ဇန်နဝါရီ ၂၅ ရက် ၂၀၂၂

အသက် ၈၁နှစ်ရှိပြီဖြစ်တဲ့ နန်စီပလိုးစီက ဒီနှစ်နိုဝင်ဘာမှာလုပ်မယ့် ရွေးကောက်ပွဲမှာ ဝင်အရွေးခံမယ်လို့ ကြေငြာလိုက်တာကြောင့် သူမအနားယူမှာလားလို့ သိချင်နေသူတွေရဲ့ သံသယကို ချေဖျက်ပေးလိုက်ပြီဖြစ်ပါတယ်။ အောက်လွှတ်တော်ရဲ့  နှစ်နှစ်သက်တမ်းအတွက် အရွေးခံတဲ့ထဲမှာ သူမက အကြီးဆုံးတော့ မဟုတ်ပါဘူး၊ အရင်က အသက် ၉၀ကျော်ပြီးထိ အရွေးခံနေသူတွေ​​ ရှိခဲ့ပါတယ်။ အသက်အလွန်ကြီးနေတဲ့ အမတ်တွေရဲ့ ၉၀%ကျော်က ဒီမိုကရက်ပါတီကဖြစ်ပါတယ်။ အသက်ဆိုတာနံပါတ်တခုလို့ ပြောကြပေမယ့်လည်း စကားတွေ တောင်ရောက်မြောက်ရောက်ဖြစ်နေပြီဆိုရင်တော့ နားသင့်ပြီလို့ ထင်ပါတယ်။ တိုင်းပြည်အတွက် အကျိုးမရှိနိုင်ရင် သင့်နဲ့ သင့်မိသားစုကို လုံခြုံကောင်းမွန်တဲ့ ဘဝတည်ဆောက်ဖို့ အထောက်အကူမပြုမှာကြောင့် မရွေးကြဖို့ လိုပါတယ်။

Customs and Border Protection က ဟောင်ကောင်က တင်သွင်းလာတဲ့ ယာဥ်မောင်းလိုင်စင်အတု ၁၀၀၀ ကျော်ကို အင်ဒီယားနားပြည်နယ်က Indianapolis မှာ ဖမ်းမိလိုက်ပါတယ်။ အဲဒီပုံးတွေအပြင်မှာ game card တွေလို့ ရေးထားပြီး အဲဒါတွေကို အီလီနှိုင်းနဲ့ နယူးယောက်တို့ကို လိပ်မူထားတာဖြစ်ပါတယ်။ လိုင်စင်တွေအများစုက ကောလိပ်တက်တဲ့အရွယ်ကောင်းလေးတွေဖြစ်တယ်လို့ ဆိုပါတယ်။

စောစောက တင်ခဲ့တဲ့ ဘိုင်ဒန်အစိုးရက တရားမဝင်ဝင်ရောက်လာသူတွေကို မြို့ကြီးတွေကို ဖြန့်ပို့နေတာနဲ့ တွဲပြီး တွေးကြည့်ရင် အဲဒီနှစ်ခုက ဆက်စပ်နေနိုင်တာဖြစ်ပါတယ်။ တရားမဝင်လာသူတွေကလည်း အရွယ်ကောင်းယောက်ကျားတွေဖြစ်ပြီး သူတို့က ဒီကိုလာဖို့အတွက် မူးယစ်ရာဇာတွေကို ဒေါ်လာ ၂၀၀၀ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ စာရွက်စာတမ်းအတုတွေ ရနိုင်တာလည်း အဲဒီလို ရာဇဝတ်ဂိုဏ်းက လူတွေပဲဆိုတော့ ဟုတ်တော့နေပါပြီပေါ့။ အတုဆိုတော့လည်း ရဲအင်အားနည်းတာနဲ့ သေချာစစ်ဖို့က မဖြစ်နိုင်၊ တခုခုဖြစ်လာရင်လည်း လမ်းပေါ်ပြန်လွှတ်ပေးဖို့က သိပ်လွယ်နေတော့ ရာဇဝတ်မှုတွေက ကျဦးတော့မှာပါပဲ။

ဘိုင်ဒန်အစိုးရက ကပ်ပိုးကိုကုသရာမှာ ခွင့်ပြုထားတဲ့ ပိုးကူးပြီး ပြန်ကောင်းသူတွေရဲ့ သွေးဖြူဥတွေကနေ ထုတ်လုပ်တဲ့ဆေးတွေကို သုံးခွင့်ပြုတဲ့ ပရိုတိုကောလ်ကို ရုတ်တရက်ပြင်ဆင်လိုက်တဲ့အတွက် ဖလော်ရီဒါမှာ အဲဒီဆေးနဲ့ကုဖို့ စီစဥ်ထားတဲ့ လူနာ ၂၀၀၀ လောက်ကို ရက်ချိန်းတွေ ဖျက်ပစ်ခဲ့ရပါတယ်။ လက်ရှိသုံးနေတဲ့ အထက်ပါဆေးနှစ်မျိုးကို အရေးပေါ်အခြေအနေမှာ ကုဖို့ခွင့်ပြုထားတာကနေ ဆိုင်းမဆင့်ဗုံမဆင့် ဘယ်သူနဲ့မှ မတိုင်ပင်ပဲ ပယ်ဖျက်လိုက်တာပါ။ ဒီရောဂါပိုးကို ကုနိုင်တဲ့ ဆေးကောင်းတလက်ထွက်လာလိုက် တားဆီးပြီးဟိုကြားထဲဖွက်ထားလိုက်နဲ့ အားလုံးကြွကုန်မှပဲ ပေးသုံးမလားမသိ။ သင်းတို့တွေ သိထားဖို့က အဲဒီလိုကြွတာတွေက ဒီဖက်ကလူတွေချည့်ပဲထင်ရင် မှားမယ်ဆိုတာပါ။

ဆေးပစ္စည်းကုမ္ပဏီတခုက ထိပ်တန်းခေါင်းဆောင်တဦးကတော့ ဒါဟာ အစိုးရက ဝင်စီမံလို့ ကမောက်ကမတွေဖြစ်ပြီး ဆေးတွေပြတ်လပ်ကုန်တာလို့ ဆိုပါတယ်။ တကယ်လဲ နေရာတိုင်းမှာ အစိုးရဝင်ပါလိုက်တိုင်း ဘာကောင်းကျိုးမှ မရနေတာပါ။ လွတ်လပ်တဲ့ ဈေးကွက်မှာ ရှိတဲ့ကုန်စည်က လိုတဲ့နေရာကို လွတ်လွတ်လပ်လပ် စီးဆင်းပါတယ်။ အဲဒီလို စီးဆင်းနိုင်အောင်လည်း အဟန့်အတားဖြစ်နေတဲ့ လုပ်ထုံးလုပ်နည်းတွေ ကြိုးနီစံနစ်တွေကို ပယ်ရှားပေးရပါတယ်။​ အစိုးရက ဝင်စီမံရင် ဈေးကွက်လိုအပ်ချက်အတိုင်းမသွားပဲ အထက်ကလာတဲ့ အမိန့် အာဏာနဲ့ သွားကြတော့ ပိုတဲ့နေရာတအားပို၊ ပြတ်တဲ့နေရာပြတ် ဖြစ်ကုန်တာပါပဲ။

ပိုဆိုးတာက လူမျိုးရေးအရ ဦးစားပေးဆိုတာတွေကလည်း အောက်ခြေမှာ အကောင်အထည်ဖော်ဖို့ ပေတံမရှိတဲ့အတွက် လက်သင့်ရာ စားတော်ခေါ်ကုန်တာပါပဲ။ အစိုးရက ဖြန့်ဖြူးမှုကို လွဲယူလိုက်တဲ့ စက်တင်ဘာ ၁၃ရက်တုန်းကလည်း တချို့ပြည်နယ်တွေကို အကြောင်းမကြားလို့ စနစ်ဟောင်းနဲ့ ဆက်မှာထားတာတွေက စာရင်းပိတ်သိမ်းတဲ့ထဲ ပါကုန်ပါတယ်။​ လိုအပ်ချက်ကို အောက်ကတင်မယ်ဆိုရင်တောင် အမိန့်စောင့်နေရတာနဲ့ တာဝန်မယူချင်တာနဲ့ မယူရဲတာနဲ့ အမျိုးစုံ ကြန့်ကြာကြဦးမှာပါ။ ဖြစ်ချင်တော့ မျိုးသစ်က အကူးမြန်ပြီး အများစုက ဆေးမလိုပေမယ့် လိုတဲ့အရေအတွက်ကလည်း အရင်ထက် အဆ ၂၀လောက် တက်သွားတယ်လို့ ဆိုပါတယ်။​

တောင်ကာရိုလိုင်းနားက အမတ်တွေက သူတို့ပြည်နယ်မှာ ဘယ်အဖွဲ့အစည်းကပဲဖြစ်ဖြစ် ဆေးထိုးထားတဲ့စာကို ပြခိုင်းတာဟာ တရားမဝင်ဘူးဆိုတဲ့ ဥပဒေကို ပြဌာန်းဖို့ အဆိုတင်သွင်းလိုက်ပြီဖြစ်ပါတယ်။​ ဥပဒေအတည်ဖြစ်ပြီးနောက် အဲဒီလို ပြခိုင်းခဲ့ရင် ဒဏ်ငွေ သောင်းလေးထောင် (သို့) တနှစ်အောက်ထောင်ဒဏ် (သို့) နှစ်မျိုးလုံး ချမှတ်ခံရမှာဖြစ်ပါတယ်။

နယူးယောက်မြို့ဝန်အသစ်က ရာဇဝတ်မှုတွေကို ထိထိရောက်ရောက်တိုက်ဖျက်ဖို့ ရဲတွေဟာ နယူးယောက်မြို့ကြီးမှာ နေသူတွေဖြစ်ရမယ်လို့ သတ်မှတ်လိုက်တာကြောင့် ရဲတွေကြား ဒေါပွဝေဖန်နေကြပါတယ်။ ငါတို့ကို မြို့ကြီးမှာ နေနိုင်တဲ့လခပေးလေ၊ ငါတို့နေမယ်လို့ ဆိုကြပါတယ်။ သူကိုယ်တိုင် ရဲဘဝကလာတာဖြစ်လို့ မြို့တော်လုံခြုံဖို့ မျှော်လင့်ချက်နဲ့ မြို့တော်သူ/သားတွေက ရွေးချယ်ထားတာဖြစ်ပေမယ့် အပြောနဲ့အလုပ်တွေက တကယ့်ပြဿနာတွေကို ဖြေရှင်းဖို့လမ်းကနေ ဝေးနေပါသေးတယ်။ ရဲတပ်ကြပ်လုပ်ခဲ့ဖူးတဲ့ သူ့ညီကိုလည်း ရဲထဲမှာ ရာထူးကြီးကြီးတနေရာပေးဖို့ လျာထားခဲ့ပေမယ့် ဝေဖန်မှုတွေကြောင့် နောက်ဆုံးမှာ သူ့ရဲ့ (မြို့ဝန်ရဲ့) လုံခြုံရေးတပ်ဖွဲ့မှာသာ ရာထူးပေးပြီး ခန့်ထားလိုက်ရပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: