Puberty Is Not A Medical Condition

လစ်ဘရယ်ကျတဲ့နေရာမှာ ထိပ်ဆုံးကအမြဲနေတဲ့ ဆန်ဖရန်စစ္စကိုက မိဘတွေတောင် ကလေးတွေနဲ့ ပတ်သက်လာရင် သည်းမခံကြတော့ပါဘူး။ ကိုယ့်မှာ ကလေးမရှိလို့ဖြစ်ဖြစ်၊ အဲဒီကိစ္စတွေကို စိတ်ပူရမယ့်အရွယ်မဟုတ်လို့ပဲဖြစ်ဖြစ်၊ လက်ဝဲစွန်းတွေအပေါ် သံသယလုံးဝမရှိတာပဲဖြစ်ဖြစ် ကိုယ်နဲ့မဆိုင်သလို မနေသင့်တဲ့ကိစ္စပါ။

လူပျိုဖော် အပျိုဖော်ဝင်တာက ဘဝရဲ့ အရေးကြီးတဲ့အဆင့်တခုပါ။ အဲဒီမတိုင်ခင် puberty blocker တွေ မိဘမသိအောင် ပေးလိုက်ရင် ဖြစ်လာမယ့်အကျိုးဆက်တွေက တသက်လုံး ပြင်မရဖြစ်တော့မှာပါ။ အဲဒါကြောင့် လူပျို/အပျိုဖော်ဝင်တာက ဆေးပေးရမယ့်ကျန်းမာရေးပြဿနာမဟုတ်ဘူးလို့ ပြောချင်ကြတာပါ။

ကလေးတွေကို လိင်ပြောင်းလွဲတာလုပ်ဖို့ မိဘသဘောတူချက်တောင် မလိုအောင် တွန်းလာတဲ့ကိစ္စက ပါတီစွဲနဲ့ ပုဂ္ဂိုလ်ရေးကြည်ညိုတာတွေထက် အများကြီး အရေးကြီးပါတယ်။ အဲဒါကြောင့် စိုးရိမ်ကြတဲ့ မိဘတွေက ဒီလောက်ဆိုင်းဘုတ်အကြီးကြီးကို ကိုယ့်ပိုက်ဆံနဲ့ကိုယ် တင်ကြတဲ့အထိ စိတ်ဓါတ်ပြင်းပြကြတာကို လေးစားမိပါတယ်။

ကျမကတော့ ကလေးတွေကိုယ်ပိုင်အသိဉာဏ် မရင့်ကျက်မပြည့်စုံသေးခင် ပြင်မရတဲ့ပြောင်းလဲမှုမျိုးလုပ်ဖို့ အားပေးသူ ဘယ်လူ/ပါတီကိုမဆို ဆန့်ကျင်ပါတယ်။

Leave a comment