CURRENT COMMUNIST GOALS

Congressional Accord 1963

FBI​ဝန်ထမ်းဟောင်းတဦးဖြစ်တဲ့ Willard Cleon Skousen က ထောက်လှမ်းရေးလုပ်ခဲ့တဲ့ အတွေ့အကြုံတွေပေါ်မှာ မူတည်ပြီး အမေရိကန်ကို ကွန်မြူနစ်တွေ ထိုးဖောက်လွှမ်းမိုးဖို့ ကြိုးစားနေတဲ့အကြာင်းကို ပြည်သူတွေ သိရှိနိုင်ဖို့ ၁၉၅၈မှာ The Nacked Communist အမည်နဲ့ စာအုပ်ကို ရေးသားထုတ်ဝေခဲ့ပါတယ်။ သူရေးခဲ့တဲ့ ကွန်မြူနစ်ရည်မှန်းချက် ၄၅ ချက်ကို ကွန်ဂရက်စ်မှာ အဲဒီတုန်းက ဖလော်ရီဒါမှ ဒီမိုကရက်အမတ် Mr. Albert Sydney Herlong Jr. က ဖတ်ကြားသွားခဲ့ပါတယ်။

Mr. Herlong က ၁၉၈၅ အစပိုင်းအထိ​ ဒီမိုကရက်ပါတီဝင်အဖြစ် ရှိနေခဲ့ပေမယ့် ၁၉၈၅ နှောင်းပိုင်းစပြီး သေဆုံးသည်အထိ ရီပါဘလစ်ကန်အဖြစ် ခံယူခဲ့ပါတယ်။ သူ့ကို အမေရိကန်တွေ ရင်ဆိုင်နေရတဲ့ ကွန်မြူနစ်အန္တရာယ်ကို ကွန်ဂရက်စ်မှာ ဖတ်ကြားဖို့ တွန်းအားပေးခဲ့သူက ဖလော်ရီဒါက Mrs. Patricia Nordman ဖြစ်ပါတယ်။

The Nacked Communist စာအုပ်ကလည်း ဖတ်သင့်တဲ့စာအုပ်တခုပါပဲ။ အမေရိကန်မှာ ကွန်မြူနစ်အန္တရာယ် ရှိနေခဲ့တာကြာခဲ့ပြီဆိုပေမယ့် လူထုက လက်မခံလို့ ထင်ထင်ပေါ်ပေါ်မရှိခဲ့တာမှာ အိုဘားမားတက်လာပြီးနောက်ပိုင်းကျမှ အရှိန်အဟုန်နဲ့ ဘီးတပ်ဆင်းတော့တာပါ။ အခုဖြစ်နေတာတွေနဲ့ ချိန်ထိုးစဥ်းစားနိုင်အောင် အဆုံးအထိ ဖတ်ကြပါလို့ တိုက်တွန်းပါတယ်။


1. U.S. acceptance of coexistence as the only alternative to atomic war.

နျူကလီးယားစစ်ပွဲတွေကို ရှောင်ရှားဖို့အတွက် အတူယှဉ်တွဲနေထိုင်ရေးဆိုတာကို အမေရိကန်က (အတိုက်အခံမလုပ်ပဲ အသာတကြည်) လက်ခံလာအောင်လုပ်ဖို့ပါ။ 


2. U.S. willingness to capitulate in preference to engaging in atomic war.

နျူစစ်ပွဲတွေကို ရှောင်ရှားဖို့ အမေရိကန်က တက်တက်ကြွကြွ ကြိုးစားနေပါတယ်ဆိုတာကို သက်သေပြတဲ့အနေနဲ့ ကွန်မြူနစ်တွေ အကျပ်ကိုင်တိုင်း အမေရိကန်က လိုက်လျောစေချင်တာပါ။


3. Develop the illusion that total disarmament [by] the United States would be a demonstration of moral strength.

စိတ်ဓါတ်ကောင်းမွန်ကြံ့ခိုင်သူတွေဖြစ်ကြောင်း ပြသတဲ့အနေနဲ့ အမေရိကန်ကို အလုံးစုံ လက်နက်ဖျက်သိမ်းစေဖို့ ဆွေးနွေးပွဲတွေ ကျင်းပရမယ်။ 

ဒီအချက်ကို ခေတ်နဲ့ ပိုကိုက်အောင် ပြောမယ်ဆိုရင် ရာသီဥတုပြောင်းလဲမှုကို ကုစားဖို့အတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ GDP နဲ့စာရင် ပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံး ဖြစ်ပြီး ပြည်တွင်း စွမ်းအင် ဖူလုံတည်ငြိမ်နေတဲ့ အမေရိကန်ပြည်ထောင်စုကို အကုန်အကျ ကြီးမားပြီး စိတ်မချရသေးတဲ့ စွမ်းအင်တွေနဲ့ အလျင်စလို ပြောင်းလဲစေတာဖြစ်ပါတယ်။ စက်မှုနိုင်ငံကြီးတွေအားလုံးပေါင်းထက် ပတ်ဝန်းကျင်အပေါ် ဆိုးကျိုး သက်ရောက်နေတဲ့ တရုပ်ပြည်ကိုကျတော့ ဘာကိုမှ ဟုတ်တိပတ်တိ လိုက်နာမနေစေတဲ့ ပဲရစ်စ် ရာသီဥတုသဘောတူညီချက်ကို ဘယ်သူ/ ဘယ်ပါတီက တွန်းနေသလဲဆိုတာတော့ သိကြမှာပါ။ သိလည်း သိသင့်ပါတယ်။

4. Permit free trade between all nations regardless of Communist affiliation and regardless of whether or not items could be used for war.

ကွန်မြူနစ်နိုင်ငံဖြစ်လို့၊​ စစ်ပွဲတွေမှာ သုံးမှာစိုးလို့ စတဲ့ အကန့်အသတ်တွေ ဘာမှမထားတဲ့ လွတ်လပ်တဲ့ ကုန်သွယ်မှုကို ခွင့်ပြုစေချင်တာပါ။ သမိုင်းကိုပြန်ကြည့်ရင် လွတ်လပ်တဲ့ ကုန်သွယ်မှုကို အာဏာရှင်နိုင်ငံကြီးတွေက ဘယ်တုန်းကမှ အလျော့မပေးခဲ့တာ တွေ့မှာပါ။ ထရမ့်တယောက်ပဲ ကွန်မြူနစ်တွေ ပြိုင်ဖက်နိုင်ငံတွေကို ကိုင်နိုင်ခဲ့တယ်ဆိုတာကိုလည်း ထင်ထင်ရှားရှားတွေ့မှာပါ။ ကျန်တဲ့ သမ္မတတွေက အဲဒီလောက် ဇမရှိသလို ဘာကိုမှ သိပ်ခေါင်းခြောက်မခံပဲ အသာမျှောလိုက်ခဲ့ကြလို့ တရုပ်ဒီလောက် လူပါးဝလာတယ်လို့ ပြောနိုင်ပါတယ်။ 

5. Extension of long-term loans to Russia and Soviet satellites.

အဲဒီအချိန်က ရုရှားနဲ့ သူ့ရဲ့မဟာမိတ်တွေကို ကာလရှည်ချေးငွေ သက်တမ်းတိုးပေးဖို့ပါ။

6. Provide American aid to all nations regardless of Communist domination.

အမေရိကန်ရဲ့ အထောက်အပံ့ကို ကွန်မြူနစ် ဟုတ်ဟုတ် မဟုတ်ဟုတ် ပေးဖို့ ပြောထားတာပါ။ အဲဒါကိုကြည့်ရင်တောင် ကွန်မြူနစ်က သဘာဝဘေးနဲ့ သူတို့ရဲ့ စီမံခန့်ခွဲမှုအမှားတွေကြောင့် ဖြစ်လာတဲ့ အငတ်ဘေး စတာတွေအပေါ် အရင်းရှင်တွေရဲ့ အထောက်အပံ့ကို မျှော်နေတာ သိနိုင်ပါတယ်။ ကိုယ်အသုံးမကျတာကို အမှန်မြင်အောင်မကြည့်ပဲ​အရင်းရှင်စနစ်ကို ရမယ်ရှာတဲ့ ပိန်းဥတွေ များလာလို့ အရင်းရှင်နိုင်ငံတွေ နည်းသွားရင် သူ့ငါမကယ်နိုင် ငါ့သူမကယ်နိုင်နဲ့ အလယ်ခေတ်တွေတုန်းကလို ဖြစ်ကြဦးမှာပေါ့။

7. Grant recognition of Red China. Admission of Red China to the U.N.

ကွန်မြူနစ်တရုပ်ကို အသိအမှတ်ပြုဖို့၊ ယူအန်န်ကို ဝင်ခွင့်ပေးဖို့ တိုက်တွန်းတာပါ။ ကွန်မြူနစ်ချင်း ဘယ်လောက်ပဲ မတည့် မတည့် ကိုယ့်အားနည်းချက်နဲ့ကိုယ်ဆိုတော့ အာဏာရှင်ချင်း အပြန်အလှန် အားဖြည့်နေရတာပါပဲ။

8. Set up East and West Germany as separate states in spite of Khrushchev’s promise in 1955 to settle the German question by free elections under supervision of the U.N.

ဂျာမနီနှစ်နိုင်ငံခေတ်က ဆက်ခွဲထားဖို့ကို တွန်းနေတာ ကွန်မြူနစ်တွေပါ။ ဆိုဗီယက်က ကရူးရှက်ဗ်က ကုလရဲ့ ကြီးကြပ်မှုအောက်မှာ ရွေးကောက်ပွဲတွေ ပြန်လုပ်ပေးပါမယ်လို့ ကတိပြုထားခဲ့ပေမယ့် အာဏာရှင်တွေ ထုံးစံအတိုင်း ဘာကတိမှ မတည်ခဲ့ပါဘူး။

9. Prolong the conferences to ban atomic tests because the United States has agreed to suspend tests as long as negotiations are in progress.

အမေရိကန်က ဆွေးနွေးပွဲတွေရှိနေသ၍ နျူလက်နက်စမ်းသပ်မှုတွေကို ရပ်တံ့ထားဖို့ သဘောတူထားတဲ့အတွက် ဆွေးနွေးပွဲတွေကို ကြာသထက်ကြာအောင် အချိန်ဆွဲထားစေချင်တာပါ။ 

10. Allow all Soviet satellites individual representation in the U.N.

ဆိုဗီယက်အဆွယ်အပွါးတွေ အားလုံ/ကို ယူအန်န်မှာ ဝင်ခွင့်ရစေချင်တာပါ။ ယူအန်န်ထဲရောက်လာရင် အလှည့်နဲ့ ကော်မီတီတွေမှာပဲ ပါပါ၊ မဲခွဲရင်ပဲဖြစ်ဖြစ် ကိုယ့်လူများလေ ကောင်းလေဖြစ်လို့ပါ။

11. Promote the U.N. as the only hope for mankind. If its charter is rewritten, demand that it be set up as a one-world government with its own independent armed forces. (Some Communist leaders believe the world can be taken over as easily by the U.N. as by Moscow. Sometimes these two centers compete with each other as they are now doing in the Congo.)

ယူအန်န်ကို လူသားတွေရဲ့ တခုတည်းသော မျှော်လင့်ချက်အဖြစ် ပုံဖော်ကြော်ငြာပေးပြီး တကယ်လို့ ချာတာကို ပြန်ပြင်ရေးဖြစ်ခဲ့ရင် ကိုယ်ပိုင်တပ်တွေ ထားရှိပြီး ကမ္ဘာရဲ့ တခုတည်းသောအစိုးရအဖြစ် တည်ထောင်ဖို့ တောင်းဆိုဖို့ တိုက်တွန်းထားတာပါ။ တချို့ကွန်မြူနစ်ခေါင်းဆောင်တွေက ကမ္ဘာကြီးကို မော်စကိုကပဲဖြစ်ဖြစ် ယူအန်န်ကပဲဖြစ်ဖြစ် လွယ်လွယ်လေး သိမ်းလိုက်နိုင်တယ်လို့ ယုံကြည်နေကြပါတယ်။ အဲဒီအချိန်တုန်းကတော့ ကွန်ဂိုမှာ ယူအန်န်ရော ရုရှားရော ခြေရှုပ်နေခဲ့ကြတာပါ။

12. Resist any attempt to outlaw the Communist Party.

ကွန်မြူနစ်ပါတီကို တရားမဝင်ကြေငြာမယ့် အားထုတ်မှုမှန်သမျှကို ဆန့်ကျင်ဖို့ပါ။

13. Do away with all loyalty oaths.

ကတိကဝတ်တွေ ကျေးဇူးခံ ကျေးဇူးစားတွေ သစ္စာခံတွေ အားလုံးကို ခဝါချထားဖို့ပါ။ ကွန်မြူနစ်တွေက အာဏာရှင်တွေဆိုတော့ အာဏာရှင်တွေ ထုံးစံအတိုင်း ကျင့်ဝတ်တွေ ကတိကဝတ်တွေ သစ္စာတွေ အားလုံး မြောင်းထဲ ပို့ထားလိုက်တာပါပဲ။                     

14. Continue giving Russia access to the U.S. Patent Office.

ရရှားကို အမေရိကန်ရဲ့ မူပိုင်ခွင့်မှတ်ပုံတင်ရုံးကို ဆက်လက်ဝင်ထွက်ခွင့်ပေးဖို့ပါ။ အကြံဉာဏ်အသစ်တွေ တီထွင်မှုအသစ်တွေက အင်အားကောင်းတဲ့ အရင်းရှင်စနစ်ရှိတဲ့ အမေရိကန်မှာပဲ ရှိတာကို ပေါ်လွင်စေတာပါ။

15. Capture one or both of the political parties in the United States.

အမေရိကန်ရဲ့ ပါတီကြီး၂ခုထဲက တခုဖြစ်ဖြစ် နှစ်ခုလုံးဖြစ်ဖြစ်ကို သိမ်းပိုက်ထားဖို့ပါ။ အခုဘယ်ပါတီက လက်ဝဲဝါဒကို အရမ်းတွန်းနေတာလဲမြင်ရင် သူတို့အကြံဘယ်လောက် အောင်တယ်ဆိုတာ သိပါမယ်။

16. Use technical decisions of the courts to weaken basic American institutions by claiming their activities violate civil rights.

တရားရုံးတွေက အခြေခံ အမေရိကန်လူ့အဖွဲ့အစည်းတွေရဲ့ လုပ်ရပ်တွေကို လူမှုအခွင့်အရေးဖောက်ဖျက်တယ်လို့ ဆုံးဖြတ်ပေးခြင်းဖြင့် အဆိုပါအဖွဲ့အစည်းတွေကို အားပျော့အောင် လုပ်ဖို့ပါ။ လတ်တလော ဖြစ်ခဲ့တဲ့ နာမည်ကြီးအမှုတွေမှာ အမှန်တရားဖက်က အနိုင်ရခဲ့ပေမယ့် နေရာတော်တော်များများမှာ အမှန်တရားက မနိုင်နေခဲ့တာ ကြာပါပြီ။ 

17. Get control of the schools. Use them as transmission belts for socialism and current Communist propaganda. Soften the curriculum. Get control of teachers’ associations. Put the party line in textbooks.

ပြည်တွင်းလက်ဝဲတွေ ဒီမိုကရက်တွေက အဲဒီဖော်မြူလာအတိုင်း သွားနေတယ်ဆိုတာ ကျောင်းတွေကို သူတို့ဘယ်လောက် ထိန်းချုပ်လာနေတယ်ဆိုတာကိုကြည့်ရင် သိနိုင်ပါတယ်။ စီအာတီ တွေ၊ ၁၆၁၉ တွေ၊ ပညာရေးအဆင့်နှိမ့်ပစ်တာတွေ၊ ဆရာ/မသမ္မဂ္ဂတွေကို ထိန်းချုပ်ထားတာတွေ၊ လက်ဝဲစနစ်ကို အမွှန်းတင်ပြီး အရင်းရှင်စနစ်ကို မုန်းအောင် မှိုင်းတိုက်တာတွေ၊ ပြည်သူချင်းကြား သပ်လျှိုသွေးခွဲတာတွေ၊ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ယုံကြည်သူတွေကို ပြည်ဖျက်တွေလို့ မြင်အောင် ပုံဖျက်တာမျိုးတွေနဲ့ တက်ကုန်ရွက်ကုန်ဖွင့်တိုက်နေတာ ကြည့်ရင် မြင်ပါမယ်။

18. Gain control of all student newspapers.

ကျောင်းသားတွေကြား ပြန့်နှံ့တဲ့ အဲဒီခေတ်က သတင်းစာ၊ ခုခေတ်မှာတော့ ဆိုရှယ်မီဒီယာတွေ အသုံးများတဲ့ app တွေကို ငွေနဲ့ပေါက်ပြီးဖြစ်ဖြစ် ဆဲလ်တွေ ထည့်ပြီးပဲဖြစ်ဖြစ် ဦးနှောက်ဆေး ဩဇာလွှမ်းအောင် လုပ်ဖို့ပါ။ အမေရိကန်တက္ကသိုလ်တွေမှာ တရုပ်ဆဲလ်တွေရော ပိုက်ဆံတတ်နိုင်တဲ့ အရှေ့အလယ်ပိုင်းကအုပ်စုတွေရောက ဩဇာလွှမ်းဖို့ ကြိုးစားနေကြတာ အမေရိကန်ရဲ့ လက်မဲကြီးများထဲမှာ ရေးပြီးသားပါ။

19. Use student riots to foment public protests against programs or organizations which are under Communist attack.

အခုအမေရိကန် တက္ကသိုလ်တွေမှာ လက်ဝဲစွန်းလမ်းစဉ်တွေကို မေးခွန်းထုတ်သူတွေ ဟာကွက်ထောက်ပြသူတွေ လာလို့မရအောင် မီဒီယာအားနဲ့ရော လူမိုက်တွေအားနဲ့ပါ ကိုယ်ထိလက်ရောက်ရော ရွာပြင်ရောက်အောင်ရော အပြင်းအထန်အားထုတ်နေကြတာ ဒီအချက်ကို ထင်ရှားအောင် ပြနေတာပါပဲ။ ဘီအယ်လ်အမ်တို့ အန်တီဖာတို့က ကျောင်းသားအဖွဲ့တွေ မဟုတ်ပေမယ့် အဲဒီလက်ဝဲစွန်းအဖွဲ့တွေကို ဝေဖန်ရင် ဒီမိုကရက်ခေါင်းဆောင်တွေရော မီဒီယာရောက ဝိုင်းကိုက် ဝိုင်းဆဲခံရတာပဲလေ။

20. Infiltrate the press. Get control of book-review assignments, editorial writing, policymaking positions.

ဘဝမှာ အတွေ့အကြုံရော ဗဟုသုတရော တော်တော်သင့်သင့်ရှိပြီး လူ့သဘောသဘာဝကို နဲနဲပါးပါး နားလည်သူတွေက ရုပ်ဝါဒဖြစ်တဲ့ လက်ဝဲဝါဒကို လက်ခံနိုင်ကြမှာ မဟုတ်တဲ့အတွက် ငယ်သေးသူတွေ၊ အတွေ့အကြုံ၊ ဗဟုသုတနည်းသူတွေကို ပစ်မှတ်ထားဦးနှောက်ဆေးဖို့ ပညာရေးရော စတုတ္ထမဏ္ဍိုင်ရောထဲကို ထိုးဖောက်ဝင်ရောက်ဖို့လိုတယ်ဆိုတာကို လက်ဝဲတွေက တွက်ထားပြီးသားပါ။ ဒါကြောင့် လူလေးစားတဲ့ နာမည်ကြီးတွေကို လက်ဝဲစာအုပ်တွေမှာ အညွှန်းစာရေးခိုင်း၊ အယ်ဒီတာ့အာဘော်တွေရေးခိုင်း၊ ပေါ်လစီချတဲ့နေရာတွေမှာ သူတို့လူတွေထည့်(သို့) ရှိပြီးသားလူတွေကို ဝယ်/လာဘ်ထိုး၊ စတဲ့နည်းတွေနဲ့ ပူးသတ်စေချင်တာပါ။

21. Gain control of key positions in radio, TV, and motion pictures.

ဒီအချက်ကလည်း တော်တော်အောင်မြင်နေတယ် ပြောရပါမယ်။ မီဒီယာကို ကြည့်မလား၊ ရုပ်ရှင်နယ်၊ သီချင်း/ဂီတနယ်ကို ကြည့်မလား၊ ဆိုရှယ်မီဒီယာတွေကို ကြည့်မလား၊ ထိပ်ပိုင်းကရော နာမည်ကြီးတွေကြားမှာရော တရုပ်တို့ အရှေ့အလယ်ပိုင်းက အမေရိကန်ကို ပျက်စီးစေချင်သူတို့ကို လုံးဝ မထိမတို့ မဝေဖန်ရဲတာကို ကြည့်ရင် လက်ဝဲတွေ ဘယ်လောက်လွှမ်းမိုးနေတယ်ဆိုတာ သိနိုင်ပါတယ်။ 

22. Continue discrediting American culture by degrading all forms of artistic expression. An American Communist cell was told to “eliminate all good sculpture from parks and buildings, substitute shapeless, awkward and meaningless forms.”

ကွန်မြူနစ်တွေရဲ့ အကြံမှာ အမေရိကန်ရဲ့ ယဉ်ကျေးမှုကို တဖြည်းဖြည်း ရိုက်ချသွားပြီး ရစရာမရှိအောင် လုပ်ဖို့ ပါပါတယ်။ ဒါပေမယ့် အခုလောက်အထိ လွယ်လွယ်ကူကူ ဖြစ်လာလိမ့်မယ်လို့ သူတို့တောင် ထင်ထားပုံမရပါဘူး။ အမေရိကန်ရဲ့ ဂုဏ်ယူစရာ သမိုင်းအမွေအနှစ်တွေနဲ့ သမိုင်းဝင်ရုပ်ထုတွေ၊ သမိုင်းမှတ်တမ်းတွေကို ပလိုးစီတို့က ဦးဆောင်ပြီး ဖျက်ဆီးပယ်ရှားပစ်ဖို့လုပ်နေတာ ဝါရှင်တန်တင်မကပဲ အပြာကြီးစိုးတဲ့ ပြည်နယ်တိုင်းမှာ ဖြစ်နေတာပါ။ အရင်းစစ်ရင် အမြစ်မြေကဆိုသလိုပဲ အခုဖြစ်နေတာတွေကို ၁၉၆၃ခုနှစ်က သတိပေးထားခဲ့တာတွေနဲ့ ယှဉ်ထိုးကြည့်ရင် မရှင်းသေးသူတွေ ရှင်းသွားမယ် ထင်ပါတယ်။ အခုသူတို့ရှေ့တန်းတင်လာတဲ့ မော်ဒန်အတ်အုပ်စုထဲ ထည့်လာတဲ့ဟာတွေက အနုပညာကို သီအိုရီနဲ့ သမိုင်းနဲ့တကွ တကယ်တတ်ကျွမ်းနားလည်သူတွေ အင်မတန်စိတ်ပျက်တဲ့ အနေအထားပါ။ အများညီ ဤ ကျွဲဖြစ်တယ်ဆိုပေမယ့် ဘောင်တော့ ရှိရမယ်လေ။

23. Control art critics and directors of art museums. “Our plan is to promote ugliness, repulsive, meaningless art.”

အဓိပ္ပါယ်မရှိတဲ့ အရူးချီးပန်းထင်ရာရေးတွေကိုသာ အနှစ်သာရပြည့်ဝသလိုလို အင်တိုက်အားတိုက် ပုံဖော်ကြရင် တိတိပပ နားမလည်ပေမယ့် စကားလုံးအကြီးကြီးတွေနဲ့ မာန်ပါပါပြောရင် လူတွေ ကျမှာပါ။ လူတွေကလည်း နာမည်ကြီးတွေပြောတာဆို ပုဂ္ဂိုလ်စွဲနဲ့ ပစ်ယုံလိုက်ကြတာဆိုတော့ ရောင်းအားကောင်းမှာတော့ အမှန်ပါပဲ။ ကောသလ္လမင်းအိပ်မက်ထဲက ဗူးတောင်းနစ်လို့ စောင်ခြမ်းပေါ်ဆိုတာမျိုး ဖြစ်လာအောင် လုပ်ပေးတဲ့သဘောမျိုးပါ။ အနုပညာရော တခြားကဏ္ဍတွေရောဆိုပါတော့။ 

24. Eliminate all laws governing obscenity by calling them “censorship” and a violation of free speech and free press.

သူတို့လက်ဝဲအင်အားစုတွေက ပုတ်ခတ်သမျှ၊ ဆဲသမျှ ဆိုသမျှ သူတို့မကောင်းတာလုပ်သမျှကို ကျန်တဖက်က ဘာမှ မဝေဖန် မကန့်သတ်ရဲအောင် အရင်အသံကောင်းဟစ်ခိုင်းတဲ့ သဘောပါ။ ခုလဲ အဲဒီအတိုင်း လုပ်နေကြတာပဲလေ။​ ထရမ့်နဲ့ ရီပါဘလစ်ကန်တွေကို ဝေဖန်တိုက်ခိုက် အပုတ်ချလို့ ဘယ်မီဒီယာမှ ပြဿနာတက် ဆင်ဆာမထိပေမယ့် ဒီမိုကရက်တွေကို ဝေဖန်သူတွေ အဘန်းခံ၊ အပိတ်ခံ၊ အကန့်သတ်ခံရတာအပြင် သိပ်ထိရောက်လာသူတွေကို အကြောင်းအမျိုးမျိုးနဲ့ အပြစ်ရှာထောင်ချဖို့ ကြိုးစားနေကြတာက ကွန်မြူနစ်လက်အောက် သွပ်သွင်းခံနေရတဲ့ လုံလောက်တဲ့ သာဓကတွေ မဟုတ်ဘူးလားလို့ စဉ်းစားကြစေချင်ပါတယ်။ 

25. Break down cultural standards of morality by promoting pornography and obscenity in books, magazines, motion pictures, radio, and TV.

ခုခေတ်မှာ ကလေးငယ်ငယ်လေးတွေအပါအဝင်ရှေ့မှာ drag queen ဆိုတဲ့ လိင်အသားပေးအဝတ်တွေကို မိန်းမလိုဝတ်ထားတဲ့ ယောက်ကျားကြီးတွေက မတော်တရော် မဖွယ်မရာတွေ လုပ်ပြနေတာရော၊ ကလေးသူငယ်နဲ့ လိင်ဆက်ဆံချင်သူတွေကို ပီဒိုဖိုင်းလ်လို့ အမှန်အတိုင်းမခေါ်စေပဲ အရွယ်မရောက်သေးသူများကို နှစ်သက်သူအဖြစ် နာမည်ယဉ်ယဉ်လေးပေးပြီး လူ့အသိုင်းအဝိုင်းထဲမှာ ပုံမှန်လိုဖြစ်လာအောင် လုပ်နေကြတာက ဘာကြောင့်လဲဆိုတာ အရင်က မသိသေးရင်တောင် အခု သိကြပါတော့လို့ပဲ ပြောပါမယ်။

26. Present homosexuality, degeneracy and promiscuity as “normal, natural, healthy.”

လိင်တူချစ်သူတွေ၊ ညစ်ညမ်းကိစ္စတွေ၊ ပုံမှန်မဟုတ်တဲ့ လိင်ကိစ္စတွေကို သဘာဝကျပြီး ပုံမှန်အနေနဲ့ ပွဲတင်ရှေ့တန်းထုတ်လာကြတာပါ။ လိင်တူချစ်သူတွေကတော့ ဟိုတုန်းထဲ ရှိတာမှန်ပါတယ်။ ဒါက လွတ်လပ်သူတယောက်ရဲ့ ရွေးချယ်ပိုင်ခွင့်ဆိုပေမယ့် အတင်းကြီး ပရိုမုတ်လုပ်နေတာတော့ သဘာဝမကျသလို ရည်ရွယ်ချက်ကောင်းနဲ့လည်း မဖြစ်နိုင်ပါဘူး။

27. Infiltrate the churches and replace revealed religion with “social” religion. Discredit the Bible and emphasize the need for intellectual maturity which does not need a “religious crutch.”

သူတို့ကြိုးဆွဲတိုင်း မကတဲ့ ချာ့ချ်တွေ ခရစ်ယာန်တွေကို လိုက်ဖိနေတာကတော့ အများအမြင်ပါပဲ။ အဲဒီအုပ်စုကလည်း အမေရိကန်မှာ အင်အားကောင်းတော့ အရင်ပစ်မှတ်ထား နှိမ်နှင်းခံရတဲ့ သဘောပါ။ ရုပ်ဝါဒီဖြစ်ဖို့က ဘာသာရေးနဲ့ ဆန့်ကျင်ဖက်ဖြစ်တာလည်း ပါပါတယ်။ 

28. Eliminate prayer or any phase of religious expression in the schools on the ground that it violates the principle of “separation of church and state.”

ခရစ်ယာန်ဘာသာဝင်တွေ တည်ထောင်ခဲ့တဲ့ အမေရိကန်နိုင်ငံမှာ In God We Trust ဆိုတာ အမေရိကန်ရဲ့ အုဌ်မြစ်တိုင်းမှာ ပါပါတယ်။ အဲဒါကို ဖျက်သိမ်းဖို့နဲ့ ကျောင်းတွေမှာ ဆုတောင်းတဲ့ အစီအစဉ်တွေကို တစတစ လျော့ချဖျောက်ဖျက်လာကြတာ သွေးရိုးသားရိုးလို့ ပြောဖို့ ခက်ပါတယ်။ 

29. Discredit the American Constitution by calling it inadequate, old-fashioned, out of step with modern needs, a hindrance to cooperation between nations on a worldwide basis.

အမေရိကန်ရဲ့ အခြေခံဥပဒေကို ခေတ်နဲ့မညီဘူး၊ လူမျိုးရေးခွဲခြားတယ်၊​ မလုံလောက်ဘူး၊ တခြားနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အဟန့်အတားဖြစ်တယ် စသဖြင့် နည်းမျိုးစုံနဲ့ စွပ်စွဲပြစ်တင်ပြီး ဒီလောက်ကောင်းမွန်ခိုင်ခန့်တဲ့ အမေရိကန် ခြေ/ဥကို ယိုင်နဲ့သွားဖို့အတွက် ပြင်ဆင်တာတွေ မလိုက်နာတာတွေ၊ ခြေ/ဥကို မသိမသာကျော်ခွထားတဲ့ ဥပဒေတွေနဲ့ ကျော်လုပ်တာတွေ စတာတွေက အမေရိကန်ရဲ့ တည်ငြိမ်ခိုင်မာနေတဲ့ အနေအထားကို ထိခိုက်စေတာကတော့ မလွဲမသွေပါပဲ။ ဥပမာပြောရရင် အမေရိကန်ခြေ/ဥက ဥပဒေပြုခွင့်အာဏာက လွှတ်တော်ကိုပဲ ပေးထားပေမဲ့ သမ္မတရော၊ ပြည်နယ်အစိုးရတွေရောသာမက ဗျူရိုကရက်တွေပါ လုပ်နေကြတာ လေ့လာရင် တွေ့ပါမယ်။ အဲဒီလိုပြုတဲ့ ဥပဒေတွေက လူထုအကျိုးရှိရင် တော်ရဲဲ့၊ လူထုရဲ့ လွတ်လပ်ခွင့်ကို ချုပ်ချယ်ကန့်သတ်ပြီး အစိုးရအာဏာ ကြီးထွားအောင် လုပ်တာ ခြစားတွေအတွက် ဂွင်ဖန်တာမျိုးဖြစ်နေရင် ပြည်သူနစ်နာတာအပြင် အစဉ်အလာဖြစ်သွားရင် နှောင်းလူတွေအတွက် မကောင်းနိုင်ပါဘူး။

30. Discredit the American Founding Fathers. Present them as selfish aristocrats who had no concern for the “common man.”

ဒီအချက်ကို အခုခေတ်နဲ့အညီ လျော်ညီအောင်ပြုလိုက်တော့ တိုင်းပြုပြည်ပြုဖခင်ကြီးများက ကျွန်ပိုင်ခဲ့ဖူးလို့၊ လူဖြူဖြစ်လို့၊ စသဖြင့် စွပ်စွဲကြပြီး ရုပ်တုတွေဖြို၊ ပန်းချီကားတွေဖျောက်အပြင် သမိုင်းကပါ ဖျောက်ကွယ်လိုက်ချင်လို့ ၁၆၁၉ ဆိုတာနဲ့ ဖုံးပစ်ဖို့ လုပ်နေကြတာ အရင်ကလည်း ရေးခဲ့ပြီးပြီဆိုတော့ သိကြမယ်ထင်ပါတယ်။ 

31. Belittle all forms of American culture and discourage the teaching of American history on the ground that it was only a minor part of the “big picture.” Give more emphasis to Russian history since the Communists took over.

လက်ရှိသင်နေတဲ့ အမေရိကန်သမိုင်းဟာ လူမျိုးစုံအတွက် ရေးထားတာမဟုတ်ဘူးတို့၊ ကျွန်ပိုင်ခဲ့တဲ့သမိုင်းက လူမျိုးရေးခွဲခြားတာ ရှက်စရာတို့၊​ စသဖြင့်မှိုင်းတိုက်ပြီး အမေရိကန်ဖြစ်ရတာ ရှက်အောင်လုပ်ထားဖို့ပါ။ ကျွန်စနစ်က တကမ္ဘာလုံးမှာ ရှိခဲ့တာပဲလေ၊ ကျွန်ပိုင်ရှင်တွေမှာ အရောင်မျိုးစုံရှိသလို ကျွန်တွေမှာလည်း ဖြူဝါညိုမည်း အကုန်ရှိခဲ့တာပဲ​။ မသိတာထက် မသိချင်ကြတာက ပိုခက်နေတယ်။

တလက်စထဲ အဲဒီခေတ်ကတော့ ရုရှားပေါ့၊​အခုတော့ တရုပ်ပေါ့၊​ တရုပ်ပြည်လို အာဏာနဲ့ ကိုင်ထားမှ တိုင်းပြည်က ငြိမ်တာ၊ ဗရုတ်သုတ်ခတွေ မဖြစ်မှာဆိုတဲ့ ဂျင်းကို တွင်တွင်ထည့်ပြီး ဒီမိုကရေစီစစ်စစ်က မကောင်းဘူး၊ “စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ”ကမှ တိုးတက်တာ၊ ကောင်းမွန်တာ လို့ ယုံနေတဲ့ထဲမှာ ပညာတတ်တွေပါ ပါနေတာပါ။ ကွန်မြူနစ်တရုပ်ကောင်းတယ်လို့ ထင်ကြတာလည်း ကောင်းတာတွေပဲ​ ဝါဒဖြန့်ပြီး မကောင်းတာတွေကမ္ဘာသိအောင် လုပ်သူတွေကို အသေနှိပ်ကွပ်ထားတာကြောင့်ပါ။

32. Support any socialist movement to give centralized control over any part of the culture–education, social agencies, welfare programs, mental health clinics, etc.

ပညာရေးမှာ လက်ဝဲတွေကို ထိန်းချုပ်နိုင်တဲ့အခြေအနေအထိ ခွင့်ပြုထားခဲ့တာ တော်တော်ဆိုးပါတယ်။ လူမှုရေးအေဂျင်စီတွေ၊​ လူမှုဖူလုံရေးအစီအစဉ်တွေဆိုတာက စာအရဖတ်လို့ ကောင်းပေမယ့် အနှစ်သာရက လူတွေကို အချောင်သမားတွေဖြစ်အောင် လုပ်ပေးတာပါပဲ။​ အခုဘိုင်ဒန်တို့ တွန်းနေတဲ့ Build Back Better ဆိုတာကလည်း အချောင်သမားတွေအတွက် အနံ့လေးပေး ကျွေးပြီး တကယ်တမ်းက တိုင်းပြည်ကို မမွဲမွဲအောင် ဒုက္ခမရောက်ရောက်အောင် တည်ငြိမ်အေးချမ်းနေတဲ့အခြေအနေကို လုံးဝပျက်စီးအောင်လုပ်ပြီး အရင်းရှင်စနစ်ကို စိတ်ကုန်အောင်လုပ်ဖို့ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်တာပါပဲ။​ ပြဿနာတွေတက်တော့လည်း အရင်းရှင်တွေ လောဘကြောင့်လို့ လွှဲချလိုက်ကြတာပဲမှတ်လား။​ အချာင်သမားတွေကတော့ အချောင်ခိုတာကြာလာရင် ကိုယ်ရည်ကိုယ်သွေးတုံးပြီး အာဏာရှင်အကြိုက် အုပ်ချုပ်ခံသူတွေ ဖြစ်လာကြမှာပေါ့။ သူတို့ဖက်က လူမိုက်လုပ်ပေးတဲ့သူ/သူတို့ အာဂျင်ဒါတွေ အောင်မြင်အောင် ဇတ်ပို့လုပ်ပေးတဲ့သူတွေ ရာဇဝတ်ကောင်တွေ ပြစ်ဒဏ်ကျရင် စိတ်ကျန်းမာရေးအကြောင်းပြပြီး အရူးလက်မှတ်ပေးဖို့ စိတ်ကျန်းမာရေးမှာလည်း သူတို့လူတွေ လွှမ်းအောင် လုပ်ထားပါတယ်။

33. Eliminate all laws or procedures which interfere with the operation of the Communist apparatus.

လက်ဝဲလှုပ်ရှားမှုတွေကို အနှောက်အယှက် အဟန့်အတားဖြစ်စေတဲ့ ဥပဒေတွေ လုပ်ထုံးလုပ်နည်းမှန်သမျှကို ဖျက်သိမ်းတဲ့အထိ ဖြစ်အောင် တွန်းဖို့ တိုက်တွန်းထားတာပါ။

34. Eliminate the House Committee on Un-American Activities.

အမေရိကန်မဆန်တဲ့ လှုပ်ရှားမှုတွေကို ထောက်လှမ်းမယ့် အောက်လွှတ်တော်ရဲ့ ကော်မီတီကို ဖျက်သိမ်းဖို့ပါ။ အဲဒီကော်မီတီကို ၁၉၃၈ခုနှစ်က ကွန်မြူနစ်တွေအတွက် အလုပ်လုပ်ပေးနေတဲ့ အမေရိကန်တွေကို ဖော်ထုတ်ဖို့ ရည်ရွယ်တာပါ။ စစ်အေးတိုက်ပွဲအတွင်းမှာလည်း သုံးခဲ့ပါသေးတယ်။​ အခုလည်း သုံးမယ်ဆို သုံးလို့ရတဲ့နေရာတွေ အများကြီးရှိပေမယ့် ခေါင်ကပါ မိုးမလုံတာဆိုတော့ ဘာသံမှ မကြားရတော့ပါဘူး။

35. Discredit and eventually dismantle the FBI.

ဒီအချက်ကတော့ လုံးဝအောင်မြင်နေတာ အသေအချာပါပဲ။ FBI က ထရမ့်ကို စွပ်စွဲနေတဲ့ ရုရှားနဲ့ ပတ်သက်နေတယ်ဆိုတဲ့ ကိစ္စမှာ အရှင်းဆုံးပါ။ Analyst တွေက FBI ကို လိမ်တာကြောင့်လို့ ဖာကြပေမယ့် ခရစ်စတိုဖာ စတီးလ်​ကိစ္စမှာ အလိမ်ပေါ်သွားတာပဲလေ။ အပြစ်မရှိတဲ့လူတွေကို ဆွဲ၊ ထောင်ထဲ့ထည့်ထားပေမယ့် အပြစ်ရှိတဲ့ ဟေလာရီတို့က အပြင်မှာ အမြိုင့်သား။ မတရားမှုတွေကို မသိချင်ယောင်ဆောင်နေလို့ကတော့ မတရားမှုနဲ့ ညားမှာပါပဲ။

36. Infiltrate and gain control of more unions.

ကျောင်းဆရာယူနီယံကြည့်မလား၊ အလုပ်သမား ယူနီယံတွေ ကြည့်မလား၊ အကုန်လုံးက အလုပ်ရှင် လုပ်ရကိုင်ရခက်အောင်အပြင် ကိုယ့်ဖက်က အရည်အချင်းမြှင့်တင်ဖို့၊ အကောင်းဆုံး ဝန်ဆောင်မှု/ထုတ်လုပ်မှု ပေးဖို့ထက် ခံစားခွင့်တက်ဖို့ အရင် အရေးထားအောင် လုပ်နေကြတော့ ကမ္ဘာ့ထိပ်တန်းဆိုတဲ့အဆင့်က ဆင်းတော့မှာပေါ့။ အလုပ်ရှင်တိုင်း ကောင်းတာမဟုတ်ပေမယ့် ကိုယ့်အရည်အချင်းကိုယ်ပြင်ဆင်ထားပြီး တန်ဖိုးရှိသူဖြစ်လာရင် တက်လမ်းပိုရှိတဲ့နေရာ သွားလို့ရတာပဲလေ။

37. Infiltrate and gain control of big business.

ဒါလည်းတော်တော်ပေါက်ရောက်နေပါပြီ။ ကုမ္ပဏီအကြီးတွေ အများစုက တရုပ်ငါးမျှားချိတ်ကနေ ရုန်းမထွက်နိုင်ကြသေးဘူး။ ကျွန်စနစ်ကို မုန်းတယ်တို့၊ လူ့အခွင့်အရေးတို့ လိပ်ခေါင်းထွက်မတတ် အော်နေတဲ့ပါတီက တရုပ်ပြည်က ယုံကြည်ချက်ရဲ့အကျဉ်းသားတွေကို ကျွန်တွေလို ဂုတ်သွေးစုပ်နေတာကျတော့ ငုံနေကြတယ်မှတ်လား။ တရုပ်စျေးကွက်ကြီးကို မက်လို့ပဲဖြစ်ဖြစ်၊ အပေါ်ကလို အလကားမူးတင်းလုပ်ခတွေကို မက်လို့ပဲဖြစ်ဖြစ် ပုဂ္ဂိုလ်ရေးအားနည်းချက်ကြောင့် အညှာကိုင် ခံနေရတာပဲဖြစ်ဖြစ် ကော်ပိုရေးရှင်းကြီးတွေက တရုပ်အကိုင်ခံနေရသလို ဒီမိုကရက်ပါတီကိုလည်း သူတို့ကြိုက်တာတွေ လုပ်ခွင့်ရဖို့ လော်ဘီတွေ အလှူငွေတွေနဲ့ ပသနေရတာပါ။

38. Transfer some of the powers of arrest from the police to social agencies. Treat all behavioral problems as psychiatric disorders which no one but psychiatrists can understand [or treat].

ဒီမိုကရက်တွေ ဖြစ်အောင်တွန်းနေတဲ့ အချက်တခုပါ။ ရဲဘတ်ဂျက်လျော့ချဖြတ်တောက်ပြီး ရဲတွေကိို လူမျိုးရေးခွဲခြားသူတွေ လူရမ်းကားတွေလို့ ပုံဖော်ပြီး တကယ့်လူရမ်းကား/ အမေရိကန်စွမ်းအားရှင်တွေဖြစ်တဲ့ အန်တီဖာတွေ ဘီအယ်လ်အမ်တွေကို ပြည်သူ့ရဲ ပုံစံမျိုး လုပ်ခိုင်းဖို့ပါ။ အဲဒီပုံစံမျိုးကို မနှစ်က အပြာမြို့တနေရာကို ပိတ် သူတို့အုပ်ချုပ်တဲ့အပိုင်းဆိုပြီးလုပ်လိုက်ပါသေးတယ်။ သူတို့ခွင့်ပြုချက်မရပဲ အထဲကလူ အပြင်မထွက်ရ၊ အပြင်ကလူ အထဲမလာရနဲ့ အာဏာပြကြပါတယ်။ ဒီလိုနဲ့ ဒီမိုကရက်အသိုင်းအဝိုင်းထဲကပဲ ကလေးတဦး ဒဏ်ရာရပြီး ဆေးရုံအချိန်မီပို့ခွင့်မပေးလို့ အသက်မဆုံးသင့်ပဲ ဆုံးသွားပါတယ်။ မိဘတွေက တော်တော်မကျေနပ်ပေမယ့် သိပ်တော့ မဝေဖန်ခဲ့ပါဘူး။

နောက်တချက်တွန်းနေတာက မကောင်းတဲ့ အမူအကျင့် လုပ်ရပ်တွေသည် ယဉ်ကျေးတဲ့ လူ့အသိုင်းအဝိုင်းနဲ့ မလျော်ဘူး၊ အဲဒီလိုတွေ ဖြစ်နိုင်ခြေနည်းအောင် ငယ်တုန်းထဲက သွန်သင်ရမယ်ဆိုတာတွေကို ဘေးချိတ်ပြီး အဲဒါတွေကို စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေအဖြစ် တံဆိပ်ကပ်၊ စိတ်ထိခိုက်မှာစိုးလို့ဆိုပြီး အထိမခံတွေ ဖြစ်အောင်လုပ်ထားတော့ မဟုတ်တာတွေ ဘယ်လောက်လုပ်လုပ် အရေးယူ အပြစ်တင်ရ ခက်ကုန်ပါတယ်။ ကလေးနဲ့ လိင်ဆက်ဆံရတာ ကြိုက်တဲ့ သူတွေကို ပီဒိုဖိုင်းလ်လို့တောင် မခေါ်ပဲ ငယ်ရွယ်သူများကို နှစ်သက်သူလို့ ပြောင်းခေါ်ခွင့်ရအောင် ကြိုးစားနေတာကိုပဲ ကြည့်ပါ။ ဘယ်လိုခေါ်ခေါ် သဘောတရားက တူတူပဲဆိုပေမယ့် သူခိုးတွေ စိတ်ထိခိုက်မှာစိုးလို့ သူခိုးကို သူခိုးလို့ မခေါ်ပဲ ပိုင်ရှင်မသိအောင်ယူသူလို့ ခေါ်ကြည့်ရင် ကွာခြားမှုကို သ်မှာပါ။

39. Dominate the psychiatric profession and use mental health laws as a means of gaining coercive control over those who oppose Communist goals.

ကလေး/ မိသားစု စိတ်ပညာရှင်ဖြစ်တဲ့ Dr. John Rosemond စာအုပ်တွေ ဖတ်ဖူးရင် ဒီအချက်ကို ပိုသဘောပေါက်ပါမယ်။ ဆရာကြီး Rosemond က လက်ဝဲလွှမ်းမိုးရေးကို ထည့်မပြောပေမယ့် သူ့အကြောင်း အတိုချုပ်ပြောရရင် သူ့သားသမီးတွေကို သူသင်ယူခဲ့တဲ့ ပညာတွေနဲ့ တိတိကျကျ ပုံသွင်းလိုက်တာ စာလဲမလိုက်နိုင်၊ စည်းကမ်းလည်းမရှိ၊ မိဘကို ရိုသေလေးစားမှုကင်းတဲ့ ငါမနိုင်မသားလေးတွေ ဖြစ်လာလို့ မဟုတ်သေးပါဘူးဆိုပြီး သူ့အမျိုးသမီးနဲ့ တိုင်ပင်ကာ သူတို့မိဘဘိုးဘွားတွေ အစဉ်အဆက် ပျိုးထောင်ခဲ့တဲ့ ပုံစံအတိုင်း ပြန်လုပ်တော့မှ စာလိုက်နိုင်ပြီး လိမ္မာတဲ့ ကလေးတွေ ပြန်ဖြစ်လာတာပါ။​ ရိုက်နှက် ဆဲဆိုပြီးထိန်းကျောင်းတဲ့အစွန်းနဲ့ အလိုလိုက်ပြီး သေချာမဆုံးမတဲ့ အစွန်းနှစ်ဖက်ကို ရှောင်ခဲ့ပါတယ်။

အခုခေတ်စိတ်ပညာရှင်တွေ တွန်းနေတာတွေက ကလေးတွေကို ပြောမရ ဆိုမရ ငါသိငါတတ် ငါသာပထမတွေဖြစ်အောင် လုပ်နေတာကို တွေ့ပါလိမ့်မယ်။ လောကမှာ သိပ်ပြောစရာမလိုပဲ လိမ္မာတဲ့ကလေးက လိမ္မာကြပါတယ်။ ဒါတွေက လူနည်းစုပါ။ ကလေးတွေ ပြောမရ ဆိုမရဖြစ်မှ မိဘတွေစကား နားမထောင်ပဲ​ သူတို့တွန်းနေတဲ့ လက်ဝဲအရွေ့ကို လွယ်လွယ်ကူကူ ခံယူလာမှာပါ။ ခက်တာက လူဆိုတာက ကိုယ့်မိဘလက်ထက်ကထက် ကိုယ့်ကလေးကို ပိုသာအောင် ထားချင်ကြတော့ ကလေးကို မြှောက်ထားတဲ့ အခုခေတ် စိတ်ပညာရှင်တွေ တွန်းနေတဲ့ပုံကို တကမ္ဘာလုံးက မိဘတွေ တော်တော်များများက အဟုတ်ထင် နားယောင်နေကြတာပါ။ သေချာတာကတော့ အဲဒီပုံစံနဲ့ ကလေးတွေ ကြီးလာရင် အေးချမ်းပျော်ရွှင်တဲ့ လူတွေ ဖြစ်လာဖို့ အခွင့်အလမ်း တော်တော်ကို နည်းသွားမှာပါ။

40. Discredit the family as an institution. Encourage promiscuity and easy divorce.

လက်ဝဲဝါဒရဲ့ ရည်မှန်းချက်တခုက မိသားစုဆိုတဲ့ လူ့အဖွဲ့အစည်းရဲ့ ခိုင်မာတဲ့ ဆဲလ်တွေကို ဖျက်ဆီးပစ်ချင်တာပါ။ ဘီအယ်လ်အမ်ရဲ့ ကြေငြာစာတမ်းထဲမှာ အတိအကျပါပါတယ်။ မိသားစုမရှိတော့ ဘာဖြစ်မလဲဆိုတော့ လူတွေကို သူတို့ထိန်းချုပ်လို့ ပိုကောင်းသွားတာပေါ့။ လူတွေအပေါ်သက်ရောက်မှုကတော့ ကိုယ်ပိုင်ပစ္စည်းနဲ့ ပြည်သူ/အများပိုင်ပစ္စည်းဆိုရင် လူတွေက ဘယ်ဟာကို ဂရုတစိုက် ထိန်းသိမ်း စောင့်ရှောက် ပြုပြင်မလည်း၊ စဉ်းစားပေါ့။ အခုခေတ် ဖီမင်းနစ်ဇင်ဆိုတာ လည်း အမျိုးသမီးတွေကို မြှောက်စားသလိုနဲ့ လွယ်လွယ်အိပ်ဖို့ လွယ်လွယ်ကွာရှင်းဖို့ တွန်းအားပေးတဲ့အပြင် ယောက်ကျားတွေကို ပြိုင်ဖက်လို ဖိနှိပ်သူလို မြင်အောင် လုပ်နေတာက မိသားစုဆဲလ်တွေ ပြိုကွဲဖို့ အကြောင်းတွေ ဖြစ်နေပါတယ်။

41. Emphasize the need to raise children away from the negative influence of parents. Attribute prejudices, mental blocks and retarding of children to suppressive influence of parents.

ပန်ဒဲမစ်ဆိုတာကြီးက ဆိုးကျိုးတင် ပေးတာတော့ မဟုတ်ပါဘူး၊ ထူပိန်းမဲမှောင်တဲ့ တိမ်တိုက်တွေမှာတောင် ငွေရောင်အနားသတ်ရှိသလို ကလေးတွေ online ပေါ်က ကျောင်းတက်ရတဲ့အတွက်ကြောင့် ဆရာ/မတွေက ကလေးတွေကို ဦးနှောက်ဆေးပေးနေတာတွေကို ပြည်သူတွေ သိလာကြပါတယ်။ အဲဒီလို ဦးနှောက်ဆေးကြတဲ့ထဲမှာ အဆိုးဆုံးထင်တဲ့ အချက်တခုက မိဘတွေက ခုခေတ်အကြောင်း ဘာမှ မသိပါဘူးကွာလို့ ကလေးတွေမြင်လာအောင် ပါးပါးတမျိုး ထူထူတမျိုး ဂျင်းထည့်ထားကြတာပါ။ အဲဒါမှ အပေါ်ကအချက်တွေပါ အောင်မြင်ပြီး တချက်ခုတ် ဆယ်ချက်လောက် ပြတ်မှာကိုး။ သူတို့ပုံသွင်းလို့ မရတဲ့ ကလေးတွေကိုတော့ လေဘယ်လ်ဆိုးတွေတပ်ပြီး မိဘတွေပေါ် အပြစ်ပုံပါလိမ့်မယ်။ အဲဒီအဖြစ်ကို ရှက်လာတဲ့ ကလေးတွေက သူတို့ဖက်ကို တဖြည်းဖြည်း လက်နက်ချသွားပါလိမ့်မယ်။

ကလေးတွေကို ကျောင်းကသင်ပေးတယ်ဆိုတာက စာပါပဲ၊ လောကနဲ့ ပတ်သက်လို့ တခြားသိသင့်သိထိုက်တာတွေကို သင်ပေးရမှာ မိဘတွေအလုပ်ပါ။ အရွယ်အလိုက် အမှန်အမှား ကွဲကွဲပြားပြားသိတဲ့ကလေးကို လွယ်လွယ် မှိုင်းတိုက်လို့ မရပါဘူး။

42. Create the impression that violence and insurrection are legitimate aspects of the American tradition; that students and special-interest groups should rise up and use [“]united force[“] to solve economic, political or social problems.

လတ်တလော သတင်းတွေထဲမှာ တွေ့ကြပါလိမ့်မယ်၊ Kyle Rittenhouse အမှု စီရင်ချက်ချတုန်းက သူတို့ကြိုက်တဲ့ရလာဒ်မထွက်တာကို အကြောင်းပြပြီး အကြမ်းဖက်၊ လုယက်၊ ဖျက်ဆီးတာတွေ လုပ်ကြပါတယ်။ နောက်ဆို ထစ်ကနဲရှိ တောကြောင်တွေ ထလို့ ကောင်းအောင် တွန်းပါတော့မယ်၊ အဲဒီလိုမဖြစ်စေချင်ရင် သူတို့ဖြစ်စေချင်တာဖြစ်အောင် လုပ်ဆိုတဲ့ ပုံစံမျိုး ထင်အောင် မီဒီယာတွေက တွန်းသွားရင် စိတ်ဓါတ်မခိုင်မာတဲ့ သူတွေက ဆူပူလုယက်တာတွေ မဖြစ်အောင် သူတို့အကြိုက်လိုက်ဖို့ ရွေးချယ်လာနိုင်ပါတယ်။

43. Overthrow all colonial governments before native populations are ready for self-government.

ဒါကလည်း ၃၈လိုပါပဲ။ လက်ရှိအုပ်ချုပ်ရေးပုံစံက သုံးမရဘူးဆိုတာမျိုးမြင်အောင် နည်းမျိုးစုံနဲ့ ဘရုတ်သုက္ခတွေ ဖန်တီးထားပြီး ခြစားမီဒီယာနဲ့ အကျင့်ပျက်နိုင်ငံရေးသမား တွေက ကိုယ့်ဖာသာကိုယ်အုပ်ချုပ်မယ်ဆိုတဲ့ အရွေ့ကို သွားချင်ကြတာပါ။

44. Internationalize the Panama Canal.

အဲဒီခေတ်က ပနားမားတူးမြောင်းကို တဦးထဲက ထိန်းချုပ်ထားတာမျိုးကို ကြောက်ကြပေမယ့် အခုခေတ်မှာတော့ ကစားကွက်ပြောင်းလာပါပြီ။ တရုပ်က အာဖရိကတိုက်က အာဏာရှင်နိုင်ငံ/ အာဏာရှင်ဆန်တဲ့ နိုင်ငံငယ်လေးတွေမှာ ဆိပ်ကမ်းတွေ လိုက်ရင်းနှီးမြှုပ်နံပြီး ကျွေးမဆပ်နိုင်တော့မှ သိမ်းပြီး စစ်စခန်းဖွင့် လိုက်ရင်ပနားမားတူးမြောင်းကိုတောင် တရုပ်တို့ ထိန်းချုပ်သွားနိုင်ပါတယ်။​ အခုစသိမ်းနေပြီဆိုတော့ အခုလို ညံ့ဖျင်းခြစားတဲ့ ခေါင်းဆောင်မျိုးနဲ့ အမေရိကန် လည်မြိုညှစ်ခံရဖို့ နီးသထက် နီးလာတာပါပဲ။

45. Repeal the Connally reservation so the United States cannot prevent the World Court.

အမေရိကန်ရဲ့ ဩဇာအာဏာ ချိနဲ့သထက် ချိနဲ့အောင်လုပ်ဖို့ စီမံကိန်းတခုပါ။

ဖော်ပြခဲ့တဲ့ ၄၅ချက်က ၁၉၅၈ခုနှစ်က ရေးခဲ့တာဆိုတော့ တကယ်စလုပ်နေတာက အဲဒီမတိုင်ခင်နှစ်အတော်ကြာထဲက ဖြစ်နိုင်ပါတယ်။ နှစ် ၅၀လောက် အခြေအနေမပျက် တောင့်ခံထားနိုင်ခဲ့ပြီး ရာစုဝက်ကျော် ကြာပြီး ခြစားခေါင်းဆောင်တွေ တက်လာပြီးမှသာ ကွန်မြူနစ်ရည်မှန်းချက်တွေကို အရှိန်အဟုန်နဲ့ အကောင်အထည်ဖော်လာနိုင်ကြတာပါ။  

ကမ္ဘာပေါ်က လက်ဝဲနိုင်ငံတွေမှန်သမျှမှာ ဘယ်ပြည်သူကမှ အာဏာကို အသာတကြည် အပ်နှင်းခဲ့ကြတာမဟုတ်ပဲ မဲလိမ်/ခိုး၍သော်၎င်း၊ ကိုယ့်ပြည်သူပြည်သားကို ရက်ရက်စက်စက် သတ်ဖြတ်ခြင်းဖြင့်သော်၎င်း စတဲ့နည်းများနဲ့သာ အာဏာရယူခဲ့ကြတာဖြစ်သလို လက်ဝဲစနစ်ကနေ ရုန်းထွက်ဖို့ဆိုတာ ဘယ်လောက် ခက်ခဲကြောင်း အထူးပြောပြနေစရာ မလိုဘူးထင်ပါတယ်။ ဒါ့ကြောင့် အခုလို ရွေးချယ်လို့ ရနိုင်နေသေးတဲ့အချိန်မှာ လူ့သဘာဝနဲ့ မကိုက်ညီတဲ့ လက်ဝဲစနစ်ရဲ့ ထောင်ချောက်တွေကို ရှောင်ရှားနိုင်ကြဖို့ အရေးကြီးကြောင်း သတိပေးလိုက်ပါတယ်။

One thought on “CURRENT COMMUNIST GOALS

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: