နိုဝင်ဘာ ၂၅ ရက် ၂၀၂၁

တရုပ်က အမေရိကန်ကို အနိုင်တိုက်လိုက်နိုင်တယ်ဆိုတဲ့ ဇတ်လမ်းကို ဖော်ကြူးတဲ့ The Battle at Lake Changjin ရုပ်ရှင်ကို ရုံတင်ပြသလိုက်ပါတယ်။ အဲဒီ စစ်ကားကို ဒေါ်လာ သန်း၂၀၀ အကုန်အကျခံ ရိုက်ကူးထားပြီး တရုပ်ပြည်တွင်းမှာ အလွန်အမင်း လူကြိုက်များနေတယ်လို့ ဆိုပါတယ်။ တရုပ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ စောင်လိကျန်က ခေါင်းဆောင်မင်းသား ဝူကျင်ကို ဂုဏ်ပြုလွှာပေးပို့ထားပါတယ်။ (သူတို့ဆီမှာ ပေါ်လစီကားရိုက်ပေးတဲ့သူတွေ တိုက်ခန်းတွေ မြေကွက်တွေ ရကြလားဆိုတာတော့ သိချင်ပါတယ်။) လက်ရှိမှာ တရုပ်နဲ့ အမေရိကန်ဆက်ဆံရေးက တင်းမာနေတယ်လို့ ဆိုပါတယ်။ ဘိုင်ဒန်က ၂၀၂၂ ဆောင်းရာသီအိုလံပစ်ကို သပိတ်မှောက်မယ်လို့ စဥ်းစားနေကြောင်း အရင်အပတ်က ပြောသွားတယ်လို့ သိရပါတယ်။ (အဲဒါကတော့ ဒီမိုကရက်တွေ ကျွမ်းကျင်တဲ့ အလုပ်ပါပဲ၊ မိုးပြော ဂျိုးပြောနဲ့ တကယ်တမ်းကျတော့ အဖျားရှုးဦးမှာပါ။ လူတွေ သိပ်မသိတာက သူတို့မိုးပြောနေတုန်းဆို မီဒီယာမှာ ပြူးပြဲနေအောင် ပါပြီး သူတိုအဖျားရှုးသွားတာဆို မီဒီယာက ရူးချင်ယောင် ဆောင်နေတတ်ကြလို့ပါ။ တရုပ်ဆီက စားထား မျိုထားသူတွေထုံးစံအတိုင်း တရုပ်ညိုငြင်မယ့်အလုပ် ဘယ်တော့မှ မလုပ်ဖူးဆိုတာ မယုံရင် စောင့်ကြည့်ကြပါ။)

ဘိုင်ဒန်အစိုးရက ကိုလံဘီယာက ကွန်မြူနစ်သူပုန်တွေကို နိုင်ငံခြားအကြမ်းဖက်အဖွဲ့အစည်းတွေ စာရင်းကနေ ဖယ်ရှားဖို့ ကြိုးစားနေတာကို ဖလော်ရီဒါဂါဗာနာက ဆန့်ကျင်ကန့်ကွက်လိုက်ပါတယ်။ အဲဒီသူပုန်တွေက သူတို့ရံပုံငွေနဲ့ ရပ်တည်ဖို့အတွက် ပြည်သူဆီက အတင်းအဓမ္မ လုယူ/ဓါးပြတိုက်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ဘီလီယံနဲ့ချီတန်ဖိုးရှိတဲ့ မူးယစ်ဆေးမှောင်ခိုလုပ်ခြင်း စတာတွေ ပြုလုပ်ပြီး အစိုးရကို ပျောက်ကြားစစ်နဲ့ တိုက်နေတာ ၂၀၁၆က ရာစုဝက် ကျော်လာခဲ့ပါပြီ။ ၂၀၁၆မှာတော့ လက်ဝဲစွန်းသူပုန်တွေက ငြိမ်းချမ်းရေး စာချုပ်မှာ လက်မှတ်ထိုးခဲ့ပြီး အဲဒီစာချုပ်ကတော့ အကောင်အထည် ဖော်ဆဲအဆင့်မှာပဲ ရှိပါသေးတယ်။ ကိုလံဘီယာမှာ ပြည်တွင်းစစ်ကြောင့် လူပေါင်း သိန်းချီ သေဆုံးခဲ့ပြီး သန်းနဲ့ချီ အခြေပျက်ခဲ့ပါတယ်။ မိသားစုတွေတော်တော်များများက ဖလော်ရီဒါမှာ ပြောင်းရွှေ့အခြေချခဲ့ပါတယ်။ အဲဒီသူပုန်တွေက ဓနဥစ္စာ ပြန်လည်ဖြန့်ဖြူရေးခေါင်းစဥ်အောက်မှာ အပြစ်မဲ့ပြည်သူတွေကို ဗုံးခွဲခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်းများအပါအဝင် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း၊ အဲဒါကြောင့် အဲဒီလူတွေကို အကြမ်းဖက်စာရင်းက ပယ်ဖျက်တာဟာ ဖလော်ရီဒါမှာ ရောက်နေတဲ့ ကိုလံဘီယန်တွေကို စော်ကားသလို ဖြစ်နေကြောင်း ဒီဆန်းတစ်စ်က ဝေဖန်လိုက်ပါတယ်။

ဘိုင်ဒန်အစိုးရက ထရမ့်လက်ထက်က တောင်ပိုင်းနယ်စပ်ကနေ အမေရိကန်မှာ ခိုလှုံခွင့် လျောက်ထားသူတွေကို မက္ကဆီကိုထဲမှာပဲ စောင့်ပြီး ခွင့်ပြုချက်ကျမှသာ ဒီဖက်ကို လိုအပ်တာတွေ စစ်ဆေးပြီး ဝင်ခွင့်ပြုခဲ့ပါတယ်။ ဘိုင်ဒန်တက်တက်ချင်း အဲဒီပေါ်လစီကို ရပ်နေနားပစ်လိုက်တဲ့အတွက် နိုင်ငံပေါင်း ၁၆၀က ခိုလှုံခွင့် လျောက်ထားချင်သူများ နယ်စပ်ကနေ အတားအဆီးမရှိ ဝင်လာပါတယ်။ အတားအဆီးမရှိဆိုတာက နယ်စပ်ပြည်နယ်တွေက တားကြပေမယ့် အရင်းအမြစ် မလုံလောက်တာရယ် ဖက်ဒရယ်အစိုးရက ပြည်နယ်တွေက တားမြစ်နေတာတွေကို အရေးယူ ကဖျက်ယဖျက် လုပ်ကြတဲ့အတွက် ထိထိရောက်ရောက် မတားနိုင်ကြပါဘူး။

အခုတော့ အဲဒီကိစ္စကို ပြည်နယ်တွေက ဖက်ဒရယ်အစိုးရကို တရားစွဲခဲ့တဲ့နောက်ပိုင်း တရားရုံးက ထရမ့်လက်ထက်က မက္ကဆီကိုထဲမှာ စောင့် ဆိုတဲ့ ပေါ်လစီကို ပြန်လည်ကျင့်သုံးဖို့ အမိန့်ချခဲ့ပါတယ်။ ဘိုင်ဒန်အစိုးရက ရှေ့အပတ်လောက်ကစပြီး ထရမ့်လက်ထက်က ပေါ်လစီကို ပြန်ပြောင်းကျင့်သုံးမယ်လို့ သိရပါတယ်။ မက္ကဆီကိုထဲမှာ စောင့်မယ်လို့ စာရင်းပေးသူတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးဖို့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ (သူတို့သဘောနဲ့သူတို့ စာရင်းပေးမှဆိုရင်တော့ ဒါက လက်တလုံးခြားလုပ်တာပဲဖြစ်မှာပါ။ ဒီဖက်ထဲ ရောက်လာပြီးရင်လဲ ဆေးက ဘယ်မှာမဆို မည်သူမဆို အခမဲ့ထိုးလို့ ရနေတာဆိုတော့ ဘိုင်ဒန်အစိုးရရဲ့ ဆွဲဆောင်မှုက အဖြစ်/ဟန်ပြပဲ ဖြစ်မယ်လို့ ထင်ပါတယ်။

(ဒီနေရာမှာ ကြုံတုံးပြောချင်တာတခုက ပြည်သူတွေကို ကိုဗစ်ရန်က ကာကွယ်ဖို့ ကာကွယ်ဆေးတွေ အတင်းထိုးခိုင်း၊ နှာခေါင်းစည်းတွေ တပ်ခိုင်းနဲ့ အမိန့်ထုတ်နေတာတွေက ပြည်သူတွေ အန္တရာယ်ကင်းဖို့  အမှန်တကယ် ရည်ရွယ်တယ်ဆိုရင် နယ်စပ်ကနေ ကိုဗစ်ပိုးသယ်ဆောင်လာနိုင်ခြေ များတဲ့သူတွေကို အခုလို တံခါးမရှိ ဓါးမရှိ ဖွင့်ပေးမှာ မဟုတ်ဘူးဆိုတာ နဲနဲစဥ်းစားရင်တောင် သိနိုင်ပါတယ်။)

ခေါင်းဆောင်မဲ့နေသလို ဖြစ်နေတဲ့ အမေရိကန်ကို ကမ္ဘာတဝှမ်းက ရန်လိုတဲ့နိုင်ငံတွေက စိတ်ဓါတ်စစ်ဆင်ရေးလုပ်နေကြတာမှာ ကနေ့တွေ့ရတဲ့ နောက်သတင်းတပုဒ်ကတော့ အီရန်ရဲ့ အရံစစ်တပ်က ထုတ်လုပ်လိုက်တဲ့ Save The Freedom လို့ အမည်ပေးထားတဲ့ ဂိမ်းပါပဲ။ ကယ်ရမှာက ဘာဖရီးဒမ်းကိုမှ မဟုတ်ပဲ ဂျော့ဂျ်ဖလွိုက်ရဲ့ အသက် ဖြစ်နေတာပါ။ အဲဒီ အကြံဉာဏ်ကိုတော့ IRGC General Mohammad Reza Naghdi က စက်တင်ဘာ ၂၀၂၀ တုန်းက  Basij digital conference မှာ ပေးခဲ့တာဖြစ်ပါတယ်။ အဲဒီဂိမ်းမှာ ခက်ခဲမှုအဆင့် ၃၀ ရှိပြီး ဘီအယ်လ်အမ်နဲ့ အန်တီဖာတွေ ဒီမိုကရက်တွေ အကြိုက်တွေ့မယ့် ဂိမ်းမျိုး ဖြစ်ပုံရပါတယ်။ ထုတ်လုပ်သူကလည်း အမေရိကန်ကို ရန်လိုသူဖြစ်တဲ့အတွက် အဲဒီဂိမ်းကိုဆော့ရင်း ဦးနှောက်အဆေးခံရပြီး အမှားကို အမှန်ထင် အမှန်ကို အမှားထင်သွားနိုင်တဲ့ အန္တရာယ်ရှိတဲ့အပြင် ရဲတွေကို ဘယ်လိုပြန်ချမယ်ဆိုတာကိုပါ လေ့ကျင့် ဇတ်တိုက်သလို ဖြစ်နိုင်နေပါတယ်။

ဝေါလ်မတ်မှာ ၁ နှစ် -၂ နှစ်အရွယ် ကလေးငယ်လေးတွေအတွက် ရောင်းချနေတဲ့ English, Spanish, Polish ၃ဘာသာ သီချင်းဆိုတဲ့ ကန္တာရပင်အရုပ်ကလေးက ဆိုနေတဲ့ သီချင်းက ချက်ခ်ဘာသာနဲ့ ကိုကင်းမူးယစ်ဆေး စွဲတဲ့အကြောင်း၊ သေတဲ့အကြောင်းနဲ့ ကြမ်းတမ်းတဲ့ စကားလုံးတွေ ပါဝင်နေတာကို ကနေဒါနေ ဝယ်ယူသူ ပေါလစ်ရှ်အမျိုးသမီးကြီးမှ ကြားလိုက်တဲ့အကြောင်း ကနေဒါတီဗီကို ပြောကြားလိုက်ပါတယ်။​ နောက်တဦးကလည်း တွဒ်တာမှာ တင်ထားတာ တွေ့ရပြီး ဝေါလ်မတ်က အဲဒီအရုပ်တွေကို ဆက်လက်ရောင်းချခြင်း မပြုတော့ဘူးလို့ သိရပါတယ်။ ထုတ်လုပ်သူကတော့ ထုံးစံအတိုင်း တရုပ်ပြည်ပဲ ဖြစ်ပါတယ်။

ဒီကနေ့က အမေရိကန်မှာ ကျေးဇူးတော်နေ့ဖြစ်ပါတယ်။ ကျေးဇူးတော်နေ့ရဲ့ နောက်မှာ Black Friday အမြဲလာပါတယ်။ ဆိုင်ကြီးတွေ သူ့ထက်ငါ လျော့ရောင်းကြလို့ အရင် အရှုံးပြနေ (စာရင်းထဲမှာ အနီရောင်/အနှုုတ်လက္ခဏာ ပြနေရင်တောင် Thanksgiving ပြီးတဲ့ နောက်တရက်မှာ အရင်းကြေ/အမြတ်ထွက်ကြလို့ Black Friday လို့ ခေါ်ရာက အမည်တွင်သွားတယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီကိစ္စက လူမျိုးရေး/ အသားအရောင်နဲ့ မဆိုင်ဘူးဆိုတာ အမေရိကန်တိုင်း သိလိမ့်မယ်လို့ မျှော်လင့်ရပေမယ့် ကောလိပ်ကျောင်းသား/သူတွေကို အင်တာဗျူးလိုက်လုပ်တဲ့ အစီအစဥ်မှာတော့ တချို့က လူမည်းကို ညွှန်းတာထင်လို့ စော်ကားတဲ့အသုံးအနှုန်း အမည်ကို ပြောင်းလဲပစ်သင့်ကြောင်း ပြောကြပြီး အများစုက Black Friday ဆိုတာကို အမည်ပြောင်းသင့်တယ်လို့ ထင်ကြပါတယ်။​ ဒါတွေက ကျောင်းစာထဲမှာ မပါရင်တောင် DuckDuckGo မှာ တချက်လောက် ရိုက်ထည့်လိုက်ရင် သိနိုင်နေတာပါ။ အဲဒါတွေတွေ့တော့ ကနေ့ပညာတတ်ဆိုတဲ့လူငယ်တွေက စာမေးပွဲအောင်ရုံလောက် သိပြီး သိသမျှကလည်း လက်ဝဲအာဘော်တွေကို သံယောင်လိုက်ဖို့ပဲ ဖြစ်နေတယ်ဆိုတာ မှန်နေတော့ တိုင်းပြည်အနာဂတ်အတွက် စိုးရိမ်သွားမိပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: