ဖေဖေါ်ဝါရီ​ ၄ ရက် ၂၀၂၂

ရာထူးက ရုတ်တရက်နှုတ်ထွက်လိုက်တဲ့ CNN ဥက္ကဌ လက်ဝဲစွန်း Jeff Zucker နဲ့ သူနဲ့တွဲနေတဲ့ သူခန့်ထားတဲ့ သူ့လက်အောက်က ပြန်ကြားရေးဒါရိုက်တာ Allison Gollust တို့က လိင်အရှုပ်တော်ပုံတွေနဲ့ ရာထူကနှုတ်ထွက်သွားရတဲ့ နယူးယောက်ဂါဗာနာ အန်ဒရူးကိုမိုနဲ့ မသင့်တော်တဲ့ ဆက်ဆံရေးမျိုးတွေ ရှိခဲ့ပါတယ်။ ဂျက်ဖ်တို့စုံတွဲက အန်ဒရူးကို သူ့ညီ (CNN က ဂျက်ဖ်က ထုတ်လိုက်တဲ့) ခရစ်စ်နဲ့ အတူတူ (ဟိုပိုးနဲ့ပတ်သက်တဲ့) သတင်းအပိုင်းလေးတွေကို လူကြိုက်တဲ့ပုံစံမျိုးဖြစ်အောင် တင်ဆက်ဖို့ အကြံပေး တိုက်တွန်းခဲ့ပါတယ်။ ဘာတွေပြောရမယ် ဆိုတာတောင် သင်ပေးလိုက်ပါသေးတယ်လို့ နယူးယောက်ပို့စ်တ တင်ပြထားပါတယ်။

            ဂျက်ဖ်ဇတ်ကာတို့အတွဲက အန်ဒရူးကိုမိုနဲ့ ရင်းနှီးကြတဲ့အလျောက် သူ့ကို အမွှန်းတင်ချီးမြှောက်တဲ့ အပင့်အစီအစဥ်လေးတွေကို ကြိုက်သလောက် အကန့်အသတ်မရှိ တင်ပေးဖို့လည်း ခွင့်ပြုထားပါတယ်။ နောက်သတင်းရင်းမြစ်တခုကဆိုရင် အဲဒီစုံတွဲက တီဗီမှာ လူစိတ်ဝင်စားအောင် သမ္မတထရမ့်ကို ဘယ်လို ပြန်ပြောဖို့ ပြန်နှက်ဖို့တွေပါ သင်ပေးတယ်လို့ ဆိုပါတယ်။ မီဒီယာသမားက ရွေးကောက်ခံတဦးကို အဲဒီလို သင်ပေးနေတာက မဖြစ်သင့်ဘူးပါဘူး။

            အလီဆင်က CNN ကိုမလာခင်က ကိုမို့ရုံးမှာ ပြန်ကြားရေးဓါရိုက်တာအဖြစ် ၄လလောက် လုပ်ခဲ့ပါသေးတယ်။ CNN ရောက်ပြီး ဂျက်ဖ်နဲ့ပေါင်းပြီး ကိုမိုကို ဟိုပိုးအကြောင်း ပိုစတာဘွိုင်းလုပ်ခိုင်းတာတွေအတွက် ကိုမို့ရုံးက ပြန်ကြားရေးအရာရှိတွေကိုကျော်ပြီး လုပ်ခဲ့တာပါ​။ ကိုမိုရဲ့ နာမည်အပျက်ဆုံးဖြစ်တဲ့ လူအိုရုံတွေမှာ သေတဲ့လူနာတွေကိစ္စကိုလည်း ဖုံးနိုင်ဖိနိုင်ဖိုနဲ့ သူ့ဆင်ခြေတွေ ပြောလို့ရအောင် ညီကမေးတဲ့ပုံစံမျိုး စီစဥ်ပေးခဲ့ပါတယ်။ သူတို့ပေါင်းပြီး ဇတ်လမ်းတွေ လုပ်ခဲ့ကြလို့ အန်ဒရူးလဲ တီဗီမင်းသားကြီးဖြစ်ပြီး Emmy ဆုပါ ရလိုက်ပါသေးတယ်။

အဲဒါကြောင့် CNN က ခရစ်စ်ကိုမိုကို သူ့အကိုရဲ့ အရှုပ်ထုပ်တွေမှာ ဝင်ကူခဲ့လို့ ကုမ္ပဏီပေါ်လစီ ဖောက်ဖျက်မှုနဲ့ ဒီဇင်ဘာမှာ အလုပ်ဖြုတ်ပစ်ခဲ့ပါတယ်။ ရှက်ဒေါသမွှန်သွားတဲ့ ခရစ်စ်ကိုမိုက ဒီကိစ္စ ဂျက်ဖ်လည်း သိနေတာပဲလို့ ဆွဲချပြီး သူ့ကိုစာချုပ်သက်တမ်းစေ့တဲ့အထိ ဆက်ထားဖို့ (သို့) လျော်ကြေးပေးဖို့နဲ့ မဟုတ်ရင် သူသိတာတွေ မြေလှန်မယ်ဆိုတဲ့သဘောမျိုး ခြိမ်းခြောက်ခဲ့ပါတယ်။

ဂျက်ဖ်ဇတ်ကာလက်အောက်မှာ CNN က ထရမ့်လုပ်သမျှ အကောင်းမမြင်တဲ့ anti-Trump network အဖြစ်နဲ့ ကျဆင်းနေတဲ့ ချန်နယ်ရဲ့ လူကြိုက်များမှုကို ပြန်ဆွဲတင်ဖို့ ကြိုးစားခဲ့ပါတယ်။ သူ့ဗျူဟာက ပြည်ပမှာတော့ ဘယ်လောက် ထိရောက်လဲမသိပေမယ့် ပြည်တွင်းမှာတော့ မှန်းချက်နဲ့ နှမ်းထွက် တက်တက်စင် လွဲခဲ့ပါတယ်။​ ပြည်တွင်းမှာ ကြည့်ရှုသူ နဲသထက်နဲလာတာ အခုဆို လူကြည့်အများဆုံးအချိန်မှာတောင် CNN ကြည့်သူ ၆သိန်းခွဲလောက်ပဲ ကျန်ပါတော့တယ်။ အလားတူအချိန်မှာ Fox News က ၂.၅၈သန်း ရှိပါသေးတယ်။  

ဒီမိုကရက်တွေက ၂၀၂၂မှာ ပလိုစီလွှတ်တော်စပီကာဆက်ဖြစ်ဖို့အတွက် အသည်းအသန်ကြိုးပမ်း နေကြတာမှာ ဒီမိုကရက်တွေကြီးစိုးတဲ့ ပြည်နယ်တိုင်းမှာ မဲဆန္ဒနယ်မြေပုံကို ပြန်ပြင်ဆွဲကြတာလည်း တခုအပါအဝင်ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ ပြည်နယ်လွှတ်တော်မှာ လူများစုရတဲ့ ပါတီက ဆွဲတတ်ကြတာဖြစ်ပေမယ့် ဒီမိုကရက်တွေကတော့ ပို aggressive ဖြစ်တယ်လို့ ပြောရမှာပါ။​ ရီပါဘလစ်ကန်တွေ အဲဒီလို ပြန်ဆွဲရင် gerrymandering တို့ disenfranchisement လုပ်တယ်တို့ စွပ်စွဲကြပြီး တရားစွဲကြပါတယ်။ သူတို့ပါတီက လုပ်ရင်တော့ redistricting လို့ပဲ အတင်းငြင်းကြပါတယ်။

            လက်ရှိ အောက်လွှတ်တော်မှာ နယူးယောက်ပြည်နယ်က အမတ် ၂၇ဦးရှိပြီး ၁၉ဦးက ဒီမိုကရက်နဲ့ ၈ဦးက ရီပါဘလစ်ကန်တွေ ဖြစ်ပါတယ်။ အခုပြည်နယ်လွှတ်တော်က အတည်ပြုလိုက်တဲ့  မဲဆန္ဒနယ်မြေပုံမှာ နေရာ ၂၀က ဒီမိုကရက်တွေ နိုင်ခြေရှိပြီး ၄ နေရာကပဲ​ ရီပါဘလစ်ကန်ဘက် ယိမ်းနေတာပါ၊ ကျန်တဲ့ ၂နေရာကတော့ အကျိတ်အနယ် ယှဥ်ပြိုင်ရမယ့်နေရာတွေ ဖြစ်လာပါတယ်။​ အဲဒီ ၂နေရာလုံး ရီပါဘလစ်ကန်တွေ နိုင်တယ်ဆိုရင်တောင် ၈နေရာကနေ ၆နေရာဆိုတော့ အလိုလို ၂နေရာ ဆုံးမှာ ဖြစ်ပါတယ်။ ပိုဆိုးတာက ၄နေရာအထိဆုံးနိုင်တာဆိုတော့ လက်ရှိအမတ်ထက် ၅၀% လျော့ကျသွားမယ့်သဘောပါ။ အဲဒါကတော့ ဘယ်လိုစံနဲ့ပဲကြည့်ကြည့် တရားလွန်တယ်လို့ပဲ ဆိုရမှာပါ။

ကယ်လီဖိုးနီးယားမှာလည်း redistricting ကြောင့် ရီပါဘလစ်ကန်နေရာတွေ လျော့သွားဖို့ ရှိနေပါသေးတယ်။ ကယ်လီဖိုးနီးယားရော နယူးယောက်ရောမှာ လူဦးရေစစ်တမ်းအရ လူဦးရေလျော့သွားတာကြောင့် အောက်လွှတ်တော်အတွက် တနေရာစီ လျော့သွားပါတယ်။

ပူးသတ်ကြီးအကြောင်း မနေ့ကရေးတဲ့ထဲမှာပါတဲ့ ထရမ့်ပြောသွားတဲ့ ဥပဒေကို ဒီမိုကရက် ဆီးနိတ်တာ နှစ်ဦးနဲ့ သူတို့ရဲ့ မဟာမိတ်တဦးတို့က ဇန်နဝါရီ ၆ရက် ကာပီတိုကိစ္စကို အသုံးချပြီး တင်ဖို့ ကြိုးစားနေတာပါ။ အဆိုတင်တဲ့သူက တသီးပုဂ္ဂလဆိုပေမယ့် ဒီမိုကရက်တွေအတိုင်းပဲ မဲထည့်လေ့ရှိသူ မိန်းပြည်နယ်က ဆီနိတ်တာ အန်းဂပ်စ်ကင်းဖြစ်ပြီး သူ့ရဲ့ အပေါင်းပါတွေက မင်နီဆိုးတားက ဒီမိုကရက်ဆီနိတ်တာ အေမီ ကလိုဘူချာနဲ့ အီလီနွိုင်းက ဒီမိုကရက်ဆီနိတ်တာ ဒစ်ခ်ဒါဘင်တို့ ဖြစ်ကြပါတယ်။

            အန်းဂတ်စ်ကင်းက ၂၀၂၀ ရွေးကောက်ပွဲမှာ မဲခိုးဇတ်လမ်းတွေဖြစ်ခဲ့လို့ သန်းနဲ့ချီတဲ့ ထရမ့်ထောက်ခံသူတွေက မဲတွေကို အတည်ပြုမယ့်နေ့မှာ ဒီစီကို လာဆန္ဒပြခဲ့ကြတာကို ဒီမိုကရေစီကို ခြိမ်းခြောက်မှုလို့ စွပ်စွဲလိုက်ပြီး အဲဒီလိုမျိုး နောင်ဖြစ်မှာကို တားမြစ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ Electoral Count Act ဥပဒေကြမ်းကို တင်သွင်းခဲ့ပါတယ်။ အဲဒီဥပဒေကြမ်းက ဘာတွေလုပ်မှာလဲ ဆိုရင်

  • ဒုသမ္မတမှာ ပြည်နယ်တွေက စေလွှတ်လိုက်တဲ့ elector တွေကို ပယ်ချဖို့ အခွင့်အာဏာ မရှိကြောင်း ရှင်းအောင်လုပ်ရန်၊
  • Elector တွေနဲ့ electoral vote တွေကို ပယ်ချဖို့ နယ်/ဘောင်ကျဥ်းသထက် ကျဥ်းအောင် လုပ်ရန်
  • ကွန်ဂရက်စ်မှာ elector & electoral vote တွေကို အောင်အောင်မြင်မြင် ကန့်ကွက်နိုင်ဖို့ လိုအပ်ချက်တွေကို တိုးမြှင့်ခြင်းဖြင့် အောင်မြင်နိုင်ခြေ ပိုနည်းသွားစေရန်
  • ပြည်နယ်လွှတ်တော်တွေက ရွေးကောက်ပွဲရလာဒ်ကို ရွေးကောက်ပွဲနေ့ထက် ကျော်လွန်ပြီး elector တွေ ခန့်ခွင့်မပြုတာကို သေချာအောင်လုပ်ရန်
  • ပြည်နယ်ကခန့်တဲ့ elector တွေက ပြည်နယ်က လူများစုမဲကို ထင်ဟပ်ကြောင်း သေချာအောင်လုပ်မယ့် တရားရေးဖက်က review လုပ်တာကို အကန့်အသတ်နဲ့ပဲ ခွင့်ပြုရန်
  • ပြည်နယ်တွေကို တရားဝင် မဲပြန်ရေတာတွေနဲ့ တရားစွဲတာတွေကို ဒီဇင်ဘာ ၂၀ အထိ ခွင့်ပြုရန်

လက်ရှိဥပဒေအရ electoral count ကို ကန့်ကွက်ရန် ကွန်ဂရက်စ်မှာ မဲခွဲရန် တင်သွင်းဖို့ အောက်လွှတ်တော်က ၁ဦးနဲ့ အထက်လွှတ်တော်က ၁ဦးသာ လိုအပ်တာဖြစ်ပါတယ်။ ကင်းအဆိုတင်သွင်းတဲ့ ဥပဒေကြမ်းမှာတော့ ဆီးနိတ်ရဲ့ ၃ပုံ ၁ပုံက ကန့်ကွက်မှသာ လွှတ်တော်ကို မဲခွဲဖို့ ခရီးဆက်နိုင်မှာ ဖြစ်ပါတယ်။​

ဒီမိုကရက်တွေက အဲဒီဥပဒေကြမ်းကို ရွေးကောက်ပွဲတွေကို သူတို့ချယ်လှယ်လို့ရအောင်နဲ့ သူတို့ရဲ့ လက်ဝဲစွန်းဥပဒေတွေကို လွယ်လွယ်ကူကူပြဌာန်းနိုင်ဖို့ filibuster ဥပဒေကို ပယ်ရှားပစ်ဖို့ကြိုးစားတာနဲ့ မရှေးမနှောင်း လှုပ်ရှားကြတာပါ။

ထရမ့်တက်နေတဲ့ ၄နှစ်လုံး သူနိုင်ခဲ့တာက ရွေးကောက်ပွဲတွေကို ကလဖံထိုးလို့ ဖြစ်ခဲ့သလို တချိန်လုံးစွပ်စွဲလာခဲ့တဲ့ ဒီမိုကရက်တွေက ရီပါဘလစ်ကန်တွေ ၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မေးစရာရှိလာတော့ ထွက်လာသမျှအသံကို ကြမ်းကြမ်းတမ်းတမ်း လိုက်ပိတ်နေကြတာ သူတို့အောက်ဆွဲတွေ အကူအညီနဲ့ပါပေါ့။

သမိုင်းမှာ အကြိမ်ကြိမ်တွေ့နိုင်တာက သင့်ရဲ့ နိုင်ငံရေးပြိုင်ဖက်တွေကို မကောင်းဆိုးဝါးတွေလို ပုံဖော်ပြီး အသံမထွက်နိုင်အောင် လိုက်လုပ်တာက ယုတ်မာရက်စက်တဲ့ အာဏာရှင်တွေရဲ့ လုပ်ရပ်ပါပဲ။ နောင် ၁၀ နှစ် အနှစ် ၂၀စသည်ကြာလို့ ကနေ့ခတ် သမိုင်းကို ပြန်ကြည့်တဲ့အခါကျရင်သာ စုတ်တသတ်သတ်နဲ့ ယူကျုံးမရ မဖြစ်ပါစေနဲ့။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: