ဇန်နဝါရီ ၁၈ ရက် ၂၀၂၂

၂၀၂၂ခုနှစ်မှာ ရေနံစိမ်းတစည်ကို ဒေါ်လာ ၁၀၀အထိ ရောက်သွားလိမ့်မယ်လို့ Goldman Sachs က ဟောကိန်းထုတ်လိုက်ပါတယ်။ ကမ္ဘာကြီးရဲ့ ကြီးမားတဲ့ စွမ်းအင်လိုအပ်ချက်နဲ့ ဈေးကွက်ထဲမှာရှိတဲ့ စွမ်းအင်က ကွာဟချက်ကြီးမားနေတဲ့အတွက် ဝယ်လိုအားက ရောင်းလိုအားထက်များလျှင် ဖြစ်လေ့ရှိတဲ့အတိုင်း ဈေးတက်ကြတာပဲဖြစ်ပါတယ်။ ဈေးချဖို့အတွက် ဘိုင်ဒန်က အိုပက်ကို တိုးထုတ်ခိုင်းပေမယ့် ကိုယ့်ခြံထဲက ရေနံတွင်းတွေ ကျတော့ ပိတ်ခိုင်းထားပြီး ကိုယ့်အိမ်သုံးလို့ မလောက်တော့မှ​ သူများခြံကရေနံကို ပိုမထုတ်လို့ အပြစ်တင်မယ်ဆိုရင် အဲဒါ စိတ်မှန်တဲ့သူတွေ လုပ်မယ့်အလုပ်လားလို့ အရင် ပြန်မေးကြပါ။

ထရမ့်ဝယ်ထားခဲ့တဲ့ အရံရေနံစည် သန်း၅၀ ထုတ်သုံးမယ်ဆိုတဲ့နောက်မှာ တဂါလံ ၂ပြားလောက် ကျသွားတာကို ဂရပ်ဖ်ကြီးနဲ့ တခုတ်တရ ချီးမွမ်းနေတဲ့ မီဒီယာတွေရဲ့ ဦးနှောက်ကလည်း အံ့ဩစရာပါပဲ။ အမေရိကန်နိုင်ငံမှာ တနေ့ကို ရေနံစည် ၁၈သန်း သုံးနေတော့ အရံရေနံစည် သန်း၅၀က ၂ရက်ခွဲထက် ပိုခံစရာမရှိတဲ့အတွက် ၂ပြားကျတာ ၂ရက်ခွဲအတွက် အရေးပေါ်လောင်စာတွေ သုံးပစ်ချင်တဲ့ အကြံကလည်း စူးရောက်လှပါတယ်။

နယူးယောက်ဂါဗနာ ကေသီဟိုချုးလ်က လာမယ့် ၆နှစ်အတွင်း ပြည်နယ်တွင်းမှာ ဆေးခြောက်ရောင်းတာကနေ ဝင်ငွေ ၁.၂၅ဘီလီယံ ဝင်မယ်လို့ မျှော်လင့်ထားပါတယ်။ ပထမနှစ် ခန့်မှန်းဝင်ငွေ ၅၆သန်းအနက်မှ သန်း၄၀က စိုက်သူနဲ့ ရောင်းသူတွေဆီက လိုင်စင်ကြေးကနေ ရမှာဖြစ်ပါတယ်။ နယူးယောက်မှာ ကိုဗစ်ဖြစ်လို့ စားသောက်ဆိုင်တွေ တပိုင်တနိုင်လုပ်ငန်းရှင်လေးတွေ အများကြီး ဒုက္ခရောက်ကြ ဆိုင်ပြုတ်ကြ ဖြစ်ကြပေမယ့် အရမ်းကို ခမ်းနားစည်ပင်နေတာက ဆေးခြောက်ဆိုင်တွေပဲဖြစ်ပါတယ်။ မန်ဟက်တန်က လူစည်တဲ့အရပ်တွေမှာ တဘလောက်ကို တဆိုင်ကျလောက်အထိ ခမ်းခမ်းနားနား ဖွင့်ထားကြတာပါ။ အားတက်စရာပါပဲ။

နယူးယောက်မြို့ဝန်အသစ်ကလည်း တက်လာခါစက မြေအောက်ရထားစီးပြီး ရုံးတက်ပြကာ ရထားတွေက လုံခြုံစိတ်ချရကြောင်း ပြောခဲ့ပါတယ်။ ရထားဘူတာတွေမှာ ရာဇဝတ်မှုတွေဖြစ်နေခဲ့တာ မကြာသေးခင်ကမှ အာရှသူတဦးကို အိမ်ယာမဲ့လူမည်းတဦးက ရထားလမ်းပေါ် တွန်းချလို့ သေခဲ့ပြီးနောက် မြို့ဝန်အသစ်က ရထားလမ်းတွေက မလုံခြုံဘူးလို့ပြောကြောင်း သတင်းထွက်လာပါတယ်။ တွန်းချတဲ့လူက စိတ်မမှန်ဘူးလို့ ဆိုပြီး အဲဒီအမျိုးသမီးမတိုင်ခင် အာရှသွေးမဟုတ်တဲ့ နောက်အမျိုးသမီးကို ကြည့်ခဲ့ပေမယ့် အဲဒီအမျိုးသမီးက သတိထားမိပြီး ရှောင်ထွက်သွားခဲ့တာကြောင့် အသက်ဘေးက ကင်းလွတ်သွားခဲ့ပါတယ်။ ရထားနဲ့ မကင်းနိုင်သူများ ဖုံးပွတ်မနေပဲ ပတ်ဝန်းကျင်ကို သတိထားနေကြဖို့ သတိပေးလိုက်ပါတယ်။

ဒီမိုကရက်ဆီးနိတ်ခေါင်းဆောင် ချပ်ခ်ရှူးမားရဲ့ သမီး ဂျက်ဆီကာက အမေဇုံအတွက် လော်ဘီသမားအနေနဲ့ မှတ်ပုံတင်ထားတာဖြစ်ပြီး နောက်သမီးတဦးဖြစ်တဲ့ အလီဆင်က ဖဘအတွက် product marketing manager လုပ်နေတာဖြစ်ပါတယ်။ သူတို့ဖခင်က တက်ခ်ကုမ္ပဏီကြီးတွေ မိုနိုပိုလီမလုပ်နိုင်အောင် ထိန်းကျောင်းဖို့ တာဝန်ရှိသူဖြစ်နေတော့ အကျိုးစီးပွားခြင်း ဖီလာဖြစ်နေတာကို လွှတ်တော်စည်းကမ်းထိန်းသိမ်းရေးက ဘာမှ ပြောပုံမရပါဘူး။

လူများစုခေါင်းဆောင်အနေနဲ့ လွှတ်တော်မှာ ဘယ်အဆိုကို မဲခွဲမယ် မခွဲဘူးဆိုတာကို ရှူးမားက ဆုံးဖြတ်ရပါတယ်။ နောက်ဒီမိုကရက်အမတ် Zoe Lofgren ရဲ့ သမီးတဦးကလည်း ဂူဂယ်လ်ရဲ့ ဥပဒေအဖွဲ့မှာ လုပ်ကိုင်နေသူပါ၊ Zoe ကလည်း တက်ခ်ကုမ္ပဏီကြီးတွေကို ဇက်သတ်မယ့် အန်တီထရပ်စ်ဥပဒေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်သူပါ။ အာဏာရှင်နဲ့ ငွေရှင် ပေါင်းမိရင် ဘာမှ ကောင်းနိုင်စရာမရှိပါဘူး။

အဲဒီရှူးမားနဲ့ ယှဥ်ပြိုင်ဖို့ နယူးစ်မက်စ်က The Saturday Agenda တင်ဆက်သူ ၃၈နှစ်အရွယ် လူမည်းအမျိုးသား Joe Pinion က ရီပါဘလစ်ကန်ဖက်ကနေ ဝင်ပြိုင်မှာဖြစ်ပါတယ်။ ရှူးမားက ဒီတခါပြန်အရွေးခံရတယ်ဆိုရင် ဆီးနိတ်မှာ ၅ကြိမ်ဆက်နဲ့ သက်တမ်းအကြာဆုံးအမတ် ဖြစ်လာမှာပါ။ အမေရိကန်မှာ ဆီးနိတ်က ၆နှစ်သက်တမ်းဖြစ်ပြီး ဟောက်စ်က ၂နှစ်သက်တမ်းဖြစ်ပါတယ်။

မီရှီဂန်ဂါဗာနာနေရာကို ရီပါဘလစ်ကန်ဘက်က ယှဥ်ပြိုင်မယ့် ဒီးထရွိုက်က ရဲချုပ် James Craig က စစ်တမ်းတွေမှာ လက်ဝဲစွန်း ဒီမိုကရက်ဂါဗာနာ Gretchen Whitmer နဲ့ မတိမ်းမယိမ်း ကပ်လိုက်နေတာဖြစ်ပါတယ်။ ဝှစ်တ်မာက ကိုဗစ်မှာ ကိုင်တွယ်ပုံ ညံ့ဖျင်းခဲ့လို့ ၂၀၂၁ စက်တင်ဘာတုန်း စစ်တမ်းမှာ ခရစ်ဂ်အောက်ကို ရောက်ခဲ့ပါတယ်။ ခုမှ ဘိုင်ဒန်ရဲ့ ဗက်ဆင်းမန်ဒိတ်ကို ပြန်တွန်းလှန်ခဲ့လို့ လူကြိုက်နဲနဲပြန်တက်လာတာပါ။ သူမက လက်ဝဲစွန်းပီပီ ရာဇဝတ်သားတွေအပေါ် သက်ညှာလွန်းပြီး ရဲတွေကို တင်းတင်းကျပ်ကျပ် ချည်နှောင်ထားချင်သူဖြစ်ကြောင်း ၂၀၂၀တုန်းက ဆူပူလုယက်မှုတွေအပေါ် ကိုင်တွယ်ခဲ့တာကို ကြည့်ရင် သိနိုင်ပါတယ်။  

မနှစ်က ဇန်နဝါရီ ၆ရက်နေ့က ကာပီတိုမှာ ရဲက သက်သက်မဲ့ ပစ်သတ်ခံလိုက်ရတဲ့ အမေရိကန် လေတပ်က အက်ရှ်လေဘစ်ဘဒ်ဟာ အသတ်မခံရခင်က Capitol Speaker’s Lobby မှာ တံခါးပေါက်ကို စောင့်ကြပ်နေတဲ့ လုံခြုံရေးအရာရှိတွေနဲ့ စည်းဖောက်ချင်သူတဦးကြား ကြားဝင်ဟန့်တားပေးခဲ့တယ်လို့ ဗီဒီယိုမှတ်တမ်းတွေမှာ တွေ့ရှိကြပါတယ်။ မီဒီယာကြီးတွေက သူမကို စပီကာရဲ့ လော်ဘီကို ချိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားခဲ့တဲ့ ဆူပူသူ၊ လှုံ့ဆော်သူ၊ သူပုန် စသဖြင့် အပုပ်ချပုံဖော်ခဲ့ကြပေမယ့် တကယ်တမ်းမှာ သူမက ဆူပူသူ၊ လော်ဘီကို ချိုးဖျက်ဝင်မယ့်သူတွေကို ဟန့်တားခဲ့သူဖြစ်နေတာပါ။ အဲဒါကြောင့် အဖြစ်မှန်ကို မသိစေချင်လို့ ဗီဒီယိုမှတ်တမ်းတွေကို လွယ်လွယ်ကူကူနဲ့ ထုတ်မပေးတာဖြစ်မှာပါ။

သူမကို အကြောင်းမဲ့ ပစ်သတ်ခဲ့တဲ့ရဲကလည်း အရေးယူခံရခြင်း အလျဥ်းမရှိခဲ့ပါဘူး။ အဲဒီထဲမှာ ဦးဆောင်ဖျက်ဆီးသူ အလံရှုးတွေဖြစ်တဲ့ အန်တီဖာတို့ ဘီအယ်လ်အမ်တို့က လူတွေက အရေးယူမခံရပဲ ထရမ့်ထောက်ခံသူတွေကိုချည့် ပြင်းပြင်းထန်ထန် အရေးယူခံရရုံမက ထောင်ထဲမှာပါ ပညာပြခံနေရတာကိုကြည့်ရင် အက်ရှ်လေကိုလည်း လူဆိုးတွေကို ဟန့်တားခဲ့လို့ ပစ်သတ်ခံခဲ့ရတာ ဖြစ်နိုင်ပြီး အဲဒီဇတ်လမ်းတွေကိုလည်း လွှတ်တော်မှာ အာဏာအပြင်းဆုံးဖြစ်တဲ့ ပလိုးစီက ကြိုးဆွဲနေတာ ဖြစ်နိုင်ပါတယ်။

ဂျက်ဖရေအက်ပ်စတိန်းရဲ့ မိတ်ဆွေ ဂျရှ်လင်မက်စ်ဆွဲလ်တို့ သက်ငယ်လိင်ကုန်ကူးမှုနဲ့ ပတ်သက်နေတဲ ကျော်ကြားသူတွေထဲက နောက်တဦးဖြစ်တဲ့ မင်းသားအန်ဒရူးကလည်း ကလင်တန်လိုပဲ သူနဲ့ တကယ်တွဲနေတာက အရွယ်မရောက်သေးတဲ့ ကလေးမလေးတွေ မဟုတ်ပဲ ဂျရှ်လင်ကိုယ်တိုင် ဖြစ်နေတယ်လို့ သတင်းတွေ တက်လာပါတယ်။ ကြည့်ရတာ ဇတ်ညွှန်းဆရာ တဦးတည်းက ဖာတဲ့ဇတ်လမ်းဖြစ်ပုံရပါတယ်။ လူကြီးတွေ နှစ်ဦးသဘောတူရင် ပြစ်ဒဏ်ကျခံရမှာမဟုတ်လို့ပါ။ ဂျရှ်လင်က အိမ်ဖြူနဲ့ ကလင်တန်ဆီ ဝင်ထွက်တာများသလို မင်းသားအန်ဒရူးရဲ့ စံအိမ်ကိုလည်း သူကြိုက်တဲ့အချိန် ဝင်ထွက်နေသူလို့ ဆိုပါတယ်။ ဒီပုံစံအတိုင်းဆို နောက်ထပ်စွပ်စွဲခံရမယ့် သူတွေလည်း ဂျရှ်လင်နဲ့ပဲ ကြိုက်နေကြတာလို့ ပြောကြဦးမယ်ထင်ပါတယ်။ တော်တော်တတ်နိုင်တဲ့ အမျိုးသမီးဆိုပါတော့။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: