ မဲပေးခွင့်ရရေးဆိုတာတွေကို ဒီမိုကရက်တွေနဲ့ပေါင်းပြီး လုပ်နေကြတာပါ။ ကျန်တဲ့လက်မဲကြီးတွေ ဖြစ်တဲ့ တရုတ်/ကွန်မြူနစ်အုပ်စုနဲ့ Muslim Brotherhood တွေကလည်း တိုင်းပြည်ပျက်ရာ ပျက်ကြောင်း နည်းမျိုးစုံနဲ့ ကြံဆောင်နေကြတာဆိုတော့ သူတို့ရဲ့ နောက်ဆုံးရည်မှန်းချက်က ဘယ်လိုပဲကွဲကွဲ လောလောဆယ်တော့ အပျက်ဖက်က တော်တော်အရှိန်ရနေတယ်ဆိုရင် ဘာလုပ်သင့်တယ်ဆိုတာ စဥ်းစားသင့်ကြပါပြီ။