
မြေပုံပေါ်မှာ အစိမ်းရောင်နဲ့က ငှက်ဖျားဆေးကို ကိုဗစ်ကုသရာမှာ သုံးတဲ့နိုင်ငံတွေပါ။ အောင်လည်း အောင်မြင်ပါတယ်။ ဖြစ်စမှာပေးမိဖို့ပဲ လိုတာပါ။ အမေရိကန်ကတော့ ငှက်ဖျားဆေးကို ဆေးရုံမှာပဲ သုံးရမယ်လို့ ကန့်သတ်ထားပါတယ်။ ဆေးရုံရောက်လာတဲ့အဆင့်က မရှူနိုင်မကယ်နိုင်မှ ရောက်လာကြတာများတော့ ယောင်ကိုင်းခြင်းမုန်တိုင်းတွေ ပြင်းထန်နေမှာဖြစ်လို့ ငှက်ဖျားဆေးနဲ့ နိုင်အောင်ကုဖို့ မလွယ်ပါဘူး။ အမေရိကန်မှာ ငှက်ဖျားဆေးပေးတဲ့ဆရာန်တွေက အရေးယူ/ခြိမ်းခြောက်/အလုပ်ဖြုတ်ခံကြရပါတယ်။ ဒီမှာက လူများစုမှာ လစဥ် အိမ်ဖိုး ကားဖိုး ရေဖိုး မီးဖိုး စတာတွေ မဖြစ်မနေ ပေးနေရတဲ့အပြင် ကိုယ့်မိသားစုအသက်လည်း မဟုတ်ကြတော့ ကဏ္ဍကောစမလုပ်ပဲ သည်းခံလိုက်ကြတာ များပါတယ်။ အမေရိကန်ကို လိုက်အတုခိုးတဲ့နိုင်ငံတွေမှာ ကနေဒါ၊ ယူကေ၊ ဩစတျေးလျတို့ ပါဝင်ပါတယ်။
ငှက်ဖျားဆေးက တကမ္ဘာလုံးမှာ များသောအားဖြင့် ဆရာဝန်လက်မှတ်မလိုပဲ လွယ်လွယ်ကူကူ ဝယ်လို့ရတဲ့ဆေးပါ။ ပြဿနာက အဲဒီလို ပေါများချိုသာတဲ့ဆေးတွေနဲ့ အလုပ်ဖြစ်သွားရင် ဆေးကုမ္ပဏီကြီးတွေ အမြတ်ထုတ်လို့ မရတော့မှာအပြင် သူတို့သုံးထားရတဲ့ လော်ဘီဖိုးတွေ၊ အာဏာရှိသူတွေအတွက် လက်ဆောင်ပဏ္ဍာတွေ အတွက် ရင်းစားမကြေပဲဖြစ်နေမှာပါ။