American Thought Leaders
Jan Jekielek
ဆေးဝါးလောကမှာက အမြတ်အစွန်းများတာကို ဦးစားပေးကြတာဆိုတော့ ဈေးကွက်ထဲမှာ နှစ်ပေါင်းများစွာ ရှိနေပြီးသား၊ ဈေးလဲချို၊ လွယ်လွယ်လဲရ၊ ဆိုတဲ့ ဆေးမျိုးတွေကို ပုံမှန်သုံးနေကြရောဂါမျိုးမဟုတ်ပဲ နောက်တမျိုးမှာ ပေးသုံးဖို့ကို ဆေးကုမ္ပဏီကြီးတွေက မလုပ်စေချင်ကြပါဘူး။ အဲဒါကြောင့် အဲဒီလိုဖြစ်မလာအောင် လိုက်လံပိတ်ဆို့နေတာ ဆယ်စုနှစ်ကျော် ကြာခဲ့ပါပြီ။ ၂၀၂၀မှာ ငှက်ဖျားဆေး ဟိုက်ဒရိုဆီကလိုရိုကွင်းကို အသေဝိုင်းပိတ်ကြတာလည်း ဒါကြောင့်ပါပဲ။၊ ၂၀၂၁မှာတော့ ကပ်ပါးပိုးအတွက် သောက်ရတဲ့ အိုင်ဗာမက်တင်ပေါ့။
ငှက်ဖျားဆေးက ကိုဗစ်ကို ကုသနိုင်တယ်ဆိုတာ အစောပိုင်းမှာထဲက အာရှ၊ အာဖရိကက ဆရာဝန်တွေအပြင် အမေရိကန် ဆရာဝန်တွေပါ တွေ့ရှိထားကြတာပါ။ ကိုယ်တိုင်လည်း မကူးခင်ထဲက ကာကွယ်ဆေးလို သောက်ခဲ့ကြသလို လူနာတွေကိုလည်း ပေးခဲ့ကြတာ ဘေးဖြစ်တယ်ဆိုတာ မရှိသလောက်ပါပဲ။ အဲဒီလောက် စိတ်ချရတဲ့ဆေးကို တခြားဆေးအစားထိုးစရာမရှိခင် အာဏာသုံးပြီး လိုက်ပိတ်ပင်တဲ့အခါကျတော့ ခံစားသွားရတဲ့သူတွေက ဆေးကုမ္ပဏီကြီးတွေကလူတွေမဟုတ်သလို သူတို့နဲ့ ပေါင်းစားတဲ့ ခြစားနိုင်ငံရေးသမားတွေလည်း မဟုတ်တဲ့ သာမာန်ပြည်သူတွေ ဖြစ်လာပါတယ်။
သို့ပေမယ့်လည်း ထရမ့်က ပြောခဲ့လို့ပဲ ပြန်ကန့်လန့်တိုက်ကြသလိုလို ထင်ယောင်ထင်မှားတွေ ဖန်တီးပြီး ဝေဖန်မယ့်သူ ပါးစပ်ပိတ်အောင် လုပ်ခဲ့ကြတာပါ။ ဒါပေမဲ့လည်း အဓိက အကြောင်းရင်းက အမြတ်ပါ။ ကိုဗစ်ကို လူတွေ အရမ်းကြောက်ပြီး ကိုဗစ်ပျောက်မယ် (သို့) ကိုဗစ်ရန်က ကာကွယ်ပေးနိုင်မယ်ဆိုရင် ဘာပဲပေးရပေးရ ဘယ်လောက်ကုန်ကုန် သုံးကြတော့မယ့်အခြေအနေကို ဆေးကုမ္ပဏီကြီးတွေ လက်လွတ်မခံနိုင်ပါဘူး။ အမြတ်များများရဖို့အပြင် အမြတ်များလေ စတော့ဈေးတက်လေဆိုတော့ မီလျံနာမဖြစ်သေးရင်လည်း ဖြစ်မယ်၊ ဖြစ်ပြီးသားလူက သန်းပေါင်းများစွာနဲ့ ဘီလျံနာအထိ ချမ်းသာမယ့်အခွင့်အရေး ဖြစ်ပါတယ်။
ငှက်ဖျားဆေးကို နှိပ်ကွပ်လို့ပြီးပြန်တော့ ဆရာဝန်တွေ လူနာတွေလည်း ဖြစ်တဲ့ လက္ခဏာတွေအရ ပျောက်ကင်းသက်သာနိုင်မယ့်ဆေးတွေကို လွယ်လင့်တကူရနိုင်တဲ့ဆေးတွေထဲက ရှာကြံရပြန်ပါတယ်။ အဲဒီမှာ အိုင်ဗာမက်တင်လည်း နှိပ်ကွပ်ခံရတဲ့စာရင်းထဲ ပါသွားတော့တာပါပဲ။ သူလည်း အင်မတန်ဈေးချိုပြီး ပေါပေါများများရနိုင်တဲ့ဆေးပါ။ ဈေးကွက်ထဲမှာ ရှိနေတာလည်း ငှက်ဖျားဆေးလိုပဲ ကြာလှပြီဆိုတော့ ဆေးရဲ့ ကောင်းကျိုး ဆိုးကျိုးတွေက စမ်းတဝါးဝါး မှန်းနေရတာမျိုး မဟုတ်တော့ပါဘူး။
တာဝန်ရှိသူတွေပေးတဲ့ အကြောင်းပြချက်က ငှက်ဖျားဆေးတို့ အိုင်ဗာမက်တင်ဆေးတွေကို နားမလည်ပဲ ပမာဏအများကြီးသုံးကြရင် အသက်အန္တရာယ်တောင် ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။ ဒီဆေးတွေက တခြားဆရာဝန်ဆေးစာလိုတဲ့ ဆေးတွေလိုပဲ ဆရာဝန်ကနေ အညွှန်းရေးပေးရတာဆိုတော့ ဘယ်လောက်အား ဘယ်နှစ်လုံးကို တနေ့ဘယ်နှစ်ကြိမ်ဆိုတာ ပေးတဲ့ဆရာဝန်က လူနာပေါ်မူတည်ပြီး တခါထဲ တွက်ပေးလိုက်မှာပါ။ လူနာက တလွဲသောက်ရင် ဘာဖြစ်မလဲဆိုတဲ့ risk က တခြားဆရာဝန်ပေးတဲ့ဆေးတွေနဲ့ ဘာမှ မကွာပါဘူး။
သူတို့လုပ်တယ်ဆိုတဲ့ သုတေသနတွေကလည်း ဘယ်တုန်းက ဘယ်မှာလုပ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မပြောထားတော့ ပွင့်လင်းမြင်သာမှုမရှိတဲ့ ဒေတာကို ယုံကြည်ဖို့ ခက်ပါတယ်။
ပြောရရင် အိုပီရွိုက်ကလည်း ဆရာဝန်ပေးမှရတာပါ။ ဒါပေမယ့် အဲဒါကို ဘယ်သူက တင်းကြပ်သလဲဆိုတာတော့ မကြားမိပါဘူး။ အဲဒီတော့ တာဝန်ရှိသူတွေပေးတဲ့ အကြောင်းပြချက်က ရီစရာဖြစ်နေတာပါပဲ။ ဒါပေမယ့်လည်း ဒီလို လွယ်လွယ်ရတဲ့ဆေးတွေကို ကျပ်ထားလို့ အသက်မဆုံးသင့်ပဲ ဆုံးပါးသွားသူတွေ မနဲမနောရှိနေတော့ ရီလည်း မရီနိုင်ပါဘူး။ လောဘကြောင့် လူတွေ ထိခိုက်ရတာကို ခြစားတွေက သူတို့ကြောင့်/သူတို့ကို ခွန့်ထားတဲ့ ဆေးကုမ္ပဏီကြီးတွေကြောင့် လို့တော့ တသက်ဝန်ခံမှာ မဟုတ်ပါဘူး၊ အရင်းရှင်စနစ်ကိုပဲ ပုံချကြမှာပါ။ ဘာကြောင့်လဲဆိုတော့ လက်ဝဲစနစ်က အစိုးရမှာ အာဏာပိုရတဲ့အပြင် ကိုယ့်ကို ဝေဖန်မယ့်သူတွေကိုပါ နှုတ်ပိတ်ထားနိုင်တာကြောင့်ပါ။
(ဒီဆောင်းပါးက ၏/သည်မလွဲ ဘာသာပြန်ထားတာမဟုတ်ပါဘူး၊ မှီငြမ်းရုံပါ၊ အနှစ်သာရကိုပဲယူပြီး ပြန်ရေးတာပါ။)