အီလွန်က တွဒ်တာဘုတ်ကို တုန့်ပြန်ရာမှာ အဲလ်ဗစ်စ် ပရက်စလေဆိုခဲ့တဲ့ လဖ်မီတန်ဒါ (ငါ့ကို ကြင်ကြင်နာနာချစ်ပါ)လို့ တွိခဲ့ပါတယ်။ အဓိပ္ပါယ်က ကြင်နာတာအပြင် ကမ်းလှမ်းချက်ကို လက်ခံတာ၊ သဘောတူစာချုပ်အတိုင်း ငွေပေးချေပြီး အရောင်းအဝယ် အထမြောက်တာလိုလည်း ဖွင့်ဆိုလို့ ရပါတယ်။ တွဒ်တာကို ဝယ်ဖို့ကိစ္စနဲ့ နီးစပ်သူတွေအဆိုအရ အီလွန်က သူပိုင်ငွေ ၁၀-၁၅ဘီလီယံ အထိကို ထည့်ဝင်ဖို့ လိုလိုလားလားရှိပြီး နောက်ထပ် ၁၀ဘီလီယံလောက်ကိုတော့ ဘဏ်က ချေးယူကောင်း ချေးယူနိုင်တယ်လို့ သိရပါတယ်။ ဒီသတင်းတွေကိုတော့ တက်စ်လာကရော တွဒ်တာကပါ မတုန့်ပြန်ကြသေးပါဘူး။
ဧပြီ ၁၄ရက်တုန်းက တက်ဒ်တော့ခ်မှာတုန်းက သူက လူ့အဖွဲ့အစည်း၊ လူ့ယဥ်ကျေးမှုအတွက် အန္တရာယ်ဖြစ်လာနိုင်တဲ့အတွက် ဖရီးစပိချ်ကို ကန့်သတ်လာတဲ့ တွဒ်တာကို ဝယ်ဖို့ လုပ်နေတာဖြစ်ပြီး စီးပွားရေးအကျိုးအမြတ်က သူ့အတွက် အရေးမကြီးဘူးလို့ ဆိုပါတယ်။ သူ့ရဲ့ ရည်မှန်းချက်တွေကို သံသယရှိသူတချို့ကတော့ သူက ၂၀၂၀တုန်းက တရုပ်ပြည်ကို အကောင်းပြောခဲ့တာနဲ့ ပတ်သက်ပြီး တကယ်ပဲ ဖရီးစပိချ်ကို ကာကွယ်မလား၊ တရုပ်လက်ဝဲလမ်းစဥ်ကိုပဲ ပိုအားကောင်းအောင် လုပ်ပေးမှာလား စောင့်ကြည့်ရဦးမယ်လို့ ဆိုကြပါတယ်။
တရုပ်လို အာဏာရှင်နိုင်ငံက သတင်းအမှောင်ချ၊ ပြင်းပြင်းထန်ထန် ဆင်ဆာလုပ်ပြီး မကောင်းသတင်းမှန်သမျှကို ပိတ်ပင်ထားတော့ တရုပ်ပြည်အကြောင်း သေချာ လိုက်ရှာမဖတ်ဖူးဆိုရင် မကောင်းသတင်းကို မသိကြတာများပါတယ်။ အဲဒါကြောင့်လည်း တရုပ်ကို အထင်ကြီးနေသူတွေ အများကြီးရှိနေတာ ဖြစ်ပါတယ်။ ကပ်ပိုးနဲ့ ပတ်သက်ပြီးလည်း အစောပိုင်းမှာ တရုပ်က တင်းတင်းကြပ်ကြပ်ကိုင်တွယ်တာကို အထင်ကြီးပြီး အဲဒီလို အာဏာနဲ့လုပ်မှ လူတွေက နာခံတာဆိုပြီး အာဏာရှင်စနစ်ကိုတောင် ချီးမွမ်းနေကြပြန်တာပါ။
ငတ်နေတာတို့၊ အာဏာအလွဲသုံးတာတို့၊ နီးရာဓါး ကြောက်ရတော့ ဆင်ခြင်တုံတရားကို ပစ်ပယ်ပြီး အမိန့်အတိုင်းပဲ လုပ်ရတာတို့၊ ကိုယ့်သားသမီး ငယ်ငယ်လေးတွေကို မိဘရင်ခွင်ထဲက အတင်းဆွဲထုတ်သွားလည်း ကြည့်နေရတာတို့၊ အသက်ကြီးတဲ့လူတွေက ကာ/ဆေးပိုလိုတာကို သူတို့ကို ဦးစားပေးမထိုးပဲ နိုင်ငံတကာက ပို့လိုက်တဲ့ ပစ္စည်းတွေကနေ ပိုးပါတာပါလို့ ဝါဒဖြန့်ထားတဲ့အတွက် အဲဒီပစ္စည်းကိုင်တွယ်တဲ့လူတွေကို ဦးစားပေး ထိုးပေးနေတာတို့ အဲဒီလို မဟာအလွဲတွေကိုတော့ ဖုံးဖိထားကြတော့လည်း မသိရင် ရွှေပါပဲ။
တကယ်တမ်း ဖရီးစပိချ်ကို ဆင်ဆာလုပ်ချင်တယ်၊ အာဏာရှင်အားပေးချင်တယ်ဆိုရင် တွဒ်တာတို့ ဖဘတို့ ဂူဂယ်တို့ ယူကျူတို့ အကုန်လုံးက အဲဒီလိုဆင်ဆာလုပ်ရတာ ခံတွင်းတွေ့နေကြတာပဲလေ။ ပိုက်ဆံအကုန်ခံပြီး တွဒ်တာကို ဝယ်စရာ လိုပါ့မလား။ အီဂိုထိလို့လို့ ကပ်သပ်ပြောမယ်ဆိုလည်း ရတာပါပဲ။ သူ့အီဂိုက ၄၃ဘီလီယံတန်နေသလား၊ ဒီလောက်အောင်မြင်တဲ့ လုပ်ငန်းရှင်က အဓိကနဲ့ သာမည မကွဲဘူးလားဆိုတာတော့ စဥ်းစားစရာရှိတာပေါ့။ နောက်တချက်ကလည်း အကောင်းပြောတယ်ဆိုတာ ထရမ့်လဲ ရှီတို့ ပူတင်တို့ ကင်မ်တို့အကြောင်း အကောင်းပြောပြီး ကြိတ်တော့မှသာ ဟိုလူတွေ အသံတောင် မထွက်နိုင်ပဲ လှိမ့်ခံနေရတာဆိုတော့ တပိုင်းတစကနေ ကောက်ချက်ဆွဲရင် မပြည့်စုံနိုင်တာတော့ အမှန်ပါပဲ။
ဘယ်သူပဲဖြစ်ဖြစ် သိပ်စွမ်းလာပြီဆိုရင် လမ်းမှားရောက်သွားဖို့ လွယ်တော့ စောင့်ကြည့်တာတော့ မမှားပါဘူး။ ဥပမာပေးရရင် ဖဘဇူဇူက ၂၀၂၀ရွေးကောက်ပွဲမှာ သန်း ၄၀၀ကျော်သုံးပြီး တရုပ်/လက်ဲဝအလိုကျ ဘဒနိုင်အောင် လုပ်ပေးခဲ့တာကို ရစ်ဂ်ဆိုတဲ့ သတင်းရုပ်ရှင်ကို ကိုးကားပြီး ဆီးနိတ်က အပြင်းအထန် ဝေဖန်ထားတာလည်း မကြာသေးပါဘူး။ အဲဒီရုပ်ရှင်နာမည် အမေဇုံမှာရှိတဲ့ အလကားရတဲ့ဟာ လုံးဝမဟုတ်ပါဘူး၊ အမေဇုံကကားက ဒီမိုကရက်တွေရဲ့ အာဂျင်ဒါတွေကို ပြောနေတာပါ။ နာမည်တူအောင်လုပ်ပြီး ထင်ယောင်ထင်မှား တင်ထားပေမယ့် အနှစ်သာရက နေ့နဲ့ ညလို ကွာပါတယ်။ သူ့ကိုကြည့်ချင်ရင် စီတီဇင်စ်ယူနိုက်တဒ်မူဗီစ်ကနေ ၅ဒေါ်လာပေးပြီး ကြည့်လို့ရပါတယ်။
ရွေးကောက်ပွဲကော်မရှင်ကတောင် တပြည်လုံးရွေးကောက်ပွဲအတွက် သန်း၄၀၀လောက် သုံးထားတဲ့ကိစ္စမှာ ဇူဇူတဦးတည်းက အဲဒီထက်ပိုသုံးထားတဲ့အပြင် အပြာကြီးစိုးတဲ့ မြို့ကြီးတွေရှိတဲ့ ဆွင်းစတိတ်ပြည်နယ် ၃ခုမှာပဲ အဓိက သုံးထားတာပါ။ အဲဒီပြည်နယ် ၃ခုက မြို့ကြီးတွေမှာတင် မဲဝယ်၊ မဲကောက်၊ မဲပြင်စတာတွေ လုပ်ခဲ့တာပါ။ မဲရုံကြီးကြပ်ရေးကအစ မဲကောက်ဖို့ ဗော်လန်တီယာလုပ်သူတွေအဆုံး ပိုက်ဆံထုတ်ပေးထားပြီး ရလာဒ်က လိုသလို ထွက်မလာရင် အဲဒီပိုက်ဆံတွေ ပြန်ပေးရမယ်လို့ ခံဝန်ခိုင်းထားတာပါ။ အဲဒါကြောင့် လူထုဆန္ဒကို အနီးစပ်ဆုံး ကိုယ်စားပြုတဲ့ အောက်လွှတ်တော်မှာ တပြည်လုံး အနီတွေ ကျယ်ကျယ်ပြန့်ပြန့် နိုင်ခဲ့ပေမယ့် အပြာက မြို့ကြီးတချို့မှာတင် ဘယ်လိုမှ မဖြစ်နိုင်တဲ့ ပမာဏဖြစ်တဲ့ မဲ ၇သန်းလောက် ပိုရသွားခဲ့ပြီး ရွေးကောက်ပွဲရလာဒ် ပြောင်းလဲသွားတာပါ။
ဇူဇူတို့လုပ်ခဲ့တဲ့ နည်းတချို့က မဲသွားချတဲ့ နေရာတွေက အရင်ကလို တရားဝင် မဲလက်ခံတဲ့နေရာတွေ မဟုတ်ပဲ စာတိုက်ပုံးတွေလို ဘယ်သူမဆို လာထည့်လို့ရတဲ့ ပုံးတွေ လိုက်ချပေးထားတာပါ။ အဲဒီလို ပုံးတွေကိုလည်း ဒီမိုကရက်ကြီးစိုးတဲ့ မြို့ကြီးတွေမှာ နေရာစိတ်စိတ်ချပေးပြီးတော့ ရီပါဘလစ်ကန်နိုင်ခြေရှိတဲ့ မြို့လေးတွေမှာ တမြို့ တပုံးတောင် အနိုင်နိုင်ပါ။
သူတို့ရဲ့ အသုံးစရိတ်တွေကိုလည်း ကပ်ပိုးအန္တရာယ် လုံခြုံရေးအတွက်လို့ ခေါင်းစဥ်တပ်ထားပေမယ့် တကယ်တမ်း တကိုယ်ရေ အကာအကွယ်တွေ၊ ပိုးသန့်စင်တာတွေအတွက် အသုံးစရိတ်က သိန်းဂဏန်းပဲ ရှိတာပါ။ များသောအားဖြင့်က ဝန်ထမ်းတွေအတွက်နဲ့ အထောက်အကူပစ္စည်းတွေအတွက် ဖြစ်ပါတယ်။
အခုလည်း ဒီမိုကရက်အဖွဲ့အစည်းတခုဖြစ်တဲ့ ရန်းဖော်ဆမ်းသင်းက ၂၀၂၄အတွက် စတင်ပြင်ဆင်နေပါပြီ။ သူတို့က အနည်းဆုံး လူ ၅၀၀၀ ကို လေ့ကျင့်ပေးပြီး သူတို့ကလဖန်ထိုးရင် နိုင်လောက်မယ့် နေရာတွေ၊ သူတို့အတွက် အရေးကြီးတဲ့ နေရာတွေမှာ ၃နှစ်စီမံကိန်းနဲ့ ချထားပေးသွားမယ်လို့ ပေါ်လတီကိုက သတင်းပို့ထားပါတယ်။ အဲဒီလူတွေဟာ ၃၅ပြည်နယ်မှာ ခန့်ထားဖို့ဖြစ်ပြီး ရာထူးအရဆိုရင် အလာဘားမားမှာ ကောင်တီ ပရိုဘိတ်တရားသူကြီးတွေ၊ ကန်းဆပ်စ်မှာ ကောင်တီစာရေးတွေ၊ ပန်ဆယ်လ်ဗေးနီးယားမှာ ကောင်တီ ရွေးကောက်ပွဲဘုတ်အဖွဲ့ဝင်တွေ စတဲ့ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေကို ပေးရသူတွေ၊ မဲစာရင်း လူစာရင်ကိုင်ရသူတွေ စသဖြင့် ပါဝင်နေတာပါ။
ပရိုဘိတ်တရားသူကြီးတွေက သေဆုံးသူတွေရဲ့ အမွေတွေကို ကြွေးရှင်တွေ/ ကျန်ရစ်သူတွေကြား ဝေခွဲပေးရာမှာ အဆုံးအဖြတ် ပေးရတဲ့အပြင် အသက်ကြီးသူ (သို့) စိတ်ရောဂါရှိသူ (သို့) ဉာဏ်ရည်ဖွံ့ဖြိုးမှုနိမ့်သူတွေအတွက် အုပ်ထိန်းသူ/ ဆုံးဖြတ်ပေးနိုင်သူကို သတ်မှတ်ပေးရတာလည်း ဖြစ်ပါတယ်။ ၂၀၂၀တုန်းက စိတ်ရောဂါဆေးရုံတွေ၊ ဉာဏ်ရည်မမှီတဲ့လူတွေရဲ့ ကျောင်း၊ လူအိုရုံတွေမှာပါ ဒီမိုကရက်လှုပ်ရှားသူတွေက မဲတွေ လိုက်ကောက်ကြတာ ဖြစ်ပါတယ်။ ဒီပရောဂျက်အတွက် သန်း ၈၀ ရအောင် လုပ်ဖို့ လျာထားပါတယ်။ အဲဒီ လူ ၅၀၀၀ကျော်ကို လေ့ကျင့်ပေးဖို့ ဝန်ထမ်း အနည်းဆုံး ၁၀၀လောက်လည်း ထပ်သုံးဦးမှာပါ။
ဘိုင်ဒန်အစိုးရက တိုင်တယ် ၄၂ ကုန်ဆုံးမယ့် စက်တင်ဘာလကုန်နောက်ပိုင်းလတွေမှာ ခိုးဝင် ၆သိန်းလောက်ကို တိုင်းပြည်ထဲ ဖြန့်ချသွားမယ်လို့ ဆိုပါတယ်။ တက္ကဆက်စ်က တရားမဝင်တွေကို ဘတ်စ်တွေနဲ့ ဒီစီကို ပို့ပေးနေပါတယ်။ တက္ကဆက်စ်ပြည်သူတွေ ခိုးဝင်တွေကြောင့် ဘယ်လိုခံစားနေရတယ်ဆိုတာကို ဝါရှင်တန်က ပုဂ္ဂိုလ်ကြီးများ သိရှိစေဖို့ ရည်ရွယ်တာပါ။ နောက်ကို ဘိုင်ဒန့်အိမ်ရှိတဲ့ ဒလဝဲကိုပါ ဘတ်စ်တွေနဲ့ ပို့ပေးမယ်လို့ တက္ကဆက်စ်ဂါဗနာ ဂရဂ်အက်ဘော့က သတိပေးလိုက်ပါတယ်။
ဘိုင်ဒန်တို့က ခိုးဝင်တွေကို ဟိုတယ်တွေမှာ ထားပေးဖို့ အစိုးရအဖွဲ့အစည်းတွေရဲ့ လုပ်ရိုးလုပ်စဥ်ဖြစ်တဲ့ တင်ဒါရမှာကို မခေါ်၊ ဈေးမစီစစ်ပဲ လက်သင့်ရာ ကန်ထရိုက်ပေးခဲ့ပါတယ်။ ခိုးဝင်တွေကို ထားဖို့ ဒေါ်လာ ၈၆.၉သန်းကို နန်းပရောဖစ်အဖွဲ့တခုကို ချပေးထားတာမှာ ၁၇သန်းက မသုံးရသေးတာတွေ့ရတယ်လို့ အင်စပက်တာဂျန်နရယ်လ်ရဲ့ ပြီးခဲ့တဲ့အပတ်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ပိုက်ဆံလွယ်လွယ်ရနေတဲ့သူတွေ၊ ပိုက်ဆံတန်ဖိုး နားမလည်သူတွေက အုပ်ချုပ်နေတော့လည်း ဒီလိုပဲဖြစ်မှာပါပဲ။